အခုတလောတွေ့နေရတာကလည်း စိတ်မကောင်းစရာ ၀မ်းနည်းစရာတွေပဲ
အရင်တစ်ခါတင်ထားတဲ့ တွေးမိတွေးရာ စိတ်မကောင်းစရာ ဆိုတဲ့ပို့စ်လေး
ထဲမှာပါတဲ့ အင်တာနက်ဆိုင်လေးမှာပဲ 15 ရက်နေ့ကပေါ့ဗျာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပြီးနောက် 2 ရက်အကြာပေါ့
ဆိုင်ထဲက ဘေးတစ်ခုံခြားမှာ ထိုင်နေတဲ့ အစ်မတစ်ယောက် အသက်က 25 လောက်ပေါ့ အွန်လိုင်းမှာ သူ့ရည်းစားနဲ့ ဂျီတော့ ပြောနေတာ သူ့ရည်းစားဆိုတာကလည်း
သူတို့ပြောဆိုနေတဲ့ စကားတွေကိုကြားပြီး သိရတာပါ
အစကတော့ သိပ်ဂရုမစိုက်သေးပါဘူး နောက်ပိုင်းတော့ ဟိုဘက်ကလည်း နိုင်ငံခြားမှာနေတာဆိုတော့
အကျဉ်းသားတွေ လွှတ်တဲ့ အကြောင်းကိုမေး တယ်ထင်ပါတယ် ဟုတ်တယ် လွှတ်ပေးတယ်လို့ ဒီဘက်ကပြန်ဖြေသံလည်းကြားရတယ်ဗျာ
အဲဒီတုန်းကတော့ စိတ်ထဲမှာ ကျေနပ်သေးတယ်ဗျာ နိုင်ငံခြားမှာသာ စီးပွားရှာနေရတာ ကိုယ့်နိုင်ငံလေးလွမ်းတော့လည်း
ကိုယ်နိုင်ငံမှာစီးပွားပြန်ရှာချင်တာကြောင့် နိုင်ငံတိုးတက်မဲ့ ကိစ္စကို စိတ်ဝင်တစားရှိကြသေးတော့ ချီးကျူးမိပါသေးတယ်
နောက်တော့ဒီဘက်အစ်မ ဖြေလိုက်တဲ့ စကားကြောင့် ကျနော်အပါအ၀င်ဘေးနားကအန်ကယ်ရော သူ့ဆီ အကြည့်ကရောက်သွားတယ်ဗျာ
သူပြန်ဖြေတာက အဲဒါတွေက ကိုယ်နဲ့မဆိုင်ဘူး ကိုယ်တွေအကြောင်းပဲကိုယ်ပြောရအောင်တဲ့
ဟိုဘက်ကမေးတဲ့ မေးခွန်းက မင်းဘယ်ပါတီကို မေးပေးမလဲလို့မေးလိုက်တာဆိုတာ သူဖြေတာကိုကြည့်ပြီး သိရတာပါ
သူဖြေတာကလည်း ဘယ်ပါတီပဲမဲပေးပေးပါ သူတို့ဖာသာ သူတို့လုပ်နေကြတာ
ကိုယ့်ရှိမှ ကိုယ်စားရမှာ အချိန်ကုန်တယ်
ကိုယ့်အကြောင်းကိုယ်ပဲပြောပါ အစ်ကိုရာ တဲ့ ဆိုင်ထဲကလူတော်တော် များများ သူ့ဆီအကြည့်ရောက်သွားကြတယ်
သူကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး ရှေ့က ကွန်ပျူတာကိုပဲ အာရုံရောက်နေတာပါ
သူ့ကိုကြည့်နေတဲ့ တခြားသူတွေတော့ စိတ်ထဲဘယ်လိုနေမယ်မသိဘူး
ကျနော်ကတော့ စိတ်မကောင်းဖြစ်မိတယ်ဗျာ
ကိုယ်နိုင်ငံအရေး ကိုယ်တွေမှ စိတ်မ၀င်စားရင် ဘယ်သူက စိတ်ဝင်စားမှာလည်း
နိုင်ငံက အခုမှ ပြောင်းလဲမဲ့ ရောင်ခြည်သန်းခါစ ရှိသေးတယ် တစ်ချို့က စိတ်မ၀င်စားကြဘူး ကိုယ့်ရှိမှ ကိုယ်စားရမှာဆိုတဲ့
ငတေမာတဲ့ စိတ်တွေမထားသင့်တော့ဘူးလို့ထင်ပါတယ် ဘာပဲပြောပြော နိုင်ငံတော်ကြီးကို ပြောင်းလဲချင်တယ် လူတိုင်းလိုချင်တဲ့
ဒီမိုကရေစီနိုင်ငံကြီး လိုချင်ရင်တော့ နိုင်ငံသားတိုင်း နိုင်ငံကြီးသားစိတ်မွေးရမှာပဲလို့ ကျနော်ကတော့ထင်တယ်ဗျာ ဘာပဲပြောပြော
အထက်လူကြီးတွေကတော့ နည်းနည်းချင်း ပြောင်းလဲနေပြီလို့ ထင်ပါတယ် ဒါ့ကြောင့် ကိုယ်တတ်နိုင်တဲ့ဘက်ကနေ အတတ်နိုင်ဆုံး
စိတ်ဓာတ်လေးတွေကအစ ပြောင်းလဲဖို့အချိန်တန်ပြီလို့ ထင်ပါတယ် မဟုတ်တဲ့နေရာမှာပဲ မာန်မာနတွေထားမနေသင့်တော့ပါဘူး
နိုင်ငံရဲ့အရေးကိစ္စကို မလုပ်ချင်လို့ရင်တော့ရပါ့မယ် မသိချင်လို့တော့မရပါဘူးလို့ထင်ပါတယ် ဒီလိုစိတ်ဓာတ်တွေနဲ့သာ ရှေ့ဆက်မယ်ဆိုရင်
တော့ ရွာထဲက ဦးကြောင်ပြောပြောနေသလို(ဦးကြောင်တောင်းပန်တယ်နော် နံမည်မပြောပဲယူသုံးမိလို့ ပြောပုံလေးကိုသဘောကျလို့ပါ)
လခွီး မှဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်လာမှာ မဟုတ်ဘူးလို့ထင်ပါတယ်

အင်တာနက်ဆိုင်ထဲက ဂျီတော့ ပြောနေတဲ့ အစ်မတစ်ယောက်ပြောတာကိုကြားမိပြီး စဉ်းစားမိတာကို ရေးမိခြင်းဖြစ်ပါတယ်
နိုင်ငံရေးကို သိလွန်းလို့တတ်လွန်းလို့မဟုတ်ပါ ကျနော်ထင်တာကို ရေးချင်းသာဖြစ်ပါသည်

About ရွှေဘိုသား

ရွှေဘို သား has written 92 post in this Website..

စာများကို ရေးတတ်လို. မဟုတ်ပါ သည်းခံဖတ်ပြီး ဝေဖန်ပေးကြပါ