စူပါမားကက်က..အဖြစ်ကလေး..။။

အခုတစ်ပါတ်တော့ထူးဆန်းတာလေးတွေကြားနေရတယ်
မိဘအုပ်ခြင်းမကင်းတဲ့ ကလေးတစ်ယောက်က (ကလေးဆိုတာ “၁၀”နှစ်ကနေ“၁၈”နှစ်အတွင်းလောက်တော့၇ှိမယ်ဗျ
ရန်ကုန်ဆင်ခြေဖုံး မြို့နယ်လေးတွေမှာ လိုက်လံဖွင့်ထားတဲ့ စူပါမားကက် ခေါ်မလား မီနီမားကက် ခေါ်မလား အတန်ငယ်
နာမည်ရနေတဲ့  စူပါမားကက် ကလေး တစ်ခုမှာ ကလေးမ တစ်ယောက်က ဈေးဝယ်ရင်း ချောကလက် နှစ်ချောင်း
ခိုးပါတယ်တာဝန်ရှိသူတွေက ဖမ်းဆီးရမိလို့ ခိုးယူမှုပေါ်ပေါက်ခဲ့တယ်ဗျ ချောကလက်ရဲ့တန်ကြေးကတော့ ကျွန်တော်
အထင် ချောကလက်အချောင်လေးများဟာ ၈၀၀ တန်ကနေ ၁၈၀၀ တန်လောက်အထိရှိပါတယ် အဲလောက်တန်ကြေးရှိတဲ့
ချောကလက်ဖမ်းဆီးရမိတာကြောင့် စူပါမားကက် တာဝန်ရှိသူတွေက ပေးလျှော်ဖို့  ဆုံးဖြတ်ဟန်တူပါတယ် အချို့သော
စူပါမားကက်များဟာ ဖမ်းဆီးရမိတဲ့ပစ္စည်းတန်ကြေးရဲ့ အဆ နှစ်ဆယ် တန်းဖိုးပေးလျှော်ရတယ်လို့ သိရပါတယ် အဲဒီ
ခိုးယူတဲ့ကလေးမလေးဟာသာမာန် ဆင်းရဲသားဖြစ်တဲ့အတွက် သူတို့ဆုံးဖြတ်တဲ့ တန်းဘိုးကိုပေးလျှော်နိုင်ခြင်းမရှိတဲ့
အတွက် သူမှာပါလာတဲ့ မိဘကဆင်ပေးထားတဲ့ နားကပ်လေးတစ်ရံကို အပေါင်အဖြစ်ထားခဲ့ရပါတယ် ..။။။
ကလေးမရဲ့မိဘတွေကတော့ ယခုချိန်ထိ သူတို့သမီးလေးကိုဆင်မြန်း
ပေးထားတဲ့နားကပ်ဟာ နှစ်ဖက်စလုံးထူးဆန်းစွာ ကျပျောက်ခဲ့ရ တယ်လို့သိထားကြရှာပါတယ်…..။။။
အဲဒီစူပါမားကက် ကတာဝန်ရှိသူတွေဟာ ယခုအချိန်မှာ အပေါင်အဖြစ်ထားခဲ့တဲ့ နားကပ်နှစ်ရံနဲ့ ဘာဆက်လုပ်ရမှန်းမသိ
စဉ်းစားရ ကြပ်နေကြပါတယ်(ကျွန်တော့ အထင်ပါ) ကလေးမက ထပ်မံဆက်သွယ်ပြီးငွေကြေးနဲ လဲလှယ်ခြင်းမရှိ တော့လို့
ပါပဲ…။။။
အဲဒီနားကပ်ရဲ့တန်ကြေးဟာ အခုခေတ်ပေါက်ဈေးနဲ့ ဆို လေးသောင်းကနေ ရှစ်သောင်းကြားမှာ၇ှိပါတယ်..။။
ဒီဖြစ်စဉ်မှာ ကျွန်တော့အမြင်ပြောရရင် ကလေးမရဲ့ခိုးယူမှုဟာ ခိုးမှုသပ်သပ်ပါ  ငွေကြေးနဲ့ပေးလျှော်ခြင်းကိုလက်မခံပဲ
ငွေကြေးမပါတဲ့အတွက် ကလေးမပိုင်ပစ္စည်းကိုသိမ်းဆည်းထားခြင်းဟာ သာမာန်အမြင်အရ ဘယ်လိုမှ မနေပေမယ့် ကျွန်တော့်
အမြင်အရတော့ခြောက်လှန့်တောင်းယူမှုနဲ့  ညှိစွန်းနေပါတယ် ရဲလက်ကိုမအပ်ခြင်ရင် သူကိုအုပ်ထိမ်းတဲ့မိဘကို ခေါ်ယူ
ရှင်းလင်းရမှာဖြစ်ပေမယ့်ခေါ်ယူရှင်းလင်းခြင်းမရှိတဲ့အပြင်  ခိုးယူပစ္စည်းကိုလဲ ပြန်ယူထားတယ် ကလေးမပိုင်ပစ္စည်းကို
သိမ်းဆည်းထားခြင်းဟာ သဘာဝမကျ တဲ့ဖြစ်စဉ်ပါ နောက်တစ်ချက်က ခိုးယူပစ္စည်းရဲအဆ နှစ်ဆယ် ပြန်လည်ပေးလျှော်ရမယ်
ဆိုတာဟာ ဘယ်စာအုပ်ထဲက ဥပဒေပါလဲ ပြန်ပေးလျှော်ခဲ့ရင့် ရော အဲဒီပေးလျှော်မှုဟာ တရားဝင်ပါရဲ့လား …။။။
အဲဒီကလေးမအတွက်ဘာလုပ်ပေးသင့်တယ် ဆိုတာကျွန်တော်အခုထိစဉ်းစားလို့မရနိုင်သေးပါဘူး စူပါမားကက်တာဝန်ရှိ
သူတွေကိုရော ကျွန်တော် ဘယ်လိုပြောရမလဲ …။။
ကျွန်တော့် အမြင်တော့…။။။
“ခိုးယူတာမှန်ကန်ရင် အမှုဖွင့်တရားစွဲပါ မှန်ကန်တဲ့လုပ်ရပ်ပါ..။။
“နောက်တစ်ခုက ကလေးမရဲ့ ယခင်ကထိုကဲသို့ ပြစ်မှုမျိုး ကြူးလွန်ခဲ့ဖူခြင်းရှိ /မရှိ လေ့လာပြီး ဆက်လက် စာရိတ္တမပျက်
ပြားစေရေးဆွေးနွေး ပညာပေးခြင်းဖြင့် သက်ညှာစွာ တာဝန်ရှိလူကြီးနဲ့ မိဘအုပ်ထိမ်းသူထံ စနစ်တကျအပ်နှံပါ…။။
“ခိုးယူခြင်းမခံရအောင် လုံခြုံရေးအပြည်အ၀ချထားပါ..။။
“ဒီကြားထဲကမှ ခိုးယူခြင်းပေါ်ပေါက်ရင် အလိမ္မာ နည်းဖြင့် ငွေရှင်းကောင်တာမှာ ကျသင့်ငွေ ရှင်းလင်းပါစေ..။။
မိတ်ဆွေတို့ရော ဘယ်လိုသဘောရလဲ….အကြံကောင်းလေးများရှိခဲ့ရင် တစ်ဖက်နှင့်တစ်ဖက်မနစ်နာရအောင်
ဆောင်ရွက်ပေးနိုင်မယ် ထင်ပါတယ်..။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 201 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com