အန်တီဝေရေးထားတဲ့ သဘောမကျတာလေးတစ်ခုကို ၀င်ဖတ်ရင်း၊ မန့်ရင်းနဲ့ သဘောမကျတာလေးတွေ့လို့ ကိုယ့်ဖာသာ ထပ်မန့်ချင်တာလေး ရေးတင်လိုက်တယ်။ သူများတွေ ဘယ်လိုမြင်လဲသိချင်တာလဲပါတယ်။ ပေးချင်တဲ့ အတွေးလေးတွေလဲပါလို့ ကိုယ့်ဖာသာ သတ်သတ်တစ်ပုဒ်တင်လိုက်တယ်။
=====================================================

မြန်မာတွေ ရှေးကတည်းက ဘိုးစဉ်ဘောင်ဆက် မြင့်မြတ်ပါတယ်ဆိုတဲ့ မဟာ ပုရိသ အနွယ်ဝင်တွေ၊ ဘာသာရေးအရ မကောင်းဘူးလို့ပြောထားတဲ့ သူရာမေရယ၊ သူတစ်ပါးသားသမီးကို မပြစ်မှားရဆိုတဲ့ ကာမေသု မိစ္တာစာရ၊ အဲဒီနှစ်ချက် တည့်တည့်ကြီး ဖောက်ပြန်နေကြသူအများစု အိမ်မှာကျတော့ အိမ်ထောင်ဦးစီးမို့ သိပ်မြင့်မြတ်တဲ့အတွက် အခွင့်ထူးခံချင်ကြတယ်လား။ စဉ်းစားပါ မောင်ရင်။ ၉၅% ခန့်သော မြန်မာအမျိုးသမီးတွေ အဲဒီနှစ်ချက်ကို မဖောက်ပြန်တတ်ကြဘူးဆိုတာ မြန်မာပြည်မှာမွေး၊ မြန်မာပြည်မှာကြီးလာတဲ့သူတိုင်း သိကြမှာပဲ။ အဲဒီတော့ ဘာသာရေးအရကြည့်မယ်ဆိုရင် သီလရှိသူကသာ ပိုမြင့်မြတ်ရိုး မဟုတ်ပေဘူးလား။ ဘာသာတရားကို လိုသလိုဆွဲသုံး၊ ကိုယ့်ကိုထိခိုက်မယ်ထင်တာတွေကျတော့ လျှိုထား၊ ဘာမြင့်မြတ်တဲ့ ယောကျာ်းတွေလို့ထင်သတုန်း။

ကိုယ့်ကို(လင်ယောကျာ်းလို့ဆိုသူကို) လေးစားသမှု လျော့လာတယ်ဆိုတာလည်း အကြောင်းရှိတယ်။ တစ်ချိန်က ယောကျာ်းတစ်ယောက်ဟာ မိသားစုတစ်စုကို ၀မ်းဝအောင်၊ ခါးလှအောင် ကျွေးနိုင်တယ်။ မိန်းမဆိုသူတွေက အိမ်မှာ အိမ်အလုပ်လေးလုပ်ရင်း သက်တောင့်သက်တာ လှလှပပ၊ ကျော့ကျော့မော့မော့လေး နေနိုင်ကြတော့ ကျေးဇူးရှင် လင်ယောကျာ်းတွေကို ရိုသေဂါဝရတရား ထားကြတာပါ။ ခုချိန်မှာ ဘယ်သူက လောက်လောက်ငှငှ ရှာနိုင်တော့လို့လဲ။ သူလဲ ကိုယ့်လိုပဲ ရှာဖွေနေရပြီမလား။ ဒီတော့ တစ်ချိန်က ငွေရှာနိုင်သူကို ရိုသေလေးစားခဲ့ကြသလို ခုချိန်မှာလဲ သူ့ကို ကိုယ်က ရိုသေလေးစားမှုမပေးနိုင်တောင် နှိမ့်ချဖို့ မသင့်ဘူးထင်တယ်။

နောက်တစ်ချက်၊ မိန်းမတွေသဘာဝ လစဉ်ဖြစ်နေကျ။

ဒီလိုဖြစ်နေလို့ မိန်းမတွေကို ယုတ်ညံ့တဲ့အမျိုးလို့ မြန်မာတွေ သတ်မှတ်ကြတယ်။ ဒါက ရှေးက ပညာမတတ်ခဲ့သူတွေရဲ့စကား။ ခေတ်ပညာသင်ကြားဖူးသူတိုင်း မိန်းမတွေ ဘာလို့ဒီလိုဖြစ်ရသလဲဆိုတာ သိကြမှာပဲ။ ဒီလိုဖြစ်နေလို့လဲ “လူ” ဆိုတဲ့ မျိုးနွယ်စု အဓွန့်ရှည် ကြီးပွားလာရတာ မဟုတ်ပေဘူးလား။ အဲလိုမဖြစ်တဲ့မိန်းမ ဘယ်မှာ လူဖြစ်အောင် မွေးထုတ်ပေးနိုင်လို့လဲ။ အဲလိုဖြစ်ကြတာလဲ တစ်လမှာမှ ၃/၄ ရက်။ ဒီရက်ပိုင်းမှာ ကိုယ်မပြောလဲ သူတို့ဖာသာ ခွဲခြားလျှော်ဖွပ်နေကြ။

ဘဇာကြောင့်များ လူနှင့်လူချင်းတူပါရိုးနဲ့ ခွဲခြားသတ်မှတ်ချင်ကြတာတုန်း
ရိုင်းရိုင်းပြောရရင် အဲလိုနိမ့်ကျတဲ့ မိန်းမတွေနဲ့ ဘယ်ယောကျာ်းကများ ကင်းကင်းကွာကွာ နေနိုင်ကြပါသတုန်း။ အချင်းချင်း အပြန်အလှန်လေးစားသမှု ထားစေချင်သပေါ့ဗျာ။ လူနဲ့လူခြင်း ခွဲခြားခြင်း ကင်းရှင်းကြပါစေကြောင်း…

About စဆရ ကြီး

စဆရ ကြီး has written 160 post in this Website..

   Send article as PDF