myanmarcelebrity.com မှ ပုံများကို ဖော်ပြထားပါတယ် …..

26.10.11 နေ့မှာ IC ပွဲရှိတယ်ဆိုပြီး ကြားကတည်းက IC ပရိသတ်နွယ်ပင်တို့ အားပေးဖို့ အသင့်ပြင်နေတာပေါ့ လက်မှတ်က ဘယ်မှာဝယ်ရမလဲ ဘာလဲ စုံစမ်းတော့ OKI ရဲ့ Promotion ပွဲလို့သိလိုက်ရတယ် အဲတာနဲ့ ဆပ်ပြာတွေပဲ ပြေးဝယ်ပြီး လက်မှတ်ပဲ ဝယ်ရမလို ဘာလိုလို ဖြစ်နေတုန်း သူငယ်ချင်းတစ်ယောက်ရဲ့ ကောင်းမူနဲ့ လက်မှတ်တစ်စောင်ကို (6000) ပေးလို့ ရခဲ့တာပေါ့ အဲ့အချိန်တုန်းကတော့ ကိုယ့်ကိုကိုယ် ကံကောင်းလှချည်လို့ထင်နေခဲ့တာ ……….
ဒါပင်မယ် …………….. ပွဲစတဲ့ ရက်မှာတော့ ………………..
ကန်တော်ကြီးထဲမှာ များလိုက်တဲ့လူတွေ ICပွဲကို တော်တော်အားပေးကြတယ်ပေါ့ ဝင်ပေါက်မှာတင် လက်မှတ် တစ်စောင်ကို (5000) နဲ့အော်ရောင်းနေတော့ အဲ နွယ်ပင်တို့တော့ (1000) ရှုံးပြီပေါ့ ဒါပေမယ့် (1000) လောက်ပဲဟာ ကိစ္စမရှိပါဘူးဆိုပြီး ဝင်တော့ အထဲမှာ လူတွေက နည်းတာ မဟုတ်ဘူး ဒါနဲ့  Show ကျင်းပမယ့် မျှော်စင်ကျွန်းထဲကို ဝင်တဲ့လမ်းမှာ လက်မှတ် (1) စောင် (2000) ဆိုတော့ ဟိုက် ..သေပါရောပေါ့ အဲတော့လည်း ကိုယ်ဝယ်ထားတာနဲ့ တန်အောင်ကြည့်မယ်ဆိုပြီး လူတွေကြားထဲ အတင်းတိုးဝင် လက်မှတ်စစ်ကို လက်မှတ်ပေးတော့ ဘယ်နှစ်စောင်လဲတောင် မရေဘူး …..ဝင်တဲ့ ….. နောက်လက်ထဲက ကိုင်ထားတဲ့ ဘာပုလင်း ညာပုလင်းတွေကို ဂရုတောင်မစိုက်ဘူး အေးဆေးပဲ ဒီလိုဆို သဘောပေါက်လိုက်ပါပြီ သေချာတယ် ဒါ Free show ဖြစ်သွားပြီဆိုပြီး ရှိသမျှ စိတ်ဓါတ်တွေအကုန်ကျပြီး လာတဲ့နောက်တော့ မထူးပါဘူးဆိုပြီး မထူးဇာတ်ခင်းပြီး လူအုပ်ကြားထဲ အတင်းတိုးဝင်ရတော့တာပေါ့ Free showဆိုတဲ့ ထုံးစံအတိုင်း လာလိုက်ကြတဲ့ လူတွေ လူပေါင်းစုံ အလွှာပေါင်းစုံ စရိုက်ပေါင်းစုံ တကယ့်ကို စိတ်ညစ်စရာကြီးပေါ့ ရန်တွေ ဖြစ်လိုက်တာလည်း ဟိုနားတစ်ပွဲ ဒီနားတစ်ပွဲ ဒီကြားထဲ နှမချင်းမစာမနာ အမြတ်ထုတ်တဲ့လူနဲ့ ဒါကြောင့် လေးဖြူစဆိုတဲ့ အချိန်မှာ ICပရိသတ်ကြီး နွယ်ပင်တစ်ယောက် လက်လျော့လို့ ပြန်ထွက်ခဲ့ရတာပေါ့ အပြင်ကိုပြန်ထွက်လို့ ခဏမှာပဲ ရေတွေ ရွဲရွဲစိုနေတဲ့ လူ (2/3) ယောက်လောက်ကိုတွေ့တော့ သိချင်စိတ်နဲ့ စူးစမ်းမိပြန်ရော ဘာဖြစ်တာလဲဆိုတော့ လူတိုးလို့ ရေထဲပြုတ်ကျတာတဲ့ ကိုယ်တွေ အဲလိုမဖြစ်တာ ကံကောင်းတာပဲဆိုတဲ့ စိတ်ကလေးမွေးလို့ ပြန်ခဲ့ရပါပဲ … နောက်တစ်ခါများတော့ Promotion လုပ်တဲ့ Show ပွဲဆိုတော်ပါပြီ ……….

အော် ဒါနဲ့ စကားမစပ် နောက်လ (13) ရက်နေ့ IC Show ထပ်ရှိသေးတယ်ဆိုပဲ ဒီတစ်ခါ Premier ကလုပ်တာဆိုပဲ အထုပ်ကြီး (3) ထုပ်ကို လက်မှတ် တစ်စောင်တဲ့ နေရာက သုဝဏမိုးလုံလေလုံ အားကစားကွင်းဆိုပဲ…. :P :) :D

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..