((((သူငယ်ချင်းများဆီကရရှိထားသည်များ ကို မကြည့်ရသေးသူများ အားရည်ရွယ်ပြီး ရိုးရိုးသားသားမျှဝေပေးခြင်းသာဖြစ်ကြောင်း  ရိုးသားစွာဝန်ခံ ပါရစေ……)))

ချစ်သောသူငယ်ချင်းများ…….

လူဘ၀ဟာသိပ်တိုတောင်းလွန်းပါတယ်….
အသက်ရှင်စဉ်ခနလေးမှာ လောဘ..ဒေါသ…မောဟ…မနာလိုစိတ်များ ကိုဖယ်ရှားသင့်ပြီလေ..
လောကမှာရှိတဲ့ ထိတွေ့ကိုင်တွယ်လို့ရတဲ့အရာတွေဟာ  ဘယ်တော့မှတည်မြဲနေတဲ့အရာတွေမဟုတ်ဘူး
လေ….မျက်စိတမှိတ်အတွင်းမှာဘဲ လောကကြီးက လူတွေကအမျိုးမျိုးပြောင်းလဲနေကြတယ်…
ဒါကြောင့် ဒါလေးကိုဖတ်ဖို့ ပေးလိုက်တယ်နော် ……

ကြောင်ကလေး ရဲ့ စိတ်ကူး

ဘ၀ဆိုဟာတိုတိုလေးလို့ ထင်တာပဲနော် …မျက်စိတ်တမှိတ်စာအတွင်းမှာပဲအရမ်းကို တိုတောင်းလွန်းပါတယ် …

 

အဲဒီထဲမှာမှဖြူဖြူစင်စင်လေးနဲ့စိတ်ချမ်းချမ်းသာသာရှင်သန်နေထိုင်သွားရရင်ပိုကောင်းတာပေါ့.မဟုတ်ဘူးလား

 

တစ်ခါတစ်လေပျော်ရွှင်ကြည်နူးမှုတွေ ခံစားရသလို …

 

နာကျင်ဝမ်းနည်းမှုတွေလည်းကြုံတွေ့ရတဲ့ အချိန်တွေလည်း မရေတွက်နိုင်အောင်ပဲ ရှိတတ်ကြပါတယ်…

 

တစ်ခါတစ်လေမှာ ကြုံလာရမယ့် စိတ်ပျက်စရာတွေကိုလည်း ကြံ့ကြံ့ခံရင်းပေါ့ …

 

အနိုင်ကျင့်ခံရတာတွေလဲရှိလာမှာပါပဲ …ဘယ်လိုမှမတတ်နိုင်ပေမယ့် … အဲလို အချိန်တိုင်း … အားတင်းနေနိုင်ဖို့ အရေးကြီးတယ် …

 

ဒါပေမယ့်လည်းလိုအပ်လာမယ်ဆိုရင် အမြဲတမ်းငုံ့ခံမနေတတ်တဲ့ … ရဲရင့်တဲ့စိတ်ထားလေးလဲ ရှိဖို့လိုအပ်တယ်

 

သူများခြောက်တိုင်းမကြောက်တတ်အောင်လဲ လေ့ကျင့်ထားရမယ် … ဒါမှ လူညံ့စာရင်းမ၀င်မှာလေ …

 

ဘယ်လိုအချိန်… ဘယ်လိုနေရာမှာပဲ ဖြစ်ဖြစ် ဘယ်သူနဲ့ဖြစ်ဖြစ် ရဲဝံ့စွာ ယှဉ်ပြိုင်နိုင်ရမယ် …

 

ဒါပေမယ့်လည်းတစ်ခါတစ်လေတော့ကိုယ်ကိုယ်တိုင်ကနိုင်ထက်စီးနင်းလုပ်လိုစိတ်တွေပေါ်လာတတ်တယ်

အဲဒါတွေကိုသာယာမနေဘဲ ရှက်တတ်တဲ့စိတ်လေးရှိရတယ် …

 

ဘာမဟုတ်တာတဲ့ကိစ္စလေးတစ်ခုဟာတစ်ချို့တွေအတွက် အဆိုးမြင်ပြီး စိတ်ညစ်စရာဖြစ်နေပေမယ့် …တစ်ချို့အတွက်ကတော့အကောင်းမြင်ပြီး ရယ်မောပျော်ရွှင်နေရတာတွေ ရှိတတ်တယ် … အဲလိုလူမျိုးတွေဟာ … စိတ်ချမ်းသာကြတယ်…ပြီးတော့ ပါးနပ်လျှင်မြန်မှု ဆိုတာလည်း နေရာတိုင်းမှာ အသုံးဝင်ပါတယ် …

 

စူးစမ်းလိုစိတ်…ရှိတာလည်း ကောင်းတာပေါ့ ….

 

ဒါပေမယ့်… အတတ်လွန်သွားရင်လဲ ဒုက္ခရောက်ရော …

 

ကိုယ်နဲ့လိုက်ဖက်မှလည်းကြည့်လို့ကောင်းတယ်လေ …

 

ဘယ်နေရာမဆိုအတိုင်းအတာ နဲ့ပဲ ကောင်းတယ် …နည်းနည်းလေးလွန်သွားရင်လည်းခြေချော်လက်ချော် ပြုတ်ကျတတ်တယ် …

 

နေရာတိုင်းမှာသတိရှိတာ ကောင်းတာပေါ့ … သတိဆိုတာ ပိုတယ်မရှိတဲ့ …

 

အကောင်းဆုံးဘ၀ တစ်ခုကိုပိုင်ဆိုင်နိုင် ဖို့ ပေါင်းသင်းဆက်ဆံရေးကောင်းဖို့လည်း လိုအပ်တယ် …

 

အဖြူ အမဲမရွေး … သာတူညီမျှတဲ့ စိတ်ထားနဲ့ ပွင့်လင်းဖော်ရွေတတ်ရတယ် …ဒါမှလည်းးဘ၀ရဲ့ အဖော်မွန်ကောင်းတွေကို ပိုင်ဆိုင်ရမှာပေါ့ …

 

အတတ်နိုင်ဆုံးတော့ပြုံးပြုံးလေးနေ …အပြုံးဆိုတာပေါင်းသင်းဆက်ဆံရေးမှာ အဓိကအကျဆုံး ပေါင်းကူးတံတားပဲတဲ့ …ရယ်စရာ ရှိရင် အားပါးတရရယ်မောလိုက် … ရယ်မောခြင်းသည်အသက်ကို ပိုရှည်စေ၏ ဆိုပဲ …

 

အဲဒီလို ဒေါသထွက်စရာတွေကြုံလာရင်လည်း … အတတ်နိုင်ဆုံးတော့ သည်းခံကြည့်ပေါ့ …

သည်းမခံနိုင်ရင်တော့ ဘယ်သူမှမရှိတဲ့နေရာ မှာ ပေါက်ကွဲလိုက်တာ အကောင်းဆုံးပဲ

 

တစ်ခါတစ်လေအရင်းနှီးဆုံးလူက ကိုယ့်ကိုရောင်းစားလိုက်သလို အဖြစ်မျိုးတွေလည်း ကြုံရတတ်တယ်….

 

တစ်ခါတစ်လေ ဘာအကြောင်းပြချက်မှမရှိပဲနဲ့ အသားလွတ်စိတ်ဓါတ်ကျနေတာ မျိုးလည်း ရှိတတ်တယ်..တစ်ယောက်တည်း အထီးကျန်ပြီး ငေါင်နေချိန်တွေပေါ့ …

 

အဲလိုအခါမျိုးတွေမှာ စိတ်ကို Relax လုပ်ပေးရတယ် …အားငယ်စရာတွေပဲ တွေးမနေပဲ … ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်မှ …

 

 

 

 

 

 

 

 

 

 

ရင်ဖွင့်တိုင်ပင်ဖော် သူငယ်ချင်းကောင်းဆိုတာ ကတော့ မရှိမဖြစ်ပါပဲ ….

စစ်မှန်တဲ့ သူငယ်ချင်းဟာ ဘုရားသခင်က ပေးတဲ့ လက်ဆောင်ပါတဲ့ …

သူငယ်ချင်းအားလုံးး ဖြူစင်တဲ့ သန့်ရှင်းတဲ့စိတ်ထားလေးနဲ့ …

ပျော်ရွှင်တဲ့ဘ၀လေး ပိုင်ဆိုင်နိုင်ပါစေလို့ တောင်းဆုပြုရင်း …

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

About thit min

thit min has written 94 post in this Website..