ကျွန်တော်တို့ လူမျိုးတွေကိုက ပုံပြင်တွေ ဒဏ္ဍာရီတွေနဲ့ ခွဲခြားလို့ မရတာပါလို့ ဆရာကြီးယောက်က (ဒေါက်တာသန်းထွန်းနဲ့ တူရဲ့ )ပြောဖူးတာမှတ်သားမိဖူးတယ်..။ သမိုင်းဆိုတာလည်း ပုံပြင်ဆန်ဆန် ဒဏ္ဍာရီလိုလို ပါးစပ်ရာဇ၀င်တွေလည်း အများသား….။ ဘိုးဘွားဘီဘင် တွေရဲ့ လက်ထက်မှာကိုက ပုံပြောကောင်းသော လူမျိုး အဖြစ်ရပ်တည်ခဲ့ကြသည်ကိုးးး။ ပြီးတော့ စကားပုံနဲ့ ဥပမာ ခိုင်းနှိုင်းရာမှာလည်း ချက်နဲ့ လက်နဲ့ ပြောတတ်ကြပါပေရဲ့…။ ရှေးရှေးက သင်္ဂဇာ ဆရာတော် တို့ ဗန်းမော် ဆရာတော်တို့ ထင်ရှားလှပါ၏။ ပါဋိ ပါဒ်သားမပါပဲ ရိုးရိုးလေး ပုံပြင်ပြောသလိုပြောသွား ဟောသွားနိုင်လှပါပေ၏။ ဥပမာမြောက်အောင် စကားပုံတွေနဲ့ ခိုင်းနှိုင်းပြီး ပြောသွားလိုက်ပုံများ ဆယ့်ကိုးရာစုက ပြောခဲ့တယ်ဆိုတာတောင် မယုံချင်စရာ….။ ထိုထို ဆရာတော်များနှင့် ခိုင်းနှိုင်းပြီး လိုက်လံ တုပ ပြောနိုင်သူတို့ကားများစွ…။ ဘာလို့လဲဆို ရှေ့က တစ်ယောက်က စပြီးလုပ်သွားတဲ့ အလုပ်အောင်မြင်သွားရင် နောက်က လိုက်လုပ်ကြမယ်သူတွေ ရိုက်သတ်မကုန်နိုင်သော မြန်မာလူမျိုးတို့၏ ရှိရင်းစွဲ မပြင်နိုင်သော စရိုက်လက္ခဏာ အတိုင်း ရှေ့က လူက ဟိုဒင်းစားရင်တောင် လိုက်စားမဲ့သူက မရှား …။ ဒီတော့ကာ ဒီလိုပြောလို့ နာမယ်ကြီးရင် ဟိုလိုပြောင်းမပြောတတ်ကြတော့ဘူးပေါ့…။ ဒီလိုပြောတတ်မှပဲ လူရာဝင်တယ်…။ ပညာယှိ အဖြစ် စာရင်းသွင်းကြတယ်…။ အဲဒိတော့ ဘာသာ စကားတစ်ခု အစဉ်အလာတစ်ခုဟာ ခေါက်ရိုးကျ သွားပြီး သေသွားတာမဆန်းပါဘူး…..နော့…။ သို့ဂလို အစဉ်အလာကို ထိန်းသိမ်းထားတာဆိုလေတော့…… ပုံစံခွက်ကျပြီးသား ခေါက်ရိုးကျိုးပြီးသား ကြီးဟာကို ပြင်ပြင် ပြောင်းလဲခြင်းငှာ အဘယ်သူစွမ်းပါမည်နည်းး……………။ နော့
လက်တွေ့ကျတာ မကျတာ အသာထားဦး …..။ လက်နာသည်မလိုက်နာသည်ထားဘိဦး သူ့အလိုလို လှတယ်ထင်နေတာကို ဇွတ်ပြောင်းခိုင်းတယ် ဖြစ်နေဦးမည်..။ ဥပမာ ဒီလိုဗျာ( အဲ….စလာပြီ ဥပမာတဲ့…။ )
ထိုင်မသိမ်း အင်္ကျီနဲ့ သူ့ဟာသူလှတယ်ထင်နေတဲ့ တောသူမလေးကို ဘယ်ဇာတ်ကားထဲက ဘယ်သူလေးကတော့ ဘယ်ပုံလေးလှတာ…။ အဲဒိလိုပြောင်းဝတ်ကြည့်ပါလား ? သါားမပြောလေနဲ့….။ အဲဒိဇာတ်ကားကို အဲဒိတောသူမလေး ကြည့်ဖူးသည် ဖြစ်ဖြစ် မကြည့်ဖူးသည်ဖြစ်ဖြစ် သူများလှတာ စိတ်ဝင်စားမှာမဟုတ်ပါဘူး…။ သူ့ကိုယ်သူ ဒီအတိုင်းလေကပဲ ပိုလှတယ်ထင်နေမှာပါ…။
အဲဒိလိုမျိုးပါ…။ ခေါက်ရိုးကျ ပုံစံခွက် ကျနေတဲ့ အစဉ်အလာကို ထိန်းသိမ်းလာခဲ့တဲ့ လူမျိုးတွေ ……အဲဒိလိုလူမျိုးတွေရဲ့ အတွေးအခေါ်ကကော ……. ဘယ်လောက်အထိ သစ်လွင်လတ်ဆတ်မှာတဲ့လဲ….။ အပင်ပန်းခံပြီး ဆန့်ကျင်ဘက်က တွေးကြည့်ရမှာ ၀န်လေးကုန်ပြီ… ။ တွေးနေကျအတိုင်း လုပ်နေမြဲအတိုင်းပဲ အဆင်ပြေနေသေးလေတော့ အပြောင်းအလဲ လုပ်ဖို့ စိတ်မ၀င်စားဖူး….။ ကိုယ်နဲ့ မတူရင် မပေါင်းဘူး…။ ဒါဆိုရင်ဒါပဲ..။ လုပ်ထားလိုက်ကြတာက ………။ ဆန့်ကျင်ဘက်လေးများ ပြောမိရင် ရန်သူပဲ…။ ဆိုတော့ကာ………..
ဒါဆိုရင် ဘယ်လိုလုပ် ကမ္ဘာကြီးနဲ့ လိုက်ပြီး ရင်ဘောင်တန်းမှာပါလိမ့်…။ ဒီပုံမျိုးနဲ့တော့ ရှေ့နောက်တောင်မှ ခြေလှမ်းညီအောင်လျှောက်ဖို့ ဆိုတာမဖြစ်နိုင်သေးပါဘူး…….။ ပတ်ဝန်းကျင်မှာ အဖက်ဖက်က တိုးတက်လာတဲ့ တိုးတက်နေတဲ့ အခြေအနေ မှာ ကိုယ်တွေကလည်း အစဉ်အလာတွေ အတွေးအခေါ်တွေ ပြုပြင် ပြောင်းလဲ သင့်တာတွေ လိုက်မပြောင်းလဲသင့်ဖူးလား?
ငယ်ငယ်က ဆော့ ခဲ့တဲ့ အရုပ်တွေ ကြီးပြင်းလာတဲ့ အချိန်ထိ သိမ်းထားဖို့ သင့်ပါသလား …။ မဖြစ်သင့်ပါဘူးနော်…။ ဒါဆိုရင် ဘာတွေ ဘယ်လိုပြောင်းလဲကြရလေမလဲ…။ အဘယ်ထိ …အဘယ်မျှ ပြောင်းလဲပစ်ကြမလဲ…။ စဉ်းစားကြရအောင် ….။ အတွေးအခေါ်တစ်ခုကိုပြောင်းလဲဖို့ ….. အစဉ်အလာတစ်ခုကို ပြောင်းလဲဖို့ ဆိုတော့ အနဲဆုံး စံသတ်မှတ်ချက်ကတော့ ထားရပါလိမ့်ဦးမယ်…။ ဘယ်အရာကို စံသတ်မှတ်ချက်ထားမလဲ…။ အဲဒီတော့ကာ လူအတော်များများဟာ နေ့စဉ်နဲ့ အမျှ စားဝတ်နေရေးနဲ့ လုံးထွေး နေကြရတဲ့သူတွေများပါတယ်…။ အေးချမ်းသက်သာစွာငွေရှာဖို့ အခြေအနေ မပေးပါဘူး…။ ပညာဘယ်လောက်ပဲ တတ်နေပါစေ ပတ်ဝန်းကျင် အခြေအနေနဲ့ လိုက်လျောညီထွေ နေနိုင်မဲ့သူက နဲပါးပါသေးတယ်..။ ဒီတော့ တစ်ကိုယ်ရည် ကိစ္စလေးတွေ သုံးသပ်ကြည့်ရင် ကောင်းမလားလို့…..။
၁။ ကိုယ့်အတွက် အပိုဖြစ်နေတာတွေ ရှာကြည့်ရအောင်လား…။
ကိုယ့်ကို ကိုယ်တော့ အပိုဖြစ်နေတဲ့ ကိစ္စ မရှိဘူးလို့ ထင်ကြမှာပဲ…။ တစ်ကယ်တမ်းပြန်တွက်ကြည့်ရင် အပိုဖြစ်နေတာကို ဒီလိုလေး ရှာကြည့်ရအောင်….။
(a) သူငယ်ချင်းတွေနဲ့ တစ်နေ့ ဘယ်နှစ်နာရီလောက် စကားပြောဖြစ်သလဲ…။
(b) TV …/ VDO တစ်နေ့ ဘယ်နှစ်နာရီလောက် ကြည့်ဖြစ်နေသလဲ
(c) ချက်တင်ထိုင်နေတဲ့ အချိန်တွေ များနေသလား
(d) သီချင်းနားထောင်နေတဲ့ အချိန်တွေကကော……….
(e) တစိကယ် ဗိုက်မဆာပဲနဲ့ အဆာပြေ စားနေတဲ့ သွားရည်စာဖို့ တစ်နေ့ ဘယ်လောက်ဖိုးလောက်ရှိမလဲ
(f) သူငယ်ချင်း/မိတ်ဆွေတွေနဲ့ တွေ့တဲ့ အခါ အားနာလို့ …..။မကောင်းတတ်လို့ ……..။ လက်မထောင်ချင်လို့ ဒိုင်ခံ ကိုယ်က ထုတ်ရှင်းနေတဲ့ ငွေတစ်နေ့ ဘယ်လောက်များရှိနေပြီလဲ
(g) ဈေးဝယ်ရင်း အကြွေ မရှိလို့ ဆိုပြီး မလိုအပ်တဲ့ လက်ငင်း အသုံးမလိုသေးတဲ့ ပစ္စည်းတွေ အားနာပါးနာနဲ့ တစ်နေ့ ဘယ်လောက်များ အအမ်း ခံနေရသလဲ…။
(h) လက်သည်းခြေသည်းတွေ အရောင်အမျိုးမျိုး ထားဆိုနေသေးလား
(i) ဖိနပ်ကော ဘယ်နှစ်ရံ အပို ဖြစ်နေသလဲ…။
(j) တစ်လတစ်လ မင်္ဂလာဆောင် ဘယ်နှစ်ဆောင်လောက် လိုက်ပြီးလက်ဖွဲ့ နေရသလဲ…။ နေ၀န်းနီကတော့ မတတ်နိုင်ရင်မေ့ချင်ယောင်ဆောင်ထားလိုက်တယ်…။ ဟုတ်တယ်လေ…။ ကိုယ်တစ်ယောက်မသွားလို့ အဲဒိပွဲ ပျက်သွားမှာမှမဟုတ်တာ…။ အဲဒိအတွက် သိပ်ကြောင့်ကြစိတ်မထားဘူး…။

နေ၀န်းနီ

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010