မန္တလေးဂေဇက်ဧ။် ပထမဆုံးသော စုပေါင်းအလှူ

etoneJanuary 5, 20121min1576126
၂၀၁၂ မှာ သဂျီးနဲ့တကွ ရွာသူ ရွာသားများနဲ့ စာဖတ်သူ အားလုံးပဲ စိတ်ချမ်းသာ ၊ ကိုယ်ကျန်းမာပြီး လာဘ်လာဘတွေ ပွင့်လန်းပါစေလို့ ဆုတောင်းပါတယ်။
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က DVB ကနေ နာရေး ကူညီမှုအသင်းအကြောင်း ရိုက်ထားတဲ့ ဗီဒွီယိုအပိုင်းတိုလေးကို အမှတ်မထင် ကြည့်လိုက်ရပါတယ် ။  အယုတ် ၊အလတ် ၊ အမြတ်မရွေး သေဆုုံးမှု နာရေးဖြစ်တာနဲ့ အခကြေးငွေ တပြားမှ မယူပဲ အခမဲ့ လိုက်လံကူညီဆောင်ရွက်ပေးနေတဲ့ သူတို့ လုပ်ရပ်ကိုကြည့်ပြီး သာဓုခေါ်လို့ မဆုံးပါဘူး ။ ဒါ့ပြင် အခမဲ့ ကုသိုလ်ဖြစ် ဆေးခန်းကိုလည်း တိုးချဲ့ ဖွင့်လှစ်ပေးပါသေးတယ် ။ မသန်မစွမ်းသူတွေ အဆင်ပြေပြေ သွားလာရန်အတွက်လည်း ၊ အထောက်အကူပြု ပစ္စည်းတွေ သုံးပြီး ဖေးမကူညီ ပို့ဆောင်ပေးတာ တွေ့ရပါတယ် ။လူတွေသေပြီဆိုလျှင် ဘယ်သူကမှ မထိချင် မကိုင်ချင်တော့ပဲ ကြောက်ရွံ့ စက်ဆုပ်တတ်ကြပါတယ် … ဒါ့ပြင် ရှေးအယူစွဲတွေကြောင့် ရွာပြင်မှာ သေလျှင် ရွာထဲ ပြန်မသယ်လာရတာမျိုး ၊ အသုဘယာဉ် ကိုယ့်အိမ်ရှေ့မရပ်ရတာမျိုး .. မဖြတ်ရတာမျိုး စသဖြင့် အမျိုးမျိုးကြုံတွေ့ခဲ့ကြရပါသတဲ့ ..  ။ ဒါတင်မကပဲ … ရထားကြိတ်လို့ သေတဲ့ လူ ၊ ရေနစ်လို့ သေတဲ့ လူ ၊မီးလောင်လို့ သေတဲ့ လူ .. ဆွဲကြိုးချ သေတဲ့လူ စသဖြင့် ပုံဆိုး ပန်းဆိုး သေတဲ့ လူတွေကိုလည်း နာရေး ကူညီမှုအသင်းက ကူညီပို့ဆောင် သဂြိုလ်ပေးပါသေးတယ် ။ ဘယ်လောက်ပဲ ခက်ခဲတဲ့ လမ်းပဲဖြစ်ဖြစ် ၊ သယ်ဆောင်ရမလွယ်တဲ့ လမ်းဖြစ်ဖြစ် နာရေးကူညီမှု အသင်းသားတွေရောက်အောင်သွားပြီး ခက်ခက်ခဲခဲ သယ်ဆောင်ကြတဲ့ မြင်ကွင်းမျိုးမြင်ရတဲ့အခါ ကြက်သီးထရလောက်အောင် ချီးကျူးစိတ်တွေဖြစ်မိပါတယ် ။ ဒါကြောင့်လည်း နာရေး ကူညီမှုအသင်းမှာ အလှူငွေ သွားလှူချင်စိတ်ဖြစ်လာမိပါတယ် ။ အဲ့ဒီအကြောင်းကို ရွာသား ရွှေတိုက်စိုးနဲ့ ပြောပြမိတော့ သူလည်း သဒါ္ဓပေါက်ပြီး တတ်နိုင်သလောက် အတူအလှူလုပ်ချင်တယ်လို့ပြောရာက … စုပေါင်းအလှူလုပ်ဖို့ အကြံကို ရခဲ့ပါတယ် … ။ ဒါ့ကြောင့် ကျွန်မတို့နှစ်ယောက်မှ စတင်ပြီး ဂေဇက်ရွာရဲ့ ပထမဆုံး စုပေါင်း အလှူဖြစ်မြောက်အောင် လုပ်မယ်လို့ တွေးမိတာကြောင့် …  တတ်နိုင်သလောက် ၊ ကုသိုလ်ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်နော် ။ ဆန်တစေ့ချင်းစီပေါင်းမှ ဆန်တအိတ်ဖြစ်သလိုပါပဲ … နည်းတာများတာ က ပဓါနမဟုတ်ပါဘူး ….။ တတ်နိုင်သလောက်ထည့်ဝင်နိုင်ပါတယ် ။
 ပထမအလှူအောင်မြင်တာနဲ့ နောက်ပိုင်းအကြိမ်တွေပါ ထပ်ပြီး တခြားသော မိဘမဲ့ကလေးဂေဟာတို့ ၊ ဘုန်းကြီးပညာသင်ကျောင်းတို့ ၊ ဆွံ့အနားမကြားကျောင်းတို့ စသဖြင့် အလှည့်ကျ လှူဒါန်းသွားဖို့ကိုလည်း စဉ်းစားထားပါတယ် ။
အစ်မဆူးတို့ အစ်မနွယ်ပင်တို့ကလည်း တတ်နိုင်တဲ့ ဘက်က ကူညီနှိုးဆော်ပြီး ပါဝင်ကုသိုလ်ယူမယ်လို့ပြောပါတယ် ။ ဒီလိုပါပဲ အထက်မြန်မာပြည် မန္တလေးက ပေါက်ပေပု အသင်း ကိုယ်စား လေးပေါက်ကြီးကလည်း လှိုက်လှိုက်လှဲလှဲ ကူညီပူးပေါင်းပြီး ကုသိုလ်ပါဝင်ပါမယ်တဲ့လေ ။ ၂၀၁၂ကနေ စပြီး ဂေဇက်ရွာရဲ ့စုပေါင်း အလှူအနေနဲ့ ပရဟိတ္တလုပ်ငန်းတွေကို လက်လှမ်းမှီသလောက်လုပ်ကြပါစို့လို့ နှိုးဆော်တိုက်တွန်းပါတယ် … ။
ပထမဆုံးအလှူအနေနဲ့ နာရေး ကူညီမှုအသင်းကို လှူဒါန်းပါမယ် ။ ယနေ့မှစ၍ အလှူငွေကောက်ခံမှာဖြစ်ပြီး အောက်ပါဖုန်းနံပါတ်များသို့ ချိတ်ဆက်လှူဒါန်း ကုသိုလ်ယူဖို့ ဖိတ်ခေါ်ပါတယ် ။ အလှူငွေကောက်ခံမှုကိုတော့ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ (၁၀) ရက်နေ့အထိကောက်ခံပေးမှာဖြစ်ပြီး မန္တလေးမြို့မှာတော့ ဖေဖော်ဝါရီလ (၅)ရက်နေ့ နောက်ဆုံးထားပြီးကောက်ခံပေးမှာပါ ။ ၂၀၁၂ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်တော့ နာရေး ကူညီမှုအသင်းကို သွားရောက်လှူဒါန်းမှာ ဖြစ်ပါတယ် ။ အလှူငွေထည့်ဝင်ရုံတင်မဟုတ်ပဲ … သွားရောက်လှူဒါန်းရာတွင် လိုက်ပါဖို ့ကိုလည်း ဖိတ်ခေါ်ပါတယ် ။
မန္တလေးမြို့ – ********* / ပေါက်ပေပုအဖွဲ့ သို့လည်းကောင်း
ရန်ကုန်မြို့ -*********/ AKKO
                     ********* / ရွှေတိုက်စိုး
                     *********/ etone
                     *********/ ET       သို့လည်းကောင်း ပါဝင်ကုသိုလ်ယူ လှူဒါန်းဖို့ ဖိတ်ခေါ်ပါတယ်

126 comments

  • small cat

    January 6, 2012 at 8:33 pm

    နယ်ကနေလှူချင်ပါတယ်၊ ဘဏ်ကနေငွေလွှဲလိုက်ပါ့မယ်။ သွားရောက်ထုတ်ယူနိုင်မည်ဆိုပါက အနီးဆုံး(သွားထုတ်ယူနိုင်မည့်)မွေး/ရေဘဏ်တစ်ခုကိုပြောပါ၊ထုတ်ယူမည့်သူ နာမည်နှင့်မှတ်ပုံတင်ကို ဦးကြောင်လေးရဲ့ ပီအမ်ကိုပို့လိုက်ပါ။

    • etone

      January 7, 2012 at 9:24 am

      ကိုကြောင်လေးရေ … အသေးစိတ်ကို အီးမေးလ်ကနေတဆင့် ပြန်ပို့ပေးပါမယ် ။ မန္တလေးက ဘဏ်ကို လွှဲပေးရမှာပါ ။ ရွှေတိုက်စိုးတယောက် မန္တလေးသွားရင်း ဝင်ထုတ်ခဲ့ပါလိမ့်မယ် … ။

  • အင်မတန်မှကို လုပ်သင့်တဲ့ အလုပ်မို ့လို ့ တတ်အားသရွေ ့ကူညီပါမယ်။
    မန္တလေးဂေဇက် ကောင်းမှုပေါ့ဗျာ နော် မမအိတုံရေ…

  • Gipsy

    January 6, 2012 at 11:08 pm

    ဟိုက်… အလှုခံပါတယ် ဆိုမှ … အနီတွေ က..ဘာကြောင့်လဲ ..?

  • kyawmonkhant

    January 7, 2012 at 7:29 am

    စာဖတ်ပြီးကတည်းက လှူဖို့ စဉ်းစားထားပါတယ်။ ဖုန်းတောင် ဆက်ကြည့်မလို့။ သူများတွေအခြေအနေကြည့်နေတာ။ အခု လက်ခံပြီဆိုရင်လဲ လှူချင်ပါတယ်။ နောက်မှဆို သဒ္ဓါတရားဆိုတာလဲ ပြောင်းသွားနိုင်တယ်လေ။ လှူစရာကလဲ ပျောက်သွားနိုင်တယ်။ နဲသည်များသည်မဟုတ် လက်ထဲရှိနေတုန်းလှူချင်ပါတယ်။

  • nayminn

    January 7, 2012 at 10:23 am

    လှူဒါန်းပါမည်…။

  • phone_kyaw

    January 7, 2012 at 11:16 am

    ကျနော်လည်း လှူချင်ပါတယ်ဗျာ။ အိတုန် ဖုံးနံပါတ်ကို ဆက်လို ့ရလားမသိဘူး။ ကျနော်က ဟွန်ဒီနဲ ့လွှဲရမှာဆိုတော့ သွားထုတ်ပေးမဲ့လူ လိုသေးလို ့ပါ။ 0973144421/ etone
    ဖြစ်နိုင်မဖြစ်နိုင် အကြောင်းပြန်ပေးပါဗျာ။ wgdperth@gmail.com ကို ဖြစ်နိုင်ရင် ဂျီတော့မှာ အက်ထားစေချင်ပါတယ်။

    သာဓုပါ ။

    • etone

      January 9, 2012 at 8:57 am

      ကိုဘုန်းကျော်ရေ ပါဝင်ကုသိုလ်ယူချင်တဲ့အတွက်တော့ သာဓုပါနော့ ။
      ကျွန်မတို့ ဒီနေ့ ဘဏ်မှာ အကောင့်သွားဖွင့်ပါမယ် … လှူဒါန်းတဲ့ လူတွေလည်း ဘဏ်ကနေတဆင့် ငွေသွင်းပြီး လှူဒါန်းလို့ရပါတယ် ။ နိုင်ငံခြားငွေ လက်ခံလွှဲပြောင်းပေးတဲ့ ဘဏ်တွေကတဆင့် လှူဒါန်းမယ်ဆိုလျှင်လည်း အဆင်ပြေပါတယ် ။

      ဘဏ်ကနေ လွှဲလို့အဆင်မပြေတော့မှ တခြားနည်း စဉ်းစားတာပေါ့ … ။ အီးမေးလ်ကိုလည်း မှတ်ထားပါတယ် ။

  • wanwan

    January 7, 2012 at 11:53 am

    မမအိတုံကို ဆက်သွယ်ပြီးလှူဒါန်းလိုက်ပါမယ်

  • zaymdy

    January 8, 2012 at 12:47 pm

    နာရေးကူညီအသင်းမှာ သွားလှူဖို့စိတ်ကူးမိတာ ကြာပါပြီး တစ်ယောက်တည်း အားနဲ. မတတ်နိုင်လို.ပါ အခုလို. မန်းဂေဇက်က ရွာသားတွေနဲ. အတူစုပေါင်းလှူခွင်.ရတော.မယ်ဆိုတော. ဝမ်းသာမဆုံးပါခင်ဗျာ

  • maungmoenyo

    January 9, 2012 at 8:02 am

    သကြီးမင်းခင်ဗျား-ရန်ကုန်၊ မန္တလေးနဲ့မြိုးအနှံ့ကတော့ သာဓုအနုမောဒနာ(၃)ကြိမ်းခေါ်လောက်တဲ့ မွန်မြတ်တဲ့ humanitarian ကိစ္စတွေမို့ နှစ်သစ်မှာ ပီတိတွေဝေမိပါတယ်။
    ပြည်ပရောက် MG တွေရော ဘယ်လိုကဏ္ဍကပါသင့်မလဲ?

    • kai

      January 9, 2012 at 10:12 am

      ပြည်ပက.. မြန်မာပြည်ထဲ ဟွန်ဒီနဲ့တုံမမတို့ဆီ တိုက်ရိုက်.. တဦးချင်းဆီလှူမှဖြစ်မယ်ထင်ပါတယ်..။
      သိတော်မူတဲ့အတိုင်း.. စီးပွားရေးပိတ်ဆို့မှုဥပဒေတွေနဲ့..တရားဝင်ငွေလွှဲငွေယူလုပ်လို့မရတော့.. အန်ဂျီအိုလိုဖန်ရေ့စ်လုပ်ပြီး ငွေစုဆောင်းလို့ခက်ပါတယ်..။
      ဘဏ်ကနေလည်း..သွားလို့မရပါဘူး..

      ကိုရင်ဘုန်းကျော်ကိုလည်း.. ဟွန်ဒီလမ်းကြောင်းနဲ့သာသွားမို့.. တိုက်တွန်းလိုပါတယ်..။

      မြန်မာပြည်ဖက်မှာလုပ်ပေးမဲ့သူတွေရှိနေရင်.. တဦးချင်းတိုက်ရိုက်သွားတာက.. ကြားစရိတ်အကုန်အကျအနည်းဆုံးနဲ့..အထိရောက်ဆုံးဖြစ်မယ်လို့ ထင်မိပါတယ်..။

      • koaung

        January 9, 2012 at 10:20 am

        ဟုတ်တယ် ကိုခိုင် ပေပယ်နဲ့ ၃၀ဝ ပို့တာ ဒီမှာလဲ၂ဝ ထပ်ပေါင်းပြီး ဆရာ့ဆီရောက်တော့ ၂၈ဝ ဖြစ်သွားတယ် (သူက၄ဝယူသွားတယ်)
        ဆောင်ရွက်ခဈေးကြီးသလိုပဲ ဘတ် (မြန်လဲမြန်တယ် အဆင်လဲချောတော့ သုံးလို့တော့ကောင်းပါရဲ့)

  • etone

    January 9, 2012 at 9:34 am

    အရမ်းကို အားရစရာကောင်းတာကတော့ အမာခံ စာဖတ်ပရိတ်သတ်တွေပါ တတ်အားသရွှေ့ ကုသိုလ်ယူကြခြင်းပါပဲ ။ တစ်ချို့ကလည်း အလှူငွေပါဝင်ချင်လို့ မန်ဘာဝင်ပြီး ဆက်သွယ်ကြတယ် တချို့ကလည်း နယ်ကတဆင့် ဆက်သွယ်ကြတယ် …. ။ ဘယ်နေရာမှာ အလှူခံမလဲ လာပေးမယ်ဆိုတဲ့ စာဖတ်သူတွေလည်းရှိတယ် … ။

    ဒီတော့ အားလုံးအဆင်ပြေအောင် ဒီနေ့ နေ့လည် ဘဏ်ကိုသွားပြီး မန္တလေးဂေဇက် နာမည်နဲ့ အကောင့်တစ်ခုဖွင့်ပါမယ် ။ လှူချင်တဲ့ လူတွေလည်း အချိန်မရွေးဘဏ်ထဲသွားထည့်လို့ရအောင် ရည်ရွယ်တာပါ ။ (ဘဏ်အကောင့်နံပါတ်ပြောပေးပါမယ် ) နည်းတာ များတာ အဓိက မဟုတ်ပဲ … ဘဏ်မှာ စာရင်းသွင်းပြီးလှူလျှင် ပိုပြီး စနစ်တကျ စာရင်းသွင်းထားနိုင်မယ် ထင်လို့ပါပဲ … ။ 🙂

  • Shwe Tike Soe

    January 9, 2012 at 10:27 am

    အရမ်းကို ကြည်နူးမိပါတယ်ဗျာ.. မန်ဘာများရော မန်ဘာမဟုတ်တဲ့စာဖတ်သူများရော.. သဒ္ဒါတရားထက်သန်စွာဝိုင်းဝန်းလှူကြတာ အားရစရာကောင်းလိုက်တာ.. အခုလိုလှူကြတာ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ..
    မရမက လာရှာပြီးလှူတဲ့သူရော.. လာကတည်းက အလှူငွေကိုင်ပြီး လှူတဲ့သူတွေရော ကိုကြည့်ပြီး ကြည်နူးလွန်းလို. ရ ရက်နေ.က ရေနွေးသုံးအိုးကုန်သွားပါတယ်.. 😀
    အခုလို အလှူ.ရှင်တွေကို ရင်ထဲ၊အသဲထဲ၊အူထဲက (တစ်ကိုယ်လုံးထဲက) ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ဗျာ..

    • နွယ်ပင်

      January 9, 2012 at 10:39 am

      အခုလို စုပေါင်းအလှူလေးလုပ်ဖြစ်တာ အရမ်းကြည်နူးစရာကောင်းပါတယ် ..
      ရွာသူားတွေကိုယ်တိုင်ကလည်း အားတက်သရော ပါဝင်လှူဒါန်းကြတာ တကယ့်ကို ကျေနပ်အားရစရာကောင်းပါတယ် …………
      ————————————-
      တစ်ခုပဲ တစ်ယောက်ထဲ လာလို့ဆိုပြီး အနိုင်ကျင့်ပြီး ရေနွေးခွက်လာလုသွားတာကိုပါ .. 😛
      ဒါပင်မယ့် ရေနွေးသုံးအိုးလာတော့ အကြွေးဆိုပြီး ပြန်တော့ ဆပ်သွားပါရဲ့ ………… 😀

      • etone

        January 9, 2012 at 12:51 pm

        အစ်မရေ .. တစ်ယောက်တည်းဆို အားငယ်နေရတယ်မို့လား အနိုင်ကျင့်ပြီးရေနွေးလုသောက်မယ့် လူတွေကလည်းရှိတော့ 😆 နောက်တခါဆို ဗလတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်နဲ့ ငါကွကြီးပါ ခေါ်ခဲ့ပါလို့ …. ။ 😆

  • koaung

    January 9, 2012 at 10:31 am

    ဦးဆောင်သူများအားလေးစားပါ၏ (မြန်မာပြည်ရဲ့အခုလိုအချိန်အခါမှာ)

    • Swal Taw Ywet

      January 10, 2012 at 7:29 am

      Yes, I totally agreed. I do admire you and MG villagers. Please go ahead one after another.We will follow.

  • ပေစိ

    January 9, 2012 at 12:51 pm

    ကောင်းသောလှူခြင်းပါ လှူပါမည်

  • မန်းလေးကလူဆိုရင် ယခုပိုစ်ထဲမှာပါသော ပေါက်ပေပု၏ဖုန်းကိုဆက်လိုက်ပါ
    ကိုယ်တိုင်ကိုယ်ကျလာရောက်လက်ခံယူ၍ လက်ခံရရှိကြောင်း လက်မှတ်ရေးထိုးပေးပါမည်။
    ကျေးဇူးတင်ပါ၏။
    ကလေးမြို့မှတစ်ယောက်ဆက်သွယ်ပြီးပါကြောင်း။

  • zaw min

    January 9, 2012 at 4:10 pm

    အလွန်ပင်အားရ ကြည်နူးမိပါတယ်..ရွာသူား များအားလုံး ယခုလိုစည်းစည်းလုံးလုံးနဲ့ ကုသိုလ်ကောင်းမူပြုခြင်းသည် ကောင်းခြင်းမင်္ဂလာ အဖြာဖြာ နဲ့ပြည့်စုံပါပေတယ်…မန်းဂေဇက်ရဲ့ ပြည်တွင်းပြည်ပ ပူးပေါင်းပါဝင်ကုသိုလ်ယူနိုင်ကြပါစေ…

  • etone

    January 9, 2012 at 4:39 pm

    သင်္ဘောက ပြန်လာပြီး နားနေရတဲ့ အချိန်တွင်းမှာတောင် သူငယ်ချင်းတွေနဲ့ ပျော်ပါးဖို့ အချိန်တွေ လျှော့ပြီး အလှူငွေ လိုက်လံ ကောက်ခံပေးနေတဲ့ ET ကို ကျေးဇူး အများကြီးတင်ပါတယ် … ။ 🙂

  • aungnng87

    January 10, 2012 at 12:04 pm

    etone ရေ.အခုမှဒီပိုစ့်ဖတ်မိလို့။ ဖေဖေါ်ဝါရီအမှီတော့လှူပါ့မယ်နော်။ အခုကရန်ကုန်ကိုငွေလွှဲပြီးသွားလို့။ အခုလဲဖုန်းနံပါတ်တွေမှတ်ထားလိုက်ပြီနော်။

  • တောင်တန်း က မောင်ဆန်း

    January 10, 2012 at 12:34 pm

    ဘဏ်အကောင့်နာပါတ်လေးပြောပါခင်ဗျာ ..
    မြန်မာစီးပွားရေးဘဏ်ကနေ လှူလို့ ရမရလဲ သိချင်ပါတယ် …

    • etone

      January 10, 2012 at 1:03 pm

      တောင်တန်းက မောင်ဆန်းရေ … ခဏလောက်စောင့်ပါဦး … ဒီနေ့ဘဏ်သွားတဲ့ လူဆီက ဖုန်းအဝင်ကိုစောင့်နေပါတယ် …. သိသိချင်း အက်ပ်ဒိတ်လုပ်ပေးမှာပါ … ။

      မနေ့က ဘဏ်သွားတဲ့ လူက သုံးနာရီကျော်မှ ရောက်သွားလို့ ဘဏ်ပိတ်သွားပါသတဲ့ … ။ နောက်ဘဏ်တစ်ခုကို ထပ်သွားတော့လည်း … သူလည်း သုံးနာရီလောက်မှာ ပိတ်တယ် … ။ ပိတ်တယ်ဆိုတာက ငွေသွင်း ၊ ငွေထုတ်မလုပ်တော့တာကိုပြောတာပါ .. ဘဏ်အလုပ်သမားတွေကတော့ … ဘဏ်အတွင်းမှာ အလုပ်လုပ်နေကြတုန်းပါပဲ … ။

  • yaungchikha

    January 10, 2012 at 1:02 pm

    နောက်လှူမယ့်အလှူတွေမှာလည်း တတ်နိုင်သလောက် ကုသိုလ်ပါဝင်နိုင်အောင် ကျိုးစားသွားပါ့မယ်…..

    • etone

      January 10, 2012 at 1:06 pm

      ရောင်ခြည်ခရေ… လေးပေါက်ဆီ ဆက်သွယ်ပြီး လှူဒါန်းမယ်ဆိုတဲ့အကြောင်း သတင်းရထားပါတယ် .. ပါဝင်ကုသိုလ်ယူတာ ကျေးဇူးပါနော်။

  • yaungchikha

    January 10, 2012 at 1:03 pm

    ကျနော်ဒီနေ့ပဲ အလှူငွေ ပို့ပေးလိုက်ပါတယ်နော်….နောက်လှူမယ့်အလှူတွေမှာလည်း တတ်နိုင်သလောက် ကုသိုလ်ပါဝင်နိုင်အောင် ကျိုးစားသွားပါ့မယ်…..

  • etone

    January 10, 2012 at 2:05 pm

    ဘဏ်အကောင့်ဖွင့်ပေးပြီးပါပြီ ။ မြန်မာအရှေ့တိုင်းဘဏ် (အလုံဘဏ်ခွဲ) မှာပါ ။
    အကောင့် နံပါတ်ကတော့ 0061110002685 ပါပဲ … ။
    ဘဏ်ကို တိုက်ရိုက်သွင်းနိုင်ပါပြီ ။

    အလှူရှင်နာမည်နဲ့ ရွာထဲ ဝင်ရေးနေတဲ့ nick တွဲမိဖို့ တော့ ကျွန်မတို့ဆီ တစ်ခါတော့ဖုန်းဆက်ပေးပါဦးနော့ ။

  • Shwe Tike Soe

    January 10, 2012 at 4:10 pm

    ကျွန်တော် ခတမန်းလေး ရောက်နေဆဲ မို. လုပ်အားပါဝင်ကူညီပေးသော လိုက်လံကောက်ခံပေးသော ကို အီတီ ကိုလဲ ကျေးဇူးတင်ပါတယ်ဗျာ… Thank you very much..

  • natthamee

    January 10, 2012 at 4:22 pm

    အရမ်းကောင်းတဲ့ အစီအစဉ်ပါ။ အမလဲ နောက်အပတ်ထဲ မြန်မာပြည်ကို လှူတဲ့ငွေ လွှဲလိုက်ပါ့မယ်။

  • etone

    January 11, 2012 at 10:21 am

    ကိုဘုန်းကျော်ရဲ့ ရမ်းသမ်းအော်သံတွေကြားကပဲ စာဖတ်သူတွေသဒါ္ဓမပျက်ပဲ အလှူငွေထည့်ဝင်ဖို့ အင်ကွာရီလုပ်လာကြပြန်ပါပြီ … ။ အဖွဲ့ဝင်တွေကလည်း အလှူငွေထည့်မည့်လူတွေဆီ လက်လှမ်းမှီသလို ကောက်ခံပေးကြသလို ၊ ဘဏ်ကနေ တိုက်ရိုက်ငွေသွင်းဖို့ စုံစမ်းမှုတွေလည်း ရှိလာပါတယ် ။ ယုံယုံကြည်ကြည်နဲ့ ပါဝင် လှူဒါန်းသူ ၊ ကုသိုလ်ယူ လုပ်အားပေးသူများ အားလုံးကို ကျေးဇူးတင်ပါတယ် ။ 🙂

  • ရွာသား ဓါတ်ပုံဆရာ ရွှေမင်းသားမှ လာရောက်လှူဒါန်းသွားပါကြောင်း။
    ရောင်ခြည်ခမှ လဲငွေလွှဲထားပေးသောလည်း သွားရောက်မထုတ်ရသေးပါကြောင်း။

  • ဦးဦးပါလေရာ

    January 11, 2012 at 11:18 pm

    ကြားရတာ အားရစရာကောင်းလှပါသဗျာ။

    ပထမဆုံးခြေလှမ်း ခိုင်ခိုင်လှမ်းဖြစ်တာကို ဝမ်းမြောက်မိပါတယ်။

    xman ဆိုတဲ့ ဗေဒင်ရူး အဲလေ ယောင်လို့ ဗေဒင်ဝါသနာရှင်တဦးကလဲ (ရန်ကုန်နေတာချင်းအတူတူ လူလည်ကျပြီး) သူ့ကိုယ်စားအလှူငွေထည့်ပေးဘို့ ကျွန်တော့်ကို တာဝန်ပေးပါတယ်။

    ဘဏ်သွားရမှာပျင်းသေးလို့ နောက်တပတ်လောက်မှ ငွေသွားသွင်းလိုက်ပါမယ်။

  • E.T

    January 11, 2012 at 11:28 pm

    small cat ၊ မအိအိရှိန်၊ fatty cat ထံမှ အလှူငွေများ လက်ခံရရှိပါသည်။ မန်းဂေဇက်စုပေါင်းအလှူတွင် ယခုလို ပါဝင်ကူညီခွင့်ရတဲ့အတွက် ဝမ်းသာမဆုံး ဖြစ်မိပါတယ်။ ကွန်ပူတာ မသုံးတာကြာတာနဲ ့ မြန်မာလိုစာရိုက်တာတောင် မေ့ကုန်ပီ 🙁

  • comegyi

    January 12, 2012 at 2:20 pm

    ကျွန်တော်တို့လည်း
    လာရောက်လှူဒါန်းပါမည်
    မအိတုံရေ့……..
    ဒီရက်ပိုင်းတော့
    အားသေးလို့နော်…….

  • ba gyi

    January 12, 2012 at 4:51 pm

    အလှုလည်းဖြစ်၊ရွာသားတွေလည်းစုဆုံခွင့်ရ ဆိုတော့ တစ်ချက်ခုတ် နှစ်ချက်ရ အလွန်ကောင်းမြတ်ပါကြောင်း
    ဘကြီးလည်းတတ်အားသရွှေ့ ပါဝင်ပါမယ်ဗျား။သာဓုပါ ခင်ဗျား။

  • unclegyi1974

    January 12, 2012 at 10:26 pm

    ချီးကျူးပါတယ်ကွယ်လူငယ်တွေအခုလိုလူမှုရေးကိစ္စတွေမှာတက်ညီလက်ညီ
    ရှိကြတာကို
    အခုရက်ပိုင်းခရီးတွေပဲထွက်နေရလို့အခုမှဒီစာကိုဖတ်မိတယ်
    ကိုပေါက်ကမာတလိလုပ်မယ်ဆိုသင့်မြတ်လှကြောင်းပါ
    ကဲကိုပေါက်ရေလက်ခံကလေးသာမစတော့ဗျို့

  • thuyazaw21451

    January 13, 2012 at 12:43 pm

    ကောင်းပါတယ်….. ခုလို ပရဟိတ လုပ်ငန်းတွေ စိတ်ဝင်စားပါတယ်။ အစ်မ Rose နဲ့ ပူးပေါင်း လှူဒါန်းပါ့မယ် မ Eton ရေ……..

  • AKKO

    January 13, 2012 at 4:32 pm

    ကိုယ်တည်းတယောက်၊
    ချမ်းသာရောက်ဖို့
    ခုလောက်ကြိုးကုတ်
    အားမထုတ်ဘူး ။

    ဗုဒ္ဓမြတ်စွာ
    သာသနာဧ။်
    ရှေးခါဘိုးဘ
    လက်ထပ်ကလျှင်
    ရသည့်တန်ခိုး
    ထပ်မညှိုးဖို့
    အားကျိုးမာန်တတ်
    ပါဆောင်ရွက်သည်……………..
    ဆက်လည်တည်တံ့ ရုံသာတည်း ။

    အမရပူရမြို့ မဟာဂန္ဓာရုံ ၊ အရှင်ဇနကာဘိဝံသ

  • AKKO

    January 13, 2012 at 4:33 pm

    ကိုယ်တည်းတယောက်၊
    ချမ်းသာရောက်ဖို့
    ခုလောက်ကြိုးကုတ်
    အားမထုတ်ဘူး ။

    ဗုဒ္ဓမြတ်စွာ
    သာသနာဧ။်
    ရှေးခါဘိုးဘ
    လက်ထပ်ကလျှင်
    ရသည့်တန်ခိုး
    ထပ်မညှိုးဖို့
    အားကျိုးမာန်တတ်
    ပါဆောင်ရွက်သည်……………..
    ဆက်လည်တည်တံ့ ရုံသာတည်း ။

    အမရပူရမြို့ မဟာဂန္ဓာရုံ ၊ အရှင်ဇနကာဘိဝံသ (တစ်ဘဝသာသနာ – စာမျက်နှာ ၃၈၉)

  • kyawtheinmyint 23

    January 15, 2012 at 6:08 pm

    မအိတုန်ရေ ရန်ကုန်က အလှူငွေ လက်ခံတဲ့သူရဲ့ ဖုန်းနံပါတ်ကို kyawtheinmyint23@gmail.com ကို ပို့ပေးပါလားခဗျာ ကျနော်ကအဝေးမှာမို့ ညီဖြစ်သူကို သွားလှူခိုင်းရမှာမို့လို့ပါ။

    • etone

      January 16, 2012 at 8:27 am

      ရန်ကုန်မှာဆိုလျှင်တော့ … ဘဏ်ကို သွားထည့်တာက ပိုပြီး စနစ်တကျဖြစ်ပါလိမ့်မယ် … ။ ဘဏ့်အကောင့်နံပါတ်ကို အပေါ်မှာ ရေးပေးထားပါတယ် … ။ အကြောင်း အမျိုးမျိုးကြောင့် အဆင်မပြေဘူုးဆိုလည်း ရန်ကုန်မြို့ကလူတွေကို ဆက်သွယ်ရန် ဖုန်းနံပါတ်တွေ ပို့စ်ထဲရေးပေးထားတာမို့ …. အဲ့ဒီအတိုင်းခေါ်လို့ရပါတယ် .. ။
      မေးလ်ကနေလည်း ဒီတေးစာပြန်ပါဦးမယ် ။

  • thit min

    January 15, 2012 at 8:24 pm

    ဒီအလှူပို့စ်လေးကို
    -ကော်မန့် ၁၀ဝ ကျော်စေချင်တာ၊(^^) ကိုယ်က (၁၀၀)မြောက်ကော်မန့်ပေးလိုက်ပါတယ်။
    -သေဆုံးသူတွေအတွက်အလှူလုပ်တာလဲကောင်းပါတယ်။
    -ရန်ကုန်ဆေးရုံကြီးမှာ (မသေခင်အသက်လုပြီး)ဆေးဝါးမကုသနိုင်သူတွေကို ထောက်ပံ့ပေးတဲ့
    အစီအစဉ်လဲ အဲဒီမှာတာဝန်ကျနေတဲ့ အသိတယောက်ပြောတာကြားဘူးတယ်။
    အဲဒီအလှူလေးလည်း လုပ်နိုင်ရင်ကောင်းမယ်လို့စဉ်းစားမိလို့ပါ။
    သေပြီးသူမှာလည်း ဒုက္ခရှိသလို ၊ မသေခင်ဆေးရုံတက်နေသူများမှာလည်း ဒုက္ခမသေးလှပါဘူး
    မဟုတ်ပါလားဗျာ။

    • etone

      January 16, 2012 at 9:21 am

      ကိုသစ်မင်းရဲ့ စိတ်ကူးလေးလည်း ကောင်းပါတယ် … ။
      ဟုတ်ပါတယ် …ကျွန်မတို့မှာ အကြံလည်း ရှိပါတယ် … မြင်လည်း မြင်တွေ့နေရတဲ့ အခြေနေမျိုး၊ လုပ်လည်း လုပ်သင့်တဲ့အခြေနေပါ … ။

      2011 ၊ ဖေဖော်ဝါရီ လဆန်းမှာ AKKO ဆေးရုံတက်ရတယ် … အသေးစား အောပရေးရှင်းအတွက်မို့ သူတာဝန်ထမ်းဆောင်နေတဲ့ ရန်ကုန်ဆေးရုံကြီးမှာပဲ တက်ဖြစ်ခဲ့တယ် … ။. ဝေါဒ့် ၇/၈ (ယောကျင်္ားလေးဆောင်)မှာ သီးသန့်ခန်းယူပြီး ငါးရက်တက်ခဲ့ရတယ် … ။ ငါးရက်နေခဲ့စဉ်အတွင်း အမျိုးမျိုးသော လူတွေရဲ့ ပြသနာပေါင်းသောင်းခြောက်ထောင်ကို မြင်တွေ့ပြီး …. လှူချင်စိတ်ဖြစ်ပေါ်ခဲ့သေးတယ် .. ။ လူနာလာမေးတဲ့လူတွေဝယ်လာတဲ့ မုန့်တွေ ၊ ကော်ဖီတွေ ၊ သစ်သီးတွေကို … တဆင့်ပြန်ပြီး …အဲ့ဒီအဆောင်က လူတွေအားလုံးကို အညီမျှခွဲကျွေးခဲ့ဖူးတယ် … ။

      မှတ်မှတ်ရရအနေနဲ့ သည်းခြေကျောက်တည်တဲ့ လယ်သမား ယောကျာ်းတယောက်ကို ခွဲစိတ်ခနဲ့ ဆေးဝယ်ဖို့ တာဝန်ယူပေးခဲ့တယ် … ။ လယ်သမားခမျာ သည်းခြေကျောက်ခွဲဖို့ မြို့တက်ဖို့ ရာ … အိမ်ဝိုင်းလေးပါ ပေါင်ခဲ့ရတယ်တဲ့ …သမီးလေးကိုလည်း သူများအိမ်မှာ ခဏအလုပ်လုပ်ရင်းဝိုင်းလုပ်ဝိုင်းစားထားခဲ့ရတယ် ။…… ပိုက်ဆံလေး သုံးလေးသောင်းကို မတတ်နိုင်ရှာလို့ …. စိတ်ဓါတ်တွေကျနေရှာတယ် … ။
      ပိုက်ဆံကူညီတာ ကျေးဇူးတင်လွန်းလို့ အတင်းလိုက်ကန်တော့တာ …. အောပရေးရှင်းလုပ်ထားတဲ့ AKKO တစ်ယောက် ယက်ကန်ယက်ကန်နဲ့ ထွက်ပြေးရပါလေရော 😆

      ပိုက်ဆံရှိတဲ့လူ ၊ အနည်းငယ်တတ်နိုင်တဲ့လူအများစုက အစိုးရဆေးရုံထက် ပုဂ္ဂလိက ဆေးရုံတွေမှာ ကုသမှုခံယူကြတယ် …. ။ အစိုးရဆေးရုံတက်လာသူ အများစုက နွမ်းပါးကြတယ် … ဒီအချိန်မှာ မြက်တပင်တောင် သူတို့အတွက် အားဖြစ်စေပါတယ် … ။

      နောက်ပိုင်း အလှူတွေကိုလည်း ….တကယ်လိုအပ်တဲ့ နေရာမျိုး၊ နိုင်ငံရေးမနွယ် ၊ ဘာသာရေးမရောတဲ့ နေရာမျိုးကိုပဲ လှူသွားဖို့ စိတ်ကူးပါတယ် …. ။

  • captainamerica

    January 15, 2012 at 9:37 pm

    အလှူငွေကရန်ကုန်ရယ်မန္တလေးရယ်မှာပဲလှူလို.ရတာလား။တစ်ခြားမြို.အတွက်ကော
    လိပ်စာလေးတွေမပါဝူးလား။ဥပမာ နေပြည်တော်………..
    ကိုယ်တိုင်ကိုယ်ကျလည်းလှူချင်ပီးဘော်ဘော်တွေကိုလည်းအပြင်မှာတွေ.ဖူး
    ချင်လို.ဗျ………..

    • windtalker

      January 15, 2012 at 9:51 pm

      တိန်ဂျီး က နေပြည်တော် က ကိုး ။
      ဂေဇက်က နေဝန်းနီ နဲ ့တော့ ၊ တွေ ့ချင်ရင် တွေ ့လို ့ရနိုင်မယ် ဗျ

    • etone

      January 16, 2012 at 9:48 am

      တခြားမြို့တွေကလည်း လှူလို့ရပါတယ် … ဘဏ်ကနေတဆင့်လွှဲရမှာပါ … ဘယ်ဘဏ်ကပဲလွှဲလွှဲ … ဘဏ်အချင်းချင်းချိတ်ဆက်ပြီး MOB ဘဏ်က အကောင့်ထဲ ထည့်ပေးလို့ရပါတယ် …. ။ တစ်ခုတော့ရှိတယ်… ငွေလွှဲပြီးပြီဆိုလျှင်တော့ အကြောင်းကြားပေးစေချင်ပါတယ် ..ဒါမှ နာမည်နဲ့တကွ record လုပ်နိုင်မှာပါ … ။

      နေပြည်တော်က စာဖတ်သူ တဦးလည်း … ပေးပို့လှူဒါန်းထားပါသေးတယ် … ။

  • captainamerica

    January 15, 2012 at 10:52 pm

    ကျွန်တော်အိမ်က ကွန်ကနိုင်ဂံဂျားနီးဘားလောက်ကောင်းတော့
    ဘော်ဘော်တွေရဲ.အနီတွေကိုကျွန်တော်တော်တော်များများ
    လိုက်ရှင်းပေးထားတယ်။ဒီရက်ပိုင်းကျွန်တော်ဘာပြောပြောလိုက်
    ပီးနီနေတဲ့ကြောင်တောင်တောင်ကောင်တွေ.နေရဒယ်။
    ကျွန်တော်တော်ရုံတန်ရုံဂရုစိုက်တဲ့ကောင်တော့မဟုတ်ဖူး။
    ဒါပေမဲ့ဒီမွန်မြတ်တဲ့အလှူမှာလှူဖို.တန်းဖို.အကြောင်းပြောထားကို
    နီထားတာတော့တော်တော်လေဒယ်။ဘယ်လိုအတွေးအခေါ်၊
    ဘယ်လိုစိတ်ဓာတ်လဲလိုက်တွေးပေးလို.မရတော့ဝူး။မင်းတို.ကို
    စိတ်မဆိုးဝူး၊သနားဒယ် လူလို.တောင်မသတ်မှတ်ဖူးဟေ့ရောင်ဒွေ
    အင်မတန်အောက်တန်းကျတဲ့သတ္တဝါတွေလို.ဘဲသဘောထားဒယ်။
    အင်မတန်မွန်မြတ်တဲ့အလှူပို(စ်)မှာတောင်လိုက်နှောက်နေတဲ့
    မင်းတို.ရဲ.စိတ်ဓာက်ကိုမြင်လိုက်ရလို.။………………………….

  • captainamerica

    January 15, 2012 at 11:02 pm

    အဘနီဆက်သွယ်ရမယ့်ကွန်တက်လေးတစ်ခုပေးဘာ။အဘအခက်အခဲရှိရင်
    ကျွန်တော်ပေးဘာ့မယ်။မန်းဂေဇတိ်ဘော်ဒါတွေကိုဘယ်သူပဲဖြစ်ဖြစ်အပြင်
    မှာတစ်ယောက်မဟုတ်တစ်ယောက်တွေ.ဖူးချင်လို.ဘာ။မန်းဂေဇတ်မှာပထမဆုံး
    စခင်တဲ့ကိုပေကိုလဲအရမ်းတွေ.ချင်ဒယ်။နယူးရီးယားတုန်းက ကျွန်တော်မန္တလေး
    မှာဗျ။

Leave a Reply