ငယ်စဉ်တောင်ကျေး ကလေးဘဝ လူလားမြောက်စ အချိန်မှစ၍ သင်ယူခြင်းကို စတင်ခဲ့သည်။ သင်ယူခြင်းသည် တနေ့ပြီးတနေ့ ၊ တလပြီးတလ၊ တစ်နှစ်ပြီးတစ်နှစ် သင်ယူခြင်းများစွာ ရှိခဲ့ကြပေသည်။ သင်ယူသော သင်ခန်းစာသည် ကျောင်းသားများအားလုံး တစ်နေရာနှင့်တစ်နေရာ မတူကွဲပြားစွာ သင်ယူ မှတ်သားကြပြီး အတန်းတက်ရန်အတွက် သတ်မှတ်သော စံချိန်စံညွှန်းအရ ဘွဲ့အသီးသီးရရှိခဲ့ကြပေပြီ။ ဘွဲ့အသီးသီးတွင် ပညာရှင် နှင့်ဆိုင်သော ဒေါက်တာဘွဲ့များ၊ ဆေးကုသခြင်းနှင့်ဆိုင်သော ဒေါက်တာဘွဲ့ များ၊ ဆောက်လုပ်ရေး၊ ပြင်ဆင်ရေး၊ ပုံပြုရေး၊ ဆက်သွယ်ရေးနှင့်ဆိုင်သော အင်ဂျင်နီယာဘွဲ့များ မတူကွဲပြား စွာ လေ့လာသင်ယူ ပြီးမြောက်ကြသူများ ရှိကြပေသည်။ အချို့ကားနိုင်ငံခြားတွင်တာဝန်ထမ်းဆောင်၍ အများစုမှာ မိမိနိုင်ငံတွင် တာဝန်ထမ်းပြီး နိုင်ငံရိပ်က္ခာလစာဖြင့် မိသားစုစားဝတ်နေရေး လောက်ငှပါက လှူဒါန်းပေးကမ်းစွန့်ကျဲခြင်း၊ လစာနည်းပါက မိမိဝင်ငွေတွက်ချက်၍ ခြိုးခြံချွေတာခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ မိမိတို့မြန်မာမှုဘဝအတွက် တန်ဖိုးထားခြင်းမိမိနိုင်ငံအတွင်း […]