စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေ လက်ကြောမတင်းသူတွေကွ

phone_kyawDecember 15, 20111min44451

စာရေးဆရာ ကဗျာဆရာတွေဆိုတာက ငပျင်းတွေဖြစ်ပါတယ်။ အလုပ်ကို ပင်ပင်ပန်းပန်းမလုပ်ချင်ဘူး။ ချွေးထွက်တာကိုလည်း မသိဘူး။ ကုလားထိုင်နဲ ့စားပွဲပေါ်မှာ စာဖတ်လိုက်။ တောင်တွေးမြောက်တွေးနဲ ့စာရေးလိုက်။ ပြီးရင် သူတို ့စိတ်ကူးယဉ်တာတွေကို စာဖတ်သူကလိုက်ပြီး ဖတ်ရသေးတယ်။

စာရေးဆရာဆိုတာ လက်ကြောမတင်းလို ့စာရေးစားတာလို ့ကျနော်ပြောတယ်။

စာပေဟောပြောပွဲမှာလည်း ဘာတွေပြောမှန်းမသိ။ လက်တွေ ့မရှိတဲ့ စာရေးဆရာတွေက စာဖတ်ပါ စာပေမြှင့်မှလူမျိူးတင့်မည်ဘာညာဆိုပြီး ကယ်တင်ရှင်လိုလိုဘာလိုလိုနဲ ့။

စာဖတ်ပြီး အလုပ်မလုပ်ရင် ဘယ်သူထမင်းကျွေးမှာလဲ။ ဒီခေတ်မှာ စာဖတ်ဖို ့နေနေသာသာ တနေကုန်တနေခန်း အလုပ်လုပ်ရတာ စာဖတ်ဖို ့နေနေသာသာ ဖင်တောင်မကုတ်အားဘူး။

စာရေးဆရာ ကဗျာဆရာ သီချင်းရေးတဲ့သူတွေအများစုက အရက်သမားတွေ ဆေးသမားတွေဖြစ်တယ်။ သူတို ့ရေးတာကိုများ သူတို ့လူတွေပဲ ချီးကျူးကြ မြှောက်ပင့်ကြနဲ ့။ ဘယ်မီဒီယာပဲဖြစ်ဖြစ် သူတို ့ပဲ သူတော်ကောင်းတွေကြနေတာပဲ။ စာရေးစားတယ်ဆိုတာ အလုပ်တစ်ခုပါ။ စက်ရုံမှာလုပ်တာလည်း အလုပ်တစ်ခုပါ။ အလုပ်သမားချင်းတူတာကိုများ စာရေးစားတဲ့အလုပ်ကို လုပ်တဲ့သူက မြင့်မြတ်သလို။ စိတ်ပျက်စရာကောင်းတဲ့ ဗမာစာရေးဆရာတွေ ကဗျာဆရာတွေ။

51 comments

  • winzaw

    December 16, 2011 at 7:09 pm

    12. Post/Comment တို့ကို စာဖတ်သူတို့အတွက် အကျိုးရှိ/ကျန်ရစ်စေမည့် စာများသာရေးကြပါရန်။
    – Member တဦးသည် အခြားMemberအပေါ် ပုဂ္ဂလိကဆိုင်ရာ.. မှတ်ချက်/ထင်မြင်ချက် ပေးရန် အခွင့်မရှိ….
    အောင်မငှီးးးးးးးးးးးး ရေးမိသွားပြီ… မနေနိုင်လို့ … ပြေးဟေ့… မောင်ဝင်းဇော် …

  • koyinmaung

    December 16, 2011 at 9:23 pm

    ဒီကောင်ရွာထဲပွဲဆူအောင်လာလုပ်သွားတာပါ…..
    (ဘုန်းကျော်သည် ဩစတျေးလျနိုင်ငံတွင်နေသည်။ ၁၉၇၉-ခုနှစ်တွင် အင်းစိန်မြို ့တွင်မွေးပြီး မင်္ဂလာဒုံမြို ့နယ်ရှိ စစ်တပ်ထဲတွင် ကြီးပြင်းလာခဲ့သည်။ အဖေဖြစ်သူသည် တကြပ်ကြီးတဦးဖြစ်သည်။ ၁၉၉၉-ခုနှစ်တွင် ဘုန်းကျော်တောခိုခဲ့သည်။ နယ်စပ်ကလူ ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် ၁၉၉၉-၂ဝဝ၅ ထိ တာဝန်ထမ်းသည်။ လက်ရှိအလုပ်အကိုင်သည် ဩစတျေးလျနိုင်ငံရှိ ရွှေတူးဖော်ရေးမိုင်းတခုမှ ဝန်ထမ်းတစ်ဦးဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျောင်းသားတဦးလည်းဖြစ်သည်။ ခလေးသုံးယောက်ရှိသည့် အိမ်ထောင်သည်ဖြစ်သော်လည်း စော်ချောချောမြင်လျှင် ငန်းတက်သည်။ ဇနီးဖြစ်သူသည် မွန် လူမျိုးဖြစ်သည်။ ဘုန်းကျော်သည်လည်း ပအိုဝ် တပိုင်း ဗမာတပိုင်းဖြစ်သည်။ အဖေသည် သာယာဝတီနယ်သားဖြစ်၍ အမေသည် သထုံနယ်သူဖြစ်ကြောင်း။ ဘုန်းကျော်ရေးသည့်စာများအား လုံးဝတာဝန်ယူသည်။)ဆိုတော့
    မင်းအသက်က၃၃နှစ်ရှိပြီ
    ၁၃နှစ်မှာတောခိုသည်
    မင်းပညာရေးက တနှစ်တတန်းအောင်မှ၈တန်းဘဲရှိအုံးမှာပေါ့
    မင်းဘာသာမင်း “နယ်စပ်ကလူ ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် ၁၉၉၉-၂ဝဝ၅ ထိ တာဝန်ထမ်းခဲ့သည်” ဒါတွေဖေါ်ရေးရအောင် အထင်ကြီးစရာဘာရှိလို့လဲ ၁၃နှစ်သားဘာရည်ရွယ်ချက်နဲ့တော့ခိုတာလဲ
    မိန်းမရှိ ခလေးသုံးယောက်ရှိတာတောင်ဖွန်ကြောင်တာကရှိသေး…
    ရေးလိုက်တဲ့စာကျတော့ဝါလုံးရှည်ချီးသုတ်ပြီးရမ်းတဲ့စာသားတွေ
    သောက်ဆင့်မရှိတဲ့စာတွေလာမရေးနဲ့…

  • Yan Shin

    December 17, 2011 at 10:26 am

    post ခေါင်းစဉ်ကို စိတ်ဝင်စားသဖြင့် ဝင်ဖတ်ကြည့်မိသည်။
    ကုန်ဆုံးသွားသော အချိန်များကို နှမြောမိသည်။

    ဂျာနယ်ကျော်ဦးချစ်မောင်ကို သတိရသည်။
    အစာစားရန် အခင်းကြီး အခင်းငယ်သွားရန် နံဘေးမှ (သူ၏မိန်းမမှ) သတိပေးနေရလောက်အောင် စာရေးစာဖတ်သွားသည်။
    တစ်နေ့ သုံးနာရီလောက်သာ အိပ်ချိန်ယူသွားပြီး အသက်သုံးဆယ်ကျော်တွင် တိုင်းပြည်အတွက် အလုပ်လုပ်ပေးရင်းသေဆုံးသွားသည်။
    (ဂျာနယ်ကျော်ဒေါ်မမလေးရေးသော သူလိုလူ)

    ဗိုလ်ချုပ်အောင်ဆန်းကို အားနာသည်။

    အပေါ်က ကိုဝင်းဇော် ကိုရင်မောင်တို့ရေးသော comment ကိုပဲ ပြန်ညွှန်းခြင်သည်။

    သဂျီးခင်ဗျား………..
    ဘုန်းကျော်တာဝန်ယူသော post များကိုပြန်လည် သုံးသပ်ပေးပါ။
    ရွှေညဝါ ဆရာတော် post ကိုလည်းကြည့်သင့်သည်။

  • comegyi

    December 17, 2011 at 2:51 pm

    ဝါးလားလား စိတ်အချဉ်တွေ ပေါက်နေပီးသကာလ
    ကဘာဂျီးကို ထုခွဲနေသူ တစ်ဦးပါတကား
    မိုင်းတွင်းလုပ်သားမို့ထင်ပါ့…..

  • water-melon

    December 18, 2011 at 10:46 am

    စစ်တပ်ထွက်တဲ့ကောင်မှန်သမျှ ဘယ်ကောင် ကောင်းဘူးလို့လဲ။ အကုန်လုံး လိပ်မျိုးတွေကြည့်ဘဲ။
    ( တိုင်းပြည်ကို အကျိုးပြုတော့ စစ်သားများမပါ )။ဘုန်းကျော်သည် ဩစတျေးလျနိုင်ငံတွင်နိုင်ငံရေးခိုလှုံမှုဖြင့်နေသည်။ ၁၉၇၉-ခုနှစ်တွင် အင်းစိန်မြို ့တွင်မွေးပြီး မင်္ဂလာဒုံမြို ့နယ်ရှိ စစ်တပ်ထဲတွင် ကြီးပြင်းလာခဲ့သည်။ အဖေဖြစ်သူသည် တကြပ်ကြီးတဦးဖြစ်သည်။ ၁၉၉၉-ခုနှစ်တွင် ဘုန်းကျော်တောခိုပြီး အီးပါသည်။ နယ်စပ်ကလူ ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတွင် ၁၉၉၉-၂ဝဝ၅ ထိ တာဝန်ထမ်းသည်။လာဘ်စားလို့ အကန်ခံရသည်။လက်ရှိအလုပ်အကိုင်သည် ဩစတျေးလျနိုင်ငံရှိ ရွှေတူးဖော်ရေးမိုင်းတခုမှ သန့်ရှင်းရေးဝန်ထမ်းတစ်ဦးဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကျောင်းသားတဦးလည်းဖြစ်ပြီး သစ်ပင်များကို ခုတ်ပြီးရောင်းသားပါသည်။ခလေးသုံးယောက်ရှိသည့် အိမ်ထောင်သည်ဖြစ်သော်လည်း စော်ချောချောမြင်လျှင် အငန်းမရ လောင်တီးတတ်ပါသည်။ ဇနီးဖြစ်သူသည် မွန် လူမျိုးဖြစ်သည်။ ဘုန်းကျော်သည်လည်း ပအိုဝ် တပိုင်း ဗမာတပိုင်းဖြစ်တော့ ဘာလုပ်ရမှာလဲ ငါလည်း ဘီအီတစ်ပိုင်း ရေတစ်ပိုင်း ဘဲကွ။အဖေသည် သာယာဝတီနယ်သားဖြစ်၍ အမေသည် သထုံနယ်သူဖြစ်ကြောင်း။ ဘုန်းကျော်ရေးသည့်စာများအား လုံးဝတာဝန်ယူသည်။

    သူကြီးတောင်းပန်ပါတယ်ဗျာ။ ကျွန်တော် အဘိုးကိုယ်တိုင် စာရေးဆရာတစ်ယောက်ပါ။ စော်ကားတော့မခံနိုင်ပါဘူး။

Leave a Reply