စိတ်ကျရောဂါ ကာကွယ်နည်း

khinmintatthuMay 29, 20101min741

မိမိကိုယ်တွင် စိတ်ကျရောဂါ မဝင်ရောက်စေဘဲ ရင့်ကျက်သော သဘော ကာယနှင့်

ကြံ့ခိုင်တည်ကြည်စွာ နေနိုင်သောနည်းများကို စိတ်ပညာ ဆိုင်ရာ သုတေသန

ပညာရှင်များက အချိန်ယူ လေ့လာခဲ့ပြီး ဖော်ထုတ်ထားခဲ့ကြသည်. .. ထိုနည်းများကား

သိပ္ပံနည်းကျ၍ စိတ်ကျရောဂါ မဝင်နိုင်အောင် ဟန့်တားနိုင်စွမ်းရှိကြ သဖြင့်

စိတ်ကျန်းမာခြင်းကိုအလိုရှိသူတိုင်း၊လိုက်နာသင့်ကြပါသည်. . .


ယင်းနည်းလမ်းကောင်းများမှာ-

၁။တုံ့ပြန်မှုတိုင်းကို၊တည်တည်ငြိမ်ငြိမ်၊ရင်ဆိုင်နိုင်အောင်၊လေ့ကျင့်ထားပါ။

၂။လူသားတစ်ဦး၏၊တာဝန်ဝတ္တရားနှင့်၊လွပ်လပ်မှုကို၊ခွဲခြားနားလည်ပါ။

၃။ရယူလိုသောစိတ်ထက်၊ပေးခြင်းကို၊ပို၍၊ဦးစားပေး၊မွေးမြူပါ။

၄။ပြိုင်ဆိုင်ခြင်းထက်၊အချင်းချင်း၊ပူးပေါင်းဆောင်ရွက်တတ်အောင်၊သတိပြုပါ။

၅။မိမိရရှိထားသောဘဝနှင့်၊အပ်စပ်ဆီလျော်၊ထိုက်တန်သလောက်သာ

ရယူသုံးစွဲတတ်သော၊စိတ်ကို၊ပျိုးထောင်ပါ။

၆။ခေတ်မှီခြင်းသည်၊အတိုင်းအတာ၊တစ်ခုအတွင်း၌သာ၊တင့်တယ်လျှောက်ပတ်ကြောင်းကို နားလည်ထားပါ။

၇။ထူးထွေဆန်းပြားသော၊အရာများအပေါ်၊ညွတ်တတ်သော၊အာရုံများကို ထိန်းသိမ်းစောင့်ရှောက်ပါ။

၈။မိမိဘဝ၊တိုးတက်ကြီးပွားအောင်၊အစဉ်ကြိုးစားနေရမည်၊မှန်သော်လည်း

လက်ရှိရထားသော၊ဘဝအခြေအနေကို၊ဝမ်းမြောက်ဝမ်းသာ၊လက်ခံပြီး၊ဖြစ်သမျှ၊ရှိသမျှအပေါ်၊ရောင့်ရဲ၊ကျေနပ်တတ်သော၊စိတ်ကို၊မွေးမြူပါ။

(၉)အလိုရမ္မက်ကြီးမှု၊ပြိုင်ဆိုင်မှု၊ဂလဲ့စားချေမှု၊တစ်ကိုယ်တော်ပလွှားလိုမှုတို့သည်

နိမ့်ကျညံ့ဖျင်းသော၊စိတ်ဓာတ်များ၊ဖြစ်ပြီး၊ကြင်နာခြင်း၊၊မေတ္တာထားခြင်း၊

အများကောင်းစားသည်ကို၊ဝမ်းမြောက်ခြင်း ၊ ခွင့်လွှတ်သည်းခံခြင်းတို့သည်၊အပြု

စိတ်ထား၊အရည်အချင်းများ၊ဖြစ်သည်ကို၊နားလည်သဘောပေါက်ပါ။

(၁၀)စိတ်ကူးယဉ်ဘဝထက်၊လက်တွေ့ဘဝကို၊စိတ်ဝင်စားပါ။

(၁၁)မိမိဖြစ်စေချင်သလို၊မဖြစ်၊၊မဖြစ်ချင်သော်လည်း၊ဖြစ်လာတတ်သော

လောကဓမ္မတာသဘောကို၊လက်ခံ၍၊မိမိသဘောအတိုင်း၊ဖြစ်မလာသည့်အခါ

ကျေနပ်စွာနေနိုင်သော၊စိတ်မျိုးအတိုင်းမွေးမြူပါ။

သို့မှသာလျှင်၊ရခဲလှစွာသော၊လူ့ဘဝကို၊ရလာသူတိုင်းသည်၊အသက်ရှင်နေထိုင်ရသော

သုခတို့ဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ကြမည် ဖြစ်ပါသည်။

forverfriends မှ ရေးသားထားသော အကြောင်းအရာဖြစ်ပါသည်…. ကျွန်တော်လည်း ကြိုက်ပါတယ်….မဖတ်ရသေးသူများအတွက်လည်း တင်ပြပေးခြင်းဖြစ်ပါတယ်……

One comment

  • winne

    July 16, 2010 at 9:10 am

    တရားနဲ့ အညီ နေထိုင်ခြင်းနဲ့ မကွာပါဘူး အတ္တမကြီး ဒေါသမကြီး လောဘမကြီး နဲ့ သူများကို သည်းခံခွင့်လွတ်ပေးရင် အဆင်ပြေမှာဘဲ အတူတူဘဲ

Leave a Reply