ပါဖောမန် ့ကဗျာ
၁၅/၁၁/၂၀၁၁ မှာ ၊ “ ကျွန်တော်တို ့ချစ်သော မန်းတလေး ” စာပေဟောပြောပွဲ ကို ရောက်ဖြစ်ခဲ့ပါတယ် ။ မန်းတလေးမြို ့၈၄ လမ်း ၊ ၃၁ လမ်း ထောင့် က ဓမ္မသာလာ ခန်းမ မှာ ကျင်းပခဲ့တာပါ ။ အမှတ်ရစရာ တစ်ခုကတော့ ခန်းမ က ပြန်အထွက်မှာ ၊ လူသုံးကုန် (အမျိုးသားသုံး) ပစ္စည်းထည့်တဲ့ ကဒ်စက္ကူဘူးခွံလေး တစ်ခု ကောက်ရခဲ့တာပါပဲ ။ သူ ့နောက်ကြော အဖြူဘက်မှာ ဘောပင် မင်ပြာနဲ ့ရေးထားတဲ့ ကဗျာတစ်ပုဒ် ကို လည်း ဖတ်ရပါတယ် ။ ပါဖောမန် ့ကဗျာ လို ့ခေါ်လို ့ရမလားတော့ မသိဘူး ။
ကဗျာရေးတဲ့သူ နာမည်ကိုမတွေ ့ရလို ့အမည်မသိ အခုခေတ်စာဆို လို ့ဘဲ နာမည်တပ်ပါရစေ ။
ဂေဇက်ဝင်တွေနဲ ့ဂေဇက်လာတွေ အတွက် ပြန်လည် ဝေမျှပေးလိုက်ပါတယ် ။
ရေးထားတဲ့ ကဗျာလေးကတော့
“ ဒါဟာ သိပ်ကြီးကျယ်မြင့်မြတ်တဲ့ ကိစ္စတစ်ခုတော့ မဟုတ်လောက်ဘူး
ဒါဟာ လူတိုင်း အာရုံစိုက် တသသဖြစ်မယ့် ကိစ္စမျိုးလည်း မဟုတ်ဘူး
ဒါကို ကမ္ဘာကြီးကတော့ ကျေးဇူးတင်ချင်တင်မယ်
သူထပ်ထမ်းပိုးရမယ့် ခြေနှစ်ချောင်းကို ကာကွယ်ပေးခဲ့လို ့။
ဒါကို အိုဂျီဆရာဝန် နဲ ့ဆေးမလုံလောက်တဲ့ ဆေးရုံက ကျေးဇူးတင်မယ် ။
ဒါကို မိခင်နဲ ့ကလေး အဖွဲ ့က ကျေးဇူးတင်မယ်
ဒါကို အရွယ်မရောက်ခင် ကိုယ်ဝန်ရသွားမှာ စိုးရိမ်တတ်တဲ့ မိန်းမငယ်လေးတွေက
ကျေးဇူးတင်တယ် ။
ဒါကို ညဉ့်မှာ ကျင်လည်ကျက်စားတဲ့ ဖိနပ်စီးလေးတွေ က ကျေးဇူးတင်တယ်
ဒါကို လက်တွေ ့ကျကျ အသုံးချခဲ့တဲ့ ဒီကဗျာကိုရေးတဲ့ ငါလဲ ကျေးဇူးတင်ပါတယ် ”
ကဗျာရေးသူကိုတော့ အမည်မသိ အခုခေတ်စာဆို လို ့ဘဲ ရေးလိုက်ပါတယ် ။
လောလောဆယ်တော့ ဖတ်မရသေးဘူး ပြင်ပြီးပြန်တင်ပေးနော်
Was this answer helpful?
LikeDislikeဟုတ်ကဲ့ ၊ ပုံတွေ ပြင်လိုက်ပါပြီ ခင်ဗျ ၊ သဂျီးဆီက အာကေ ထပ်နှိုက်ပေးဦးနော်
Was this answer helpful?
LikeDislikeဒါပေမယ့် အပြင်ဆေးခန်းကရမ်းကုများကတော့ စိတ်ဆိုးမယ်။
ဒင်းကြောင့် ဖောက်သည်တစ်ယောက်လျော့သွားလို့။
Was this answer helpful?
LikeDislikeလောကမှာ ပိုက်ဆံ ကောက်ရတယ်။ ဟိုဟာဒီဟာကောက် ရတယ် ဆိုတာတွေကြားဘူးပေမဲ့
“ကဗျာ” ကောက် ရ တယ်ဆိုတာတော့ ခုမှကြားဘူးတယ်။
အမှတ်တမဲ့မနေတတ်တဲ့ စာကိုချစ်တတ်တဲ့ ကိုပေ ပဲကိုး။
Was this answer helpful?
LikeDislikeပညာတတ်တော့အတွေးနက်သည်..
စာချစ်သူမို ့စာကိုမြင်တော့ကောက်မိသည်..
“စာ“၏ တန်ဖိုးကား ဂူတစ်လုံးဘုရားတစ်ဆူပါပေတကား..။
Was this answer helpful?
LikeDislikeကိုသစ်မင်းပြောတဲ့
ကဗျာကောက်ရသော ကိုပေ ကနေ
ကဗျာ လေးတစ်ပုဒ် ဖတ်ရတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
Was this answer helpful?
LikeDislikeအမည်သိ..အလယ်ခေတ်စာဆို ဆိုလျင်တော့..နာ့ဂဗျာဘဲ..
အခုခေတ်ဂဗျာ ဆိုတော့..ကပေ့ဂဗျာဘဲ ဖစ်ရမယ်..
လူဂျိုး….
Was this answer helpful?
LikeDislikeနယ်စပ်ကသွင်းလာတဲ့ တရုတ်ကွန်ဒုံးနဲ့ စီးပွားရှာဖို့ ကြော်ငြာ တဖက်လှည့် လာမထည့်နေနဲ့ မောင်ပေရေ။ အလုပ်ဖြစ်ချင်ရင် သဂျီးဆီ တိုက်ရိုက်ဆက်သွယ်၊ ပွိုင့်အစား ကွန်ဒုံးပေးဖို့ မားကက်တင်း ဆင်းကြည့်လိုက်။ လိုအပ်ရင် မစ္စတာဂီနဲ့ မစ္စာချောတို့ကို ဆက်သွယ်။ သဘောတူမှ သူတို့ကို နမူနာပေးနော်။ တော်ကြာနေ တခုမှ ရောင်းမထွက်ပဲ sample ပေးမလောက် ဖြစ်နေမယ်။
Was this answer helpful?
LikeDislikechina sample လား …တုံးဝူး …
တားတားတို့က ဝ.၀၂မမ ပဲ …
(နောက်တာနော်…. ဝါဒနာရှင် ထင်နေဦးမယ် ခွိခွိ….)
Was this answer helpful?
LikeDislikeပညာရှင် ဖြစ်နေဘီမလား

တိနေဒယ်..တိနေဒယ်..
Was this answer helpful?
LikeDislikeဟေ့လူ(ကိုကိုကြောင်) ပုံကို new tab နဲ ့ဖွင့်ပြီး သေချာကြည့်ဦး
ယူကေ ဗျ ယူကေ ၊ နာမည်ကိုက ရိုမန်တစ် တဲ့ ၊ ထရိတ်မတ် က လန်ဒန် တဲ့
တရုတ်မ လိုချင်နေတာနဲ ့ဘဲ
အားရှိ တွေ ့သမျှ made in china မှတ်မနေနဲ ့ဦး
လောလောဆယ်တော့ အေးအေးလူလူ “စိတ်သာဒုံးဒုံးချနေဦးဗျို ့”
ကျုပ် ကျောက်အောင်မှ ၊ ကိုကိုကြောင့်အတွက် ရှယ်စီစဉ်ပေးပါ့မယ်
ဟီဟိ
Was this answer helpful?
LikeDislikeတစ်ကယ့် သုံးစွဲသူ တွေ ကို တွေ ့မှ တွေ ့ရပါ့မလား လို ့စိတ်ပူနေခဲ့တာ
ဟော..ပေါ်မယ့်ပေါ်တော့လဲ ၊ အခု သုံးယောက်တောင်မှ ဗျ
တစ်ယောက်က တရုတ်ကွန်ဒုံး မလိုချင်ဘူးတဲ့
တစ်ယောက်က ဝ.၀၂ မမ တဲ့
တစ်ယောက်က ပညာရှင် တဲ့
ဟီဟိ
Was this answer helpful?
LikeDislikeဂယ် က သည်လူရီး …သူသုံးပီး …
အလဟသ မဖြစ်ရအောင် ကဗျာချရေးပီး
မော်ဒန် ချိုးချလိုက်တာ မတိရင်ခက်မယ်
ဟွန်း ….
ဂီဂီ့ကိုများ ပညာရှင်လေး ဝ.၀၂ မမ လေးဘာလေးနဲ့
Was this answer helpful?
LikeDislikeအော်….
အကိုရယ် လမ်းမှာအဲဒီဟာတွေ့တာကို
အကိုကကောက်လိုက်တာပဲလား..
ကဗျာကိုအရင်မြင်လို့ကောက်တာလား
အခွံကိုမြင်လို့ကောက်လိုက်တာလား။
Was this answer helpful?
LikeDislikeအမှန်က စမြင်ရတာ ပုံမှာ တင်ထားတဲ့အတိုင်း
အဖြူဘက် မှာ စာတွေရေးထားတာတွေ ့လို ့၊ ကောက်ယူကြည့်ဖြစ်တာဗျ
အစက ဘာညာ မှတ်နေတာ
ဖတ်ကြည့်မှ ကဗျာ ဖြစ်နေလို ့
တင်ဖြစ်သွားတာပါ ခင်ဗျာ
Was this answer helpful?
LikeDislikeမောင်ပေ
ဒါမျိုးတွေလဲမြင်တတ်ပါလားဗျ
ကဗျာမကောက်ရခြင်နေပါဗျာ
ငါးထောင်တန်တစ်ရွက်လောက်ကောက်ရရင်ကို ကျုပ်ကတော့ ..အိုလခေ ပဲ…
Was this answer helpful?
LikeDislikeကိုဝင်းတော့ကာသို ့..
ဂေဇက်လေးကို
ဝင်တဲ့အခါ
ပျော်စရာဟာသလေးလဲပါ..
ကွန်မင့်လေးတွေများများပေး
ဦးနှောက်ရွှင်တဲ့ဆေး
မလာတဲ့ခါ အားနာတာ(မအားရင်)
နားလည်ပေးကြပါ
ကဗျာလေးတွေ တင်ကာပေး
ကျေးဇူးတင်တဲ့ဆေး…
Was this answer helpful?
LikeDislikeညီဝင်းတော့ကာ
ကဗျာချစ်တတ်တာ
စာချစ်တတ်တာ
စာပေချစ်တတ်တာ
မျက်စေ့ရှင်တတ်တာ
သေချာတယ်။ မျက်စေ့တော့မလည်စေနဲ့နော်….
ချစ်ခြင်းအားဖြင့်…ကိုဆန်နီ
Was this answer helpful?
LikeDislikeကဗျာရေးသူကတော်ကာများကိုယ်တိုင်ဖြစ်နေမလားကွယ်
Was this answer helpful?
LikeDislikeကျွန်တော်လဲ အဲဒီလို ထင်ကြောင်းပါ
Was this answer helpful?
LikeDislikeပြောဝူး / သိချင် / တော်ကာ ရန်ကုန် ကို လာတဲ့အခါ ဘီယာတိုက်မေး /
၄ ခွက်လောက် သောက်ပြီးရင် ဖြေတတ်တယ် ။
ဟီဟိ
Was this answer helpful?
LikeDislike