သတင်းဆိုတာ

htet wayNovember 18, 20111min1627

ကျွန်တော်ဟာ၂၀၀ဝခုနှစ်ကအကျိုးဆောင်ဂျာနယ်မှာအမှားတခုကိုထောက်ပြလိုက်တဲ့ဆောင်းပါးတပုဒ်ကြောင့်ခုထိ
မခေါ်နိုင်မပြောနိုင်နဲ့လူတယောက်ရဲ့မုန်းတီးခြင်းခံခဲ့ရပါတယ်။အဲ့ဒီနှစ်မှာပဲမူခင်းဂျာနယ်မှာမုဒိမ်းကြံစည်မူ၃ရ၆/၅၁၁တပုဒ်
်ရေးလိုက်မိပါတယ်ရှေ့နေကရဲချုပ်အထိတိုင်တာခံရပါတယ်။ကျွန်တော်ကစခန်းမှူးထောက်ခံစာလည်းပါတယ်FIRကကူးတာပါ
အမူစစ်ရဲ့ထောက်ခံချက်လည်းပါလို့သာပေါ့ ဘာမှမဖြစ်ခဲ့ပါဘူး။
သတင်းကိုဝါသနာပါလို့သာရေးမိတာပါ။ကျွန်တော်လန့်သွားပါတယ်။သတင်းဆိုတာ…သတင်းဆိုတာဘာလဲ
လို့တွေးမိရင်း၉.၁၁.၇၄ထုတ်ဟံသာဝတီသတင်းစာခေါင်းကြီးပိုင်းက“ အမှန်တရားအရှိတရားအဖြစ်တရားကိုပိတ်ဟဲ့၊ဆို့ဟဲ့၊တားဟဲ့
သတင်းထောက်ကတကောက်ကောက်လိုက်ခြင်း၊သတင်းစာကတစာစာရေးခြင်း၊မခံမရပ်နိုင်ဖြစ်ကာပြည်သူတို့ကိုမျက်စိပိတ်ပြီး
အကြံတုန်းဉာဏ်တုံးနလပိန်းတုံးများဖြစ်အောင်ပြုလုပ်ရာ၌အသုံးပြုသည့်စက္ကူမျက်နှာဖုံးလား။” ဟူသောစာသားကိုတွေးဆဆင်ခြင်မိ
ပါတော့တယ်။
ယခုကာလသည်ဒီမိုကရေစီဖြစ်သည်။ဒီမိုကရေသဘောသည်“လူအများကိုလူအများအကျိုးငှာလူအများ၏ဆန္ဒအတိုင်း
တရားသဖြင့်မျှမျှတတ လူအများကိုလူအများကအုပ်ချုပ်ခြင်းဖြစ်ပါသည်။ဒီမိုကရေစီသည်သဘောထားကြီးသောစိတ်ထားရှိရပါမည်။
“ဒီမိုကရေစီသည်အကြောက်တရားပေါ်မှာအခြေပြုသည်မဟုတ်၊ အသိတရားပေါ်မှာသာအခြေပြုပါသည်” ။
ပြည်သူ့အသံ…လွှတ်တော်အသံ
ပြည်သူ့ဆန္ဒ…..လွှတ်တော်ဆန္ဒ
ပြည်သူတို့မျှော်လင့်ချက်…..လွှတ်တော်ကဖေါ်ဆောင်ရွက်။
(အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင်သူရဦးရွှေမန်း..(လွှတ်တော်ဥက္ကဋ္ဌ)ပြောသောမိန်ခွန်း)
ကျွန်တော်တို့စာပေဝါသနာကြီးသူတွေကသုတ၊ရသ စာပေတွေဖန်တီးရာမှာတခါတရံအမှားကိုထောက်ပြတတ်သည့်ညဉ်ရှိလေရာ
လူအများနှင့်သဟဇာတမဖြစ်တာတွေလည်းရှိတတ်ပါသည်။အမှားကိုအမှန်ဖြစ်လေအောင်ပြုပြင်လိုသောစိတ်ရှိရာအမှားလုပ်သူများ၏
ငြိုးသူရန်ဘက်လည်းဖြစ်ရပြန်ပါသည်။အသိဉာဏ်အားနည်းသူတို့၏တလွဲအတွေး၌စိတ်အနောင့်အယှက်ဖြစ်ရပြန်ပါသည်။
တချို့လူပုဂ္ဂိုလ်မများသည်သိခြင်းဗဟုသုတနှင့်အလှမ်းဝေးလေရာ သတင်းကို..အတင်းမှတ်ကြသည်။ပြည်သူကိုအသိပေးခြင်းကို
ကန်ံ့ကွက်ကြသည်။ သတင်းရေးသူကိုဝေးဝေးရှောင်ကြသည်။
“အသိဉာဏ်ပညာသည်ဒီမိုကရေစီ၏အခြေခံတရားကြီးပင်ဖြစ်သည်”။ ဒီမိုကရေစီစနစ်တွင်လူတိုင်းလူတိုင်းစဉ်းစားတတ်သော
ဉာဏ်၊ဝေဖန်တတ်သောသတ္တိနှင့်ပြည့်စုံရပေမည်”
သတင်းသည် ဝေဖန်ပေးသော၊အသိပေးသော၊ အချက်အလလက်နှင့်တကွဗဟုသုတဖြစ်စေသောစာပင်ဖြစ်ပါသည်။
သတင်းသမားသည်တိကျရမည်၊ပြည်သူကိုအကျိုးဖြစ်စေရမည်။ပုဂ္ဂိုလ်ရေးကင်းရမည်။စေတနာကိုရှေ့တန်းတင်ရမည်။
ယခုထိသတင်းသမားကိုနားမလည်နိုင်သောပြည်သူတွေရှိနေသေးသည်၊သတင်းကိုအတင်းထင်နေသောခောတ်ကုန်ပြီဆိုတာမသိသူ
တွေရှိနေသေးသည်မှာစိတ်မကောင်းစရာဖြစ်သလိုနိုင်ငံတော်၏ရည်မှန်းချက်ဖျက်ရာရောက်နေသည်ဟုထင်မြင်မိပါသည်။
နိင်ငံတော်သမ္မတသည်ပြည်သူများ၏ဆန္ဒကိုအလေးထားသည၊ပြည်သူ့ဆန္ဒကိုအလေးထား၍ဖြေရှင်းပေးရာ သတင်းသည်
အရေးကြီးသောအစိတ်အပိုင်းကပါဝင်နေပါသည်။
အမှားလုပ်နေသူသာသတင်းကြောက်ကြသည်၊ဝါဒစွဲကျန်ရစ်သူတွေသာသတင်းကြောက်ကြသည်ဟုဆိုချင်ပါသည်။ပြည်သူတွေကို
ထူးချွန်အောင်၊ထက်မြက်အောင်ဆောင်ရွက်ရာတွင်ဖျက်မျဉ်းတချို့ကြောင့်သတင်းသမားများရန်ရှာခံနေရခြင်းသာ။ အလင်းဖေါ်ဆောင်ရာတွင်
်အမှောင်ကြိုက်သူတစ်ချို့ရှိနေသေးသည်မှာဝမ်းနည်းဖွယ်ရာပင်ဖြစ်သည်။
သတင်းကွန်ယက်များဖြစ်ထွန်းတိုးတက်နေသောခောတ်တွင်သတင်းများကိုကြိုဆိုကြရမည်ဟုဆိုချင်ပါတော့သည်
သတင်းဆိုတာ…ေဩာ် သတင်းဆိုတာ…………။

7 comments

  • unclegyi1974

    November 18, 2011 at 10:35 pm

    သတင်းနဲ့တူတဲ့သတင်းဖြစ်ရင်ပြည်သူတွေကအမြဲအားပေးနေမှာပါမောင်ရယ်
    အတင်းတွေဆိုရင်ဖတ်တဲ့သူလည်းကြာရင်ပျင်းသွားမှာ
    သတင်းသမားတွေတာဝန်ကျေရင်တိုင်းပြည်ကြိီးစည်းကမ်းရှိလာမှာမလွဲပါဘု
    အားတင်းလို့ကျိုးစားလိုက်ပါ့ကိုထက်ရေ

  • Gipsy

    November 18, 2011 at 10:59 pm

    “အမှားလုပ်နေသူသာသတင်းကြောက်ကြသည် ”
    ဒါတော့ မှန်သဗျ…၊
    သတင်းတိုင်းလဲ အမှန်နဲ့နီးစပ်မှုမရှိရင် မကောင်းဘူး..
    အတင်းဆိုရာမှာလဲ အကျိုးပြုတွေ ပါလာခဲ့ရင် မဆိုးဘူးလို့ထင်တယ်…။

  • aye.kk

    November 19, 2011 at 6:17 am

    သတင်းမှန်ကန်မှုရှိရမည်
    လုံခြုံမှုအဆင့်အတန်းရှိရမည်
    သို ့ဖြင့်မှသာခိုင်မာမည်..။

  • MaMa

    November 19, 2011 at 6:30 am

    သတင်းဆိုတာ ဘာလဲ ခုမှပဲ သေသေချာချာ သိရလို့ ကျေးဇူးအများကြီးတင်ပါတယ်။
    (သတင်းသမားသည်တိကျရမည်၊ပြည်သူကိုအကျိုးဖြစ်စေရမည်။ပုဂ္ဂိုလ်ရေးကင်းရမည်။စေတနာကိုရှေ့တန်းတင်ရမည်။) ဆိုတဲ့ သတင်းသမား ထားရှိရမယ့် စေတနာကိုသိရလို့ သတင်းသမားအစစ်အမှန်တွေကို လေးစားသွားမိတယ်။

  • thit min

    November 19, 2011 at 6:38 am

    ကိုထက်ဝေးက လူမှုအတွေ့အကြုံတော်တော်စုံပုံရပါတယ်။
    ဖြစ်နိုင်ရင်စာမြည်းသဘောမဟုတ်ဘဲ ပိုပြီးတိတိကျကျလေးဖတ်ချင်မိပါရဲ့။
    နာမည်လွှဲများနဲ့ဘဲဖြစ်ဖြစ်ပါ။အကြောင်းအရာကိုသိချင်တာမျိုးမလို့ဘယ်သူဘယ်ဝါဆိုတာ
    အရေးမကြီးပါဘူး။

  • small cat

    November 19, 2011 at 7:21 am

    “သတင်းသည် ဝေဖန်ပေးသော၊အသိပေးသော၊ အချက်အလလက်နှင့်တကွဗဟုသုတဖြစ်စေသောစာပင်ဖြစ်ပါသည်။
    သတင်းသမားသည်တိကျရမည်၊ပြည်သူကိုအကျိုးဖြစ်စေရမည်။
    ပုဂ္ဂိုလ်ရေးကင်းရမည်။စေတနာကိုရှေ့တန်းတင်ရမည်။”

    “အတင်းဆိုရာမှာလဲ အကျိုးပြုတွေ ပါလာခဲ့ရင် မဆိုးဘူးလို့ထင်တယ်…။”

    “အကြောင်းအရာကိုသိချင်တာမျိုးမလို့ဘယ်သူဘယ်ဝါဆိုတာ
    အရေးမကြီးပါဘူး။”

    အများအတွက်အကျိုးယုတ်စေမဲ့အမှား၊ ပြင်လိုက်ရင် အများအတွက် အကျိုးရှိစေမဲ့အမှားမျိုးကိုထောက်ပြခြင်း၊ လူတစ်ဦး၊တစ်စု၊အများ မတရားခံနေရခြင်းနစ်နာနေခြင်းတို့ကို
    ထောက်ပြခြင်းတို့ဟာ ရှိသင့်တယ်လို့ထင်ပါတယ်။
    လူတစ်ဦးတစ်ယောက်၊ သူ့ဟာသူအမှားလုပ် သူ့ဟာသူခံရမဲ့အများနဲ့မဆိုင်၊အများကိုမထိခိုက်၊ အခြားတစ်စုံတစ်ယောက်ကိုမထိခိုက်မဲ့အကြောင်းကို လိုက်ဖော်ပြနေရင်တော့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု ၊ အတင်းဖြစ်မယ်လို့ထင်ပါတယ်။

  • htoosan

    November 19, 2011 at 7:46 am

    လောလောဆယ်တော့ အများစုက အတင်းတွေကို ပို သဘောကျတယ်ဗျ။ 😀
    သတင်းသမား ဘက်ကလည်း ကိုထက်ဝေး ပြောသလို
    “သတင်းသမားသည်တိကျရမည်၊ပြည်သူကိုအကျိုးဖြစ်စေရမည်။ပုဂ္ဂိုလ်ရေးကင်းရမည်။စေတနာကိုရှေ့တန်း
    တင်ရမည်။” ဒါတွေ ပြည့်စုံပြီလား ဆိုတာ …နဲ့

    “သတင်းသည် ဝေဖန်ပေးသော၊အသိပေးသော၊ အချက်အလက်နှင့် တကွဗဟုသုတဖြစ်စေသော စာပင်ဖြစ်ပါသည်။” သတင်းသမားက ဝေဖန်ပေးဖို့ အတွက် အဲ့ဒီ သတင်း(ဘာသာရပ်)ပေါ်မှာ ကျွမ်းကျင်သော သူ ဖြစ်ဖို့လည်း လိုမယ်ထင်ပါတယ်။

Leave a Reply