တစ်ခါတစ်လေ ဘာအကြောင်းပြချက်မှမရှိပဲနဲ့ အသားလွတ်စိတ်ဓါတ်ကျနေတာ မျိုးလည်း ရှိတတ်တယ်

တစ်ယောက်တည်း အထီးကျန်ပြီး ငေါင်နေချိန်တွေပေါ့ …အဲလိုအခါမျိုးတွေမှာ စိတ်ကို Relax လုပ်ပေးရတယ် …

အားငယ်စရာတွေပဲ တွေးမနေပဲ … ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင် နေတတ်မှ …

 

နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းဟာလည်း … စိတ်ကိုပေါ့ပါးလန်းဆန်းစေတယ် …ဘယ်လိုပုံစံပဲဖြစ်ဖြစ်ပေါ့ …

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဖို့ပဲ လိုတယ် …

 

နောက်ပြီး တော့ ဘ၀မှာ မရှိမဖြစ်လိုအပ်တာ မေတ္တာတရားပဲ … ၅၂၈ မေတ္တာရော …၁၅၀၀ ဆိုတဲ့ ချစ်ခြင်းမေတ္တာရောပေါ့ …

 

ဒါမှလည်း နေပျော်စရာ ကောင်းတဲ့ ဘ၀ကို ပိုင်ဆိုင်ရမှာလေ …

 

ရင်ဖွင့်တိုင်ပင်ဖော် သူငယ်ချင်းကောင်းဆိုတာ ကတော့ မရှိမဖြစ်ပါပဲ …

စစ်မှန်တဲ့ သူငယ်ချင်းဟာ ဘုရားသခင်က ပေးတဲ့ လက်ဆောင်ပါတဲ့ …

သူငယ်ချင်းအားလုံးး ဖြူစင်တဲ့ သန့်ရှင်းတဲ့စိတ်ထားလေးနဲ့ …

ပျော်ရွှင်တဲ့ဘ၀လေး ပိုင်ဆိုင်နိုင်ပါစေလို့ တောင်းဆုပြုရင်း …

အိပ်မက်လှလှလေးတွေ . စိတ်ကူးလှလှလေးတွေနဲ့ပေါ့ …

 

ပျော်ရွှင်လန်းဆန်းပါစေနော် … သူငယ်ချင်း

 

 

About thit min

thit min has written 94 post in this Website..