ယ္ခင်အပတ်က ကျွန်တော့ post လေးကိုဝိုင်းပြီး comment ပေးကြတဲ့ရွာသားများနှင့်တစ်ကွ၊ အားလုးံသောရွာသားအပေါင်းနှင့် Mandalay Gazette ရဲ့ ပရိတ်သတ်ကြီး အား လုံးကိုကျေးဇူးအထူးတင်ပါသည်၊အဲသည် post မှာ comment ပေးခဲ့တဲ့ kai ရဲ့ဆွေးနွေး ချက်မှာပါတဲ့ အချက်တွေပေါ်မူတည်ပြီး( မြစ်ဆုံကိစ္စ နှင့်ပါတ်သက်ပြီးသူကြီး သို့တင်ပြခြင်း)ဆိုတဲ့နောက် post မှာပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ထပ်ဆွေးနွေးတာ ဖတ်ရလို့အားလုံးကိုကျေးဇူးတင်သလို ဒီကိစ္စတွေရဲ့အဓီကလိုအပ်ချက်တွေအပေါ် ပြောင်းလဲ နိုင်မည့် အ ပြောင်း အလဲ(အစ)လို့ပြောရမလား အဲသည်သတင်းလေး ကိုကျွန်တော်ယ္ခုတင်လိုက်ပြန်ပါပြီ၊ ဖတ် ပြီးရွာသားအပေါင်းဆွေးနွေးပေးကြပါအုန်းခင်ဗျား————၊ သည်သတင်းကို(20010) နှစ်ကုန်ပိုင်းလောက်ကစခဲ့တာပါ၊ ရန်ကုန် မြို့မကျောင်းမှ ဆရာမ တစ်ဦး၏ ပါးစပ်သတင်းပါ ရန်ကုန် မှာရှိတဲ့ကျောင်ကြီး (10)ကျောင်း စရွေး ထုတ်ပြီးစင်္ကာပူနဲ့အာရှမှာ တိုးတက်နေတဲ့ အထက်တန်းကျောင်းတွေ မှာသင်တဲ့ သင်ရိုးညွှန်းတမ်း တွေအ တိုင်းအဲသည်ကျောင်းတွေမှာစမ်းသပ်သင်တော့မယ်ဆိုတဲ့သတင်းပါ၊ ဒါပေမည့်—-(2011) အထိတော့ဖြစ်မလာသေးပါဘူး- မနေ့ကတော့ အဲသည်ဆရာမထံမှပဲ ထပ်ကြား ရတာပါ၊ သေခြာတဲ့သတင်းလို့ပြောပါတယ်၊ အထက်တန်း ကျောင်း တိုင်းမှာ (5)တန်း မှစပြီး ကွန်ပျူတာသင်ရိုးညွှန်းတန်းပြဌာန်းမယ်၊ Multi Media Room မှာယနေ့ဟန် ပြနေသလိုမျိုးမဟုတ်ပဲ၊ ဘာသာရပ်တစ်ခုအ ဖြစ်သင်ရမှာ လို့ပြော လာ ပြန်တယ် —– —- ၊ ဒါသာအမှန်ဆိုရင်တော့ကြိုဆိုပါတယ်၊ နောက်ထပ် နည်းပညာ ဖြစ်စေတဲ့ အခြေခံဘာသာရပ်တွေပါပြဌာန်းသင့်တယ်လို့ထင်ပါတယ်၊ ကျွန်တော်တို့ နိုင်ငံဟာ လွတ်လပ် ရေးရပြီး မှ နောက်–နှစ်၊ အနည်းငယ်အထီ ပညာရေးဟာအရှေ့တောင်အာရှမှာ ခေတ်နောက်မကျခဲ့ပါဘူး၊ တစ်ကယ်ပြောရရင် Poly technic ဆိုတာ ၊ (8)တန်း အောင် ပြီး တက်လို့ရတဲ့ ဘောင်ထရီ စက်မှုအထက်တန်းကျောင်း/ မြန်မာ နိုင်ငံမှာ စခဲ့ပါတယ်၊ ခုတော့——-ပျက်သလောက်ပါပဲ။ (10)တန်းအောင်ပြီး နည်းပညာကျောင်းတွေတော ယ္ခု့ နေရာတစ်ကာမှာဖွင့်ထားပါတယ်၊ သင်ထောက်ကူ ပစ္စည်း တွေပဲ လိုလို့လား၊ သင်ရိုးတွေပဲလိုလို့လား၊သင်ကြား သူတွေပဲ ညံ့လို့လား၊ ၀ါသနာမပါပဲ မိဘဇွတ်တက်ခိုင်းလို့တက်ရတဲ့ကျောင်းသားတွေများနေလို့လား၊ မသိပါ၊ နည်းပညာပိုင်းမှာ တိုးတက် တီထွင်နိုင်တဲ့သူရယ်လို့ ကျုပ်တို့ သတင်းခေါင်း ကြီးပိုင်းတွေမှာတွေ့မလာသေးပါဘူး။ တိုင်းပြည်မှာ နည်းပညာချို့တဲ့ခဲ့လို့- လျှပ်စစ်ပိုင်း၊လောင်စာပိုင်း၊တွင်းထွက်နဲ့ ဓါတ်သထ္တုပိုင်း၊ ဆေးပညာတီထွင်မှု လူသုံးကုန်နဲ့ ဓါတုပစ္စည်း အစစအရာရာ သူများကိုအားကိုးနေကြရတာပါ၊ သူမျာနိုင်ငံတွေကဖေါ်နည်းကားလုပ်ပြီးအကျိုးခံစား၊၀ပြီးအီလာလို့အဲသည်ဖော်နည်းကား တွေကြောင့်ပါ ပတ်ဝန်းကျင်ဂေဟစံနစ်ထိခိုက်တယ်လို့၊ အန္တရာယ်ရှိတယ်လို့၊တွေ့လာတဲ့အချိန်ကျမှ ကျုပ်တို့ကအဲသည်နည်းကိုလိုက်လုပ်ဖို့ဖြစ်လာတာတွေ — -(ဒါတောင်ကိုယ့်ဟာကိုယ်) မလုပ်နိုင်သေးလို့ သူများထိုးအပ်၊ အမြတ်ပေးရသေး ဆိုတဲ့အခြေအနေတွေဟာ အင်မတန်ရင်နာစရာကောင်းပါတယ် ။ ရှေ့ကပြေးပြီးပေါင်ကျိုးခဲ့တာကိုး၊ ဒါ့ကြောင့် လူ့ အ ကျိုးပြု နည်းပညာနဲ့ပါတ်သက်တဲ့ဘယ်အခြေခံပညာကိုမဆို အထက်တန်းကျောင်းတွေမှာစပြီးသန္ဓေပညာရပ်အဖြစ်သင်ကြားမယ်ဆိုရင်ခပ်မြန်မြန်လုပ်ဘို့တိုက်တွန်းရင်း- ၀ိုင်းဝန်းကာအကြံပြုကြပါခင်းဗျား။(ရှောင်ရန်/ဆောင်ရန်များပါအကြံပြုကြပါရန်)။

About ba gyi

ba gyi has written 34 post in this Website..