““ဟေ့လူ…ထထ ရွာရောက်ပြီဗျ””
အောင်မယ်…ဒီစပါယ်ယာကြောင်တောင်တောင် နဲ့ လူကိုများရွာရောက်ပြီလာပြောနေသေးတယ်စီးလာတာနေပြည်တော်ကားကိုများ
““ဘာရွာရောက်တာလဲ နေပြည်တော်သွားမှာဗျ  မင်းရှုးနေလား””
““အာ…ဘာနေပြည်တော်လဲဗျ ဒါရွာကား…. ဂိတ်ဆုံးပြီး ရွာထိပ်မှာနောက်ဆုံးဂိတ်ပဲ ပြီရင် ဒေါ်ဆူးမအိမ်နောက်မှာသွားရပ်မှာ””
ပြဿနာတက်ခြေပြီ ကျုပ်ကားမှားစီးမိလေသလား စဉ်းစား၏ မဖြစ်နိုင် ဘေးမှ အမူးသမားအားကြည့်သော် အရက်မူးရင်း မင်္ဂလ
သုတ်ရွတ်နေလေ၏ ထိုသူ၏အသားက အတန်ငယ်မဲ၏ အနက်ဘက်သိုလု၏ အသေချာကြည့်သော် အနက်နုရောင် ပေါက်၏
ကျုပ်လဲ မူးမူးနှင့်စောဒက တက်၏ ..။။။
““ဒီအသားအနက်နုရောင်နဲ့လူကျဘာလို့မဆင်းခိုင်းတာလဲ””
““ဟာသူက ဒေါ်ဆူးမအိမ်နောက်က တဲမှာနေတဲ့ ဘုရားကိုးဆူ ဆရာ ဗျ သူက လမ်းသင့်လို့ဆက်လိုက်မှာ””
နည်းနည်းတော့မကျေနပ် ဒီကောင်တွေမောင်းချင်ရာမောင်းလာတာနေမည် ဆင်းရမည်ဆိုတော့လဲ နေလို့မဖြစ်ဆင်းမှရတော့
လေသည် ကားပေါ်မှဆင်းလေသော် ခန်ညားထယ်ဝါသော ရွာအ၀င်ဆိုင်းဘုတ်အားတွေလေသော် ဖတ်ကြည့်၏ ဖတ်ရန်
ခက်လေစွ ဘိုလိုရေးထားခြင်းဖြစ်၏ တတ်သမျှ မှတ်သမျှ အသံထွက်ရွတ်၏““အိပ်ချစ်တီတီပီ ၀တ်စနှစ်လုံးပေါက် မျဉ်းစောင်းနှစ်ခု တဗယူသုံးလုံး အောက်ကမြင့် မန်တလေးများ  ဂေးချင်းဆက် အောက်ကမြင့် စီအိုအမ် ””မဖြစ်နိုင် ကျုပ်မူးနေလို့သာအဖတ်မှားရန်သာရှိ၏ ဘိုလိုနှင် မြန်မာလိုရောသွားခြင်းဖြစ်မည် နောက်တစ်ကြိမ်ဖတ်၏ ““အိပ်ချစ်တီတီပီ
ဝတ်စနှစ်လုံပေါက် (ဒီဝတ်စနှစ်လုံးပေါက်ကိုဘာကြောင့်ထည့်ထားတာလဲမသိ)ဖလက်ဖလက်ဒေါ့ တဗယူတဗယူတဗယူဒေါ့
အမ်မင်အေအမ်နင်ဒီအေအယ်အေ၀ိုင်ဂျီအေဇက်အီးတီတီအီဒေါ့စီအိုအမ်””အတန်ကြာဖတ်၏  စဉ်းလဲစဉ်းစား၏ စေ့စေ့
တွေးရင်းက ရေးရေးသာပေါ်၏ ကျုပ်နေတဲ့ရွာဖြစ်နိုင်သည်  ဆိုင်ဘုတ်ကြီးအောက်မှဖြတ်ဝင်၏ ရွာအ၀င် ကင်းတဲပေါ်တွင်
အရောင်စိမ်းစိမ်းနှင့် ကျောက်တုံးတစ်တုန်းနှင့် အရက်ပုလင်းအခွံ တွေ့လေသော် ညက သုံးယောက်သားကင်းစောင့်သည်ကို
သတိရလေသည်  ကျောက်တုံးကားမောင်ပေ့ပစ္စည်းဖြစ်၍ အရက်ပုလင်းကား ပေါက်ဖေါ် သွားလေရာ တကိုင်ကိုင်လုပ်နေသော
ပုလင်းဖြစ်လေ၏ ဒီနှစ်ယောက် ကိုယ့်ပစ္စည်းကိုယ်မေ့ကျန်လောက်အောင် ဘာတွေများအရေးကြီးနေသနည်း မဖြစ် ရွာထဲတွင်
ထူးခြားမှုတော့ ရှိလေပြီ ညက မိဖြိုးကိစ္စပြီးလေသော် ကိုပေါက်ဖော် အပေါ့သွားမည်ဟုအကြောင်းပြကာပျောက်သွားသည်
မောင်ပေ လဲဒီအတိုင်းပင် ကိုပေါက်ဖေါ် ကြာသည်ဟုပြောကာလိုက်သွားသည် မိုးလင်းသည်ထိ ပြန်မလာခြင်းကာထူးဆန်း၏
ရွာအတွင်းဝင်လိုက်သည်နှင့် ရွာ၏ အများခေါ်စရာ သညာမည်တပ် ထားသည်ကား““အညာစု”” ဆိုသောအိမ်စုစု လေးရှိလေ၏
ထို““အညာစု””သည်ကား မောင်ပေ တို့ နေထိုင်ရာနေရာ ရွာထဲတွင် ဓါတ်ပုံရိုက်စားသော ကင်မရာမန်း ဦးပေါက်တို့ နေထိုင်ကြရာ  နေရာလေးဖြစ်လေသည်..။။။
“““မောင်ပေ…အေး မောင်ပေ””
အညာစုဘက်သို့ လှည်၍ အော်ခေါ်စဉ် ဆိုင်ကယ်သံတဗုန်းဗုန်းဖြင့် ကင်မရာလွယ်ကာအညာစုဘက်မှ ထွက်လာသော  ဦးပေါက် မှ ..
“““ဟေ့ ဘဲလူး …မင် ဘီယာဆိုင်ပိတ်ထားဆိုကွ မောင်ပေ မရှိ ဘူးက ရွာလယ်ကဆေးခန်းသွားလေရဲ့ …ငါလဲသတင်းထူးမယ်
ထင်တာနဲ့လိုက်သွားမလို့ကွ..မင်းပါလိုက်ခဲ့ပါလား”””
“““ဟုတ်ကဲဦးပေါက် လမ်းကြုံလိုက်မယ်ဗျာ…ဘီယာဆိုင်မပိတ်ဘူးဗျ …သီတင်းကျွတ်နီးလို့ သူကြီးတားထားလို့ဗျ”””
“““နည်းနည်းပါးပါး ပူဇော်လိုက်ပေါ့ ကွာ”””
“““သူကြီးကတော်ကိုပူဇော်ထားတယ်ဗျ  ဒါပေမယ့် သူကြီးက မသိချင်ယောင်ဆောင်ပြီးမရောင်းဘို့လာတားထားတာဗျ””””
ရွာလယ်ဒေါ်တုံ ဆေးခန်းသို့ရောက်လေသော် ““မောင်ပေ”” ““ပေါက်ဖော်””တို့  လက်မှိုင်ချကာထိုင်နေသည်ကို တွေ့ ရ၏
ဒေါ်တုံကား ပတ်တီးစဖြတ်သည့် ကတ်ကြေးတကိုင်ကိုင်နှင့် ဒေါသထွက်နေပုံရ၏ ပါးစပ်မှအော်လဲအော်၏ ပွစိပွစိတွေလဲ
ပြော၏……သေချာလေပြီတစ်ကား မောင်ပေ နှင့်ပေါက်ဖေါ် မိဖြိုးနှင့် ညက ဘာညာသာရကာ တွေသွားလုပ်ကြသည်ထင်၏
အခုမနက်မှ ဖုံးမရဖိ မရ ပြဿနာတက်ကြလို့ ဆေးလာထိုးကြသည်ထင်၏ ဒေါ်တုံ၏ကြိမ်းမောင်းသံကြားသော် ရင်တွေပန်းတွေတုန်၏(ပန်းတုန်သည်ကိုထည့်မရေးသင့်သော်လည်း ကြောက်ရွံခြင်းပေါ်လွင်စေခြင်းငှာရေး၏).။။။
““ဒင်းကြောင့် တွေ့မယ် ရွာပြင်များတွေ့လို့ကတော့ အသေသတ်မှာ”””
ဒီကြိမ်းမောင်းပုံအရ တော့ အခြေအနေကတော့ဖြင့် မကောင်းခြေ…။။။
ကျုပ်လဲမနေနိုင် ဒေါ်တုံကိုလဲ ကြောက်နေရတာပဲလေ သူ့လဲအရမ်းမပြောရဲ တော်ကြာစိတ်ထဲမတွေ့လို နေမကောင်းချိန်
ဆေးခန်းလာပြမှ  မိုးရေချည် ပဲထိုးလွှတ်မှအခက် မောင်ပေ နှင့် ပေါက်ဖော်ကား မျက်နှာသေးလေးတွေနှင့် ကျုပ်လဲ
အသာလေးဆေးခန်းထဲ ၀င်ထိုင်လိုက်သည် ဒေါ်တုံမကြားအောင် လေသံဖြင့် ကိုပေါက်ဖော်အားမေး၏ …….။။။
(လေသံတိုးတိုးဖြင့် )…ဘာဖြစ်တာတုန်းဗျ…..
“““ညီမလေးနဲ့ ရန်ဖြစ်တာ သူကြီးက ရပ်ရွာဆူပူမှုနဲ့ ဒဏ်ငွေရိုက်လိုက်တယ်လေ ခင်ဗျားလဲ ပါတယ်ဗျ””
““အင် ကျုပ်က ဘယ်က ပါတာတုန်းဗျ””
“““ဒေါ်တုန်ကို အကြံပေးလို့ တဲ့ ကြံရာပါအနေနဲ့ ဒဏ်ငွေရိုက်လိုက်တာ ဒေါ်တုံဆီမှာ ကျုပ်တို့ သီတင်းကျွတ် စုပြီးသောက်ဘို့
အပ်ထားတဲ့ ဖွတ်ကလိဒင်္ဂါး အကုန်လုံးသူကြီးကိုပေးလိုက်ရပြီဗျ””
ဒါကြောင့်ကို ဆေးခန်းထဲ ဒေါ်တုန်သောင်းကျန်းနေတာကိုးဗျ  သူသိပ်သောင်းကျန်းလွန်လို့ နေ့တိုင်း ပန်းနာရင်ကျပ်နဲ့ ဆေးခန်းလာပြ ပြနေရတဲ့ တစ်ခါမှမနိုင်တဲ့ လူကြီးတောင်မတွေ့တော့တာပဲဗျ  သူကြီး ဒီတစ်ခါတော့ လွန်တာပဲဗျ ကျုပ်လဲ
သတင်းတော့ ကြားတာပါပဲ မောင်ကြောင်ကြီးတို့ အဖွဲ့ ကြ တော့ ရန်ဖြစ်တုန်း ၀င်မဆွဲပဲ ဘေးကရပ်ပြီးအားပေးတာကျတော့
ဘာမှမလုပ်ဘူးကျုပ်တို့ကျမှ ဒဏ်ရိုက် တာတော့ မတရား….ကိုပေါက်ဖေါ်ကလဲ ဘာမှပြောသည်မဟုတ်
..နှောင်ဂျိမ်…နှောင် ဂျိမ်..နှောင်ဂျိမ်ဟု သာ  ဘေးမှ နေပြီးပါးစပ်ဆိုင်းတီးပေးခြင်းဖြစ်ပြီး မောင်ပေလဲ ဘာမှပြောသည်
မဟုတ် နည်းနည်းပါးပါးမြှောက်ပေးခြင်းသာရှိ၏ ကျွန်တော်လဲဘာမှမပြော တစ်ချက်တစ်ချက် အချွန်နဲ့ မပေးတာပဲရှိသည်
ကျန်ရွာသားများလဲ ပါသည် သူတို့ဒါဏ်ရိုက်ခံ ကြရသည် သူတို့ က အရေမကြီး ကျုပ်တို့က အရေးကြီးသည် ရှိစုမဲစု ဖွတ်ကလိ
ဒင်္ဂါးလေးများစုပြီး သီတင်းကျွတ်ညမှာ သောက်လဲသောက်မည် ဖေါက်လဲဖေါက်မည်ဟုမှန်းထားတာ (ဖေါက်မည်ဆိုခြင်းမှာ
ဗျောက်အိုးကိုပြောခြင်းဖြစ်သည် ) အခုတော့ဒီသီတင်းကျွတ် သောက်ငတ်ဖြစ်မှာသေချာနေပြီ (သောက်ငတ်ဆိုသည်မှာ အရက်မသောက်ရ၍ ငတ်ခြင်းကိုဆိုလိုသည်) ကျုပ်တို့ ဒီတိုင်တော့ သောက်ငတ်အဖြစ်မခံနိုင်  သူများတကာတွေ
မီးတွေထွန်းပြီးပျော်နေချိန်ကျုပ်တို့ က သောက်ငတ် တွေဖြစ်နေပြီး ဘာမှ လုပ်စရာ မ၇ှိ သူများထွန်းထားသော ဖယောင်းတိုင်လိုက်ခိုးနေရမှာလား  အဲဒါမှ နောက်တစ်မှုထပ်တက်မည်။။
မဖြစ် သောက်ငတ်တော့ အဖြစ်မခံနိုင်
““  ဒီတိုင်ညိမ်ခံလို့ဖြစ်မလား သူကြီးကို သူမိန်းမနဲ့သွားတိုင်မယ် ပြီရင်း ညစာအငတ်ထားခိုင်းမယ်””
“““ဟာ ..ဘာကိုညစာအငတ်ထားခိုင်းမှာပဲ ကိုဘဲလူးရ””
““မောင်ပေ ..မင့်အသာနေပါကွယ် သူကြီးကတော်ကို ညစာချက်မကြွေးပဲ နေခိုင်းမလို့ ပါကွဲ့””
ကျုပ်လဲ လက်သီးလက်မောင်းတန်းကာ သူကြီးမကောင်းကြောင်းအတင်းပြော၏  အတင်းပြောရခြင်းမှာ မောင်ပေနှင့် ပေါက်ဖေါ်
မှပါ  ၀င်ပြောနေသဖြင့် အတင်းဝင်ပြောရခြင်းဖြစ်သည် ပြောချင်၍ပြောခြင်းကားမဟုတ်ခြေ ..ထိုအခိုက် တစ်ချိန်လုံး ဆိုင်ကယ်
ကားယားခွထိုင်ကြည့်နေသော  အညာစု ကိုပေါက်ထံမှ မီးဝင်းဝင်းလက်၏ ဓါတ်ပုံရိုက်ခြင်းဖြစ်လေ၏ ရိုက်လဲရိုက်၏ ပြောလဲ
ပြော၏…။။။
““မင်းတို့ သူများကိုလဲမြှောက်ပေးတယ် ..သူကြီးမကောင်းကြောင်းလဲပြောတယ်..မင်းတို့သုံးယောက်ကို  အထက်ကို
အထောက်အထားနဲ့တကွငါတိုင်မယ် ””
ဟိုက်ရော တေပြီ  အကိုပေါက် ကိုသတိမထားပဲပြောခြင်ရာပြောနေ အခုသူ့အသံကြားမှ သတိထားမိသည် မဖြစ်တောင်းပန်ခြေမှ
မောင်ပေ ကားသူတို့ အညာစု သားခြင် အတူတူ ၀င်ဖောသည် …
““အကိုပေါက် မတိုင်တော့ဘူးဗျာ အကိုကလဲ အညာစုသားခြင်း အတူတူ ပဲဟာ အတေးအမှတ်မထားပါနဲ့ဗျ ””
ကိုပေါက်ဖော်မှ ““အကိုကြီး  ကင်မရာလေးကကောင်းတယ် ဒီတခါမင်္ဂလာဆောင်ရွာထဲမှာရှိရင် ကျွန်တော်စပ်ပေးမယ်လေ
အကိုအောက်ဒိုးရတာပေါ့..ဟီးဟီး”””
ဒီလို မဖောလို့က မဖြစ် တလောလေးကတင် ကျုပ်တို့တစ်ရွာလုံး ခြုံတွေရှင်းရသည် လမ်းတွေ မြေဖို့ ရသည် အမှိုက်တွေကောက်ရသည် ဒီလူကြီးကမလွယ် ခြုံတွေ တွေ့လဲဓါတ်ပုံရိုက်သည် လမ်းတွေတွေ့ လဲဓါတ်ပုံရိုက်သည် အိမ်တွေ
တွေ့လဲဓါတ်ပုံရိုက်သည် သူကြီးကလဲအတန်ငယ် လန့်ဟန်တူသည် သူ့ရွာထဲ ခြုံတွေထူနေတာ လမ်းတွေပျက်နေတာ ဒီလူကြီး
ဓါတ်ပုံထဲပါမည်စိုးသဖြင့် ရွာသားတွေကို ချောဆွဲပြီးအတင်းရှင်ခိုင်းခြင်းဖြစ်သည် လူကိုတော့ ကြောက်ဟန်မတူ သူကင်မရာ
ကြီးကိုပဲ ကြောက်နေတာဖြစ်မည် ဘုရားအပျက်တွေပါ လိုက်ရိုက်နေလို့ ရွာထိပ်ကဘုရား အဟောင်းလေးကို အားချင် ပြင်ရန်
မဏ္ဍပ်ထိုးပြီး မောင်ကြောင် အား အလှူခံတာဝန်ပေးကာ လော်စပီကာတစ်လုံး ဖြင့် အလှူခံခိုင်းထားတာပဲကြည့်တော့.။။
မောင်ကြောင်လဲ ဘုရားအလှူခံမဏ္ဍပ်မှာသိပ်မရှိ အားအားရှိ ဒေါ်တုံတို့ အိမ်နားက ဘောလုံကွင်းမှာပဲ စည်းကြပ်ဒိုင်လိုလို
ကြေငြာသူလိုလိုလုပ်နေသည်  ဘာမှမဟုတ် ရွာထဲက အမျိုးသမီး ဘောလုံးပွဲကြောင့် ဖြစ်မည် ဒါမျိုးဆိုထိပ်ဆုံးက ပေါ့ ..။။
ဒီလိုနဲ့ ၀ိုင်းတောင်းပန်သည် မရ အတင်ဆွဲလွဲ တောင်းပန်သည်မရ  ခြေသလုံးဖက်သည်မရ  ကျုပ်တို့ သုံးယောက်လက်မှ
အတင်းရုန်းကာ သူ့ဆိုင်ကယ်ကြီး တဖုန်းဖုန်းဖြင့် မောင်းထွက်သွားလေသည် သူကြီးအိမ်ဘက်သို့ သွားခြင်းဖြစ်သည်..။။
““မောင်ပေ..နဲ့..အကိုပေါက် ..ဒီအတိုင်း ကြည့်နေလို့ မဖြစ်ဘူးဗျ လိုက်ခြေမှတော်မယ် တော်ကြာ တန်ဆောင်တိုင် မှာသောက်
ဘို့စုထားတဲ့ သောက်စရိတ်လေးပါ ထပ်ဒါဏ်ရိုက်လို့  ပြီးသောက်ငတ်ထပ်ဖြစ်နေမယ် လိုက်မှ ဖြစ်မယ်ဗျ””
“““အေးဟုတ်တယ် လိုက်မှဖြစ်မယ် တော်ကြာပုလင်းထဲ ရေထည့်ပြီးသောက်နေရမယ် လိုက်မယ်ကွ””
သုံးယောက်သား ရွာလယ်လမ်းအတိုင်းပြေးလိုက်၏ ဆိုင်ကယ်နောက်မြှီးကို မြင်၏ ပြေးအရှိန်ကိုထပ်မြှင့်၏ တန်ဆောင်တိုင်
တွင်သောက်ငတ်မဖြစ်ရေး အားထည့်ပြီးပြေး၏ ဒီလူကြီးဆိုင်ကယ် က အတန်ငယ်စုတ်နေသဖြင် မှီလာ၏ မောင်ပေမှ နောက်
မှီး ကိုဆွဲ၏ ပေါက်ဖော်ကား အိပ်ဇောကို သွားဆွဲ၏  အိပ်ဇောပူသော် လွှတ်ကာ တရုတ်လို ““အားယိုးယိုး””ဟုအော်၏ ကျွန်နုပ်
က ဘယ်ကိုဆွဲရမှန်းမသိ၍ ကိုပေါက်ကိုဆွဲ၏  ဒီလူကြီးလဲ ဆိုင်ကယ်အရှိန်ကိုမြှင့် ၏  မောင်ပေ ဒရွတ်တိုက် ပါလေ၏
ပေါက်ဖော်ကား အိပ်ဇောကိုမဆွဲတော့ ပဲ ခြေနင်းကိုဆွဲသော် အလျှားမှောက် ဒရွတ်တိုက်ပါလေ၏ ရွာလယ်လမ်းတွင် ဆိုင်ကယ်
တစ်စီးနှင့် ဖုံလုံးကြီးများထလေတော့သည် ကျွန်ုပ်လဲ ကြံရာမရသည့် အဆုံး ဆိုင်ကယ်နောက်မှီး ပေါ်သို့ အရှိန်ယူကာ
တက်ထိုင်၏ ပထမ အကြိမ် ခွေးကျကျ လေသည် ခါးအတန်ငယ်နာလေသည် မောင်ပေနှင့် ပေါက်ဖော်အား မလွှတ်လိုက်ရန် အားပေးရ၏ ဒုတိယအကြိမ် အပြေးလိုက်ကာ တက်၏ ဒီတစ်ကြိမ်တော့ ဖြင့် ကြောင်ကျ ကျကာ နောက်မှီး၌ ထိုင်မိလေ၏..
ကိုပေါက်မှ …..။။။။။
““ဟေ့လူဆင်း …ဆင်းဗျ ””
““မဆင်းဘူးဗျာ…မတိုင်မှဆင်းမယ်””
“““ဟာ…ဘာတွေပြောနေတာလဲ…ဆင်းလေဗျာ”””
“““ဟာ…လုပ်ခြင်ရာလုပ် မဆင်းဘူးဗျာ…လုံးဝမဆင်ဘူး ..လုပ်ခြင်သလိုလုပ်မဆင်းဘူး”””
“““ဟာ…..ဒီလူဘာတွေပြောနေတာလဲဗျ  ခင်ဗျား ဘောဂသီရိ ဆက်လိုက်မှာလား..အရင်ကတော့ နေပြည်တော်စည်ပင်ရိပ်သာ
ဆင်းမှာဆိုဗျ””
ထိုအခါကျမှ မျက်စိအားအတင်းပွတ်သပ်ကြည့်မိ၏ ..
““အောင်မလေးဟုတ်ပ နေပြည်တော်စည်ပင်ရိပ်သာတောင်ရောက်နေပါပကောလား””အောင်မလေး အိမ်မက်မက်နေတာပါလား
တော်ပါသေးရဲ ဘောဂသီရိ ဂိတ်ကိုပါမသွားလို့…။။
““ဟာဆောရီးဗျာ..ဆင်းမယ်ဆင်းမယ်”””
ကားစပယ်ယာမှ ပြောသံကြားရ၏
““အမျိုးမျိုး ပဲ ရူးများနေလားမသိဘူး””
လက်ကိုင်အိတ်အသာဆွဲကာ ယိုင်တိုင်ယိုင်တိုင်ဖြင့် ဆင်း၏ ကားပေါ်မှ ဆင်းလေသော် ဆိုင်ကယ် ကယ်ရီသမားများ၏ ၀ိုင်အုံမေးမြန်ခြင်းကိုခံရသော် ဘုတော  တော၍““ဘယ်မှမသွားဘူး””ဟုဟောက်ပစ်ခဲ့ကာ စည်ပင်ရိပ်သာသို့ ၀င်လေတော့
သည်။။
အထက်ပါအကြောင်းအရာများသည် ကျွန်တော်၏ အိမ်မက်များသာဖြစ်ပါကြောင်းနှင့် အိမ်မက်တွင်ပါဝင်သော အသက်ဂုဏ်ဝါ
ကြီးသူများအား တန်ဆောင်တိုင်တွင် သူကြီးထံမှပိုက်ပိုက် ချေးကာ တောင်းပန်ကန်တော့မည်ဖြစ်ကြောင်း သတင်းကောင်း
ပါးအပ်ပါသည်။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

About “ဘီလူးကြီး”ogre

has written 202 post in this Website..

စားချင်တာစား..ဦးနှောက်တော့လာမစားနဲ့ www.ogre08.blogspot.com