သူငယ်ချင်းလေး
မင်းစိတ်လိုတိုင်း ဆွတ်ခူးဖို့ 
ကောင်းကင်ကြီးလည်းကိုင်းလို့ ညွတ်လို့ 
ကြယ်လေးတွေ ၀င်းလို့  ၀ါလို့ ။     ။
သူငယ်ချင်းလေး
ကျောခင်းပေးထားတဲ့ ကမ္ဘာမြေကြီးပေါ်မှာ
လေပြေတွေ သံစဉ်တိုင်း
တောင်းတန်းတွေခေါ်ဆောင်ရာလိုက်ခဲ့ 
ကုဠေတစ်သန်း ရွှေခြေလှမ်းတွေနဲ့ 

အဆုံးစမဲ့ တဲ့  သံယောဇဉ် ပင်လယ်ဆီသို့ ။  ။

သူငယ်ချင်းလေး
မင်းချစ်တဲ့ ရွှေအိပ်မက်လေးတွေထဲမှာ

ငါမနိုးသော ပျော်ရွှင်ခြင်းနဲ့ အိပ်စက်ချင်ပါတယ်

ဒါပေမဲ့  ငါမင်းကိုတွေ့ ချင်သေးလို့ 

တိမ်တွေပေါ်မှာပဲ ငါ့ ကို ရှာဖွေခွင့် ပြုပါ။    ။    ။
( သူငယ်ချင်းလေးတွက် )

သက်နိုင်ဦး

2011 .12 .19

About that naing oo

that naing oo that naing oo has written 9 post in this Website..