ဖေဖေချစ်သောပြည်သူ့သမီး သို့မဟုတ် ဒေါ်အောင်ဆန်းစုကြည်

kyawhan21October 12, 20111min640

မြန်မာပြည်သူများ လွန်စွာချစ်ခင်လေးစားခဲ့သော မြန်မာ့အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီ အချိန်လေးမှာပင် သားသမီးသုံးဦးထဲမှ တစ်ဦးအား နမ်းရှိုက်နှုတ်ဆက်ခဲ့ပါသည်၊ ထိုတစ်ဦးမှာ အခြားမဟုတ် ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်ပါသည်၊ ထိုအနမ်းသည် ဒေါ်အောင်ဆန်းစုကြည်အား ဖခင်မှပေးအပ်ခဲ့သော ပြည်သူ့တာဝန်ဟုဆိုရလျှင် ငြင်းနိုင်အံ့မည်မထင်ပါ၊

ဗိုလ်ချုပ်အောင်ဆန်း၏  အပါးတော်မြဲသတင်းစာဆရာ ဦးပုကလေးမှ  – ဗိုလ်ချုပ်၏ ပင်ပမ်းမှုကို ပြေပျောက်စေနိုင်သောဆေးဝါးများမှ သားသမီးတို့ပင်ဖြစ်သည်၊တစ်ခါတစ်ရံ ဦးဏှောက်ကလဲရှုပ် အလုပ်ကလည်းများလျှက် စိတ်ပျက်ပျက်နှင့် အိမ်သို့ပြန်အလာတွင် -ဖေဖေ ပြန်လာပြီဖေဖေပြန်လာပြီ ဆိုကာ သမီးကလေးစုစု ကတီတီတာတာ ပြောဆို၍ ပြေးဘက်လာသည်ကို ပွေ့ချီလိုက်ရသောအခါ ဘခင်ဗိုလ်ချုပ်၏ နောက်ကျိလျှက်ရှိသော စိတ်နှလုံးမှာကြည်လင်ရွှင်မြူးစေတော့၏-  ဟုဆိုပါသည်၊ဤမျှဗိုလ်ချုပ်၏ ချစ်ခင်မှုကိုရခဲ့သောသမီးသည် ဖခင်၏ ပုခုံးပြောင်းတာဝန်ကို မည်မျှအတိုင်းအတာထိ ထမ်းရွက်နိုင်သည်ကို ညပည်သူ့ဆန္ဒစစ်တမ်းများဖြင့် ကောက်ချက်ဆွဲရန်ကား အထူးလိုအပ်မည်ထင်ပါသည်၊

မြန်မာပြည်သည် 19.7.1947 ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်ကစပြိး ခေါင်းဆောင်ကောင်းတို့၏ ခေါင်းဆောင်မှုဆုံးရှုံးခဲ့ရသောတိုင်းပြည်ဖြစ်သည်၊ ဗိုလ်ချုပ်အောင်ဆန်း၏ခေါင်းဆောင်မှုမျိုးကိုငံ့လင့်ကြပါသည် နှစ်ပေါင်းခြောက်ဆယ်တိုင် စနစ်ဆိုးခေါင်းဆောင်ယုတ်တို့၏ ဖိနှိပ်ညှင်းပန်းမှုတွင် မြန်မာပြည်သူတို့ ခေါင်းမဖေါ် လူးရင်လိမ့်ရင်း မျိုးဆက်တစ်ခုအရွေ့တွင် မိုးကြရွှေကိုခေါင်းဆောင်များ ပေါ်တွက်လာလိမ်းမည်ဟုတင်မြင်ယူဆနေကြသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်၊

လူထုခေါင်းဆောင်ဆိုသည်မှာ လူထုထဲမှပင်မွေးပြီး လူထုထဲမှာပင် ရှင်သန်စမြဲဆိုသည်ကို ညမန်မာတို့သတိမမူခဲ့ပေ၊

1988 မြန်မာကျောင်းသားများဦးဆောင်ပါဝင်သော ဒီမိုရေစီလူထုလူတန်းစား ခေတ်ပြောင်းတော်လှန်ရေးတွင် ကျောင်းသားခေါင်းဆောင်ကောင်းများအသီးသီး ပေါ်တွက်ခဲ့သလို မြန်မာတွေနှစ်ပေါင်းများစွာ မျှော့်လင့်တောင့်တခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ မျိုးဆက်ဦးဆောင်မှုတစ်ရပ်ကို ရရှိခဲ့ပါသည်၊ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့တော်လှန်ရေးမှတဖန်မွေးဖွားလာသောကြောင့် ပြည်သူ့သမီးဟုပင်ဆိုချင်ပါသည်၊1988 အချိန်အခါသည် မြန်မာပြည်သူတစ်ရပ်လုံးမှ ခေတ်သမိုင်းပြောင်းလဲလိုသည့် ဆန္ဒအထွဋ်အထိပ်ရောက်နေချိန်ဖြစ်ပြိး စနစ်တကျဦးဆောင်နိုင်သော ခေါင်းဆောင်လဲ အမှန်တကယ်လိုအပ်နေချိန်ဖြစ်ပေသည်၊

အမှန်ပင် မြန်မာလူထုအားခေါင်းဆောင်ရန် တာဝန်သည် ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် သမိုင်းကပေးအပ်လိုက်ပြီဖြစ်ပေသည်၊

ဗိုလ်ချုပ်အောင်ဆန်း၏အလေးထားချစ်ခင်မှုကိုရရှိခဲ့သော ဗိုလ်ချုပ်၏မျိုးဆက် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်၏တိုင်းပြည်အပေါ်တွင်ထားရှိခဲ့သည့်အမှာစကားများကိုပြည်သူများအထဲ၌ပင်ရှာရပေမည်၊အဘယ်ကြောင့်ဆိုမူ ဗိုလ်ချုပ်သည် လူထုလူတန်းစားဖြစ်သည်၊လူတုလူတန်းစားဗိုလ်ချုပ်ဖြစ်သည် ဘယ်လိုအရာကမျှခွခြား၍မရနိုင်ပါ ပြည်သူ့ခေါင်းဆောင်အဖြစ် သမိုင်းမော်ကွန်းရေးထိုးနိုင်ခဲ့ခြင်းမှာ ပြည်သူ့ဘဝ လူတန်းစားနိုင်ငံရေးကိုသိအောင် သိအောင်ပြည်သူထဲ၌ပင်ရှင်သန်ရန်ကြိုးစားခဲ့သောကြောင့်ပင်ဖြစ်သည်၊မြန်မာ့သမိုင်းဖြစ်စဉ်၏ရပ်တည်မှုတွင် မည်သည့်ခေါင်းဆောင်တဦးတယောက်မျှ စွမ်းဆောင်နိုင်ခြင်းမရှိသော လူထုခေါင်းဆောင်နှင့် ခေတ်သစ်မြန်မာနိုင်ငံအားတည်ထောင်နိုင်ခဲ့သည့် အနှိုင်းမဲ့ခေါင်းဆောင်အဖြစ် မြန်မာသာမက တစ်ကမ္ဘာလုံးကပင် လက်ခံယုံကြည်ခဲ့ကြပါသည်၊

သို့သော် ယခုလက်ရှိမြန်မာနိုင်ငံရေးသမိုင်းဖြစ်စဉ်အပြောင်းအလဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ nld ပါတီမှာကားလူတန်းစားနိုင်ငံရေးအနှစ်ကင်းမဲ့ကာ ပြည်သူနှင့်ကင်းကွာလျှက် leadership communication လုံးဝကျဆုံးနေပါသည်၊

အဘယ်ကြောင့်နည်း

ထိုအဖြေသည်1990 ရွေးကောက်ပွဲကာလ စစ်အာဏာရှင်တို့၏နိုင်ငံရေးအခင်းအကျင်းတွင်တည်ပါသည်၊ မြန်မာပြည်သူလူထု၏နိုင်ငံရေးဦးတည်ချက်အား ရွေးကောက်ပွဲလှည့်ကွက်ဖြင့် အချိန်ဆွဲလမ်းလွှဲနိုင်ခဲ့ခြင်းဖြစ်သည်၊nld ပါတီသည် ထိုရွေးကောက်ပွဲရလဒ်၏ ရေစုံတွင်မျှောပါရင်း ဒီမိုကရေစီတော်လှန်ရေးဦးတည်ချက်ဋ္ဌ လားရာဘက်တိမ်းကာ လူတန်းစားနိုင်ငံရေးနှင့်ကင်းကွာပြီး နိုင်ငံရေးဦးဆောင်မှုကျဆုံးရသည်ဟုဆိုချင်ပါသည်၊

နိုင်ငံရေးပါတီတရပ်၏ တာဝန်မှာရွေးကောက်ပွဲအနိုင်ရရှိရန်ကျိုးပန်းရမည်မှာမှန်ပါသည်၊သို့သော်လူထုနှင့်ကင်းကွာ၍မရဟူသည့်အချက်ကိုကားလစ်ဟင်းခဲ့ပါသည် တဖက်တွင် လူပိန်းစစ်အာဏာရှင်တစုသည်အင်အားနိုင်ငံရေး(power politic) ကိုအလွန်အမင်းကြိုက်နှစ်သက်လာသောကြောင့် အာဏာကိုမစွန့်လွတ်လိုပေ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင်  အင်အားအရှိန်အဝါ ဖြင့်အသာစီးအနိုင်ပိုင်း၍ နိုင်ငံကြီးများ၏ပတ်ဆို့မှုကိုအနိုင်ယူချေဖျက်နိုင်မြည်ဟုယုံကြည်လာကာအိရန်မြောက်ကိုရီးယားတို့ကဲ့သို့ ညူစစ်အားနိုင်ငံထူထောင်ရန်ကျိုးစားလာပါသည်၊ထိုကြောင့်အာဏာမစွန့်လွတ်ရရေးအတွက်1990ရွေးကောက်ပွဲရလာဒ်ကိုအခြေပြုကာnld ပါတီအားပဋိပက္ခအသွင်ဆောင်ကာ အချိန်ဆွဲလာသည်ကိုnldပါတီသည် တော်လှန်ရေးတစ်ရပ်၏ ကြိုတင်လက္ခဏာ များကိုသတိမမူခဲ့ဟုဆိုရပေမည်၊အာဏာကိုမစွန့်လွတ်လိုသောစစ်အာဏာရှင်တို့သည် military despotism  စစ်ရေးသက်ဦးဆံပိုင် စနစ်ကိုကျင့်သုံးလာပြိး nld ပါတီသာမက ပြည်သူများကိုပါ လါန်စွာရက်စက်ကြမ်းကြုပ်စွာဖြိုခွင်းလာသည်၊nld ပါတီသည် ရွေးကောက်ပွဲရေစုံထဲတွင်မျောပါရင်း အမြစ်တစ်မြစ်ခြင်း အခက်တခက်ခြင်း အကိုင်းတကိုင်းခြင်းစနစ်တကျဖြတ်တောက်ဖျက်ဆိးမှုကိုခံရခါလုံးပါးပါးလာရပါသည်၊

nld ပါတိပြိုကွဲမှုတွင် ပထမ သပ်မှာ သုံးဘက်ချွန်ဟုအမည်တွင်သည့် ဖေါက်ခွဲဖျက်ဆီးရေးသမား အောင်ကြီးဖြစ်ပါသည် ပါတီတွင် ကွန်မြူနစ်များခိုင်မာစွာရပ်တည်နေသည်ဟုဆိုကာ ခွဲထွက်ပါသည် ကျောင်းသားသမဂ္ဂအဆောက်အဥိးဖေါက်ခွဲဖျက်ဆီးစဉ်ကစွတ်စွဲချက်ဖြင့်ထပ်တူကြပါသည်၊ဒုတိယမှာ 88 ကျောင်းသားများအားနှိမ်နင်းပြီးနောက်တတ်သိပညာရှင်များအားအကျဉ်းထောင်ထဲပို့ကာ အရွေးခံလွတ်တော်အမတ်များမှာလဲရောင်စုံပုဒ်မများဖြင့် နရသိန်တွင်း သွတ်သွင်းခဲ့ပါသည်၊အဆုံးတွင် ခေါင်းဆောင်မှုကွန်ရက်ကို အမြစ်လှန်ကာ ဒေါ်အောင်ဆန်းစုကြည်အားချုပ်နှောင်ထားခဲ့ခြင်းပင်ဖြစ်သည်၊

2003 ဒီပဲရင်းလုပ်ကြံမှု ကမ္ဘာကျော်ခဲ့သည့် သတ်ဖြတ်မှုဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အသေသတ်ခဲ့ခြင်းဖြစ်ပြီး ဒီနေ့ထိတရားခံမပေါ်သည်မှာလဲဆန်းကျယ်နေပါသည်၊ဒီလုပ်ကြံမှုဖြစ်စဉ်မှာ အမျု်းသားသစ္စာဖေါက်ဂဠုံ ငစော၏ လမ်းစဉ်အတိုင်း စွမ်းအားရှင် ဝါးရင်းတုတ်ကို်င် လူ့ပေါက်ပန်းများကိုလူမိုက်မွေးပြိးလုပ်ကြံခဲ့တာဖြစ်ပြိး စစ်အာဏာရှင်များအနေဖြင့် ပြည်သူများအပေါ် စိတ်ဓါတ်ရေးရာအသာစီးရသွားခဲ့ပါသည်၊ပြည်သူ့လုံခြုံရေးအတွက်ပြည်သူများဟာ လွန်စွာတွေဝေသွားခဲ့ပါတယ်၊

nld ပါတီ ပြည်သူ့အားထားမှု ကျဆုံးမှု ဒေါ်အောင်ဆန်းစုကြည်ကို တချိန်လုံး ဖမ်းထားပြိးပါတီကိုနည်းမျိုးစုံ ဖြိုခွဲမှုကြောင့်ဆိုရင်မှန်ပါသလား?

မမှန်ပါ လုံးဝမှားယွင်းပါသည်ဟုဆိုရပါမည်၊  နိုင်ငံရေးပါတီမှာ ကာလတခုတွင် နိုင်ငံအားဦးဆောင်ရမည်ဖြစ်ပါသည်ခေါင်းဆောင်မှုကွန်ယက်ကို လူပုဂ္ဂိုလ်တဥိးတယောက်အပေါ်တွင် တရားလွန်တည်မှီနေမည်ဆိုပါက 1947ခုနှစ်အဖြစ်ဆိုးမျိုး ကြုံတွေ့ရမည်ဖြစ်ပြိခေတ်ဆိုးခေတ်ပျက်တစ်ခုကိုနိဒါန်းပျိုးသလိုဖြစ်နေပေမည်၊ထိုကြောင့်ဆင့်ကဲခေါင်းဆောင်မှု သို့မဟုတ်အစားထိုးတာဝန်ယူမှုအတွက်ကြိုတင်ပြင်ဆင်ထားရမည်မှာ ပါတီခေါင်းဆောင်၏ အညမင်ကျယ်မှုအရည်အသေါးပင်ဖြစ်ပါသည်၊

nld ပါတီ၏ အောက်ခြေစည်းများမှအစပြု၍ ဗဟိုကော်မတီ အထိ ခေါင်းဆောင်များ၏ တော်လှန်ရေးအမြင်ကျယ်မှုမှာ ဆန်းစစ်လျှင်လက်ရှိ မြန်မာပြည်၏ မြေပြင်အနေအထား သို့မဟုတ် မြန်မာပြည်သူများ၏တော်လှန်ရေးလားရားကို သေချာစွာနားလည်ထားခြင်းမရှိဟု သုံးသပ်ရပေမည်၊အဘယ်ကြောင့်ဆိုမှု ေ၏ါ်အောင်ဆန်းစုကြည် အချုပ်ကြစဉ် ပါတီသည်နိုင်ငံရေးသေနေပြီး ပြန်လွတ်လာမှ နိုင်ငံရေးအသက်ဝင်သည်ကိုကြည့်ခြင်းအားဖြင့် ပါတီ၏ရပ်တည်လုပ်ဆောင်မှုများမှာ မြန်မာ့လူထုလူတန်းစားစများ၏ လက်ရှိလူနေမှုဘဝဖြစ်စဉ်များကိုနားမလည်ကြောင်းထင်ရှားနေပြိး ပြည်သူတို့၏ ယုံကြည်အားထားမှု ညွှန်းမှတ် သုညသို့ကျဆင်းသါားသည်ဟုဆိုရပေမည်၊

ထိုကြောင့် ပါတီအနေဖြင့် နိုင်ငံတော်အာဏာကိုရမှ လူတန်းစားနိုင်ငံရေးတာဝန်ကိုယူနိုင်မည်လား မရလျှင်တကယ့်နိုင်ငံရေးအလုပ်တွေကိုမလုပ်နိုင်ဆိုသည်ကို nld အနေဖြင့်ဆန်းစစ်ရမည်ဖြစ်သည်၊

nld ပါတိသည် ပြည်သူ၏လုံခြုံမှုကိုအပြည့်အဝတာဝန်ယူရမည့် အာဏာရအစိုးရသစ်တစ်ရပ်အဖြစ်အချိန်မရွေးညဖစ်တာနိုင်ပါသည်၊ပါတီ၏ ရှေ့လုပ်ငန်းစဉ်တွင်နိုင်ငံတော်အာဏာအရပ်ရပ်ကိုပြည်သူ၏အပ်နှင်းခြင်းခံရပြီး ပြည်သူ့တာဝန်ကိုတမ်းဆောင်ရသောအခါ ထိုကာလအတွက်မည်မျှကြိုတင်ပြင်ဆင်ထားသည်ဆိုသည့်အနေအထားကရပ်ကိုဆန်းစစ်လျှင် 2003ဒီပဲရင်း အခြေအနေက အဖြေတရပ်ဖြစ်နေပါသည်၊ပါတီ၏ ထိပ်တန်းခေါင်းဆောင်များမှာတပ်မတော်အငြိမ်းစားစအရာရှိကြီးများပါဝင်ပြီး ဒေါ်အောင်ဆန်းစုကြည်အား အသေလုပ်ကြံသတ်ဖြတ်မှုတွင် အဘယ်ကြောင့်ခေါင်းဆောင်တစ်ဦး၏ လုံခြုံရေးအားြိကိုတင်ကာကွယ်ရေးအစီအမံချမှတ်ထားခြင်းမရှိသည်ကို ပြည်သူများကအံ့ဩစွ နားမလာ်နိုင်အောင်ဖြစ်ရပါသည်၊ထိုပြင် နိုင်ငံတော်အာဏာအရပ်ရပ်နှင့် နိုင်ငံရေးဦးဆောင်မှုကိုရရှိရေးအတွက်ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူအပေါ်မှီတည်နေပါက ပြည်သူကိုဦးဆောင်သည့်ပါတီမဟုတ်ဘဲ ပြည်သူ့နောက်မြှီးဆွဲပါတီအဖြစ် တဖြည်းဖြည်းရောက်မှန်းမသိရောက်လါနေပြီဖြစ်သည်၊

ပါတီ၏ cec များသည် ပြည်သူနှင့်ခွဲခြား၍ မရအောင် ပြည်သူထဲတွင်ရှိရပေမည်၊2010 ရွေးကောက်ပွဲ ကာလပြည်သူများ၏ ဘဝသည် လွန်စွာရင်နင့်ဘွယ်ရာဖြစ်ပေသည်၊မိမိတိုံအသဲကြား့ မဲတပြားအား မိမိအယုံအာကည်မရှိသည့် အင်အားစုများအားထံမရောက်လိုသော်လည်းရွေးချယ်စရာနည်းလမ်းမရှိပါ တဖက်တွင်မိမိတို့တွန်းလှန်ခဲ့သည့် မဆလ အမည်ပြောင်း တစည တဘက်တွင် လူဝတ်လဲ ပါတီ မည်သူကမျှ ပြည်သူကိုကိုယ်စားပြုသူများမဟုတ် ပြည်သူတွေမျက်စိစုံမှတ် မဲတည့်ခဲ့ရသည်အဖြစ်၊

ပြည်သူ့အတွေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဥိးဆောင်မှုကို အလွန်အမင်းမြှော်လင့်သော်လည်း ယနေ့မြန်မာပြည်သူများခံစားနေရသော အထွေထွေပြသနာများနှင့် လူမှုဘဝအခက်များကို ဒေါ်အောင်ဆန်းစုကြည်ကသာလျှင်ဦးဆောင်၍ပြောင်းလဲနိုင်မည်ဟုယုံကြည်နေကြသော်လည်း လက်တွေ့တွင်မူ nldပါတီ၏cecများသည် ပြည်သူများ၏ယုံကြည်မှုနှင့်ထိုက်တန်သော ပြယုဂ်တစုံတရာမရှဘဲဗဟိုအမိန့်ကိုထိုင်စောင့်နေသော ထိုင်စောင့်နိုင်ငံရေးသမားအဆင့်တွင်သာရှိနေပေသည်၊

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူ့အတွက်ပြည်သူမှမွေးဖွားလာသော ပြည်သူ့သမီးဖြစ်သည်၊ဖခင်ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်၏အနာဂတ်အရေးကိုကြိုတင်သိမြင်နိုင်သော ခေါင်းဆောင်ကောင်းဖြစ်သည်၊ဗိုလ်ချုပ်၏ခေါင်းဆောင်မှုအရည်အသွေးမျိုးကိုပြည့်ဝစွာလိုချင်လျှင်  ပြည်သူများထဲတွင်ရှင်သန်ရပေမည်ဖြစ်ပါသည်၊မြန်မာသတင်းစာဆရာကြိး လူထုဥိးလှ 1961 ခုနှစ်ဂျပန်ပြည်တွင် ဂျပန်မြန်မာဒုတိယဥက္ကဌမစ္စတာတကာမီအားပြောခဲ့သောစကာတွင် ဗိုလ်ချုပ်အောင်ဆန်းဟာပြည်သူတွေနဲ့နီးနီးကပ်ကပ်ရှိတယ် ပြည်သူတွေခံစားရမှုများကိုသူသိတယ် ပြည်သူတွေကဂျပန်ကိုမုန်းလာပြီဆိုရင်သူကလဲပြည်သူတွေနဲ့ အတူအမြဲရှိတယ်ဆိုတဲ့လက္ခဏာပြတယ် ဗိုလ်ချုုပ်အောင်ဆန်းတာဝန်ကပြည်သူတွေအတွက်နဲ့လွတ်လပ်ရေးရဘို့အတွက်ဖြစ်တယ်သူ့အတွက်မဟုတ်ပါဘူး ဒါကြောင့်တော်လှန်ရေးလုပ်ရတယ် လွတ်လပ်ရေးရဘို့တော်လှန်ရတယ် ပြည်သူတွေကလဲတော်လှန်ချင်နေကြပြီပြင်ဆင်နေကြပြိ ဗိုလ်ချုပ်အောင်ဆန်းအမှန်အမှန်သစ္စာရှိရမှာက သူ့ပြည်သူများနဲ့သူ့တိုင်းပြည်မဟုတ်လား၊ တိုင်းပြည်အပေါ်သစ္စာရှိတဲ့ မျိုးချစ်ပုဂ္ဂိုလ်ဆိူရင်ဒီလိုနေရာမှာဒီလမ်းကိုရွေးမှာဘဲ ကျွန်တော့်အမြင်ကတော့ သူ့လမ်းစဉ်နဲ့သူ့အလုပ်သူလုပသွားသွားတာဘဲ (ဦးလှရေး စစ်အတွင်းသတင်းစာများကပြောသောမြန်မာပြည်မှ) ထိုစကားများသည် ဗိုလိချုပ်အောင်ဆန်း၏ ပြည်သူ့ခေါင်းဆောင်ကောင်းတစ်ဦး၌ရှိရမည့်အရည်အသွေး တစိတ်တဒေသ ကိုညွှန်းဆိုနေပြီးဒေါ်အောင်ဆန်းစုကြည်နှင့်cec များသည် မိမိတို့ဦးဆောင်နေသည့်ပါတီမှ စောင့်ကြည့်လုပ်ဖေါ်ကိုင်ဘက်များအား နိုးကြားသောနိုင်ငံရေးသတိ တော်လှန်ရေးသတိများရှိနေစေရန်နှင့်ဆင်းရဲသားကျောမွဲ လူထုလူတန်းစားများ၏ မျှော်လင့်ချက်များကိုပြည့်ဝစွာပုံဖေါ်ပေးနိုင်သောခေါင်းဆောင်ကောင်းများဖြစ်လာစေရန် တကယ်နိုင်ငံရေးအလုပ်များအားလုပ်ဆောင်နိုင်ရေးအတွက်ပြည်သူများနှင့် ထိတွေ့နီးကပ်စွာနေသင့်ကြောင်းနှင့်ပြည်သူကိုလေ့လာရန်လိုကြောင်းကို ပြည်သူများပြောသောပြည့်သူအမြင်အဖြေစ်တင်ပြလိုက်ရပါသည်ခင်ဗျား၊

မြန်မာပြည်သူများ မျှော်လင့်တောင့်တသော ဗိုလ်ချုုပ်အောင်ဆန်းမျိုးဆက်၏ခေါင်းဆောင်မှုနှင့် စစ်မှန်သောလူ့အခွင့်ရေးများစည်ပင်ရာဒီမိုကရေစီနိုင်ငံသစ်ကိုပိုင်ဆိုင်ရင်း  ဒုတိယပင်လုံညီလာခံအားဖြင့် စည်းလုံးညီညွတ်သော ကျွနုပ်တို့၏ မြန်မာနိုင်ငံတော်သစ်ကြီးကိုပိုင်ဆိုင်နိုင်ကြပါစေ

ကျွန်တော်