ချင်းလူမျိုး များရဲ့ နွားနောက်အပေါ်ထားရှိတဲ့ ရိုးရာအမြင်နဲ့ နွားနောက်မွေးမြူမှုကို ကျနော့်သင်တန်းမှ ချင်းဆရာမလေး၏ အိမ်တွင် မွေးမြူထားသော နွားနောက်အကြောင်းကို မေးကြည့်မိသလောက် ရွာသူရွာသားများကို မျှဝေပါရစေ။
နွားနောက်ကို ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာပဲတွေ့ရပါတယ်၊ နွားနောက် မှာ အသားစားသက်သက်မွေးမြူခြင်းဖြစ်ပါတယ်၊ ချင်းပြည်နယ်မှာတော့ နွားနောက်ကို စီးပွားဖြစ်မွေးမြူကြပါတယ်၊ ရိုးရာဓလေ့ကို တန်ဖိုးထား ချစ်မြတ်နိုးသော ချင်းလူမျိုးများနှင့် ငွေကြေးပြည့်စုံသောချင်းလူမျိုးများ၏ ဆုတောင်းပွဲ၊ ရိုးရာပွဲ၊ လက်ထပ်မင်္ဂလာပွဲ၊ သာရေး၊ နာရေးပွဲများတွင် နွားနောက်သားများဖြင့် ဧည့်ခံလေ့ရှိကြပါတယ်၊
အချို့သောချင်းအမျိုးသားမှ ချင်းအမျိုးသမီးကို ချစ်စကားဆိုရာတွင် နွားနောက်လို နာမည်မကြီးရင်တောင်မှ လက်ခံပေးပါဆိုသော စကားများဖြင့် အသုံးအနှုန်းလည်း ရှိခဲ့သည် (ဆိုရိုးစကား)။
လူတွေကတော့ နွားနောက်လိုမဟုတ်ပါ၊ အပေါင်းအသင်း ဘာသာရေး၊ ဆက်ဆံရေးရှိမှ ကြီးပွားနိုင်သည်ဟု (ဆိုရိုးစကား) များကိုပြော ကြားကြပါတယ်။
ထိုကဲ့သို့သော ဆိုရိုးစကားများကို ကြည့်ခြင်းအားဖြင့် နွားနောက်များကို ချင်းလူမျိုးများ မည်မျှတန်ဖိုးထားကြသည်ကို သိမြင်နိုင်ပါသည်။
နွားနောက်တွေကို တောထဲမှာ ခြံအကြီးကြီးထားပြီး မွေးမြူရပါတယ်၊ နွားနောက်တွေက တောထဲမှာ အစားကျွေးစရာမလို ပစ်ထားသော်လည်း မိမိတို့၏ အစာကို ကိုယ်တိုင်ရှာဖွေစားပြီး ကြီးထွားကြပါတယ်၊ အစားအစာအနေနဲ့ တောထဲမှာ ပေါက်သော သစ်ရွက်၊ ခြုံပင်များကို စားပါတယ်၊ နွားနောက်များဟာ ဆားကိုကြိုက်နှစ်သက်ပါတယ်၊ သခင်က ဆားကျွေးရာတွင် ဆားကို လက်ပေါ်တင်ပြီး ကျွေးပါတယ်၊ နွားနောက်ကလေးများက လက်ပေါ်မှ ဆားကို လျှာဖြင့်လျှက်ပါတယ်၊ ဆားကျွေးသော သခင်ကိုအသံဖြင့် မှတ်ထားပြီး အဝေးမှ ခေါ်ယူရပါတယ်၊ လေ…….လေ……….လေ…. ဆိုပြီးခေါ်ရပါတယ်၊ လေ……လေ……..လေ…….. ဆိုသော သခင့်ခေါ်သံကြားလျှင် အဝေးကြီးမှ သခင်ရှိရာသို့ လာကြပါတယ်၊ နွားနောက်များမှာ ဆင်တူရိုးမှားများဖြစ်သောကြောင့် နွားနောက်ပိုင်ရှင်များမှ ကိုယ်တိုင်အမှတ်အသားများ လုပ်ပြီး မှတ်ထားကြပါတယ် (ဥပမာ – နားရွက်နောက် )၊

ကျနော်ရေးသားရာတွင် လိုအပ်မှုရှိပါက ရွာသူရွာသားများ ဖြည့်စွတ်ပေးပါရန် တောင်းဆိုပါသည်။

အုပ်စုလိုက်အစာရှာနေသော နွားနောက်များ

တောထဲမှာ အစာရှာနေကြသောနွားနောက်ပေါက်လေးများ

 ကစားနေသော နွားနောက်ပေါက်လေးများ….

အဖော်တွေနဲ့ အဝေးမှာ တစ်ကောင်တည်း………………..

 

About yaungchikha

has written 16 post in this Website..