ကြောင်ကိုမည်ကဲ့သို့ငရုတ်သီးကျွေးမည်နည်း ?

Don Juan RonaldNovember 27, 20113min15910

သတိ ! ! !

ဤပို့စ်ကိုကြောင်မျိုးရင်းဝင်များဖတ်ရှုခြင်းမသင့်။[em:3:]

 

တရုတ်ကြီးများ၏ခေါင်းဆောင်ဟောင်း၊ကွယ်လွန်သူ ဥက္ကဌကြီး ဦးမော်စီတုံး (Chairman Hair ဟုလည်းခေါ်ဆိုနိုင်ပါသည်)သည်၊

တရက်တ၌ဦးမော်စီတုံးသည်သူ၏လုပ်ဖော်ကိုင်ဘက်များနှင့်လေများကန်နေရာတွင် ဦးမော်စီတုံးက

“ ကြောင်ကြီးတကောင်ကိုငရုတ်သီးစားအောင်ဘယ်လိုကျွေးရသလဲ၊သိလား? ပြောဆန်းပါဦး ” ဟုသူ့ရဲ့ comrades များကိုမေးလိုက်ပါသည်။

အင်မတန်စိတ်ရင်းကောင်းပြီးယဉ်ကျေးသိမ်မွေ့တဲ့ ဦးလျှိုရှောက်ချီက “ ကြောင်ကိုမေ့ဆေးပေး၍၊ငရုတ်သီးကိုကြေအောင်လုပ်ပြီးအရည်ဖျော်ကာပိုက်လုံးနှင့်သွင်းပေးလိုက် ” ဟုဖြေလိုက်သည်။

စေ့စပ်ဆွေးနွေးမှုမှာအလွန်ကျွမ်းကျင်သောနိုင်ငံရေးသမားကြီး ဦးဂျိုအင်လိုင်းက “ ငါးအသားထဲငရုတ်သီးညှပ်ပြီးကျွေးလိုက် ” ဟုဆို၏၊

ဦးမော်စီတုံးနီးနီးလောက်ယုတ်မာရက်ဆက်သော ဦးလင်ပြောင်းသည် “ ကြောင်ရဲ့ပါးစပ်ကိုအတင်းဟပ်စေပြီးငရုတ်သီးသွပ်ထည့်လိုက် ” ဟုဆို၏[em:28:]

ဦးမော်စီတုံးသည်၊သူ၏ထိပ်ပြောင်ပြီး၊နုတ်ခမ်းမွေးနှင့်မုတ်ဆိတ်များမပေါက်တတ်သေါဦးခေါင်းအကြီးကြီးကိုခါရမ်းကာ၊လက်ညိုးကိုထောင်၍ဘယ်ညာရမ်းလိုက်သည်။

“ No ! no ! no! မင်းတို့အားလုံးမှားတယ် ” ဟု ဦးမော်စီတုံးကကောက်ကျစ်သောမချိပြုံးလေးနဲ့ပြောလိုက်ပြီး၊သူကဆက်လက်၍၊

(ကြောင်များရေ~~သတိထား၊လှန့်မသွားနဲ့[em:3:]) “ ကြောင်ကြီးကိုငရုတ်သီးစားအောင်လွယ်လွယ်လေးပါကွာ၊ဒီကောင်ရဲ့ Anusလို့ခေါ်တဲ့ဖင် ကိုငရုတ်သီးပွတ်ထားပေးလိုက်(ရက်ဆက်လှချည်လားဦးမော်ရယ်)၊ဒီကြောင်ကြီးဟာသူ့ဟာနဲ့သူ၊သူ့ရဲ့ Anusလို့ခေါ်တဲ့ဖင် ကို်လျှာနဲ့လျက်ပြီးငရုတ်သီးကိုစားလိမ့်မယ်၊နောက်ပြီး၊ဒီကြောင်ကြီးက Anus လို့ခေါ်တဲ့သူ့ဖင်ကိုတချက်လျက်တိုင်းဇိမ်တချက်ရှိစေရမယ်၊ဘာကြောင့်လဲသိလား? ” ဟုဟိုသုံးယောက်ကိုမေးလိုက်သည်၊ဟိုသုံးယောက်လည်တုံတုံရီရီနဲ့ခေါင်ကိုခါပြီး “ မသိပါဘူး၊မြင့်မြတ်သော သက်တော်ရာကျော်ရှည်သော ဥက္ကဌကြီးမော် ခညာ ”။

“ ဒီကြောင်ကြီးက Anus လို့ခေါ်တဲ့သူ့ဖင်ကိုတချက်လျက်တိုင်း၊သူ့ခင်ဗျာအပူတချက်လျှော့သွားတော့တယ်လေ၊ဇိမ်မရှိဘူးလား~~?”[em:28:]

သတိ ! ! ! ဤပို့စ်ကိုမတော်တဆကြည့်မိသောကြောင်မျိုးရင်းများ၊စိတ်ဆင်းရဲ၍သော်၎င်း၊ထိပ်လှန့်သွား၍သော်၎င်းဆေးဝါးကုသရာတွင်ကုန်ကျသောအခကြေးငွေများကိုလုံးဝတာဝန်ယူမည်မဟုတ်ပါကြောင်း။  [em:3:] [em:3:] [em:3:]

အဖြစ်အပျက်မှန်တခုကိုမဆလာနည်းနည်းထည့်၍ဟာသမြောက်အောင်ကွန့်ထားချင်းဖြစ်ပါသည်။

 

အမှန်ပြောမယ်ဆိုရင်ကျနော်ဟာ၊ ကွန်မြူနစ်နှင့်ဆိုရှယ်လစ်ကို အင်မတန်စက်ဆုပ်ရွံရှာပါသည်။

ကျနော့်နာမည်နောက်မှာRonald လို့အမှီးကလေးတပ်ထားခြင်းဟာ၊၂ဝရာစုနှောင်းပိုင်းတွင် ကွန်မြူနစ်နှင့်ဆိုရှယ်လစ်များကို ကမာ္ဘ့ဇါတ်ခုံးပေါ်ကနေကမ်ချလိုက်တဲ့ အမေရိကန်သမတကြီး Ronald Reagan ကိုကြည်ညိုလေးစားချင်းကြောင့်ဖြစ်ပါသည်။

၂ဝရာစုတွင်၊ကမာ္ဘပေါ်မှာအယုတ်မာရက်စက်ဆုံးသောနိုင်ငံခေါင်းဆောင်ဆယ်ဦးထဲတွင် ကွန်မြူနစ်များ ၃ ဦးပါဝင်သည်၊၎င်းထဲမှာအရက်စက်ဆုံးကတော့၊ကန္ဘောဒီးယားမှ Pol Pot ဖြစ်သည်၊၎င်းသည်သူ့ရဲ့ပထွေး ဦးမော်စီတုံးထက်များစွာပိုမိုယုတ်မာရက်စက်ပြီးပြည်သူတသန်းကျော်ကိုအဆိမ်းသက်သက်ပစ်သတ်ခဲ့ပါသည်[em:28:][em:28:][em:28:][em:28:][em:28:]

ဦးမော်စီတုံးသည်ပျော့ပျော့နဲ့နံတဲ့ကြောင်ချီးဖြစ်ပြီး၊သူအုပ်ချုပ်တဲ့နှစ်ပေါင်း၃ဝကျော်အတွင်းမှာ၊ဖြုတ်၊ထုတ်၊သတ်တော်လှန်ရေးအမျိုးမျိုးလုပ်ကာ၊သူ့ရဲ့ comrades များကိုတယောက်ပြီးတယောကသုတ်တင်ခဲ့သည်၊သူ၏မှားယွင်းသောစီမံကိန်းကြီးများကြောင့်ငတ်ပြတ်သေဆုံးသူနှင့်ဖြုတ်၊ထုတ်၊သတ်ကြောင့်သေဆုံးသူနှစ်ခုပေါင်း ၃၈ သန်းကျော်ရှိခဲ့သည်[em:28:][em:28:][em:28:][em:28:]အဲဒီအချိန်ကဗမာပြည်တခုလုံး၏လူဦးရေနီးနီးရှိသည်။

ဆိုဗီယက်ယူနီယံရဲ့ စတာလင် လည်းသူ့ကြောင့်ပြည်သူပေါင်းသန်းနှင့်ချီပြီးသေဆုံးခဲ့သည်[em:28:][em:28:][em:28:]သူ၏သမီးသည် အမေရိကန် ကိုထွက်ပြေးသွားပြီးနိုင်ငံရေးခိုလုံခွင့်တောင်းခဲ့သည်။[em:28:]

လူကြီးများအတွက်ဟာသကိုနောက်ပီု့စ်မှာတင်ပြပေးပါမည်၊မျှော်~~~~

 

ကြောင်များကိုချိမ်းချောက်ချင်းကိုလုံးဝမရည်ရွယ်ပါကြောင်း၊[em:3:]

စေတနာနှင့်သတင်းပေးးချင်းသာဖြစ်ကြောင်း၊[em:3:]

 

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ~~ [em:2:] [em:2:] [em:2:]

ကျေးဇူးတင်ပါသည်။

10 comments

  • ကြောင်ကြီး

    November 27, 2011 at 10:48 pm

    မှားဒယ်…. ကြောင်ကြီးကို ငရုတ်သီးကျွေးချင်ရင် တရုတ်မချောချောလေး (ချောချောလေးနော်) တယောက်ကို ငရုတ်သီးကန်ထဲ ပစ်ချလိုက်။ ကြောင်ကြီး ဝမ်းသာအားရနဲ့ ဆင်းကယ်လိမ့်မယ်။ ကန်ထဲဆင်းကယ်မှတော့ ပါးစပ်ထဲ ငရုတ်သီးဝင်ပြီပေါ့။ ပြီးတော့ ကောင်မလေး ကိုယ်ပေါ်က ငရုတ်သီးတွေကိုလည်း …..ပြောတော့ဘူး ရှက်တတ်တယ်။။။ 😳
    ကြေးမုံလေးရယ် ဦးကြောင်ကို နှာဗူးလို့ မထင်လိုက်ပါနဲ့၊ နှာဂိုဒေါင်ကြီးပါ။။။။။ 😎

  • inz@ghi

    November 28, 2011 at 7:26 am

    တိကျသော သတင်းရပ်ကွက်မှ ဖြစ်သည်။

    မိုက်ကယ်လ် သဂျိုင်ခီး သည် Heinz အမည်ရသော ငြုပ်ဆီ ပုလင်းလက်ထဲဆွဲ၍..
    တလမ်းဝင်တလမ်းထွက် ကိုကိုကြောင်အား လိုက်ရှာနေသည်ဟုသတတ်။
    😛

  • small cat

    November 28, 2011 at 11:55 am

    ညစ်ဆုတ် တဲ့ အကြံ
    အမှန်ပင် မော်စီပြော
    ဆန်ကောလောက်မှစောက်(ဇောက်)မနက်
    ရိုင်းချက်က ကမ်းကုန်
    အစွမ်းကုန် ယုတ်မာ
    ဒီဖင် မှာ ပူမဲ့အရေး
    ကြောင်လေးမှာတွေးကာကြောက်သမို့
    အောင်….မယ်…..လေး……ကယ်ကြပါ အုန်း ဗျို့………………

    ငရုပ်သီးကျွေးသည့် ကိစ္စကိုသာ ခံစားရေးဖွဲ့ပါသည်။
    ငရုပ်သီးကြောက်သော ကြောင်လေး။ ။

  • ကြေးမလောင်

    November 28, 2011 at 2:27 pm

    ဟယ် ရက်စက်လိုက်တာ.. ယုတ်မာချက်က ကမ်းကုန်တယ်။

    • windtalker

      November 28, 2011 at 8:46 pm

      အဟမ်း
      သူရို ့တွေ အဲ့လို လုပ်လာရင်
      ဘာမှ မပူနဲ ့
      ကိုပေ့ မိတ်ဆွေ က ရေခဲစက်ပိုင်
      သိလား
      ကြေးမလောင်

  • cobra

    November 28, 2011 at 2:41 pm

    ကောင်းလိုက်တဲ့ငရုတ်သီကျွေးနည်း
    ဘယ်ကြောင်စားမလဲ
    ငရုတ်သီးဝယ်ကျွေးမယ်လေ

  • cobra

    November 28, 2011 at 2:45 pm

    ကောင်းလိုက်တဲ့ငရုတ်သီးကျွေးနည်း
    ဘယ်ကြောင်စားမလဲ
    ငရုတ်သီးဝယ်ကျွေးမယ်လေ။

  • naywoonni

    November 28, 2011 at 4:32 pm

    ကြောင်မျိုးတော့ ပြုတ်တော့မယ်…။ ဆတ်ဆော့လိုက်ထှာ

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 28, 2011 at 6:49 pm

    ဒီလိုဆိုတော့လည်း
    ကျုပ်တို့ တပ်ချုပ်ကြီးက အလတ်ကြီးရှိပါသေးတယ် 😀 😀 😀

  • ဆူး

    May 15, 2013 at 10:40 am

    အကြံပိုင်ချက်ကတော့.. ကြောင်ငရုတ်သီးကျွှေးချင်ရင်.. ကျင်ဖောင် ကို ငရုတ်သီး ပွတ် ရမယ်တဲ့.. ကောင်းရော..

    လျှာနဲ့ တခါလျက် တခါ ဇိမ်ရှိကလည်း ပါသေးတယ်။
    ငရုတ်သီး စားပြီး ကြောင်ဖီးတက်နေတာတော့ မြင်ကြည့်ချင်သား.. အဟိ :kwi:

Leave a Reply