2011-အယ်ဒီပြာ့ ချွိုက်စ် ပိုစ့် ကော်လက်ရှင်

ဂ်စ္စူDecember 28, 20112min54997

၂၀၁၁ ခုနှစ် အယ်ဒီပြာ့ချွိုက်စ် ပို ့စ် အဖြစ်ရွေးချယ်ခံရသော စာမူများမှာ –

 

  • အခုပဲစပါ မပျင်းပါနှင့် ဟူသော ခေါင်းစဉ်ဖြင့် ကိုသစ်မင်းက ၎င်း
  • ကင်မရာတစ်လုံး မန်းလေးအဆုံး ဟူသော ခေါင်းစဉ်ဖြင့် ကိုပေါက်(မန္တလေး)က ၎င်း
  • တံခါးစောင့်တာ ဂိတ်ဝင်ကြေး မရဘူး ဟူသောခေါင်းစဉ်ဖြင့် ဘလက်ချောက ၎င်း
  • ခါးပိုက်နှိုက်ကို ပြန်နှိုက်ခြင်း ဟူသောခေါင်းစဉ်ဖြင့် ဘလူးကြီးက ၎င်း
  • အတော်မိုက်တဲ့ သဗွိုက်စ် ဟူသောခေါင်းစဉ်ဖြင့် အဘဖောက ၎င်း
  • ငမွဲပေါတာ ဗုဒ္ဓနဲ ့မဆိုင် ဟူသောခေါင်းစဉ်ဖြင့် နေးချားက ၎င်း
  • ကျနော်ရယ် ဗိုလ်ချုပ်ရယ် အောင်ဆန်းရယ် ဟူသောခေါင်းစဉ်ဖြင့် Asiamasters က၎င်း
  • စမူဆာ စားရင် ဦးထုပ်ဆောင်းပါ ဟူသောခေါင်းစဉ်ဖြင့် cobra က ၎င်း
  • ကြိုးကြာကို ယုံတယ် ဟူသောခေါင်းစဉ်ဖြင့် khinmintatthu က ၎င်း
  • ဘယ်သူနဲ ့မှ မဆိုင်ဘူး ဟူသောခေါင်းစဉ်ဖြင့် နိဂိမိ၇ရက ၎င်း
  • တရုတ်ကြီး အဟုတ်တီး ဟူသောခေါင်းစဉ်ဖြင့် kyaemon က ၎င်း
  • ကာလနဂါးကြီးနဲ ့ တိုက်တိုက်ဆိုင်ဆိုင် ဟူသောခေါင်းစဉ်ဖြင့် ဦးဦးပါလေရာက ၎င်း
  • ကောင်းကောင်းရေးပါ ကပုန်းကျော်ရာ ဟူသောခေါင်းစဉ်ဖြင့် Konyeinchan က ၎င်း
  • ကျည်ဆန်ကုန်ရင် ငှက်ပျောသီးနဲ ့ပစ်မယ်  ဟူသောခေါင်းစဉ်ဖြင့် ဦးဖတ်တီးက ၎င်း
  • ကျောက်စိမ်းကို အရည်ညှစ်ရင် ဘီယာထွက်တယ် ဟူသောခေါင်းစဉ်ဖြင့် မစ္စတာပေက ၎င်း
  • ဥဩပေတဲ့ ခွစ္စမတ် ဟူသောခေါင်းစဉ်ဖြင့် အင်ဇာဂီက ၎င်း
  • ဆူရှီလိပ်ရာ လက်အိတ်မပါ ဟူသောခေါင်းစဉ်ဖြင့် ဆူးနဲ ့ဝေဝေက ၎င်း
  • ငရဲရောတဲ့အလှူ ဟူသောခေါင်းစဉ်ဖြင့် မမက ၎င်း
  • ပုဂံကို ဇလုံမလုပ်နဲ ့ ဟူသောခေါင်းစဉ်ဖြင့် pooch က၎င်း
  • ပြူးတူးပျဲတဲ မော်ဒယ်လ်ဂဲ ဟူသောခေါင်းစဉ်ဖြင့် intro က ၎င်း
  • မီးမီးစာမူတွေ တူတို ့မသွားတယ် ဟူသောခေါင်းစဉ်ဖြင့် ပဒုမ္မာက ၎င်း
  • ရင်ထဲမှာ ပုပဲရှိတယ် ဟူသောခေါင်းစဉ်ဖြင့် phyo က ၎င်း
  • မအားလို ့မပြောချင်ပမဲ့ မပြောတော့ပါဘူး ဟူသောခေါင်းစဉ်ဖြင့် ဆန်နီနေမင်းက ၎င်း
  • ကတိမတည်တဲ့ ပေါက်စီ ဟူသောခေါင်းစဉ်ဖြင့် hmee က ၎င်း
  • သတ္တိရှိရင် ရွာထဲဝင်ခဲ့ ဟူသောခေါင်းစဉ်ဖြင့် Etone က ၎င်း
  • ကြောင်သေရင်ပက်လက် ဟူသောခေါင်းစဉ်ဖြင့် ကြောင်ကြီးက ၎င်း
  • အသပြာမှိုမတက်အောင် မှိုစိုက်ပါမောင် ဟူသောခေါင်းစဉ်ဖြင့် နိုဇိုမိက ၎င်း
  • ငြိမ်နေတာ အကောင်းမထင်နဲ ့ ဟူသောခေါင်းစဉ်ဖြင့် သံတွဲမြို ့သူ၊သား များက ၎င်း
  • မဖောပါနဲ ့ ဦးဂျင်းရယ် ဟူသောခေါင်းစဉ်ဖြင့် maungmoenyo က ၎င်း
  • မီးမီးကို မဆော်ပါနဲ ့ ဟူသောခေါင်းစဉ်ဖြင့် မောင်သန်းထွဋ်ဦးက ၎င်း
  • ရှင်မနမ်းရင် ကျမနမ်းမယ် ဟူသောခေါင်းစဉ်ဖြင့် Nan Shin က ၎င်း
  • ဝတ်မနေပါနဲ ့ဝိုင်းစုရယ် ဟူသောခေါင်းစဉ်ဖြင့် ဘရုတ်က ၎င်း (Credit this မှော်ချာ)
  • ထမင်းမငတ်မဲ့ အလင်းဆက် ဟူသောခေါင်းစဉ်ဖြင့် alinsett က ၎င်း
  • အင်တာနက် တပ်တာ အပစ်လား မိန်းမရယ် ဟူသောခေါင်းစဉ်ဖြင့် ကြောင်လေးက ၎င်း
  • မခွဲချင်ဘူး မေမေကြောင်ရယ် ဟူသောခေါင်းစဉ်ဖြင့် ကြောင်လတ်က ၎င်း
  • တို ့ခြံထဲမှ ထိန်းသိမ်းသင့်သော ကြွက်ကြော်များ သို ့မဟုတ် ကြောင်ဝတုတ် ကြွက်မခုတ် ဟူသောခေါင်းစဉ်ဖြင့် FattyCat က ၎င်း
  • ဖြူးသူအရေ ဟူသောခေါင်းစဉ်ဖြင့် mr.lone က ၎င်း
  • စိတ်မမှန်ဘူး နှစ်သစ်ကူး ဟူသောခေါင်းစဉ်ဖြင့် phone kyaw က ၎င်း
  • အပင်ထိပ်က အသီး ဟူသောခေါင်းစဉ်ဖြင့် အေမီက ၎င်း
  • သွားလိုက်ကြစို ့ခလေးမြို ့ ဟူသောခေါင်းစဉ်ဖြင့် yaungchikha က ၎င်း
  • ဆိုင်ကယ်စီးရင် စကတ်ခါးတောင်းကျိုက်စီးပါ ဟူသောခေါင်းစဉ်ဖြင့် မိုးဇိက ၎င်း
  • သွားမှာပဲသွားမှာပဲ ငါ့ကို လာမတားနဲ ့ ဟူသောခေါင်းစဉ်ဖြင့် ပန်ပန်က ၎င်း
  • သစ်ခွချစ်တာ အပြစ်လား ဟူသောခေါင်းစဉ်ဖြင့် mandalarthu က ၎င်း
  • တစ်ပင်ထဲ ရင်ထဲကနွယ် ဟူသောခေါင်းစဉ်ဖြင့် အာဂက ၎င်း
  • တစ်ဂထဲ ရင်ထဲကအာ ဟူသောခေါင်းစဉ်ဖြင့် နွယ်ပင်က ၎င်း
  • ဂွင်ထဲဝင်ရင် ဆဲပါရစေ ဟူသောခေါင်းစဉ်ဖြင့် မိုက်ကယ်ပုက ၎င်း
  • မသွားပါနဲ ့မောင်ပုရယ် ချစ်လို ့ပါကွယ် ဟူသောခေါင်းစဉ်ဖြင့် ချစ်စ၊ဆရာက ၎င်း
  • စာကလေးအိမ်ဆိုရင်တောင် ဘတော့မှ မငှားတော့ဘူးဟဲ့ ဟူသောခေါင်းစဉ်ဖြင့် ရွှေတိုက်စိုးက ၎င်း
  • အေဘီစီဆိုတာ ဘီယာဟုတ်ဘူးဟဲ့  ဟူသောခေါင်းစဉ်ဖြင့် တီချယ် တီတီနုက ၎င်း
  • အငယ်အနှောင်းနဲ ့ကမ်းဂျိုယောင်း ဟူသောခေါင်းစဉ်ဖြင့် Comegyi က ၎င်း
  • မင်္ဂလာဦးညရဲ့ ဂေးရင်ခုန်သံ ဟူသောခေါင်းစဉ်ဖြင့် တောကကိုရင်က ၎င်း
  • အိမ်အိုရင် နှုတ်ခမ်းမွှေးနဲ ့ထောက် ဟူသောခေါင်းစဉ်ဖြင့် နေဝန်းနီက ၎င်း
  • ချစ်ချစ်အတွက် နှုတ်ခမ်းမွေးသပ် ဟူသောခေါင်းစဉ်ဖြင့် ရှုံးနိမ့်မှုများနဲ ့လူက ၎င်း
  • ကွန်ပျူတာကို လုံခြုံအောင် သော့ခတ်ထားပါ ဟူသောခေါင်းစဉ်ဖြင့် koyinmaung  က ၎င်း
  • အင်ထရိုကိုတွေ ့ရင် ဒတ်ရှင်းပေးပါ ဟူသောခေါင်းစဉ်ဖြင့် မရွှေတုတ်က ၎င်း
  • ဟက်ပီးဖြစ်ဖို ့.မန်းနီးလိုမယ် ဟူသောခေါင်းစဉ်ဖြင့် Khin Latt က ၎င်း
  • သမိုင်းဆိုတာ ဘုရင့်နောင်နားမှာ ဟူသောခေါင်းစဉ်ဖြင့် Zaw Wonna က ၎င်း
  • အပင်စိုက်ပါ တစ်ပင်ငါးရာ ဟူသောခေါင်းစဉ်ဖြင့် We R One က ၎င်း
  • ဂေဇက်ဝင်ဖတ် ကျည်းပေါင်းတက် ဟူသောခေါင်းစဉ်ဖြင့် အမတ်မင်းက ၎င်း
  • ဖွင့်လို ့ရတယ် ဈေးကြီးတယ် ဟူသောခေါင်းစဉ်ဖြင့် ကိုစိန်သော့က ၎င်း
  • လျှာရှည်တဲ့ ကျနော့် မိန်းမ ဟူသောခေါင်းစဉ်ဖြင့် Anzartone က  ၎င်း
  • စွာအုပ်စွာပေ လူ ့မိတ်ဆွေ ဟူသောခေါင်းစဉ်ဖြင့် ရင်ငြိမ်းနွေက ၎င်း
  • တာဝါပေါ်တက် ရှူရှူးထွက် ဟူသောခေါင်းစဉ်ဖြင့် King က ၎င်း
  • ကျမချစ်သူညမင်းသား ဟူသောခေါင်းစဉ်ဖြင့် မှော်ဆရာက ၎င်း
  • သန်လျင်မှာ ကောက်တဲ့ဖား ဟူသောခေါင်းစဉ်ဖြင့် တည်သားက ၎င်း
  • ရော်စမ်းပြီးရင် တောင်းပန်ပါ ဟူသောခေါင်းစဉ်ဖြင့် ရွှေဘိုသားက ၎င်း
  • ခေတ်မီလိုလျင် ဖော်ဖို ့ပြင် ဟူသောခေါင်းစဉ်ဖြင့် zaw min က ၎င်း
  • တရားရုံးကစောင့်နေမယ် ဟူသောခေါင်းစဉ်ဖြင့် htet way က ၎င်း
  • ကျနော်ချာတူး ကျားမဟုတ်ဘူး ဟူသောခေါင်းစဉ်ဖြင့် char too lan က ၎င်း
  • ယင်ကောင်နဲ ့ ကြက်ဆင် ဂျမ်းစိန်နဲ ့.ငါးရွှေ ဟူသောခေါင်းစဉ်ဖြင့် wow က ၎င်း
  • မပြတ်ဆောင်ထား ကိုးပါးဆေးလျက်ဆား ဟူသောခေါင်းစဉ်ဖြင့် whowho က ၎င်း
  • ကြုံရင်လာပါ ကျုံတိုင်းရွာ ဟူသောခေါင်းဉ်ဖြင့် moepwintphyu က ၎င်း
  • ဖျာလိပ်ထဲမှာ ပေါင်းတင်ပါ ဟူသောခေါင်းစဉ်ဖြင့် Novy က ၎င်း
  • ဂလုဂလု ရှလွတ်ရှလွတ် ဟူသော ခေါင်းစဉ်ဖြင့် koaung က ၎င်း
  • ကျမနှင့် ၂၄ နာရီလွမ်းခြင်း ခေါင်းစဉ်ဖြင့် မနောဖြူလေးက ၎င်း
  • သဂျီးချက်တဲ့ နှပ်ချေး ငပိချက် ဟူသောခေါင်းစဉ်ဖြင့် ကိုရင်စည်သူက ၎င်း
  • ဂြိုလ်ကမ္ဘာပေါ်က သင်္ဘောသီး ဟူသောခေါင်းစဉ်ဖြင့် E.T က ၎င်း
  • ဪ သုခ ဟူသောခေါင်းစဉ်ဖြင့် unclegyi1974 က ၎င်း
  • အဖွားဖြတ်မရတဲ့ သင်္ဘောသီး ဟူသောခေါင်းစဉ်ဖြင့် နီကီတာက ၎င်း
  • ဆန်နီဘုရင်ရီး အချစ်ကြီး ဟူသောခေါင်းစဉ်ဖြင့် Sonny က ၎င်း
  • ပျင်းတယ် ပျင်းတယ် ဟူသောခေါင်းစဉ်ဖြင့် မီးလေးက ၎င်း
  • ပြည်တော်ပြန်ချင်တယ် ပို ့ပေးပါ ဟူသောခေါင်းစဉ်ဖြင့် ရွှေအိမ်စည်က ၎င်း
  • စို ့ပါစေကွယ် ငမျောက်လေးရယ် ဟူသောခေါင်းစဉ်ဖြင့် NK က ၎င်း
  • ကိုင်စရာ တစ်ခုပေးပါ ဟူသောခေါင်းစဉ်ဖြင့် Big Bang က ၎င်း
  • ရေခဲသေတ္တာထဲက နှလုံးသား ဟူသောခေါင်းစဉ်ဖြင့် than lone က ၎င်း
  • အိပ်ပျော်တဲ့အခါ မေတ္တာပို ့ပါ ဟူသောခေါင်းစဉ်ဖြင့် aye.kk က ၎င်း
  • စမူဆာ ဟူသောခေါင်းစဉ်ဖြင့် မောင်ရေချမ်းက ၎င်း
  • မခင်ရွှေ နင်လေ အတော်သဘောကောင်း ဟူသောခေါင်းစဉ်ဖြင့် လင်းဝေက ၎င်း

 

စသဖြင့် အသီးသီးရရှိသွားကြပါကြောင်း.ဟောဟဲ..ဟောဟဲ..မော၏တာ..ရေတစ်ခွက်ဂလု.

ဆုရွေးချယ်ရာတွင် ဒိုင်လူဂျီး၊ဘာမသိညာမသိသဘာငပိ ၊ငှက္ကဋ္ဌအဖြစ် တစ်ဦးထဲ အာဏာရ ငပေါက်ဖော်မှ သာ

စိစစ်ရွေးချယ်၍ ရမ်းသန်းဆုံးဖြတ်၍ နံကြားထောက်ကာ ရွေးချယ်ခဲ့ခြင်းဖြစ်ပါ၍ ဤရွေးချယ်မှုသည် လုံးဝဥသုံ

မဘုတ်ဆုံပင် မှန်ကန်ပါကြောင်း အယ်ဒီတာချုပ် သဂျီးအူးခိုင်မှ အသိအမှတ်ပြု လက်မှတ်ရေးထိုးပေးခဲ့ပါသည်။

သို ့ပါ၍ ဤဆုများကို သံသယမရှိ လက်ခံယူကြပါကုန်။အထက်ပါ ဆုရစာရင်းထဲတွင် နာမည်ပါသော မပါသော

ခလေးလူဂျီးဘုန်းကြီးပါမကျန် တစ်ဦးစီအား အယ်ဒီတာချုပ် အူးခိုင်မှ အမှတ်တရ ဂုဏ်ပြုလက်ဆောင်အဖြစ်

အိုင်ဖုန်း လိပ်တက်စ်ဗားရှင်း တစ်လုံးစီ ချီးမြင့်မည်ဖြစ်ပါ၍ ဆုလက်ခံလိုသောပုဂ္ဂိုလ်များသည်

ကျပ်ငွေဆယ်သိန်းထက်မနဲအား တာဝန်မခံအယ်ဒီပြာဖြစ်သော ငပေါက်ဖော်၏ ဘဏ်အကောင့်ထဲသို ့သွင်း၍

လူကိုယ်တိုင်ဖြစ်စေ..စာတိုက်မှဖြစ်စေ ထုတ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးရင်း တူးသောင်ဇင် အလဲဗင်း

အယ်ဒီပြာ့ချွိုက်စ် ပို ့စ် ဆုပေးပွဲအစီအစဉ်အား ခေတ္တရပ်နားလိုက်ပါကြောင်း။…………………..။

 

ပုံ၊

တာဝန်မခံ အယ်ဒီပြာ ငပေါက်ဖော် – အယ်ဒီတာချုပ်  အူးခိုင်(ကိုယ်စား.ခေါင်းစား.အမြီးစား..အကုန်စား)

ငပေါက်ဖော်@ဂေဇက်တီး ဒေါ့ကွမ်း

ရောက်တက်ရာရာမြို ့။

 

အောက်မှာ တီရှပ်တစ်ယောက်တစ်ထည်ယူသွား..မလုပ်ကြနဲ ့.ဒါဗျဲ

ဂေဇက် တီရှပ်
မလုနဲ ့..မရွေးနဲ ့...ဒါဘဲရှိလယ်..

 

ဂေဇက် တီရှပ်
အပေအတေခံအောင် အမဲဆောင်ဟဲ့

ကန်မလေးတွေအတွက် မေ့တွားလို ့.. အက်ဒစ်လုပ်ပြီး အင်္ကျ ီ ပြန်ဝယ်ပေးလိုယ်တယ်နော့..

ရော့..ရော့.ရော့…ကြိုက်သလောက်သာယူပေရော့..

ဂေဇက် တီရှပ်
တဂျီးက မေတ္တာလက်ဆောင်အနေနဲ ့ အရဂါး ပေးခိုင်းလိုက်ဒါပါ

*********************************** 😆 **********************************

 

ပေါက်ကရတော့ ရေးပြီးဘီ

ဂဲလုံးတွေမလာခင် ပြေးမှ

ဝှစ်..ဝှစ်…ဝှစ်…ဝှစ်..ဝှစ်…ဝှစ်…ဝှစ်..ဝှစ်…ဝှစ်…

 

97 comments

  • thit min

    December 28, 2011 at 10:00 pm

    အကြည်တော် ထမင်းငတ်မဲ့အရေးအသားပေဘဲ ညီရာ။
    စာကြောင်းတိုင်းကို ရီအောင်ရေးနိုင်ပါပေတယ်။
    တော်တော် တော်ပါပေတယ်။ ညစ်နေတာတွေတောင် ပျောက်သွားနိုင်တယ်။
    ရီလိုက်ရလို့ကျေးဇူးပါဘဲ။
    အကိုမှာ အစီအစဉ်တခုရှိပါတယ်။ ၂၀၁၂ ထဲမှာ မြန်မာပြည်ကမန်းဂေဇက်အဖွဲ့ဝင်တွေထဲက
    တကယ်ရွေးပြီး တကယ်လက်ဆောင်ပေးမယ်ဆိုတဲ့အစီစဉ်ပါ။
    သစ်မင်း၏ ရွေးချယ်မှုပေါ့။
    ဘာဆုဆိုတာတော့ ကြိုမပြောသေးဘူးနော်။ ဆာပရိုက်ပေါ့။

    • ငပေါက်ဖော်

      December 28, 2011 at 10:02 pm

      အဟေး..အဟေး…
      အကိုသစ်လက်ဆောင် ဘာပဲဖြစ်ဖြစ်..ဘသူပဲဖြစ်ဖြစ် လိုချင်မည်ဖြစ်ပါကြောင်း
      😆

  • inz@ghi

    December 28, 2011 at 10:06 pm

    တေဘီတေဘီ ….
    နေကုန်နီးပါး ငြိမ်နေလို့ ….အော် ..မအားရှာသလားပေါ့နော်…..
    ဘယ်ဟုတ်မလဲ …အယ်ဒီပြာ လုပ်နေဒါကိုး ….
    😀

    ပုံ …
    ဥဩစာရေးဆြာ…

    • ငပေါက်ဖော်

      December 28, 2011 at 10:08 pm

      ဥဩကို အရက်သမားလောကမှာ ဆန်ပြုတ်ရောင်းတယ်လို ့လဲ ခေါ်သကွဲ ့
      😆
      thx u

  • မှော်ဆရာ

    December 28, 2011 at 10:13 pm

    ဝိုင်းဆု တို၏ မတို၏ ပိုစ့်များဖြင့်လဲ ဘရုတ်ကို ဆုပေးချင်သေးတယ် …

  • MaMa

    December 28, 2011 at 10:14 pm

    ရေမရောတဲ့ ပုလင်း ဟူသော ခေါင်းစဉ်ဖြင့် မောင်ပေါက်ဖော်က ၂၀၁၁ ပုလင်းယိမ်းမှ ပြိုင်ဘက်မရှိ တစ်ဦးတည်း ဒုတိယဆုကို ဆွတ်ခူးရရှိသွားပါကြောင်း။
    (တစ်ယောက်တည်းဝင်ပြိုင်တာ အရိပ်ထွက်လို့ ဒုတိယဆု ဖြစ်သွားတယ်။) 😆

  • htoosan

    December 28, 2011 at 10:21 pm

    အူတက်လို့ ကတော့ တရားခံ ကိုပေါက်ဖော် ဘဲ . 😀 😀 😀

  • pooch

    December 28, 2011 at 10:30 pm

    တော်လိုက်တာ ………
    ဒီနှစ်အကောင်းဆုံး သရော်စာဆု မစ္စတာပေါက်ဖော်ကို ရွေးလိုက်တယ် (ကိုယ့်သဘောနဲ့ကိုယ်)….. :mrgreen:

    တီရှပ်က အဖြူရောင်ယူသွားတယ်….thanks..

    anyway, really like your humour sense…, you are really smart at satire.
    What a brilliance !!!!!!!!!!!!!!!

    ပုံ …..

    (ပုဂံချစ်သူ)

    မှတ်ချက် ။ ။ ပုဂံကို ဇလုံဖြစ်အောင်လုပ်မည့် မည်သူ့ကို မဆို တွေ့ရာသချင်္ု ိင်း ဓားမဆိုင်း မိုးအဆုံး မြေအနှံ့ လိုက်လံချေမှုန်းပါမည်။

    • windtalker

      December 30, 2011 at 7:54 pm

      ဟုတ်ထယ်
      တို ့လဲ ပုအတိုင်း ပါဘဲ
      ပုရေ ညီစေနှော
      ပုံ
      မစ်စတာပေ

  • hmee

    December 28, 2011 at 10:41 pm

    ရေးလည်းရေးတတ်ပါ့။ ဆုတွေသာ အကုန်ပေးရရင် သဂျီး မွဲမှာပေါ့။ 🙂

  • nigimi77

    December 28, 2011 at 11:49 pm

    မွေးမေလေ့……

    ကံကောင်းလို ့ ဇဂါတင် အထဲမှာ မပါဒါ….

    သို ့သော်လည်း …..Best ဆဲသမား ဇဂါတင် မှာ ငါ့ကို ချန်ထားရင်

    နင်လည်း မီးဒုတ်ပဲ…..။ 🙂

    • ငပေါက်ဖော်

      December 30, 2011 at 4:44 pm

      အများနဲ ့ ဆိုင်သော ဆိုလို ့
      ဘတူနဲ ့မှဆိုင်ဘူး ဆိုပြီး ရွဲ ့ထားတာ
      😆

  • တညင်သား

    December 29, 2011 at 1:40 am

    တော်ပါပေတယ် ကိုပေါက်ဖော်………..အရန်ခုံမှာ ထိုင်နေတဲ့သူကိုတောင် ရွှေဆွဲပြားချီးမြှင့်သေးတယ်နော်… 🙂 🙂

  • kai

    December 29, 2011 at 5:11 am

    အမှန်ကတော့….
    ကိုရင်ပေါက်ဖေါ်ရဲ့.. ရေးနည်းလမ်းညွှန်က.. ရွာထဲဝင်သူတိုင်းဖတ်ကြရမဲ့ စာကြီးမို့.. ဘယ်သူရွေးရွေးမရွေးရွေး… ထိပ်မှာတက်ထိုင်နေတာကြီးဗျာ…။

    ပြီးတော့…
    အခု အယ်ဒီပြာရွေးထားတာတွေကလည်း… စာတည်းချုပ်ရွေးမှာနဲ့.. ကွက်တိပါပဲ..။ 🙂

  • Khin Latt

    December 29, 2011 at 5:20 am

    Post & T Shirt တွေ အတွက် ကျေးဇူးပါ။
    အမဲရောင် ကြိုက်ပေမဲ့ ကျားဝတ် ဖြစ်နေသလားလို့။ အဖြူလေးဘဲ ယူသွားပါတယ်။ 😉

  • small cat

    December 29, 2011 at 6:54 am

    ပေါက်ဖော်
    မျောက်ကျော်
    နောက်သနော်

  • yaungchikha

    December 29, 2011 at 8:39 am

    ကျနော်ရမယ့် တီရှပ်လက်ဆောင် ကိုပေါက်ဖော်ကြီးကို ပေးခဲ့ပြီ အရေးအသား ဂွတ်လို့ ……… 🙂

  • blackchaw

    December 29, 2011 at 9:42 am

    ပေါက်ဖေါ်ရေ။
    တီရှပ် အဖြူလေး ယူမယ်ဗျာ။

  • Shwe Tike Soe

    December 29, 2011 at 9:50 am

    ကိုဖော်ကြီး ကျွန်တော်အတွက် တီရှပ်အဖြူတစ်ထည့်ချန်ထားပေးအုံးနော်.. ခရီးသွားနေလို. 😀

  • amatmin

    December 29, 2011 at 10:06 am

    ကပေါက်ဖော်ရေ..
    စမတ်ဖုန်းကို ခင်ဗှားပဲ ယူလိုက်တော့နော်..
    ပြီးတော့ ဘီယာပြန်တိုက်.. 🙂

  • နီကီတာ

    December 29, 2011 at 10:11 am

    တီရှပ်အဖြူပဲ့ယူမယ်
    အယ်ဒီပြာကြီး အိမ်တိုင်ရာရောက်ပို့ပေးတဲ့
    ဝန်ဆောင်မှုမရှိဘူးလား ဟင်… 😀

  • ဆူး

    December 29, 2011 at 10:11 am

    တီရှပ်ပဲလား.. မိန်းမ ဝတ်လည်း မပါဘူးနော်။ ညက်နှာ လိုက်အိတာ..

  • ကြောင်ကြီး

    December 29, 2011 at 10:19 am

    ဘီအီးဒီစီမြန်မာဝှိုက်ဝီစကီမှ စပွန်ဆာလုပ်ပေးတဲ့၂၀၁၁ခုနှစ် အကောင်းဆုံး သဘာဝမင်းသားဆုကိုတော့ မူးလိုက်တာ သွက်သွက်ခါ ဇာတ်ကားနဲ့ ခေါင်းခါးခြေလက် တကိုယ်လုံးလှုပ်ခါပြီး သရုပ်ဆောင်သွားတဲ့ ဟောင်ကောင်မင်းသား (ငါ့) လုပေါက်ဖော်မှ ရရှိသွားပါတယ်…။

  • နွယ်ပင်

    December 29, 2011 at 10:24 am

    ပေါက်ဖော်ရေ ရေးလိုက်ရေးတက်ပ ဘာတဲ့ “တစ်ဂထဲ ရင်ထဲကအာ” ဆိုပါလား
    ဟိဟိ ဒီစကားလုံးကိုတော့ ခိုက်သွားပြီ ဒါနဲ့ တီရှပ်အဖြူတစ်ထည် ယူသွားတယ်နော် …. 😛

  • blackchaw

    December 29, 2011 at 11:29 am

    ဟဲလို တက်စတင် တက်စတင် ဝမ်းတူးသရီး
    ပေါက်ဖေါ် ကြားရလား အကြောင်းပြန် ဒါပဲ

    • ငပေါက်ဖော်

      December 29, 2011 at 8:00 pm

      ကျားမရဘူး
      တောက်တဲ့ပဲရတယ်
      သွားရောင်းပြီး အမေဒိကန် သွားလည်ရအာင်

  • etone

    December 29, 2011 at 11:39 am

    ကပေါက်ဖော်ကတော့ … လုပ်ပြီ … ။
    ရယ်ရလွန်းလို့ …အူတွေလည်း နာ ..ပါးစပ်လည်း စေ့မရတော့ဘူး … အရယ်ရဆုံးလို့ထင်တဲ့စာတွေကတော့ …
    ဆူရှီလိပ်ရာ လက်အိတ်မပါ
    ဆိုင်ကယ်စီးရင် စကတ်ခါးတောင်းကျိုက်စီးပါ
    ဖျာလိပ်ထဲမှာ ပေါင်းတင်ပါ
    တစ်ဂထဲ ရင်ထဲကအာ 😆

  • char too lan

    December 29, 2011 at 12:39 pm

    အာ…မယ်….. ငပေါက်ဖော်
    လူကိုများ ခေါင်း (၎င်း) လေးဘာလေးနဲ့
    အလုပ်ဆွဲခန့်ပစ်လိုက်မယ်
    ဘာအောက်မေ့နေလဲ … ဟဲဟဲ 😀 😀
    ———————————-
    ၆ရမ်းရီရဒယ် ရွှေဉာဏ်တော်စူးရောက်ပါပေတယ်
    ဆြာပေါက်ရယ်……..

  • nozomi

    December 29, 2011 at 12:54 pm

    အရေးအသားက ကောင်းမှ ကောင်းဗျို့
    ဒီ အရေးတွေနဲ့ အမ်ဂျီ ကို ထိန်းထားတာ
    အဲလို ရေးဟန်မျိုး ရေးတတ်ချင်လိုက်တာ

  • ပေါက်ခြင်းတူရင် ပေါက်တို့ကအရှုံးပေးလိုက်မယ် ပေါ်က်ငယ်လေးရေ
    အဲဒီဇာတ်လမ်းရေးရအောင်နော်

  • ကိုရင်စည်သူ

    December 29, 2011 at 1:21 pm

    ရေးလည်းရေးတတ်တဲ့ ငပေါက်ဖော်…
    ဘာမှလုပ်မနေနဲ့တော့ ရှက်ကီထုရင်း
    ကလောင်စွဲပေတော့ဗျာ..
    နီကိုရဲ ဆုံးပြီးတော့ လူငယ်ခြေတက်
    ဟာသစာရေးဆြာ ငပေါက်ဖော်က နေရာဝင်ယူမည်ဖြစ်ပါသည်… 😎 😎
    ကြိုက်တယ်ဗျာ… လက်ခုပ်တီးပြီး ဝီစိမှုတ်အားပေးသွားတယ်…

  • koaung

    December 29, 2011 at 1:45 pm

    ဒေါ်လှတူလေးကပေါက်ဖော် ဒါကြောင်လဲနာမည်ကျော်တာကိုး ပုံ (ဂလုဂလု ပညာရှင်)

  • mashwetote

    December 29, 2011 at 2:30 pm

    တစ်ပုဒ်ထဲရေးပြီး ဆုရတာငါကွ။ ဟီးဟီး။ ဒါကြောင့် ၂၀၁၁ မှာဝင်တာ။ 😆

  • စုံ စုံ

    December 29, 2011 at 3:21 pm

    အမယ်လေး ရီလိုက်ရတာဖတ်ဖတ်မော ရင်ဘတ်နောက်ကကျော 😛 😛 😛

    ကိုပေါက်ဖော်ရေ တကယ်ကိုဟာသမြောက်ပါတယ်
    အားလုံးကိုလဲစဥ်းစားပြီးရေးတတ်လွန်းလို့ချီးကျူးပါရဲ့
    အရေးအသားကောင်းပုံကတော့ တော်တီးတီးတော်ဘဲ…

  • Novy

    December 29, 2011 at 4:29 pm

    ကပေါက်ဖော်.
    ကြိတ်ပြီး ဖျာလိပ်ထဲမှာ ပေါင်းတင်မနေနဲ့နော်
    မတော်လောင်သွားရင် ဒွတ်ခ;p

    ps
    တီရှပ်က ခရမ်းရောင် မပါလို့ မယူတော့ဘူး
    ကပေါက်ဖော်ပဲယူလိုက်တော့

  • “ဘီလူးကြီး”ogre

    December 29, 2011 at 7:05 pm

    ငပေါက်ဖော်
    ရီရတာ ထွက်ကုန်ပြီးဟဲ့
    ““ဘာထွက်ထွက်နင့်အပူမပါဘူးပြန်မမေးနဲ့””….ဒါဗျဲ 🙂 😛

  • nature

    December 29, 2011 at 7:53 pm

    ပေါက်ဖော်အရက်ထဲ ရေရောသောက်နေရခြင်းသည် ပွိုင့်ပေးသောသူကြီးနှင့်သာ သက်ဆိုင်ပါကြောင်း။

  • ငပေါက်ဖော်

    December 29, 2011 at 7:56 pm

    သများကို ပေါက်ကရရေးလို ့ချိုဘီး ဂဲနဲ ့များ ထုကြမလားရို ့
    သများက ကြောက်ပီး ပုန်းနေဒါ
    တော်တေးဒယ်…ညှင်း..ညှင်း..ညှင်း..

    သများလဲ
    ထောင်ချီတဲ့ရွာစားတွေထဲက မှတ်မိသလောက်ရွာစားတွေသာ ဖော်ပြပေးနိုင်တာမို ့
    အယောက်စေ့မပါဖြစ်တာ သများတောင်းပန်ပါရစေ..

    သများကို ကားဝယ်ပေ..
    အဲဟုတ်ဝူး….သများကို နားလည်ပေးဘာနော်
    သများတောင်းပန်ဘာဒယ်

    သများကို မြှောက်ပေးကြတဲ့ အူးခိုင်နဲ ့..ရွာစားအပေါင်းအား သများက
    များကြီး ကျေးဇူးတင်ပါလယ်ချင့်

    • MaMa

      December 30, 2011 at 6:51 am

      အင်းးး ခုမှပဲ မာမီပုရဲ့ ဘက်တော်သား မာမီပေါက်ဖြစ်မှန်း သိတော့တယ်။
      ပုန်းနေတာ မသိလိုက်ဘူး။
      ပုန်းအောင်းနေတာကို ဆိုလိုခြင်းပါ။
      (ကိုယ့်စိတ်နဲ့ကိုယ် တလွဲတွေးမိမှာစိုးလို့ )
      😆

  • comegyi

    December 29, 2011 at 11:34 pm

    လက်ဆောင်ပစ္စည်းများကို
    လာရောက်ထုတ်ယူနိုင်ပါပြီ
    သို့သော် တယ်လီဗေးရှင်းမှ တစ်ဆင့်
    ထုတ်ပေးသွားမည် ဖြစ်ပါသည် …..

  • padonmar

    December 30, 2011 at 12:47 am

    လူစွမ်းကောင်း ကပေါက်ဖော်ရေ၊
    ဒီလောက်များတဲ့ ရွာသူရွာသားတွေကို သူ့စာနဲ့သူသာမှတ်ရုံမက ဟာသ ကလေးတွေပါ ရေးပေးနိုင်တဲ့ တကယ့် လူစွမ်းကောင်းပါဘဲ။
    နောက်တစ်ခါ မီးမီးစာမူတွေများ တူတို့မသွားရင် အားကိုးပရစေနော်။

    တီရှပ် မဝတ် ယူမယ်နော်။
    တကယ့် တီရှပ်ဆိုလည်း သိပ်တော့ စားရိတ်မကုန်ပါဘူး၊
    သဂျီးက ပေးမယ်ဆိုရင် ပေးနိုင်လောက်ပါတယ်နော။(Hybrid ကားကြီးတောင်စီးတာလေ)

    • nature

      January 1, 2012 at 12:58 pm

      သူကြီးက တီရှပ်လောက်ကို စကားထဲထည့်မပြောဘူး။ သူကြီးသိက္ခာကျတယ်။ ရွာသားတွေကို HIBIRD လက်ဆောင်ပေးမလို့တဲ့။
      HI= မြင့်မားသော
      BIRD=ငှက်
      HIBIRD=အမြင့်တွင်ပျံသောငှက်
      သို့သော်လည်းသိပ်မြင့်မြင့်ပျံတာတွေကို မဖမ်းနိုင်သောကြောင့် ရွာသားမျာအားလက်ဆောင်ပေးရန် ခပ်နိမ့်နိမ့်ပျံသော ပုဇဉ်းများကို လိုက်လံဖမ်းဆီးနေပါကြောင်း။

  • ကြေးမလောင်

    December 30, 2011 at 5:40 pm

    ကြေးမလောင် ကိုကော ဆု မပေးဘူးလားဟင်..
    ပိုစ်တော့ မတင်ရသေးဘူး ကွန်မန်းတော့ လိုက်ပေးတာ မနည်းတော့ဘူး။
    တခုလောက်တော့ ပေးပါနော်.. သူများ ရတော့လည်း တခုခုတော့ ရချင်တယ်။
    ကောင်းတာလေး ပေးနော်..

    • ငပေါက်ဖော်

      December 30, 2011 at 7:51 pm

      သေးမပြောင်တဲ့ ချေးကောင် ဟူသောခေါင်းစဉ်ဖြင့် ကြေးမလောင်က လဂေါင်း
      😆

  • zaw min

    December 30, 2011 at 7:10 pm

    ပေါက်ဖေါ်တို့က လုပ်ချလိုက်ပြန်ပြီ…ဂွတ်ထ…ဂွတ်ထ..
    ကွန်မန်းတွေပြန်ရေးရင်းနဲ့ ပေါက်ဖေါ်တစ်ယောက်….မာမီပုနောက်လိုက်သွားပါရောလား…
    တော်ကြာ…ပုလင်းကိုင်နေရာက ပန်းကလေးကိုင်ပီး ဖင်ကလေးရမ်းနေတာမြင်ရောင်မိတယ်..

  • ငပေါက်ဖော်

    December 31, 2011 at 10:00 pm

    ရွာဆူရွာစား အပေါင်းတို ့ချင့်
    သများတို ့ဆုရပုတ်ဂိုတွေကို လေလှိုင်းကြားကပဲ ပေးပြီး
    အပြင်မှာ အရူးကွက်နင်းနေတဲ့ တဂျီးကို ပြင်းပြင်းထန်ထန်
    အထူးသဖြင့် ရောဘတ်တိုကားလို ့စ် ရဲ့ ကစ်ခ် လောက် ပြင်းတဲ့ ကစ်ခ် ချက်မျိုးနဲ ့ ကစ်ခ် ပြီး
    အရေးယူပေးပါချင့်

    ပုံ၊
    သများ

  • weiwei

    January 1, 2012 at 12:17 pm

    အခုမှဖတ်မိတယ် …. နှစ်သစ်မှာ ရယ်ရလို့ ကျေးဇူးပါပဲ ..
    ဒါပေမယ့် ဆူးနဲ့ဝေဝေကို ဆုတစ်ခုထဲပေးလိုက်တော့ ဘယ်လိုခွဲယူရမလဲ သိတော့ဘူး …
    ဝေစုမတည့်လို့ နောက်ထပ်တစ်စုလောက် ထပ်တိုးပေးပါအုန်းနော် …

    • ငပေါက်ဖော်

      January 1, 2012 at 9:38 pm

      ဇရာငင်သည့် ဆံဖြူရှင် ဟူသောခေါင်းစဉ်ဖြင့် ဝေဝေက လဂေါင်း

      😆
      အရဂါးနောက်ဒါ

  • KING

    January 1, 2012 at 6:54 pm

    တာဝါပေါ်တက် ရှူရှူးထွက် တာ ဟုတ်ဝူး
    ဒီဟာဖတ်မှာ တကယ်ထွက်တာ …. 🙂
    ညစ်နေတာတောင် ပျောက်သွားပီ … 😛
    ကျေးဇူး မာမီဖော် … အဲ မွှားလို့ ဦးဦးဖော် … 😀

Leave a Reply