သာယာလှပ ၀တီမှာ ၊

လက်ပံတန်း လို့ စီရီကာ ။

မင်းကလေးမှာ လှလှပ ၊

မိုးကလေး ညိုလို့ဗျ ။

အုတ်ဖိုဆိုတာက အလယ်လောက် ၊

ကြို့ပင်ကလေးက ကောက် ။

ဇီး ကလေးက ကုန်းပေါ်မှာ ၊

ရွှေ နတ်တလင်း အနီးပါ ။

ခရိုင်သာယာ မြို့နယ်များ ၊

ရေတွက်ကြည့်ပါ ရှစ်ခု ဗျား ။       ။

ရွှေရည်စိုး

ကဗျာလေးရေးဖြစ်တဲ့အကြောင်းလေးကတော့ … ဟိုးအညာကနေ ရန်ကုန်မြို့ကိုသွားတော့…. ဧရာအနောက်ဆိုတဲ့ အမြန်ကားစီးရတာပေါ့ ….

ညနေ မကွေးမြို့ကနေ သုံးနာရီလောက်ထွက်တယ်… ပြည်ကိုရောက်တော့ ည (၁၂)နာရီပေါ့… ပြည်ကိုကျော်လာပြီး လမ်းဘေးဝဲယာမြို့ကလေး

တွေလည်း မေးကာမေးကာနဲ့ ဘယ်ဟာက ပြည်ခရိုင် .. ပြည်ခရိုင်ထဲမှာ ဘယ်နှမြို့ပါတယ်… ဆိုတာလည်း မမှတ်မိ…. သာယာဝတီခရိုင်ဆိုတာ

လည်း ဘယ်နားကစပြီး ဘယ်နှမြို့ ခရိုင်တွင်းမှာရှိတယ်ဆိုတာလည်းမသိတော့ … မမှတ်မိဘူးပေါ့ဗျာ … သာယာဝတီခရိုင်ထဲမှာ တာဝန်ထမ်းဆောင်

လာတော့မှ သာယာဝတီခရိုင်ထဲမှာရှိတဲ့ မြို့နယ် (၈) မြို့နယ်ဆိုတာကို သိရတော့တယ်ဗျာ … နောင်ကြာရင်လည်းမေ့သွားမှာစိုးလို့ ကဗျာလေး

စပ်မိတာပါဗျာ …

 

About unyuntsoe

ရွှေရည်စိုး (ဇီးကုန်း) has written 9 post in this Website..

ဦးညွန့်စိုး(ရွှေရည်စိုး) မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ အဖွဲ့ဝင်အမှတ် - ၇၆၉၀