Folder Icon တွင် မိမိရဲ့ ဓါတ်ပုံလေးနဲ့ အစားထိုးချင်သူများအတွက်
Photo to Change from Folder
မိတ်ဆွေတစ်ယောက်က မေးတယ်။ Folder တွေမှာ မိမိရဲ့ ဓါတ်ပုံလေးနဲ့ အစားထိုးချင်တယ်။ ရလား။ သိပ်ရသပေါ့ ကိုယ့်လူရာ လို့ ပြောပြီး လုပ်ပြလိုက်တယ်။ မိတ်ဆွေလဲ တော်တော် ကျေနပ်သွားတယ်။ စာဖတ်သူများလဲ လုပ်ချင်ရင် အောက်နည်းအတိုင်းသာ လုပ်ပေတော့။
အဆင့်(၁) ၁) Start က All Programs ကနေ Paint ကို ဖွင့်ပါ။
၂) Paint ပေါ်လာရင် Open ကနေ မိမိတို့ လုပ်ချင်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်။
၃) ဓါတ်ပုံပေါ်လာရင် Save As လုပ်။ Save As Box ပေါ်လာရင် File name မှာ ပေးချင်ရာပေး။ နောက်က ico လေး ထည့်ပေး။ (ဥပမာ – myphoto.ico ပေါ့)
၎) Save as type မှာ 24-bit Bitmap (*bmp,*dib) ကိုရွေးပြီး မိမိနှစ်သက်ရာမှာ Save လိုက်ပါ။ အဆင့်(၂) ၁) မိမိတို့ ပြောင်းချင်တဲ့ Folder ကို Right Click လုပ်ပါ။ Properties ကို ရွေး။ ၂) Box ကျလာရင် Costoumize ကို ရွေး။ Change Icon ကို နှိပ်။ Brown ထဲမှာ ပထမက မိမိတို့လုပ်ထားတဲ့ ပုံကို ရွေးလိုက်။ ၃) Ok ။ Apply ။ Ok ပေါ့။ ဒါဆို ပြီးပြီ။
ကျေးဇူးနော်။ လုပ်ကြည့်လိုက်ဦးမယ်။ ခက်တယ်နော်။ ဖတ်ကြည့်ရတာတောင် ရှုပ်တယ်။အစတည်းက ဒီ လို Modern Technology တွေနဲ့ မနီးစပ်တာနေမှာ။ Anyway, thanks for your guidelines. I copied your instructions.
Was this answer helpful?
LikeDislikeကျေးဇူးတင်ပါတယ်၊စမ်းလုပ်ကြည့်တာအဆင်ပြေပါတယ်၊ပုံကတော့သိပ်မလှဖြစ်သွားတယ်နှော်။
Was this answer helpful?
LikeDislikeဟုတ်တယ် ။ပုံသေးသွား တာကြောင့် ပါ။
Was this answer helpful?
LikeDislikeဟုတ်ကဲ့ စမ်းလုပ်ကြည့်ပါမယ်။ဓါတ်ပုံကို ပြင်ပေးရဦးမှာလား။ဘယ်အရွယ်အစားအချိုးထားရင်အကောင်းဆုံးပါလဲ။resolution ရော မလိုအပ်ဘူးပေါ့?
Was this answer helpful?
LikeDislikeမလိုပါဘူး ။ဒီအတိုင်း လုပ်ရုံပဲ လွယ်ပါတယ် ။
Was this answer helpful?
LikeDislikeကျွန်မလည်း လုပ်ဖူးတယ်
paintနဲ့မဟုတ်ဘူး
icon makerနဲ့လုပ်တာ
Was this answer helpful?
LikeDisliketks. i did it. nice.
Was this answer helpful?
LikeDislikeကျေးဇူးတင်ပါတယ် လုပ်ကြည့်လိုက်တော့ ပုံနည်းနည်းသေးသွားတယ်နော် ………..
Was this answer helpful?
LikeDislikeအိုင်ကွန်ပုံစံဖြစ်တဲ့အတွက် သေးသွားမှာ အမှန်ပါပဲ။ maker တွေနဲ့လုပ်ရင်လည်း ပိုလွယ်ကူတာကို တွေ့ရပါတယ်။ ကြာတော့ အလုပ်ရှုပ်လို့ မလုပ်တော့ဘူး။
Was this answer helpful?
LikeDislikeနောက်တနည်းလေး ပြောပြချင်ပါတယ် …Paint ထဲကပုံလေးတွေဆွဲပြီး တင်လို့ရတာမျိုးပါ …
အဲ့ဒါကတော့ … paint ကိုဖွင့်ပြီး image command အောက်က attributes ကိုသွားပါ …ပြီးလျှင် pixels ကိုရွှေးပါ … Width နဲ့ height ကို 32 စီထည့်ပါပြီးရင် အိုကေ နှိပ်ပါ .. ။
အရွယ်စားသေးသေး … လေးထောင့်ကွက်လေးရပါမယ် .. အဲ့ဒီအပေါ် ဘက်ကရောင်းကို ကာလာအကုန်ခြယ်ပြီး …လိုအပ်သလိုပုံတွေ ရေးဆွဲရင်း … အပေါ်က စာရေးသူရေးတဲ့နည်းနဲ့ ပြန်သိမ်းရပါမယ် … ။ ပြီးရင် သူပြောထားသလိုပဲ … ဖိုဒါမှာ သွားပြောင်းပေးလိုက်ရုံပါပဲ … ကိုယ့်ရဲ့ ဟမ်းမိတ် ဖိုဒါပုံလေးရမှာပါ … ။
ကျွန်မကတော့ .. ပုံမဆွဲတတ်လို့ … tools တွေသုံးပြီး … ပါဆယ်ထုတ်လေးတွေကို ဖဲကြိုးရောင်စုံလေးတွေနဲ့ ပတ်တဲ့ ပုံစံမျိုးပဲ လုပ်ကြည့်ခဲ့ဖူးတယ် … မီတာကဖေးထဲကရတဲ့ နည်းပါပဲ :D
Was this answer helpful?
LikeDislikeအရင်ကတော့ Customize ကနေ Photo ထည့်သုံးဖူးတယ်။ ရတဲ့ အခါ ရတယ်။ မရတဲ့ အခါ မရဘူး။ မဆိုးဘူး။ စမ်းသုံးကြည့်လိုက်ဦးမယ်။ Icon format ပြောင်းဖို့ မေ့သွားတယ်။ ကျေးဇူးပဲ။
Was this answer helpful?
LikeDislike