kaiOctober 8, 20259min14290
by SweSwe Aye ယခုနှစ်တွင် နေထိုင်ခွင့်ကြောင့်ဖမ်းဆီးခံရသူများ၌ ၁၅ ဦး သေဆုံးခဲ့ပြီး ထိုထဲမှ ၁၀ ဦးမှာ ဇန်နဝါရီမှ ဇွန်လအတွင်း သေဆုံးခဲ့ခြင်းဖြစ်ကာ သမိုင်းတွင် လတ်တလောကာလများသည် အသေအပျောက်အများဆုံးကာလ ဖြစ်သည်။ ထိုထဲမှ တချို့သေဆုံးမှုများမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခြင်းများ ဖြစ်သည်။ လူ ၁,၂၀၀ ကျော်သည် ပျောက်ဆုံးလျက်ရှိပြီး အခြေအတင် ဆွေးနွေးစရာကိစ္စဖြစ်ခဲ့သည်။ Florida တောင်ပိုင်းရှိ “Alligator Alcatraz” ဟု အမည်ပေးထားသော ထောင်တွင်ရှိနေသူများ၏ မိသားစုဝင်များနှင့် ရှေ့နေများမှာ ထောင်ထဲတွင် ထိန်းသိမ်းခံနေရသူများနှင့် အဆက်အသွယ် မရကြပေ။ ကလေးများသည် ထိန်းသိမ်းရေးစခန်းများ၏ အန္တရာယ်ရှိသောအခြေအနေများ အောက်တွင် ကာလကြာမြင့်စွာ ရှိနေကြောင်းနှင့် လူအရေအတွက် ကျပ်ပြွတ်စွာထားခြင်း၊ မသန့်ရှင်းသော နေထိုင်ရခြင်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာ ပြဿနာများ […]


kaiOctober 3, 20258min26020
by SweSwe Aye ၂၀၂၅ခုနှစ်အတွက် United States ၏ ကာကွယ်ဆေးထိုးလမ်းညွှန်ချက်အသစ်များကို Advisory Committee on Immunization Practices (ACIP) က Centers for Disease Control and Prevention (CDC) ကို စက်တင်ဘာ ၁၈၊ ၁၉ ရက်များတွင် ထုတ်ပြန်ခဲ့သည်။ အဓိကအပြောင်းအလဲများမှာ MMR—measles (ဝက်သက်), mumps (ပါးချိတ်ယောင်), rubella (ဂျိုင့်သိုး) နှင့် Varicella (ရေကျောက်ကာကွယ်ဆေး)၊ Hepatitis-B (အသည်းယောင်အသားဝါကာကွယ်ဆေး) တို့ ဖြစ်ပြီး COVID-19 vaccine ကိုလဲ ယခုနှစ်များတွင် အသက်အရွယ်အပိုင်းအခြားများ ကန့်သတ်လိုက်သည်။ ကာကွယ်ဆေးထိုးရန် လမ်းညွှန်ချက်အသစ်များအကြောင်း ဆွေးနွေးပွဲကို American Community Media က […]


kaiSeptember 30, 20258min6310
By SweSwe Aye ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးရုံး အရေးပေါ်ဝန်ဆောင်မှုများ (OES) သည် ၂၀၂၅ ခုနှစ် နွေရာသီတွင် သေနတ်ဖြင့် အကြမ်းဖက်ခြင်းကို ကာကွယ်ရန်အတွက် “အန္တရာယ်ဖြစ်နိုင်ခြေကို လျှော့ချပါ” (Reduce The Risk) ဝက်ဘ်ဆိုက်ကို စတင်တည်ထောင်သည်။ ဝက်ဘ်ဆိုက်လင့်ခ်: https://www.reducetherisk.ca.gov/ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးရုံး OES ၏ Reduce The Risk နှင့် ပတ်သက်သော ဆွေးနွေးပွဲကို စက်တင်ဘာ ၂၄၊ ၂၀၂၅ က ပြုလုပ်ခဲ့ရာ မြန်မာ့ဂဇက် တက်ရောက်ပြီး စာဖတ်သူများအတွက် ဖော်ပြလိုက်ပါသည်။ လက်ရှိ အခြေအနေနှင့် ထိခိုက်မှု အချက်အလက်များ ၂၀၁၉-၂၀၂၁ ခုနှစ်အတွင်း ကယ်လီဖိုးနီးယားတွင် သေနတ်ဖြင့် ခြိမ်းခြောက်ခြင်း ပါဝင်သော အိမ်တွင်းအကြမ်းဖက်မှုနှင့် ပတ်သက်သည့် ဖုန်းခေါ်ဆိုမှု […]


kaiSeptember 24, 20255min13520
US ၏ လက်ရှိအုပ်ချုပ်ရေးကာလတွင် ပြောင်းရွှေ့နေထိုင်သူများကြုံတွေ့နေရသော immigration ဥပဒေများတင်းကျပ်ခြင်း ပိုမိုအရှိန်ပြင်းလာသည့်ကာလတွင် မည်သည့်အချက်တွေက အဓိကပစ်မှတ်ထားပြီး ဆုံးဖြတ်သလဲဆိုသောအချက်သည် မေးခွန်းထုတ်စရာဖြစ်လာသည်။ UCLA’s Center for Immigration Law and Policy နှင့် the Million Dollar Hoods Project သည် deportation data ပြန်ပို့ခံရသည့်အချက်အလက်များကို မြေပုံများနှင့်ဆက်စပ်ကာ USသမိုင်းတလျောက်ရှိ မူဝါဒများကို ၁၈၉၅ထိ ပြန်လည်သုံးသပ်လေ့လာကာ အချက်အလက်များကို စုစည်းခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီဖြစ်သည်။ American Community Media ကဦးစီးပြီး လက်ရှိအခြေအနေသည် immigrants များပြန်ပို့ခံရခြင်းများနှင့် Million Dollar Hoods Project ဆွေးနွေးပွဲကို စက်တင်ဘာ၁၉၊ ၂၀၂၅ က ပြုလုပ်ခဲ့သည်။ Million Dollar Hoods […]


kaiSeptember 24, 20257min13160
အစိုးရသစ်လက်ထက်တွင် ဖယ်ဒရယ်ကပြောင်းလဲလိုက်သော မူဝါဒသစ်များ၊ အတည်ပြုလိုက်သောဥပဒေသစ်များကြောင့် Medicaid ဆိုင်ရာမူဝါဒများသည် ၂၀၂၆နှင့် ၂၀၂၇ခုနှစ်များမှစတင်ပြောင်းလဲမည်ဖြစ်ရာ California အတွက် Medi-Cal အပြောင်းအလဲနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို American Community Media က စက်တင်ဘာ၁၁၊ ၂၀၂၅တွင် ကျင်းပခဲ့ရာ Tyler Sadwith, State Medicaid Director, DHCS နှင့် Yingjia Huang, Deputy Director for Health Care Benefits & Eligibility, DHCS တို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ Federal မူဝါဒများနှင့်ပြည်နယ်ဘတ်ဂျက် ပြောင်းလဲမှုကြောင့် Medi-Cal ၏ကျန်းမာရေးစောင့်ရှောက်မှု California၏ ကျန်းမာရေးစောင့်ရှောက်မှု Medi-Cal သည် ၂၀၂၆မှ၂၀၂၈ထိ အပြောင်းအလဲများရှိလာမည်ဖြစ်သည်။ Medi-Cal သည် ပြည်နယ်၏၃ပုံတပုံသောလူဦးရေဖြစ်သည့် ၁၄သန်းပမာဏခန့်သော […]


kaiSeptember 16, 20254min31750
By Swe Swe Aye အိမ်တွင်းအကြမ်းဖက်ခံရသော ပြောင်းရွှေ့အခြေချနေထိုင်သူများသည် ထိရောက်သောတရားဥပဒေနှင့် ၎င်းတို့အား လုံခြုံစွာကာကွယ်ပေးရန်အတွက် ဘတ်ဂျက်နှင့်ပတ်သက်သည့် အတားအဆီးသစ်များကို ရင်ဆိုင်နေရလျက်ရှိသည်။ အိမ်တွင်းအကြမ်းဖက်ခံရပြီး အသက်ရှင်လျက်ရှိသူများသည် U visa (အိမ်တွင်းအကြမ်းဖက်မှု၊ လူကုန်ကူးခံရမှု၊ လိင်အကြမ်းဖက်မှုများအပါအဝင် ရာဇဝတ်မှုများ၏သားကောင်ဖြစ်သူများ နေထိုင်ခွင့်လျှောက်ထားသည့်ဗီဇာ)၊ အိမ်တွင်းအကြမ်းဖက်သောအမျိုးသမီးများအတွက် VAWA visa များလျှောက်ထားရန်အတွက် ပိုမိုတင်းကျပ်ခြင်းများ၊ အကန့်အသတ်များကို ကြုံတွေ့နေရပြီး လိင်ခံယူချက်ကိုအခြေပြုပြီး အကြမ်းဖက်ခံရသူများအတွက် ခိုလှုံခွင့်သည်လဲ ခဲယဉ်းနေသည့်အခြေအနေဖြစ်သည်။ anti-DEIA restrictions များကြောင့် federal agencies များ၏ဘတ်ဂျက်ဖြင့် ရပ်တည်နေရသော Office of Violence Against Women, Housing and Urban Development အပါအဝင် အိမ်တွင်းအကြမ်းဖက်ခံရသူများကို ကူညီဆောင်ရွက်ပေးနေသော အဖွဲ့အစည်းများအား ခက်ခဲစေပြီး ICE စီးနင်းမှုများကြောင့် […]


kaiSeptember 11, 20256min45170
by SweSwe Aye US အစိုးရသည် လိမ်လည်မှုများ၊ ရာဇဝတ်မှုများကိုကာကွယ်ရန်နှင့် အထောက်အထားမဲ့နေထိုင်သူများကို သိရှိရန်ဆိုသောအချက်များကို အကာအကွယ်ယူပြီး စောင့်ကြည့်သည့်ပစ္စည်းများ/နည်းပညာများ (surveillance tools) ကို တောက်လျှောက်အသုံးပြုခဲ့ပြီး ချဲ့ထွင်လျက်ရှိသည်။ ထိုစောင့်ကြည့်သည့်ပစ္စည်းများ/နည်းပညာများထဲမှ DMV မှအချက်အလက်များ၊ ငွေကြေးပိုင်းဆိုင်ရာကဏ္ဍမှအချက်အလက်များ၊ လက်ကိုင်ဖုန်းကိုခြေရာခံခြင်းများနှင့် အချက်အလက်များဆိုင်ရာစာချုပ်ကိုချိုးဖောက်ပြီး လူဝင်မှုကြီးကြပ်ရေးကိစ္စထက်ကို ကျော်လွန်အသုံးပြုလျက်ရှိသည်။ ထိုသို့ ဒစ်ဂျစ်တယ်နည်းပညာကိုသုံးပြီး ရာဇဝတ်မှုများကို ရှာဖွေခြင်းသည် အမေရိကန်လူမျိုးတိုင်းကို မကြုံစဖူး စောင့်ကြည့်စစ်ဆေးနိုင်ခြေရှိနေသည်။ ပုဂ္ဂိုလ်ရေးအချက်အလက်များကို data များ ပြုစုစုဆောင်းခြင်း၊ ဖလှယ်ခြင်းများအားဖြင့် အစိုးရအဖွဲ့အစည်းများသည် နိုင်ငံရေးအရပစ်မှတ်ထားနိုင်ခြေ၊ data ချိုးဖောက်ခြင်းများအလွန်များပြားလာနိုင်ခြေနှင့် identity theft များ ပါလာနိုင်ခြေများ ပိုမိုများလာမည်ဖြစ်သည်။ နိုင်ငံသားများအပေါ်တွင်ပါသက်ရောက်မှုရှိသောစောင့်ကြည့်ခြင်းများအကြောင်းဆွေးနွေးပွဲကို American Community Media က ၂၀၂၅၊ စက်တင်ဘာ၅တွင် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ ကိုယ်ရေးကိုယ်တာအချက်အလက်များကို အကန့်အသတ်စံနှုံးများကျော်လွန်ကာ […]


kaiAugust 30, 20253min52240
By SweSwe Aye ၂၀၂၆ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲများ (mid-term elections) တွင် House of Representatives နေရာများ၌ Republicans များ ပိုမိုအနိုင်ရရှိရေးအတွက် Texas ပြည်နယ်အပါအဝင် အခြားပြည်နယ်များတွင် မဲဆန္ဒနယ်မြေများ၏ နယ်နိမိတ်များကို ပြင်ဆင်ရေးဆွဲရန် သမ္မတ ထရန့်က အားပေးခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် သမ္မတ Trump သည် လွှတ်တော်၌ Republicans ကိုယ်စားလှယ်များအတွက် နေရာ ၅ နေရာ မဲနိုင်ရန် Texas ပြည်နယ်၏ congressional maps (လွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြု မဲဆန္ဒနယ် နယ်နိမိတ်များ) ကို ပြင်ဆင်ရေးဆွဲရန် လူသိရှင်ကြား တိုက်တွန်းခဲ့သည်။ Texas နှင့် California ပြည်နယ်များတွင် မဲဆန္ဒနယ် […]


kaiAugust 20, 20258min58480
By SweSwe Aye သမ္မတသစ်လက်ထက်တွင် ပြည်ပနိုင်ငံများမှ US သို့ သွင်းကုန်အခွန် တိုးပြီးကောက်ခြင်းအပေါ် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များ၊ ဈေးကွက်၊ ဝယ်ယူသူများ၊ အမေရိကားရှိအလုပ်ဖန်တီးမှုများအား သက်ရောက်ထိခိုက်စေသောအကြောင်းအရာများ ဆွေးနွေးပွဲကို ၂၀၂၅၊ သြဂုတ်၁၅က American Community Media က ပြုလုပ်ခဲ့ပါသည်။ ပြည်ပသွင်းကုန် ကုန်သွယ်ခွန်တက်ခြင်းရဲ့ အသေးစားလုပ်ငန်းများ၊ အလုပ်ဖန်တီးမှု၊ ဝယ်ယူအားအပေါ် ရိုက်ခတ်ချက်များ။ Dr. Anil Diolalikar, a Professor of economics at the University of California, Riverside, and founding Dean Emeritus of the UC Riverside School of Public Policy, က ကုန်သွယ်ခွန်များအပြောင်းအလဲသည် […]


kaiAugust 13, 20254min59590
by SweSwe Aye ၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့သော အစ္စရေးနှင့် ဟာမားစ်တို့၏ စစ်ပွဲ ၂ နှစ်ခန့်အကြာတွင် Gaza သည် ပျက်စီးခြင်းသို့ ရောက်ခဲ့သည်။ UNICEF ၏ ထုတ်ပြန်ချက်အရ လူ ၆သောင်းကျော်အသတ်ခံခဲ့ရပြီး ထိုအထဲမှ လူ ၁၈၀၀၀ မှာ ကလေးများဖြစ်သည်။ Gaza တွင် အဓိကနေထိုင်သော လူ ၂ သန်း၏ အများစုသည် ရွှေ့ပြောင်းနေထိုင်ခဲ့ရပြီး အိုးအိမ်မဲ့ခြင်း၊ သန့်ရှင်းသော သုံးရေ၊ သောက်ရေမဲ့ခြင်း၊ အစားအစာ ဆက်တိုက် ပြတ်လတ်ခြင်းများနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ အစ္စရေးအာဏာပိုင်များက ထပ်တလဲလဲ ငြင်းဆိုသော်လည်း Gaza သည် ငတ်မွတ်ခေါင်းပါးခြင်း ကမ်းပါးယံကို ရောက်နေပြီဆိုခြင်းကို တစ်ကမ္ဘာလုံးက သဘောတူညီစွာ ကောက်ချက်ချခဲ့ကြသည်။ […]


kaiAugust 6, 20254min61440
by SweSwe Aye / Myanmar Gazette US တနိုင်ငံလုံးရှိ ဝင်ငွေနည်းသောသူများနှင့်/ သို့မဟုတ် လူသန်း၇၀အတွက်  ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်အတွက်  Medicaid ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သည်မှာ နှစ်ပေါင်း၆၀ကျော်ရှိခဲ့ပြီ ဖြစ်သည်။ ယခုလတ်တလောကြုံတွေ့နေရသော federal ဘတ်ဂျက်ပံ့ပိုးမှုလျော့နည်းသွားခြင်း ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုတ၇ားမျှတရေးကို ရှေ့ဆက်နိုင်ဖို့ အမေရိကန်များမည်သို့ရုန်းကန်နိုင်မည်လဲ၊ သမိုင်းဝင်  Medicaid ကို ချဲ့ထွင်နိုင်ခဲ့သော Medi-Cal ကို တနိုင်ငံလုံးက အခြားပြည်နယ်များအတွက် စံနမူနာအဖြစ် ဆက်လက်ထိန်းသိမ်းနိုင်ဖို့ California ပြည်နယ်သည် ကျားကန်ထားနိုင်မလား စသောအချက်များကို American Community Media က ဦးစီးကာ ဆွေးနွေးပွဲပြုလုပ်ခဲ့ပြီး Dr. Ilan Shapiro Strygler, SVP, Chief Health Correspondent and Medical Affairs […]