ပြီးခဲ့ တဲ့ စနေနေ့ (၁၄-၁-၂၀၁၂)နေ့ က မိတ်ဆွေ အမကြီး တယောက်ထံက သူမနဲ့ ခွဲခွာခါနီး
အမှတ်တ၇အဖြစ် သူမဆီကမျှော်လင့် မထားတဲ့ လက်ဆောင်တစ်ခု
၇ရှိခဲ့ ပါတယ်။အဲဒါကတော့  သူမ ဟိုးလွန်ခဲ့ တဲ့ နှစ်ပေါင်းများစွာက
သူမတို့ မိသားစု ဗုဒ္ဓဂါယာကိုေ၇ာက်ရှိခဲ့ စဉ်က သူမဖခင်ကြီး ၀ယ်ယူလာခဲ့တဲ့ 
 ရှေးဟောင်းဗုဒ္ဓဂါယာဘု၇ားဓာတ်ပုံတွေပါ။သိမ်းဆည်းထားတာ အနှစ်နှစ်ဆယ်ကျော်ပါပြီ။
ဗုဒ္ဓဂါယာကို တခါမှ မေ၇ာက်ဖူးသေးတဲ့ ကျွန်မတို့ မိသားစုကို
နေ့ စဉ် ဒီ ဗုဒ္ဓဂါယာဓာတ်ပုံတွေကို ဘု၇ားစင်မှာ မွန်မွန်မြတ်မြတ်ပူဇော်နေ၇င်
တစ်နေ့ နေ့ တစ်ချိန်ချိန်မှာ ဗုဒ္ဓဂါယာကို မိမိတို့ကိုယ်တိုင်
သူမ၇ဲ့ စေတနာကို တန်ဖိုးထားပြီး ကျွန်မကလည်း ဘု၇ားစဉ်မှာနေ့ စဉ် ပူဇော်ခဲ့ ပါတယ်။
ရုတ်တ၇က် သတိ၇လိုက်မိတာက တော့  ကျွန်မတို့ ရဲ့ ဂေဇက် ရွာသူရွာသားတွေကို ပါဘဲ။
ဂေဇက်ရွာထဲ ကလူတွေ အတော်များများ လည်း ဗုဒ္ဓဂါယာကို ကိုယ်တိုင်ေ၇ာက်ဖူးခဲ့ ကြပြီး
ဗုဒ္ဓဂါယာအကြောင်းကိုလည်း ဓာတ်ပုံတွေနဲ့ ဝေေ၀ဆာဆာ တင် ပြီးခဲ့ ကြပါပြီ။
ကျွန်မကိုယ်တိုင်လည်း ကိုယ်ကိုယ်တိုင် မေ၇ာက်နိုင်သေးတော့ ကြည်နူးဝမ်းမြောက်စွာနဲ့ 
သာဓု အကြိမ်ကြိမ်ခေါ်ဆို ပြီး ဖတ်၇ှုခဲ့ ပြီးပါပြီ။ဒါပေမယ့်
အခု လို မမျှော်လင့် ဘဲ နှစ်ပေါင်းများစွာကတည်းကဗုဒ္ဓဂါယာမှ ၀ယ်ယူပူဇော်ထားခဲ့ သော
 ဘု၇ားပုံတော်တွေကို လက်ဆောင် အဖြစ်၇ရှိချိန်မှာ ကျွန်မ၇င်ထဲ ကြည်နူးစွာနဲ့ 
လက်ခံပြီး ဂေဇက် အဖွဲ့ သားအားလုံးကိုလည်း
ထပ်မံပြီး   ကောင်းသောကုသိုလ်တ၇ားများ ဆင့် ပွား စေ လိုသော ကြောင်
အခုလို မျှဝေလိုက်ပါတယ်။
ပုံ(၁) က ဓာတ်ပုံတွေထည့် ထားတဲ့  အပြင် ကာဗာနှင့်  ဂျပ်ထူအိတ်လေးပါ ။
အလယ်ခေါင်မှာလေးထောင့် ကွက်လေးဖောက်ထားတာပါ။ အတော်လေးဟောင်းနွမ်းနေပေမယ့် 
သပ်သပ်၇ပ်၇ပ်လေးပါဘဲ။
ဓာတ်ပုံတွေက ပို့ စကတ်အရွယ် (၇.၅”x၁၀”)ဆိုက်တွေပါ။
ကြည်လင်ပြတ်သားပြီး  ကြည်ညိုဖွယ် ဖူးတွေ့ နိုင်ပါတယ်။မြေပုံအပါအ၀င် စုစုပေါင်းဓာတ်ပုံ(၈)ပုံပါဝင်ပါတယ်။
ပုံ(၂) က ဗုဒ္ဓဂါယာမြေပုံ ပါ။  
ကျောဘက်မှာေ၇းထားတာက
ချစ်သားအာနန္ဒာ –
အကြင်လူတို့ သည် (ဤ  သံဝေဇနိယ လေး ဌာနတို  ၌)ဘု၇ားဖူး ခရီး လှည့်လည်ပြု၍
ကြည်ညိုစိတ်ဖြင့် သေလွန်ကုန်ဧ၊်
ထိုလူအားလုံးတို့ သည် ဤခန္ဓာကိုယ် ပျက်စီး သေလွန်ပြီးနောက်
နတ်ရွာ သုဂတိ သို့ေ၇ာက်ကြကုန်လတ္တံ့ ။
(မဟာ ပ၇ိနိဗ္ဗာနသုတ်)
ပုံ(၃) က ဓမ္မေခ စေတီတော်ပါ။
မိဂဒါ ၀ုန်၊  ဗီဟာပြည်နယ် ၊အိန္ဒိယနိုင်ငံ မှာရှိပါတယ်။
ကျောဘက်မှာေ၇းထားတာက
ချစ်သားအာနန္ဒါ –
မိဂဒါဝုန် သမင်တောသည်
အတုမဲ့  ဓမ္မစကြာ တ၇ားဦးကို ဟောတော်မူ၇ာ နေ၇ာပါလားဟူ
အမျိုးကောင်းသားတစ်ဦး အတွက်
သွားေ၇ာက်ဖူးမြော် သံဝေဂ ယူသင့် သော ဌာနတစ်ခု ဖြစ်ဧ၊်။
(မဟာ ပ၇ိနိဗ္ဗာနသုတ်)
ပုံ(၄)က မဟာဗောဓိ ရုပ်ပွားတော် ပါ။
မဟာဗောဓိ မဏ္ဍိုံင်   ၊ဗုဒ္ဓဂါယာ ၊အိန္ဒိယနိုင်ငံမှာပါ။
ကျောဘက်မှာေ၇းထားတာက
‘’ မကောင်းမှု ကို မပြုလုပ်၇န်
ကောင်းမှုကို ပြုလုပ်၇န်
စိတ်ကို စင်ကြယ်စွာ ထား၇န်
(ဓမ္မပဒ)
ပုံ(၅)က ဗုဒ္ဓဘု၇ားရှင် ပ၇ိနိဗ္ဗာန် စံတော်မူပုံ ပါ။
မဟာပရိနိဗ္ဗာန စေတီတော်အနီး ဂန္ဓ ကုဋိ ၊ကုသိနာရုံ ၊ အိန္နိယနိုင်ငံ မှာပါ။
ကျောဘက်မှာေ၇းထားတာက
ချစ်သားအာနန္ဒာ –
ဤကား မြတ်စွာဘု၇ားသည် ပရိနိဗ္ဗာန် ပြု၍ ၀ိပါတ် ကမ္မဇ၇ုပ် တို့ ချုပ် ငြိမ်း၇ာ
မလ္လာမင်းတို့ဧ။်ကုသိနာရုံ အင်ကြင်းတော နေရာ ပါတကားဟု သဒ္ဒါကြည်ညိုစိတ်ရှိသော
အမျိုးကောင်းသားတစ်ဦး အတွက်
သံဝေဂ ယူသင့် သော ဌာနတစ်ခု ဖြစ်ဧ၊်။
(မဟာ ပ၇ိနိဗ္ဗာနသုတ်)
ပုံ(၆)က ဗုဒ္ဓဘု၇ားအလောင်း  ဖွားတော်မူပုံ ပါ။
လုမ္ဗနီ ဥယျာဉ် ၊နီပေါနိုင်ငံ  မှာပါ။
ကျောဘက်မှာေ၇းထားတာက
ချစ်သားအာနန္ဒါ –
ဤ ကား ဘု၇ားအလောင်းတော်ဖွားတော်မူခဲ့ ၇ာ
လုမ္ဗနီ အင်ကြင်းတော နေရာ ပါတကားဟူ၍ု သဒ္ဒါကြည်ညိုစိတ်ရှိသော
အမျိုးကောင်းသားတစ်ဦး အတွက်
သွားေ၇ာက်ဖူးမြော် သံဝေဂ ယူသင့် သော ဌာနတစ်ခု ဖြစ်ဧ၊်။
(မဟာ ပ၇ိနိဗ္ဗာနသုတ်)
ပုံ(၇)က ဘု၇ားအလောင်း  ဒုက္က၇စ၇ိယာ ကျင့် တော်မူပုံ
ဥရု ဝေလတော ၊ဗီဟာပြည်နယ်၊ အိန္ဒိယ နိုင်ငံ မှာပါ။
ကျောဘက်မှာေ၇းထားတာက
ဘု၇ားအလောင်းမှာ ဘု၇ားဖြစ်၇မယ်ဆိုတဲ့ သေချာတဲ့ ပါ၇မီ(ကံ) ရှိတယ်။
ဒါပေမယ့်  နန်းတော်ထဲမှာ စောင့် မနေဘဲ တောထွက်ပြီး ခက်ခဲပင်ပန်းတဲ့ 
ဒုက္က ရ စ၇ိယာ ကို (၆)နှစ် ကျင့် ခဲ့ တယ်။(၀ီ၇ိယ) ။
ဒါပေမယ့် ကံနဲ့ ဝီ၇ိယ ရှိရုံတင်မ၇ဘူး။ အသိဥာဏ်နဲ့ ယှဉ်ပြီး အလယ်အလတ်လမ်းစဉ်ကို ကျင့် မှ
ဘု၇ားဖြစ်ခဲ့ တာ။(ဥာဏ်) ။
ဆိုလိုတာက ကံကိုချည်း အားကိုးလို့ မဖြစ်ဘူး။ ကံကို (၂၀)၇ာခိုင်နှုန်း ထား၊
ဝီ၇ိယကို (၄၀)၇ာခိုင်နှုန်း နဲ့ ဥာဏ် (၄၀)၇ာခိုင်နှုန်း ထားမှ
ဘယ်အလုပ်မဆို အောင်မြင်နိုင်တယ်လို့  ယုံတယ်။
(ဆ၇ာ ချစ်ဆွေဝင်း)
ပုံ(၈)က မဟာဗောဓိစေတီတော် ပုံ ပါ။
ဗုဒ္ဓဂါယာ ၊ဗီဟာပြည်နယ်၊ အိန္ဒိယ နိုင်ငံ မှာပါ။
ကျောဘက်မှာေ၇းထားတာက
ချစ်သားအာနန္ဒာ –
နောင် အခါ  သဒ္ဒါတ၇ားရှိသော ၇ဟန်းယောကျာ်းများ၊ ၇ဟန်းမိန်းမများ ၊ဥပသကာ ဒါယကာများ
၁။ဤ ကား မြတ်စွာဘု၇ားဖွားတော်မူ၇ာ လုမ္ဗနီ အင်ကြင်း ဥယျာဉ်တော်နေ၇ာ ပါတကား။
၂။ဤကား သဗ္ဗညုတေ၇ွှဥာဏ်တော် ကို သိမြင်တော်မူ၍ ဘု၇ားအဖြစ်ေ၇ာက်တော်မူ၇ာ
ဗုဒ္ဓဂါယာ မဟာဗောဓိပင် နေ၇ာပါတကား။
၃။ဤ ကားပဉ္စ၀ဂ္ဂီ ငါးဦးအား မြတ်စွာဘု၇ား တ၇ားဦး ဓမ္မစကြာ ဟောတော်မူ၇ာ
မိဂဒါဝုန်တော နေ၇ာပါတကား။
၎။ ဤကား မြတ်စွာဘု၇ားရှင် ပရိနိဗ္ဗာန်စံတော်မူ၇ာ မလ္လမင်းတို့ ဧ။် အင်ကြင်းတော နေ၇ာပါတကား
ချစ်သားအာနန္ဒာ –
အကြင်လူတို့ သည် (ဤ  သံဝေဇနိယ လေး ဌာနတို ၌့ )ဘု၇ားဖူး ခရီး လှည့်လည်ပြု၍
ကြည်ညိုစိတ်ဖြင့် သေလွန်ကုန်ဧ၊်
ထိုလူအားလုံးတို့ သည် ဤခန္ဓာကိုယ် ပျက်စီး သေလွန်ပြီးနောက်၌
နတ်ရွာ သုဂတိ သို့ေ၇ာက်ကြကုန်လတ္တံ့ ။
(မဟာ ပ၇ိနိဗ္ဗာနသုတ်)
ပုံ(၉)က ဗောဓိပင်နှင့်ေ၇ွှပလ္လင်တော် ပုံ ပါ။
မဟာဗောဓိ မဏ္ဍိုင် ၊ဗုဒ္ဓ ဂါယာ မှာရှိပါတယ်။
ကျောဘက်မှာေ၇းထားတာက
ချစ်သားအာနန္ဒာ –
ဗုဒ္ဓ ဂါယာ မဟာဗောဓိပင် နေ၇ာကား မြတ်စွာဘု၇ားသည် သဗ္ဗညုတ ဥာဏ်တော် ကို
သိမြင်တော်မူ၇ာနေ၇ာပါတကား ဟု သဒ္ဓါတ၇ားရှိသော
အမျိုးကောင်းသားတစ်ဦး အတွက်
သံဝေဂ ယူသင့် သော ဌာနတစ်ခု ဖြစ်ဧ၊်။
(မဟာ ပ၇ိနိဗ္ဗာနသုတ်)
ကျွန်မလို ဗုဒ္ဓဂါယာကို တခေါက်မှ မေ၇ာက်ဖူးသေးသောဂေဇက်ရွာသူ ရွာသားအပေါင်းတို့ အားလုံး
ဗုဒ္ဓဂါယာဘု၇ားများကို နေ့ စဉ်ရည်မှန်း၍
ဂုဏ်တော်ကို အာ၇ုံပြုလို့ 
ပုံတော်များကို ဖူးမြော်ပြီး
ဗုဒ္ဓဂါယာသို့  ကိုယ်တိုင် သွားေ၇ာက်ဖူးမြော်ခွင့် ၇နိုင်ကြပါစေလို့ 
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
About mandalarthu
mandalar thu has written 39 post in this Website..