အာဆီယံနိုင်ငံတွေနဲ့ တရုတ်နိုင်ငံကြားမှာ ကုန်သွယ်မှုတွေလုပ်တဲ့အခါ တရုတ်ယွမ်ငွေကို
တည်ငြိမ်ခိုင်မာတဲ့ ငွေကြေးအဖြစ် လုပ်ကိုင်ဖို့ သဘောတူညီချက်တစ်ခု ရလာအောင် လုပ်နေတယ်လို့
တရုတ်နိုင်ငံ နန်နင်းမြို့မှာကျင်းပတဲ့ အာဆီယံနဲ့ တရုတ်အစည်းအဝေးရဲ့ အပြင်ဆွေးနွေးပွဲမှ တရုတ်ပြည်သူ့ဘဏ်ရဲ့
လက်ထောက် အုပ်ချုပ်ရေးမှူး Jin Qi က ပြောခဲ့တယ်ဆိုဘဲ
၂၀၁၂နှစ်ဆန်းပိုင်းလောက်မှလက်မှတ်ထိုးကြမယ်လို့လဲရေးထားလေရဲ့
တရုတ်နဲ့ အာဆီယံနိုင်ငံတွေမှာရှိကြတဲ့ ဘဏ်တွေကနေ ယွမ်ငွေကို အာဆီယံငွေကြေးအဖြစ် လဲလှယ်ပေးကြပါလိမ့်မယ်လို့ဆိုပါတယ်
ကမ္ဘာ့ငွေကြေး လဲလှယ်မှုမှာ အဓိကအခြေခံတဲ့ အမေရိကန်ဒေါ်လာရဲ့ ခိုင်မာမှုကို
စီးပွားရေး ဒုတိယအင်အား အကောင်းဆုံး တရုတ်ပြည်က ယွမ်ငွေနဲ့ ယှဉ်လာတဲ့သဘောဖြစ်ပါတယ် တဲ့ဗျာ
us ဒေါ်လာကိုတုလို့တရုတ်ကြီးတို့ကသူ့ယွမ်းငွေကို အာစီယံနိုင်ငံတွေပေါ်မှာစမ်းသုံးကြည့်မယ်ဆိုတော့
ဖားတုလို့ခရုကတော့ခုန် အင်….ဘယ်အိုင်တွေဒုက္ခရာက်ကြအုံးမလဲမသိတော့ပါ…
တို့နိုင်ငံလဲနောက်ဆိုယွမ်းငွေတွေတလူလူနေတော့မှာပေါ့နော်…..

About koyinmaung

ကိုရင် မောင် has written 19 post in this Website..