kyawhan21February 12, 20121min3308
မြန်မာပြည်သူတွေရဲ့  သွေးစည်းညီညွတ်မှုကို ပြညွှန်းသော ပြည်ထောင်စုနေ့ဟာ ၆၅ နှစ်တာကာလကိုကျော်ဖြတ်ခဲ့ပြီဖြစ်ပါတယ်၊ဒါပေမယ့် မြန်မာပြည်ဟာ ဒီပြည်ထောင်စုနေ့ကိုဖြစ်ပေါ်စေခဲ့တဲ့ ပင်လုံစာချုပ်အားဖြင့် တည်ငြိမ်အေးချမ်းပြီး လွတ်လပ်သောတရားမျှတမှုကို တကယ်လက်ဝယ်ပိုင်ဆိုင်ခဲ့ပါရဲ့လား တိုင်းရင်းသားတွေဟာ တကယ်ကော ပြည့်ဝတဲ့နိုင်ငံသားအခွင့်အရေးတွေကိုရရှိပါရဲ့လား ဒါကိုအဖြေရှာရမှာကတော့ မြန်မာပြည်၏သန်း၆ဝနီးပါးဖြစ်လာပြီဖြစ်သော မြန်မာပြည်သူလူထုတွေနဲ့အတူ လက်ရှိအာဏာရယူပိုင်ဆိုင်ထားသော ပြည်ထောင်စုအစိုးရအပါအဝင် အတိုက်အခံနိုင်ငံရေးအင်အားစုများရဲ့ ပြောင်မြောက်သော သမိုင်းအပြောင်းအလဲဖန်တည်းလိုမှုအပေါ်မှာ တည်မှာဖြစ်ပါတယ်၊ ကျွန်တော်ကတော့ကျော်ဟန်ပါ ကျွန်တော်အခုရေးသားတဲ့post မှာ ပင်လုံပြည်ထောင်စုစိတ်ဓါတ်ရှိသူ မြန်မာပြည်ကိုချစ်စိတ်ရှိသူများပါဝင်ရေးသားပေးပါရန်တိုက်တွန်းလိုပါတယ်၊   မြန်မာပြည်ရဲ့ နှစ်၁၀ဝကျော် သူတစ်ပါးကျွန်ဖြစ်ခဲ့ရခြင်းက အပြီးတိုင်လွတ်မြောက်ရန် နောက်ဆုံးအတားအဆီးတစ်ခုက တောင်တန်းဒေသပြသာနာဖြစ်ပါတယ်၊ဒါဟာအင်္ဂလိပ်တွေ အလွန်အားကိုးခဲ့တဲ့လက်နက်တစ်ခုပါ၊အာဏာကိုမက်တဲ့ တိုင်းရင်းသားပဒေသရာဇ်တွေက ဖက်တွယ်ပြီးမြန်မာပြည်ကို အစိတ်စိတ်အမွှာမွှာ ဖြစ်စေလိုခဲ့ပေမယ့် ပြည်သူတွေရဲ့ ပြည်ထောင်ချစ်စိတ်အောက်မှာ ဝပ်တွားခဲ့ရတာက သမိုင်းမှာ အထင်အရှားပြဆိုပြီးဖြစ်ပါတယ်၊ ဒါပေမယ့်ကျွန်တော်တို့လက်ဝယ်မှာပိုင်ဆိုင်ထားတဲ့ ပင်လုံစာချုပ်ဟာ အလုံးစုံ့ပြီးပြည့်စုံတဲ့ စါချုပ်တစ်ခုတော့မဟုတ်ပါဘူး ၊ဘာလို့လဲဆိုတော့ တိုင်းတစ်ပါးအုပ်ချုပ်မှုအောက်မှာ စက္ကန့်လေးမျှတောင်မနေလိုတဲ့ လွတ်လပ်ရေးဗိသုကာ မြန်မာ့မျိုးချစ်သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းဟာ […]


kyawhan21October 12, 20111min920
မြန်မာပြည်သူများ လွန်စွာချစ်ခင်လေးစားခဲ့သော မြန်မာ့အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရမီ အချိန်လေးမှာပင် သားသမီးသုံးဦးထဲမှ တစ်ဦးအား နမ်းရှိုက်နှုတ်ဆက်ခဲ့ပါသည်၊ ထိုတစ်ဦးမှာ အခြားမဟုတ် ဒေါ်အောင်ဆန်းစုကြည်ပင်ဖြစ်ပါသည်၊ ထိုအနမ်းသည် ဒေါ်အောင်ဆန်းစုကြည်အား ဖခင်မှပေးအပ်ခဲ့သော ပြည်သူ့တာဝန်ဟုဆိုရလျှင် ငြင်းနိုင်အံ့မည်မထင်ပါ၊ ဗိုလ်ချုပ်အောင်ဆန်း၏  အပါးတော်မြဲသတင်းစာဆရာ ဦးပုကလေးမှ  – ဗိုလ်ချုပ်၏ ပင်ပမ်းမှုကို ပြေပျောက်စေနိုင်သောဆေးဝါးများမှ သားသမီးတို့ပင်ဖြစ်သည်၊တစ်ခါတစ်ရံ ဦးဏှောက်ကလဲရှုပ် အလုပ်ကလည်းများလျှက် စိတ်ပျက်ပျက်နှင့် အိမ်သို့ပြန်အလာတွင် -ဖေဖေ ပြန်လာပြီဖေဖေပြန်လာပြီ ဆိုကာ သမီးကလေးစုစု ကတီတီတာတာ ပြောဆို၍ ပြေးဘက်လာသည်ကို ပွေ့ချီလိုက်ရသောအခါ ဘခင်ဗိုလ်ချုပ်၏ နောက်ကျိလျှက်ရှိသော စိတ်နှလုံးမှာကြည်လင်ရွှင်မြူးစေတော့၏-  ဟုဆိုပါသည်၊ဤမျှဗိုလ်ချုပ်၏ ချစ်ခင်မှုကိုရခဲ့သောသမီးသည် ဖခင်၏ ပုခုံးပြောင်းတာဝန်ကို မည်မျှအတိုင်းအတာထိ ထမ်းရွက်နိုင်သည်ကို ညပည်သူ့ဆန္ဒစစ်တမ်းများဖြင့် ကောက်ချက်ဆွဲရန်ကား အထူးလိုအပ်မည်ထင်ပါသည်၊ မြန်မာပြည်သည် 19.7.1947 ခုနှစ်နောက်ပိုင်း ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်ကစပြိး ခေါင်းဆောင်ကောင်းတို့၏ […]


kyawhan21October 1, 20111min850
မြန်မာတို့က ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းစတက်သည် နှင့်ကူမင်းကျောက်ဖြူ ကားလမ်းဖေါက်လုပ်ရေးကို အပိုင်ရခဲ့သည်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းနှင့်ကူမင်းကျောက်ဖြူကားလမ်းမကြီး၏မဟာဗျူဟာမြောက် အကျိုးရလာဒ်ကို ရှိခံစားရတော့မည့်တရုပ်တို့သည် ဧရာဝတီမြစ် ခုတ်ထစ်ပိုင်းဖြတ်၍ တစ်ချက်ခုတ်နှစ်ချက်ပြတ်မဟာစိမံကိန်းကိုဆောင်ရွက်လာပြန်သည်၊ ကျောက်ဖြူကူမင်း လမ်းနှင့်ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့ကြောင့် ဧရာဝတိ၏ မဟာဗျူဟာမြောက်မှုမှာ မှေးမှိန်လာသည်ကတစ်ကြောင်း၊ဆရာချစ်စံဝင်း လွန်စွာ အားကျျအထင်ကြီးခဲ့သောယန်စီမြစ်ဝှမ်းဂိုဂျိုးဆည်နှင့် မြစ်ဝါမြစ်ရေကာတာများကြောင့် တရုပ်ပြည်တွင်းရေး မငြိမ်သက်မှုများကို ချေဖျက်ရန် ဧရာဝတီအားဓါးစာခံလုပ်လာခြင်းဖြစ်သည်၊ ထိုသို့သော ကိုရွှေပေါက်ဖေါ် တို့သည် မြန်မာပြည်၏ ရေမြေကို ငွေစအနည်းငယ်ကျဲ၍ အိန္ဒိယသမဒ္ဒရာကို မဟာဗျူဟာမြောက်ထင်တိုင်းသုံးစွဲနိုင်ခွင့်နှင့်ဧရာဝတိအားထင်သလိုသုံးစွဲနိုင်ခွင့်၏တစ်ဖက်တွင် ဒီမိုကရေစီအသွင်ပြောင်းသက်တန်းနုပြည်ထောင်စုအစိုးရနှင့် မြန်မာပြည်သူတို့အကြား သွေးခွဲရေးလမ်းစဉ်ကို ကျင့်သုံးလာနေသည်ကိုမျက်ကွယ်ပြုသော လျှပ်(၁) ဝန်ကြီးဇော်မင်း ထိုစီမံကိန်းကြောင့် လာဘ် လာဘ မည်မျှရသောကြောင့်ပြည်သူကိုခြေစုံကန်ရသည်ကိုနားမလည်နိုင်အောင်ဖြစ်ရပါသည်၊ ပထွေးကျွေးသောထမင်းဟင်းတို့မှာ အဆိပ်တောက်တို့ပါတတ်ပြိး မိရင်းဖရင်းကျွေးသောထမင်းကြမ်းသည် မေတ္တာရည်တို့ဖြင့်ပြည့်ဝသည်ကို ဝန်ကြိးဇော်မင်းအထူးသတိထားရမည်ဖြစ်ပါသည်၊ မြန်မာပြည်၏ ၇၅%မျှသောမြေများနှင့် စိးပွားလုပ်ငန်းများ ပေါက်ဖေါ်တို့၏လက်ဝယ်ရောက်နေပြီးအနောက်အရင်းရှင်တို့၏နယ်ချဲ့ ရန်ကိုအထူးသတိပြုနေစဉ်အတွင်း တရုပ်နယ်ချဲ့လက်သစ်တို့၏ ဝါးမြိုနေမှုကို မြန်မာတို့သတိ လက်လွတ်ခဲ့ပြိဖြစ်သည်၊ […]


kyawhan21October 1, 20111min1372
မြန်မာပြည်မှာ အကျယ်ကျယ်ဖြစ်နေကြတဲ့ ဧရာဝတီမြစ်ဆုံရေကာတာစီမံကိန်းနဲ့ ပတ်သက်လို့ လျှပ်စစ်ဝန်ကြီးဇော်မင်း   ဝန်ကြိးတစ်ပါး၏ ရာဇအိန္ဒြေလွတ်ကာ ပြည်သူ့ ဆန္ဒကိုအလေးမထား ဘယ်သူဘာပြောပြော ငါလုပ်ချင်ရာလုပ်မယ်ဆိုတဲ့ စည်းလွတ် ဝါးလွတ်ပြောဆိုသည့်စကား ၊နောက်တစ်ခုက မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားတွေ  


kyawhan21August 18, 20111min1552
မြန်မာတို့၏သမိုင်းကောင်းဗိသုကာသို့မဟုတ်ပုံရိပ်သမိုင်းရှင်မှာ ဗိုလ်ချုပ်အောင်ဆန်းသာလျှင်ဖြစ်သည်၊ဗိုလ်ချုပ်သည်ခေတ်တစ်ခေတ်၏ဆန္ဒနှင့်အညီပေါ်ပေါက်လာသော လူထုခေါင်းဆောင်ဖြစ်သည်၊အနော်ရထာ၊ဘုရင့်နောင်၊အလောင်းဘုရားတို့သည်မြန်မာ့သမိုင်း၏ဗိသုကာများမဟုတ်ပါ၊လူထုလူတန်းစားများကိုကိုယ်စားပြုသည့်လူထုခေါင်းဆောင်များလည်းမဟုတ်ပါသမိုင်းတွင်သက်ဦးဆံပိုင်ပဒေသရာဇ်များဖြစ်ကြသည်၊    ပဒေသရာဇ်များသည် ကိုယ်ကျိုးစီးပွားကိုကာကွယ်ရန် စစ်ခင်းသည် သိမ်းပိုက်သည်၊ ခေတ်သစ်မြန်မာနိုင်ငံကိုမွေးဖွားသူများ မဟူတ်ကြပါ၊သမိုင်းတွင်ကောင်းကွက်တစ်ခုတော့ရှိကောင်းရှိမည် သို့သော်လူထုလူတန်းစားမျာအတွက်မဟုတ်ပါ၊ ပဒေသရာဇ်များခေတ်တွင်ပြည်သူသည် ကျေးကျွန်ဖြစ်ပြီး လူထုခေါင်းဆောင်များအတွက်မူ ပြည်သူများက စစ်မှန်သော အာဏာပိုင်ရှင်များဖြစ်ကြသည် လွန်စွာကွာခြားပါသည်၊ ထိုပဒေသရာဇ်များခေတ် ဘုရင်ကိုသတ်လျှင် ဘုရင်ဖြစ်သော အမွေဆိုးကြောင့် လက်ဦးသူဘုရင်ဖြစ်လာသည်၊အရည်အချင်းညံ့ဖျင်းသောကြောင့် ထိုဘုန်းရှင်ရူး ကံရှင်ရူးတို့၏လက်ထက်တွင် တိုင်းပြည်နှစ်ပေါင်း120 ကျွန်သားပေါက်ဘဝသို့ရောက်ရသည်၊ ယခုမြန်မာပြည်သည် လွတ်လပ်သော တိုင်းပြည်အဖြစ် ရပ်တည်နေပါသည်၊ တပ်မတော်သည်ဦးဆောင်ပြိး အသက်သွေးချွေး များစွာစွန့်လွှတ်စတေားကာ လူထုလူတန်းစားများနှင့် လက်တွဲပြီး အတူတိုက်ပွဲဝင်ခဲ့သည်၊ ထိုလွတ်လပ်ရေးတိုက်ပွဲဝင် တပ်မတော်အား အနော်ရထာ ဘုရင့်နောင် အလောင်းဘုရား စသည့်ပဒေသရာဇ် သက်ဦးဆံပိုင်များ မဖွဲ့စည်းခဲ့ပါ၊ လွတ်လပ်ရေး တိုက်ခဲ့သော တပ်မတော်သည် လူထုလူတန်းစားများဖြင့်ဖွဲ့စည်းတည်ထောင်ခဲ့ပြိး ပြည်သူ့အမှုကိုထမ်းရွက်သော ြပြည်သူ့သားပြည်သူ့အမှုထမ်းများဖြစ်သည်၊ သက်ဦးဆံပိုင်အာဏာရှင်တို့၏ အမှုကိုထမ်းရသော အာဏာပါးကွပ်သားများ မဟုတ်ပါ၊ ထိုတပ်မတော်မှာ […]


kyawhan21August 16, 20111min1697
ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့သည် ပြည်ထောင်စုအစိုးရအမည်ခံကာ  လူထုအစိုးရ ဖြစ်စေရမည်ဟူသော ကြွေးကြော်သံဖြင့် 2011 မတ်လ 30 ရက်နေ့တွင် နိုင်ငံတော်အာဏာကိုရယူပိုင်ဆိုင်ထားပြီဖြစ်သည်၊ပြည်ထောင်စုအစိုးရအဖွဲ့မှာ ပြည်သူလူထု၏ ထောက်ခံမှုကို ပြည်ဝစွာရရှိထားသည်ဟုဆိုသော်လည်း လက်တွေ့တွင်မူ ခိုင်လုံစွသက်သေပြနိုင်ခြင်းမရှိပေ၊ အမျိုးသားအကျိုးစီးပွားကိုဦးထိပ်ထားပါသည်ဟုအစဉ်တစိုက်ပြောဆိုနေပြီး လက်တွေ့တွင်မူ လူတန်းစားနိုင်ငံရေးနှင့်ကင်းကာ ဒီမိုကရေစီရေးနှင့်လူအခွင့်ရေးများအား လုံးဝအကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း လူထုလူတန်းစား အသီးသီးကခိုင်မာစွာယုံကြည်နေကြပါသည်၊ ထိုကြောင့် ဦးသိန်းစိန်ဦးဆောင်သောအဖွဲ့သည်  လူထုလူတန်းစားနိုင်ငံရေးကို ခိုင်ခိုင်မာမာဆောင်ရွက်သည့် လူထုအစိုးရဖြစ်လာစေရေးအတွက် ပြည်သူတို့၏ ဆန္ဒသဘောထားများကို လူထုလူတန်းစားထဲသို့ ထဲထဲဝင်ဝင်လေံလာရန်ကား အရေးတကြီးလိုအပ်နေပေသည်၊ တိုင်းပြည်၏လတ်တလော ဖြေရှင်းရမည့်ပြသနာမှာလူတန်းစားနိုင်ငံရေးပင်ဖြစ်သည်၊ တိုင်းပြည်အားအသွင်သစ်ဖြင့်ပြန်လည်တည်ဆောက်ရာတွင်ပြည်သူ၏ဆန္ဒသည်အဓိကဖြစ်ပြီး လူထုလူတန်းစားတစ်ရပ်လုံးသွေးစည်ညီညွတ်စွာပါင်မှသာလျှင် အောင်မြင်နိုင်မည်ဖြစ်သည်၊ပြည်ထောင်စုအစိုးရအနေဖြင့် ဆင်းရဲသားပပြောက်ရေးကိုစီမံကိန်းချမှတ်ထားသည်၊ထိုစီမံကိန်းကို ပြည်သူများကအောင်မြင်ရန်အလိုရှိပါသည်၊သို့သော် မ ဆ လ ခေတ်နှစ်တိုနှစ်ရှည်စီမံကိန်းများကဲ့သို့ ပြည်သူကိုအချိန်ဆွဲလိမ်ညာပြီး တိုင်းပြည်ပျက်သုန်းမည်ကိုစီုးရိမ်နေကြပါသည်၊ထိုသံသယများအား လူတန်းစားနိုင်ငံရေး၊ဒီမိုကရေစီရေးနှင့်လူအခွင့်ရေးများကို ဦးစွာပြုပြင်ဆောင်ရွက်ခြင်းဖြင့် ချေဖျက်နိုင်မည်ဖြစ်သည်၊ လူတန်းစားများအားတိုင်းပြည်ပြန်လည်တည်ဆောက်ရေးတွင် မိမိတို့ကံကြမ္မာကို မိမိတို့ လွတ်လပ်စွာ ဖန်တည်နိုင်ခြင်းဖြင့်ပါဝင်လာစေသင့်သည်၊ထိုသီု့ပါဝင်လာစေရန် […]


kyawhan21August 12, 20111min1203
ကမ္ဘာကြီးအား နှစ်ပေါင်းများစွာ ဗြောင်ကြကြ လိမ်ညာနေသော မြန်မာ့ရုပ်သံတွင်တလောလေးကမှ ပြန်ကြားရေးပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းမှ k i a အမည်ခံ ပြည်ထောင်စု ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့ ၏ အကြမ်းဖက် တိုက်ခိုက်မှုဟု ယိုးမယ်ဖွဲ့စွပ်စွဲချက်အား လက်ဟန်ချေဟန်လေးနှင့် စတိုင်ကြကြ မိန့်ချွေသွားပါသည်။ ပြည်ထောင်စု အစိုးရလက်ထက် ပြည်သူများအား ပေးထားသော ဂတိဂဝတ်များ မည်မျှတိုးတက်လာပါသည်ဟု ခိုင်ခိုင်မာမာ ပြနိုင်ခြင်းမရှိသေးသော်လည်း အဆိုပါဝန်ကြီး၏စတိုင် မှာ ကမ္ဘာကျော် နိုင်ငံရေးသမားတစ်ဦး၏ စတိုင်ပြောင်းသွား သည်ကိုကား မြန်မာပြည်သူများ မြက်ဝါးထင်ထင် တွေ့မြင်ရပါသည် သို့သော်မြန်မာပြည်သူများ၏ လတ်တလော ပြောင်းလဲမှု လိုအပ်ချက်သည်ကား ထိုအဆောင်အယောင်များမဟုတ်ပေ အမိမြန်မာပြည် တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားပြည်သူအားလုံးသွေးစည်းညီညွတ်ကြလျှက် ပြည်ထောင်စုထာဝရ တည်တံ့ရေးပင်ဖြစ်ပါသည်။ ဖေါက်ခွဲသတ်ဖြတ်မှုများ၏  အဓိက လိုအပ်ချက်မှာ အဘယ်နည်း၊ အဘယ်ကြောင့်သတ်ဖြတ်နေကြသနည်း၊အမှန်တကယ် တိုင်းပြည်နှင့် […]


kyawhan21July 13, 20111min2119
ကျွန်တော်ကျော်ဟန်ပါ  ပြီးခဲ့တဲ့လက အစိုးရရုံးတွေမှာ  တီးတိုးအမိန့်တွေကို နာခံဆောင်ရွက်တာတွေ တွေ့ရတယ် ပြည်သူတွေသိပြီးသားဖြစ်မှာပါ၊ နိုင်ငံပိုင်အစိုးရရုံးတွေမှာ ချိတ်ဆွဲထားတဲ့ ဗိုလ်သန်းရွှေ ရဲ့ ရုပ်ပုံကို ဖြုတ်သိမ်းခိုင်းတယ် ၊ဒါပေမယ့် ဒီအမိန့်ရဲ့ မပြည့်စုံမှုက ဘယ်သူ့ပုံနဲ့အစားထိုး မလဲဆိုတာပါ။အနီးစပ်ဆုံးက လက်ရှိပြည်ထောင်စု အစိုးရအဖွဲ့ရဲ့  အကြီးအမှူးဖြစ်သူသမ္မတဦးသိန်းစိန် ရဲ့ပုံဖြစ်နိုင်ချေရှိတာပေါ့၊ ဒါဆိုရင် ဒီသမိုင်းဟာ သိက္ခာရှိပြိး ပြည့်စုံတဲ့သမိုင်းဟုတ်ပါရဲ့လား၊တစ်ကယ်ပြည်သူ့ဆန္ဒ ဟုတ်ပါရဲ့လားဆို တာ ပြည်ထောင်စုအစိုးရအနေနဲ့ပြန်လည်ဆန်းစစ်ဘို့လိုအပ်မှာပါ။                   တစ်ကယ်ပြည်သူ့ဆန္ဒကို စစ်တန်းလုပ်မယ်ဆိုရင်တော့  တစ်ခဲနက်သောပြည်သူ့ရဲ့ဆန္ဒ အဖြေကတော့ရှင်းပါတယ်၊မကြာခင်ကြရောက်တော့မယ့် အာဇာနည်နေ့အတူ ပြည်သူ့ရင်ကို မျိုးချစ်စိတ်တွေနဲ့ လှုပ်နှိုးစေမယ့် မြန်မာ့အာဇာနည် ဗိုလ်ချုုပ်အောင်ဆန်း ရဲ့ ရုပ်ပုံလို့ အဖြေထွက်လာမှာပါ။မြန်မာသာမက နိုင်ငံတကာခေါင်းဆောင်ပိုင်းကပါ စံထားလေးစားတဲ့ဗိုလ်ချုပ်အောင်ဆန်းရဲံသမိုင်းဟာ မြန်မာ့သမိုင်းတလျှောက် ဘယ်လိုမှအစားထိုးလို့မရပါဘူး။                 မြန်မာပြည်ကိုတကယ်စစ်မှန်တဲ့ ပြည်ထောင်စု နဲ့ စည်းလုံးညီညွတ်တဲ့ တိုင်းပြည်တစ်ပြည်အဖြစ် ပြန်လည်တည်ဆောက်လိုတယ်ဆိုရင် ပြည်ထောင်စုအစိုးရအဖွဲ့ […]


kyawhan21June 1, 20111min1185
မြန်မာအမျိုးသားအာဇာနည် ဗိုလ်ချုပ်အောင်ဆန်း မသမာသူအာဏာရူးလူသတ်သမား အမျိုးသားသစ္စာဖေါက်တို့၏ လုပ်ကြံမှုကြောင့် ကြဆုံးခဲ့ပြီး64 နှစ်အလွန် မြန်မာလူငယ်အများစုဟာ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းစစ်ကို သိရှိသူနည်းပါးလာပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းဝင်မိန့်ခွန်းများကို လူငယ်အဆိုရှင်တချို့ သီချင်းများတွင် ထည်သွင်းအသုံးပြုရာမှ ဗိုလ်ချုပ်အောင်ဆန်း၏ စကားအသံကိုကြားရသောအခါ ဒါဘယ်အဆိုတော်အသံလဲဟု မေးလာသည်အထိ အကျည်းတန်လာပြီဖြစ်သည်။ 1988ခုနှစ်ကျောင်းသားလူှုယ်များဦးဆောင်သည့် ဒီမိုကရေစီတော်လှန်ရေးနောက်ပိုင်း မွှေးဖွားလာသည့် ကလေးသူငယ်များအားလုံး ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းစစ်ကိုသိခွင့်မရှိကြတော့သောကြောင့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံကိုမြင်ရသောအခါ ဒါဘယ်သူလဲဟု မေးလာသည်အထိ မြန်မာ့သမိုင်းသည်ကွယ်ပျောက်လာပြီဖြစ်သည်၊ သမိုင်းစစ်ပျောက်ရတဲ့အကြောင်းရင်းသည် သမိုင်းတွင်သူရဲကောင်းမဟူတ်သူများက သူရဲကောင်းတို့၏ သမိုင်းစစ်များနှင့်ယှဉ်ပြိုင်ရန် မဝံ့မရဲဖြစ်လာသောကြောင့်ဖြစ်မည်ထင်ပါသည်။ သမိုင်းမှန်ကိုသိခွင့်မရသော လူငယ်များ၏ ရှေ့ဋ္ဌ် မိမိတို့သည်အမျိုးသားကယ်တင်ရှင် အမျိုးသားသူရဲကောင်းဖြစ်သည်ဟု ကြွေးကြော်နေသူများသည် မြန်မာပြည်ကျွန်သားပေါက်ဘဝရောက်ခဲ့စဉ်က အမျိူးသားအာဇာနည် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ကျိုးစွန့်သွေးသမိုင်းများရှေ့ဝယ် အဘယ်သိုံသောအရှက်အကြောက်ကင်းကြသည်ကို သုံးသပ်သင့်ပြိဖြစ်သည်၊ နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားသူရဲကောင်းနှင့်သမိုင်းစစ်တို့ကို ဖျောက်ဖျက်ခြင်းသည် ထိုလူမျိုးတို့၏ နိုင်ငံနှင့်အမျိုးသားရေးကို […]


kyawhan21June 1, 20111min38017
မောင်ရင်ကောင်းမြတ်ရေ မောင်ရင်ကိုအဘ အနေနဲ့ ပုဂ္ဂရေးမဟုတ်တဲ့ အများအကျိုးအတွက် မောင်ရင်မရခဲ့တဲ့ သတင်းရင်းမြစ်များရဲ့ သတင်းမှန်များကို ပြောပြမယ်နှော်၊ ပထမဦးစွာ မောင်ရင်ဟာဘယ်သူ သတင်းသမားဟုတ်မဟုတ် အဘပိုင်းခြားပြပါမယ်ဒုတိယ ထွန်းသန့်ကျော်ရဲ့ဇစ်မြစ်နောက်ကွယ်က ပေါ်ပေါက်လာတဲ့ လူ့အခွင့်ရေးချိုးဖေါက်မှု တတိယ အကျင့်ပျက်ဝန်ထမ်းများရဲ့အုပ်ချုပ်မှုနဲ့တရားစီရင်မှုများကို တင်ပြသွားမှာပါ။ ကျွန်တော်ကျော်ဟန်ပါ mgzမှာ သတင်းဟာကျယ်ကျယ်ပြန့်ြ့ပန့်ပါဝင်ခဲ့ပေမယ့် တကယ်သတင်းကျောရိုးနဲ့kpဖွဲ့ရဲ့လူ့အခွင့်ရေးချိုးဖေါက်မှုပြစ်မှုကြီးကတော့ ပျောက်ကွယ်နေခဲ့ပါတယ်၊ မောင်ရင်ကောင်းမြတ်ရေ က ဖ နဲ့ ကောင်းမြတ်(2.5)နာမည်ကျော်ဗေဒင်ဆရာမှားနဲ့တိုင်ပင်ပြီး ကဖဆိုတဲ့အမည်ဆိုးကို ကက်ကင်းရိုက်ခြေဖျက်ထားသလားလို့တောင်ထင်မိတယ်၊မေင်ရင်ဟ ကဇမဟုတ်ရင်တော့ အဘဆက်ပြောမယ်နှော်။ မောင်ရင်ဟာသတင်းသမားမဟုတ်ပါဘူး။မောင်ရင်ရေးခဲ့တဲ့mgz(may.1.2011)မှာ”ဘာမှမသိတဲ့အစ္စလာမ်လူမျိုးတွေ” ဆိုပြီးရေးထားတာတွေ့တယ်၊မောင်ရင်သင်ဘူးတဲ့သမိုင်းစာပေထဲမှာအစ္စလာမ်လူမျိုးလို့မောင်ရင်တွေ့ဘူးသလားဟုတ်မယ်ထင်တယ်ရခိုင်ပြည်နယ်မှာတော့အစ္စလာမ်ဘာသာကိုးကွယ်ရင် ဘယ်လူမျိုးဘဲဖြစ်ပါစေသံသယလူမျိုးဆိုပြီးခရိးသွားလာခွင့်တွေပိတ်ထားတယ်မောင်ရင်၊ မောင်ရင်ကိုယ်တိုင် အစ္စလာမ်လို့ဝန်ခံထားပြီး “ကျွန်တော်တို့လူမျိုးကိုသွေးခွဲတယ်”ဆိုပြီးမောင်ရင်postထဲ မှာရေးထားတယ် အဘမေးမယ် လူမျိုး(nation)နဲ့ ဘာသာ(religion)ခွဲခြားမသိတဲ့သူကဘယ်လိုလုပ်ပြီးသတင်းထောက်ဖြစ်သွားရတာလဲ၊ နောက်တစ်ခုကငပလီကိုရောက်တဲ့အခါလဝကမှာအဝင်အထွက် တံဆိပ်တုံးရိုက်ပြီးငွေကြေးလေးမပူဇော်ခဲ့ရဘူးလား၊အခြားအစ္စလာမ်တွေကတော့ပေးရတယ်မောင်ရင်။ မောင်ရင်သတင်းရေးတော့မယ်ဆိုရင် စာဖတ်ပရိတ်သတ်ဖြစ်တဲ့ပြည်သူတွေကိုမေ့မထားသင့်ဘူးသတင်းသမားဟာ ဘယ်သူတွေအတွက်သတင်းရေးလဲဆိုတာကောင်းကောင်းသဘောပေါက်ဘို့လိုတယ်၊ မောင်ရင်ရဲ့ သတင်းရင်းမြစ်(source)ဟာတကယ်ပြည်သူထဲကမဟုတ်ဘူးပြည်သူ့ချဉ်ဖတ်ဖြစ်နေတယ်။ သတင်းသမားဆိုတာ အခြားတစ်ယောက်ရဲ့ ကိုယ်ကျိုးအသုံးချတာ မခံရဘူး ။ […]


kyawhan21May 7, 20111min1312
ကျွန်တော် ကျော်ဟန် ပါ သတင်းစောင့်ကြည့်လေ့လာသူတစ်ဦးပါ အများသိကြတဲ့ကပ်ဖားနဲ့ကပ်တီးမူးလဲကောင်းမြတ်တို့ သတင်းများကို သူကြီးမှပယ်ဖျက်ရန်ဆုံးဖြတ် လာသည့်အတွက် လူ့အခွင့်ရေးချိုးဖောက်ခံရသူများကိုယ်စားများစွာကြေကွဲဝမ်းနည်းစကားဆိုပါရစေ။ အမှန်အားဖြင့်ယခုပုဂိုလ်ရေးတိုက်ခိုက်မှု နောက်ကွယ်တွင်အမှန်တစ်ကယ် လူ့အခွင့်ရေးချိုးဖောက်မှုရှိကြောင်းသတင်းအမှန်ကို သိရှိလိုပါကတောင်းဆိုပြုနိုင်ပါတယ်၊ ကျွန်တော်မကြာခင်အသေးစိတ်ဖြစ်စဉ်မှန်များကို တင်ပြပေးမှာပါ မြနမာပြည်သူပြည်သားအားလုံး လူ့အခွင့်ရေးနှင့်တရားစီရင်မှုတွင် ကြီးနိုင်ငယ်ညှင်း ဥပဒေများနှင့်ကင်းဝေးကြပါစေ ကျွန်တော် ကျော်ဟန်ပါ


kyawhan21May 2, 20111min210
ကောင်းမြတ်88 သတင်းသမားကျင့်ဝတ်နှင့်မညီ အမေရိကန်စပိုင်လို့များမိမိကိုယ်ကိုထင်နေလားတော့မသိပါ သေချာတာတစ်ခုက ကောင်းမြတ်88၏သတင်းအရင်းအမြစ်သည်အမှန်တကယ်ပြည်သူကိုအခြေမခံ blue black red တို့ကိုမြိုဆို့ရန်တကာခံသည့်ကပ်ဖားကိုအခြေခံသည်ကိုဆန်းစစ်မိသည်။ ကိုယ်ပိုင်စကားကိုမသုံး တချိန်ကသတင်းပေးကပ်ဖားရဲ့စကားဟန်ကိုသာသုံးသည်ကိုကြည့်ခြင်းအားဖြင့်သင်သည်ပြည်သူကိုအခြေပြုသောသတင်းသမားမဟုတ်ကပ်ဖားနောက်လိုက်ကပ်တီးမူးလဲအစစ်သာလျှင်ဖြစ်တော့သည်