အလုပ်နှင့်စရိုက်
အလုပ်နှင့် စရိုက်
လူတို့၏ စရိုက်အမျိုးမျိုး စိတ်နေပုံစံ အသီးသီးတို့ကို ဖော်ပြသော စကားလုံးများအနက်
အောက်ဖော်ပြပါ စကားလုံးအချို ့ကို သင့် မိတ်ဆွေများထံတွင်၎င်း ၊ သင့်ထံတွင်၎င်း
တွေ့ရမည်ဟု ယူဆမိပါသည်။
(၁) ဖန်တီးတတ်သော (creative)
(၂) ဝေဖန်နှိုင်းဆတတ်သော (critical)
(၃) စိတ်ပုတ်သော (bad-tempered)
(၄) ဖရိုဖရဲနှိုင်သော (disorganized)
(၅) တိတိကျကျ ကြိုတင်စီမံထားတတ်သော (well-organized)
(၆) ကျွမ်းကျင်သော၊ ကျင်လည်သော (efficient)
(၇) မေ့တတ်သော (forgetful)
(ဂ) သတိရှိသော (careful)
(၉) သတိမမူသော (careless)
(၁၀) နမောနမဲ့နှိုင်သော (reckless)
(၁၁) ရက်ရောသော (generous)
(၁၂) အလုပ်ကြိုးစားသော (hardworking)
(၁၃) စိတ်ရှည်သော၊ သည်းခံသော (patient)
(၁၄) စိတ်မရှည်သော၊ စိတ်လောသော (impatient)
(၁၅) အေးဆေးတည်ငြိမ်သော (level-headed)
(၁၆) စိတ်ပြောင်းလွယ်သော (moody)
(၁၇) အချိန်မှန်သော (punctual)
(၁၈) အားထားရသော၊ စိတ်ချရသော (reliable)
(၁၉) စည်းကြပ်သော (strict)
(၂၀) အလေးအနက်ထားသော (serious)
(၂၁) ဖော်ရွေသော (friendly)
(၂၂) ခပ်စိမ်းစိမ်းနေတတ်သော (unfriendly)
(၂၃) လက်တွေ့ဆန်သော (practical)
(၂၄) စူးစမ်းသော (curious)
(၂၅) စိတ်ကူးယဉ်တတ်သော (imaginative)
(၂၆) ထူးဆန်းသော (strange)
(၂၇) လူမှုဆက်ဆံရေးကောင်းသော (sociable)
(၂၈) ဖော်ဖော်ရွေရွေ ရွှင်ရွှင်ပျပျနေတတ်သော၊ ပွင့်လင်းသော (outgoing)
(၂၉) ရှက်တတ်သော (shy)
(၃၀) မာန်ပါသော၊ ကြမ်းကြုတ်သော၊ တက်ကြွသော (aggressive)
စသဖြင့်စသဖြင့်သော ဗီဇ စရိုက်များ အမျိုးစုံလှပေသည်။ ထိုကြောင့် မည်သည့် အလုပ်
အကိုင် မျိုးရွေးချယ်လုပ်ကိုင်မည် ဆိုသည်ကို အဆိုပါဗီဇ စရိုက်များအခြေခံ၍ စဉ်းစား
သင့်လှပေသည်။
ကျမ မိတ်ဆွေ တစ်ယောက်၏ သမီးလေး အကြောင်းပြောပြပါမည်။သူမသည်
အင်ဂျင်နီယာဘွဲ့လွန်ရပြီးဖြစ်ပါသည်။သို့သော်သူမသည်အင်ဂျင်နီယာအလုပ်
ဝါသနာမပါ ကြောင်း သိရပါသည်။ သူမလက်ရှိအောင်မြင်နေသောအလုပ်မှာ ကျူရှင်
လုပ်ငန်းဖြစ်နေပါသည်။ ယခုခေတ်အခါတွင် စက်မကိုင် အိမ်မဆောက်သော အင်ဂျင်
နီယာများ၊ဆေးမကုသောဆရာဝန်များစွာ တို့ကိုတွေ့မြင်နှိုင်ပါသည်။
မိမိတို့ရရှိထားသော ဘွဲ့နှင့် မိမိတို့ အသက်မွေးလုပ်ငန်းနှင့် မသက်မဆိုင် လုပ်ကိုင်ရင်းနှင့်
အောင်မြင်နေသူများစွာကို ကျမတို့ တွေ့ဖူးကြပါသည်။ ကျမအမြင်တွင်မူ သူတို့၏
စရိုက်အမျိုးမျိုး စိတ်နေပုံစံ အသီးသီးတို့ကို အဆင်ပြေစွာ အသုံးချသွားနှိုင်၍သာ အောင်မြင်
မှုရရှိသွားကြသည်ဟုထင်မြင်ယူဆမိပါသည်။
အဆိုပါ စရိုက်အမျိုးမျိုး စိတ်နေပုံစံ အသီးသီးတို့ကို မိမိတို့ အသက်မွေးလုပ်ငန်းတွင် အံဝင်
ဂွင်ကျ ဖြစ်မဖြစ် ဆန်းစစ်နှိုင်ရန် စိတ်ပညာရှင် (John Holland) ကမူ လူတို့တွင်ရှိတတ်သော
ဗီဇ အုပ်စုများကို အကြမ်းအားဖြင့် (၆) ပို်င်း ခွဲ ပြထားကြောင်း သိရပါသည်။
Personality Types ဗီဇ အုပ်စု (၆) မျိုး မှာ
(၁) လက်တွေ့ပုံစံ (The Realistic Type)
(၂) စူးစမ်းပုံစံ (The Investigative Type)
(၃) အနုပညာပုံစံ (The Artistic Type)
(၄) လူဝင်ဆန့်ပုံစံ (The Social Type)
(၅) စည်းရုံးပုံစံ (The Enterprising Type)
(၆) စာအုပ်ကြီးပုံစံ(The Conventional Type)
ဟူ၍ ဖြစ်ပါသည်။
(၁) လက်တွေ့ပုံစံသမားများသည် မည်သည့်အရာမဆို လက်တွေ့ကျသည်။ စက်ကိရိယာများ
တန်ဆာပလာပစ္စည်းများအသုံးပြု အလုပ်လုပ်ရခြင်းကို နှစ်ခြိုက်တတ်သည်။
(လက်သမားဆရာ၊ စက်ရုံဝန်ထမ်း၊စစ်မှုထမ်း၊ ဆရာဝန်)
(၂) စူးစမ်းပုံစံသမားများသည် စူးစမ်းလိုစိတ်ရှိကြသည်။ သင်ယူလေ့လာလိုစိတ်ရှိကြသည်။
ခွဲခြမ်းစိတ်ဖြာသောနည်းဖြင့် ပြဿနာများကို ဖြေရှင်းလိုကြသည်။
(ရဲဝန်ထမ်း၊ စုံထောက်၊ သုတေသီ)
(၃) အနုပညာစိတ်ထားသမားများကမူ စိတ်ကူးယဉ်တတ်ကြသည်။ တွေးခေါ်စိတ်ကူး
ပုံဖော်တတ်ကြသည်။ အနုပညာဖန်တီးမှုများဖြင့် မိမိတို့ ပြောရန်ရှိသည်များကို ဖော်ပြတတ်ကြ
သည်။ (သရုပ်ဆောင်၊ အနုပညာရှင်၊ ဓာတ်ပုံဆရာ၊ စာရေးဆရာ၊ တေးရေးဆရာ)
(၄) လူဝင်ဆန့်သမားများသည် ဖော်ရွေတတ်ကြသည်။ ကူညီတတ်ကြသည်။ သူတစ်ပါးကို
ပြုစုပျိုးထောင်ပေးလိုစိတ်များရှိတတ်ကြသည်။
(ဆရာဝန်၊ ဆရာ/ဆရာမ၊ သူနာပြု )
(၅) စည်းရုံးရေးသမားများသည် ဖော်ရွေရွှင်ပျ ပွင့်လင်းသော စရိုက်ရှိကြသည်။ သူတစ်ပါး
ကို စိတ်ပါလာစေရန် သိမ်းသွင်းနှိုင်ကြသည်။ ဦးဆောင်စွမ်းရည်ရှိကြသည်။
(မန်နေဂျာ၊ နိုင်ငံရေးသမား၊ ဧည့်လမ်းညွှန်)
(၆) စာအုပ်ကြီးပုံစံသမားများသည် အရာရာတွင် သတိရှိကြသည်။ စည်းမျဉ်းအတိုင်း
လုပ်ကိုင်လိုကြသည်။ သမရိုးကျ လုပ်ငန်းစဉ်များထဲမှ ဖောက်မထွက်လိုကြပေ။
(စာရင်းကိုင်၊ အတွင်းရေးမှူး၊ စာကြည့်တိုက်မှူး)
အထက်ဖော်ပြခဲ့သည့်အတိုင်း မိမိတို့ ကိုယ်စီရှိကြသည့် စရိုက် ကို ဆန်းစစ်ပြီးနောက်
မည်သည့် ဗီဇအုပ်စုတွင် မိမိပါဝင်နေကြောင်း လေ့လာကြည့်ပါလျှင် အလုပ်အကိုင်
ရွေးချယ်ရာတွင် အနည်းနှင့်အများ အံဝင်ဘွယ်ရာရှိလာနှိုင်မည်ဟု ယူဆမိပါသည်။
အလုပ်ခွင်မပျော်ပိုက်သူများကို လေ့လာကြည့်သောအခါ အချို ့မှာ လုပ်ငန်းမကျွမ်းကျင်
၍ မပျော်ခြင်း။ လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေ၍မပျော်ခြင်း။ ပေးဆပ်ရသောလုပ်
အားနှင့် လစာငွေ အချိုးမကျ၍ မပျော်ခြင်း ။ စသဖြင့် အလုပ်ခွင်မပျော်ခြင်း များစွာ
ရှိလာကြပါသည်။ ကျမ အမြင်မှာမူ မိမိအလုပ်နှင့် မိမိ ဗီဇစရိုက် မကိုက်၍ မပျော်သည်က
ပိုများမည်ဟု ယူဆမိပါသည်။
ဥပမာ ဆေးရုံမကြိုက်တတ်သူသည် သူနာပြု အလုပ်လုပ်၍ အဆင်မပြေနှိုင်။ ဖန်တီးရေးသား
နှိုင်စွမ်းမရှိသူမှာလည်း စာရေးဆရာကောင်းတစ်ယောက် ဖြစ်မလာနှိုင်ပါ။
ကိန်းဂဏန်းများတွင်မပျော်မွေ့သူမှာ စာရင်းကိုင်ရန်လက်တွန့်ပေလိမ့်မည်။ အမြင့်ပျံသန်းလျှင်
အန်တတ်သူအဖို့ လေယာဉ်မယ်လုပ်ရင်း ခေါင်းကိုက်နေတော့မည်ဖြစ်ပါသည်။
အချုပ်ဆိုရသော် မည်သည့်အလုပ်အကိုင်မျိုးလုပ်ရန် မည်သို့သောစရိုက်ရှိသင့်ကြောင်း၊
မည်သည့် ဗီဇအုပ်စုနှင့်ဆိုင်သည့် သူဖြစ်ကြောင်းတို့ကို မိမိဖာသာ
ဝေဖန်ဆန်းစစ်ကြည့်ရပါမည်။ အလုပ်အကိုင်တိုင်းတွင် ဗီဇစရိုက် တစ်မျိုးမကလိုအပ်ကြောင်းကိုလည်း စိတ်ဝင်စားဖွယ်ရာ တွေ့ရှိနှိုင်ပါသည်။
ဥပမာ၊ အောင်မြင်သော ဆရာဝန်တစ်ယောက် ဖြစ်ရန် Personality Types ဗီဇ အုပ်စု
(၆) မျိုး အနက်မှ အနည်းဆုံး(၁) လက်တွေ့ပုံစံ ၊(၂) စူးစမ်းပုံစံ (၄) လူဝင်ဆန့်ပုံစံ
(၅) စည်းရုံးပုံစံ (၆) စာအုပ်ကြီးပုံစံ စသော (၅)မျိုးခန့် ပါဝင်နေကြောင်းတွေရပေမည်။
ထို့ကြောင့် ဆရာဝန်တစ်ဦးသည် ဝေဖန်နှိုင်းဆတတ်သော (critical) ၊ တိတိကျကျ ကြိုတင်စီမံထားတတ်သော (well-organized) ၊ ကျွမ်းကျင်သော၊ ကျင်လည်သော (efficient) ၊သတိရှိသော (careful) ၊ အလုပ်ကြိုးစားသော (hardworking) ၊
စိတ်ရှည်သော၊ သည်းခံသော (patient) ၊ အေးဆေးတည်ငြိမ်သော (level-headed)
အချိန်မှန်သော (punctual) ၊ အားထားရသော၊ စိတ်ချရသော (reliable) ၊
စည်းကြပ်သော (strict) ၊ အလေးအနက်ထားသော (serious) ၊ ဖော်ရွေသော (friendly) ၊
လက်တွေ့ဆန်သော (practical) ၊ စူးစမ်းသော (curious) ၊လူမှုဆက်ဆံရေးကောင်းသော (sociable) ၊ စသော စသော Personality Traits အမျိုးမျိုးတို့ ပါဝင်သက်ဆိုင်နေသည်မှာ
မငြင်းနှိုင်ပါ။
ထိုနည်းတူစွာ အခြားလုပ်ငန်းလုပ်ကိုင်သူများတွင်လည်း ထိုသို့ သက်ဆိုင်ရာဗီဇ စရိုက် အမျိုးမျိုးတို့ကို လိုအပ်သလိုပုံဖော် သွားကြမှသာ လုပ်ခွင်ပျော်သော ၊ အလုပ်နှင့် စရိုက်
အံကိုက်ပြီး လုပ်ငန်းခွင် တိုးတက်အောင်မြင်သော၊ အကျိုးပြုသော ပညာရှင်များ
ဖြစ်လာနှိုင်ကြမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါတော့သည်။
53 comments
TTNU
January 19, 2012 at 11:59 pm
ချစ်သောဂဇက်မိတ်ဆွေတို့ရေ…
I’m home!!
ဒီနေ့လွတ်လွတ်လပ်လပ်အားပြီဆိုပြီး ရေးချင်တာလေးတွေ အားခဲ
တင်လိုက်တာ ည(၁၂)ရှိတော့မယ်။ မနက် လမ်းမလျှောက်တော့ဘူး
ဆိုပြီး ဒီပို့စ်လေးကိုတင်ပါတယ်။ (၁၀)ခါလောက် ကနက်ရှင်ပြုတ်ကျပါတယ်။
မဖတ်ရသေးတဲ့ စာတွေလည်း ခပ်သော့သော့လေးဖတ်လိုက်ပါတယ်။
ကော်မန့်မရေးနှိုင်လိုက်တာ ခွင့်လွှတ်ပါ။ မအားလိုက်လို့ ရွှေကြက်ယက်အဖွဲ့
(ကိုစိန်သော့၊ ပေ၊ပေါက်၊ဖရဲ)တို့နဲ့ မန်မန်လိုက်မစားဖြစ်တာလည်း စိတ်မကောင်းပါ။
ကိုဘလက်ရဲ ့ မန်းဂဇက်တူးဆွခြင်းကိုတောင်မှ ကမန်းကတန်းကပိုကရိုဝင်ဖတ်သွားရကြောင်းပါ။
pooch
January 20, 2012 at 12:34 am
welcome တီချယ် !!!!!!!!!!
တီချယ်ရေ အရမ်းကောင်းတဲ့ စာလေးပါ အနော် ကူးထားလိုက်တယ် အိမ်က
ညီမတွေလည်း ပေးဖတ်လိုက်မယ်
လိုင်းမကောင်းတာတော့ဟုတ်တယ်တီချယ်ရေ ပြုတ်ပြုတ်ကျနေတာ 🙁
အနော်လည်း ကိုယ့်ကိုယ်ကို မကြာမကြာဆန်းစစ်ကြည့်မိတယ် နေပျော်ရဲ့လားလို့ အများအားဖြင့်တော့ နေလို့ပျော်ပါတယ် တခါတခါ ညစ်စရာရှိတော့လည်း ညစ်တာပေါ့ တီချယ်ရယ်
ကိုယ့်ကိုယ်ကိုလည်း ဘယ်အုပ်စုဝင်နေသလဲ မသိဘူး
ဟိုစပ်စပ်ဒီစပ်စပ် ဟိုယောင်ယောက်ဒီယောင်ယောင် ဖြစ်နေလို့ ဟီး
TTNU
January 20, 2012 at 1:02 am
ံHello My Dear Pooch,
You are the very first reader for this post. Thank you for seizing the initiative.
Whowho told me you came to Shwekyeemyint on Saturday. Good work!
On February 12th, there will be Myaut_Oo Sayadaw’s preaching again. Join us.
pooch
January 20, 2012 at 2:06 pm
yes, teacher. i will….
Khin Latt
January 20, 2012 at 2:58 am
တီချာနု – မီးမီး က ဒုတိယ။ 😉
အရမ်းကို စိတ်ဝင်စားစရာ၊ မှတ်သား စရာကောင်း တဲ့ အချက်တွေ ပါဘဲ။
တီချာနု ရဲ့ Post နဲ့ မိုးဇက် ရဲ့ ခလေးတွေ ရဲ့ စိတ်အကြောင်း Post ကို ဆက်စပ်ပြီး မိဘ တွေ ကလဲ ကိုယ့်သားသမီး ရဲ့ စရိုက်လက္ခ္ခဏာ ကို ကြည့်ပြီး သူတို့နဲ့ ကိုက်ညီနိုင်တဲ့ ပညာရေး လမ်းကြောင်း ဘက်ကို ပံ့ပိုးပေးသင့်တယ် လို့ တွေးမိသွားလို့ပါ။
“စိတ်ပုတ်သော၊ ဖရိုဖရဲနှိုင်သော၊ မေ့တတ်သော၊ သတိမမူသော၊ နမောနမဲ့နှိုင်သော၊ စိတ်မရှည်သော၊ စိတ်လောသော၊ စိတ်ပြောင်းလွယ်သော၊ ခပ်စိမ်းစိမ်းနေတတ်သော၊
မာန်ပါသော၊ ကြမ်းကြုတ်သော၊ တက်ကြွသော” စိတ်ထား စရိုက် ရှိသူများ သည် ဘယ်လို အလုပ်မျိုး နှင့် သင့်တော် ပါသလဲ ဟု စဉ်းစားကြည့်နေပါတယ်။ 😉
အဟဲ နောက်တာပါ တီချာကြီးရေ –
တကယ်တော့ လူတိုင်းမှာ အဆိုးအကောင်း တွေ ဒွန်တွဲ နေတာ ပါ မဟုတ်လား။
တကယ်တော့ ကျွန်မမှာလည်း အဲဒီ မကောင်းတဲ့ စိတ်တွေ က ပေါ်လိုက် ပျောက်လိုက်ပါဘဲ။
အကောင်းစရိုက် ကို ပိုကောင်းအောင် မြှင့်တင်ပြီး အဆိုးစရိုက် ကို နဲနိုင်သမျှ နဲ အောင် လုပ်မှ ဘဝ မှာ တင့်တယ်သူ၊ လူဖြစ်ရကျိုး နပ်သူ ဖြစ်မှာ လို့ ထင်ပါ တယ်။
ဒါကြောင့် တီချာနု ရဲ့ reminder လို Post လေးတွေ က လူ့စိတ်တွေကို အကောင်းဖက် ကို ပြန်ပြန်ဆွဲပေးပါတယ်။
ကျေးဇူး အများကြီး တင်ပါတယ် တီချာနုရှင့်။
ချစ်ခင်စွာဖြင့်
မလတ် 🙂
ကိုပေါက်(မန္တလေး)
January 20, 2012 at 9:17 am
ဆရာမကြီးခင်ဗျား
တစ်ခါတစ်ရံမှလူတစ်ယောက်သည်ဘဝနှစ်မျိုးနှင့်နေရတတ်ပါသည်။
ဈေးသည်လိုလို မန်နေဂျာလိုလို အနေအထားမျိုးဖြင့် လူပေါင်းများစွာနှင့်ထိတွေ့ဆက်ဆံ ဆူညံလှုပ်ယှား
အော်ဟစ်ဆူပူ ချော့မော့တောင်းပန် ၍နေသောဘဝသည် ဝမ်းရေးအတွက်ဖြစ်တတ်ပါသည်။
မိမိလိုလားနှစ်ခြိုက်သော သီချင်းရေး ကဗျာရေး စာတွေရေး ပန်းချီဆွဲ ဓါတ်ပုံရိုက်အစရှိသော
အနုပညာမြောက်သောလုပ်ငန်းများကိုဆောင်ရွက်ခြင်း၊ဝါသနာတူလူများနှင့်စကားပြောခြင်းသည်
သူ့အတွက်အပန်းဖြေခြင်း စိတ်တင်းကျပ်မူ့များကိုဖြေလျော့ခြင်းဖြစ်ပါသည်။
ကျွန်တော်သည်ကား…………………………………
captainamerica
January 20, 2012 at 9:26 am
ကျွန်တော်လည်းတူတူပါပဲ အကိုပေါက်ရေ အပြင်မှာနေတဲ့စရိုက်ကတစ်မျိုး
လုပ်ငန်းခွင်ထဲကစရိုက်ကတစ်မျိုး။ဒီလိုပါပဲလောကကြီးဆိုတာအဆင်ပြေအောင်
ကြည့်နေကြည့်စားရတာပါပဲ။ကိုယ်ဝါသနာစရိုက်တွေနဲ.ကိုက်ညီတဲ့အလုပ်တွေ
လုပ်ရတဲ့သူတွေကတော့အတိုင်းထက်အလွန်ပေါ့။
ချစ်ရအောင်
January 20, 2012 at 10:03 am
အရမ်းကောင်းသော ကောက်နှုတ်သုံးသပ်ချပလေးတွေပါပဲဗျာ
ကြိုက်တယ်ဗျာ ကျေးဇူးပါနော် …. ။
weiwei
January 20, 2012 at 10:49 am
ကျွန်မကတော့ စရိုက်နဲ့သင့်တော်တဲ့အလုပ်ကို လုပ်ကိုင်မိထားလို့ အဆင်ပြေနေပါတယ် …
ဒါပေမယ့် စရိုက်အမျိုးမျိုးရှိတဲ့လူတွေနဲ့ အတူအလုပ်လုပ်ရတာတော့ အခက်အခဲအနည်းငယ်ရှိနေသေးတယ် …
နွယ်ပင်
January 20, 2012 at 10:51 am
အရမ်းကို ကောင်းတဲ့ ပိုစ့်လေးပါပဲ တီချာကြီးရေ..
နွယ်ပင်ကိုယ့်ကို ပြန်ကြည့်မိတော့ အဆင်ပြေသလို
မပြေသလိုလိုပါပဲ တစ်ခါတစ်ခါတော့ အဆင်မပြေမူတွေက
တော်တော်များသား ။
ကိုယ့်ကိုကိုယ် ဘယ်အုပ်စုထဲ ဝင်နေမှန်းတောင် မသိတော့ပါဘူး 🙁
windtalker
January 20, 2012 at 11:11 am
“ စိတ်ရှည် သည်းခံ တတ်ခြင်း သည် လုပ်ငန်းအားလုံးအတွက် အောင်မြင်ခြင်း အထောက်အပံ့ ဖြစ်သည် ။ ”
ဘုံ…မစ်စတာပေ
🙂
manawphyulay
January 20, 2012 at 11:29 am
အင်း တီချယ်ကြီးပြောမှ ကိုယ့်စရိုက်နဲ့အလုပ်နဲ့ ကိုက်ညီရဲ့လား။ ဘာတွေလိုအပ်ပြီး ဘာတွေပြင်ဆင်ရမလဲဆိုတာကိုပါ စဉ်းစားတွေးမိလာပါတယ်။ လောလောဆယ်တော့ အလုပ်မှာနေပျော်နေသေးတယ်။ ငယ်တုန်းကတော့ ရည်ရွယ်ချက်တစ်မျိုးပေါ့လေ ကြီးလာတော့ လုပ်တာနဲ့ ပညာသင်တာ လမ်းကြောင်းကွဲလာတယ်။ နောက်ဆုံးတော့ သွားနေတဲ့လမ်းကြောင်းမှာတော့ ဝါသနာပါနေတယ်လို့ ဆိုရမှာပါပဲ။ ကျေးဇူးပါတီချယ် သမီး သေချာ စဉ်းစားဖို့ ပေးလိုက်တဲ့အတွက်ပေါ့။
amatmin
January 20, 2012 at 11:33 am
တီချယ်ရေ မင်္ဂလာပါ..
တခါတလေ အလုပ်လုပ်ရင်း စိတ်ကုန်လာတတ်..
စိတ်ကောင်းလေးတွေ ပျောက်ပျောက်သွားတတ်တဲ့ကျနော်အဖို့
တီချယ်စာဖတ်ရင်း အပြောင်းအလဲကောင်းလေးတွေအကြောင်းစဉ်းစားမိလို့
ကျေးဇူးပါခင်ဗျ…
ယောင်ခြောက်ဆယ် အမတ်မင်း
ကြောင်ကြီး
January 20, 2012 at 12:09 pm
တခါတရံတော့လည်း ကြွက်သိပ်ကြီးလွန်းရင် ကြောင်မခုတ်ဘဲ လက်ရှောင်ပေးရတာမျိုးလည်း ရှိတတ်ပါတယ်၊ ဝါသနာမပါလို့ ဟုတ်ရပါဘူး တီချယ်ကြီး…။
TTNU
January 20, 2012 at 12:31 pm
ကိုကြီးကြောင်ရေ…
ကြောင်ဆိုတဲ့မောင်တွေရဲ ့စရိုက်က တစ်ခါတစ်လေ တော်တော်နားလည်ရခက်
တယ်ကွဲ့။
(၁) ကျားဆရာကြောင်ဆိုတဲ့ စရိုက်
(၂) ငါးကြော်မကြိုက် ကြောင်မိုက် အဖြစ်မခံတဲ့ စရိုက်
(၃) ကိုယ့်ပစ္စည်းလေးကိုယ် မြေယက်ဖုံးတတ်တဲ့ စရိုက်
(၄) သခင်တွေ နာမကျန်းရင် ဒဏ်မခံနှိုင်ဘူးဆိုတဲ့ စရိုက်
(၅) ကြွက်မခုတ်ဘဲ ကြွက်ထောင်ခြောက်မှာမိနေတဲ့ ကြွက်ကလေးကိုမှ
လာခုတ်တဲ့ စရိုက်….
စုံနေတာပါ့။ ကြွက်သိပ်ကြီးလွန်းရင် ကြောင်မခုတ်ဘဲ လက်ရှောင်ပေးတဲ့ စရိုက်
ကိုတော့ ကြောင်လောကရဲ ့ (A very new manoeuvre) လို့ ခေါ်ရမယ်နော်။ 😀
TTNU
January 20, 2012 at 12:17 pm
မလတ်ရေ…
မှန်ပါတယ်၊ စိတ်ကောင်းရဲ ့ အဖော်ကစိတ်ညံ့လေ။ အညံ့တွေကအားပြိုင်လေလေ
အကောင်းရဲ ့သတ္တိကကြွလေလေတဲ့။ ဖီလိုဆိုဖာဒေါ်သနုပြောတာ။ 🙂
ကိုပေါက်ရေ…
ကျွန်တော်သည်ကား……နှစ်မျိုးတော်၍ စွယ်စုံဟုအမည်တွင်စေသတည်း။
Captain America ရေ… ကိုပေါက်လိုပဲနော်။
ကျေးဇူးပါ ကိုချစ်ရအောင်ရေ။
ဝေရေ…
ကိုယ်တိုင် Personality Type ဝင်ပေမဲ့ အလုပ်အတူလုပ်သူတွေမှာ အံမဝင်သူတွေ
ပါဝင်လာနှိုင်တာ ဒုတိယအဆင့် Barrier တစ်ခုပါပဲ။ (Anything that prevents people
from being together or understanding each other.) ဒါပေမဲ့ ဝေရေ..ဒုတိယအဆင့်
လောက်မို့ ဖြေရှင်းရတာ အဆင်ပြေမှာပါ။
နွယ်ပင်ရေ…
အဆင်မပြေတာလေးတွေများလာရင်တော့ Type လွဲနေတာဖြစ်မယ်၊အလုပ် ပြန်ပြောင်း
ရခက်ရင်တော့ ကိုယ့်Personality Traits ကို ပြောင်းပြီး လေ့ကျင့်ရတော့မှာပေါ့။ ကိုယ်တိုင်က
adaptable ဖြစ်ရင်တော့ ကာလကြာလာတဲ့အခါ အဆင်ပြေသွားမှာပါကွယ်။
ကိုပေရေ…
စိတ်ရှည်သည်းခံ ပါရမီရင့်သန်ခြင်းကို အားပေးနေပါတယ်။
မနောလေးရေ…
ငယ်တုန်းကတော့ ရည်ရွယ်ချက်နဲ့ ကြီးလာတော့ လုပ်တာနဲ့ ပညာသင်တာ
လမ်းကြောင်းကွဲလာပေမဲ့ ပျော်နေတယ်ဆိုရင် ဝမ်းသာစရာပါကွယ်။
အမတ်မင်းရေ…
တခါတလေ အလုပ်လုပ်ရင်း စိတ်ကုန်လာတတ်..
စိတ်ကောင်းလေးတွေ ပျောက်ပျောက်သွားတတ်တာ တီချာတို့ အလုပ်ခွင် ဖိစီးမှု
များတဲ့သူတိုင်းမှာ ဖြစ်တတ်လေ့ရှိတဲ့ ဝေဒနာပါ။ 🙂
စိန်ပေါက်ပေါက်
January 20, 2012 at 12:18 pm
တီချယ်ကြီး ပြုစုထားတာ ရှယ်ပဲဗျာ..
ပြည့်စုံလှပါပေ့…ဝေါဟာရတွေလဲ များကြီး..မို ့..သများကြိုက်ကြိုက်..
ကျနော်ကတော့ အလုပ်နဲ ့ဇရိုက်တခြား ဆီ
ဟီ.ဟိ…
စာဝင်ဝင်ဖတ်နေတဲ့ အရက်သမားကြီးမိုက်ကြီးပါ
ညှင်း..ညှင်း..
jujuma
January 20, 2012 at 1:12 pm
ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော်..အဲလေ မွှားလို့ …
ညှင်း..ညှင်း ဆိုပဲ ညှင်းကလဲ ပေါက်သေးသကိုး …ဟီးးး
စိန်ပေါက်ပေါက်
January 20, 2012 at 1:44 pm
တီချယ်ကြီးရေ
ရှူရှူးမက တများကို ညှင်းပေါက်နေတယ်လာပြောနေဒယ်..
သများက ညှင်းပျောက်သွားတာကြာဘီ
ပွေးလေး နဲနဲပဲ ကျန်တော့တဲ့ဟာဂျီးကို
TTNU
January 20, 2012 at 1:23 pm
ကိုပေါက်ဖော်ရေ…
မောင်ရင်လေးက ဘယ် Type ထဲကလဲ။
စာဖတ်တာဆိုတော့ စူးစမ်းပုံစံ (The Investigative Type) မှာပါမယ်။
ှ့Shaking the bottle ဆိုတော့ လက်တွေ့ပုံစံ (The Realistic Type) နဲ့
အနုပညာပုံစံ (The Artistic Type) များလား။
ကြီးမိုက် ဆိုတာ အသက်ကြီးပေမဲ့ တွေ့တဲ့ လေဒီပျိုတွေက ” Wow! Wicked!”
လို့ (Wolf-whistles) လုပ်ကြတာကိုပြောတာလားဟင်။ 😀
eipu
January 20, 2012 at 1:09 pm
ကျနေတဲ့စိတ်ဓါတ်တွေမြှင့်တင်စေတဲ့အတွက်ကျေးဇူးပါ တီချယ်။
jujuma
January 20, 2012 at 1:10 pm
တီတီနု ရေးတဲ့ ပို့စ်လိုမျိုးလေးတွေ အများကြီးဖတ်ရ ..
ကွန်မန့်လေးတွေလိုက်ဖတ်ရ နဲ့ တော်တော် လေးကို အသိဥဏ်ရော..ဗဟုသုတရောရတဲ့အတွက်
ကျေးဇူးတင်မိပါတယ်..
ညီမ ကတော့ ကိုယ့်စရိုက်က ဘာလဲဆိုတာတောင် ပြန်မစဉ်းစားမိတော့ပါဘူး..
ကိုယ်လုပ်နေရတဲ့ အလုပ်ထဲမှာ စိတ်ဝင်စားအောင် ပျော်ရွှင်မိအောင် စိတ်နှစ်ထားလိုက်တာပါပဲ..
လုပ်ရင်းနဲ့ ဝါသနာပါလာပီး..အဲဝါသနာဟာ စရိုက်ဖြစ်လာတယ်ထင်မိပါတယ်..
ဖားသက်ပြင်း
January 20, 2012 at 1:33 pm
လေးစားစွာ …အားပေးဖတ်မှတ်သွားပါတယ် တီချယ်ကြီးရယ်..
စကားမစပ်…
တလောလေးက အဲ့လာ နဲ့ ပါတ်သတ်ပြီး ဘာသာပြန်ပေးလိုက်ရဖူးပါတယ်…။
(ပုံစံကွဲတစ်မျိုးပါ. ..သူက ၄မျိုးခွဲပြီး ၄မျိုး ပြန်ဆင့်ပွားတာခည ..)
ပြန်ဆိုလို့သာ ပြန်ပေးရတာ …လူတော့ မူးနောက်တွားတာပါပဲခည.. ..
ဆိုက်ကိုတက်စ် ကွက်ရှင် ဘာသာပြန်တဲ့အလုပ်ဟာ အတော်ဆိုးပါသည်ခညာ…
ကိုယ့်ကိုကိုယ်ချည်း မေးခွန်းပြန်ပြန်ထုတ်မိပီ း… ဟိုဟာပဲဖြစ်နေသလိုလို ဒီဟာပဲ ဖြစ်နေသလိုလိုနဲ့ ….
😀
ပလပ်လွတ်သွားတဲ့
ဖားသက်ပြင်း
TTNU
January 20, 2012 at 2:51 pm
မောင်ဂီရေ…
ကိုယ့်ကိုယ်ကိုချည်း မေးခွန်းပြန်ပြန်ထုတ်မိပြီး…
ဟိုဟာပဲဖြစ်နေသလိုလို ဒီဟာပဲ ဖြစ်နေသလိုလိုနဲ့ ….
သေချာပြီ မောင်မင်း …
အသင်သည် တော်တော်စုံသော စွယ်စုံကြီးပါတကား။
ဖားသက်ပြင်း
January 21, 2012 at 10:55 pm
>>အသင်သည် တော်တော်စုံသော စွယ်စုံကြီးပါတကား။
အဲ့လို မီဟုတ်ရပါဘူး တီချယ်ကြီးရယ်…
အောက် မှာ spoon-feeding ဆိုတဲ့စာလုံးလေး ပါလာလို့ ထပ်မန့်ဖြစ်တယ်နော်….
မောင်ဂီ ဘာသာပြန်ရတဲ့ မေးခွန်းလွှာကြီးမှာ …ဆေးပညာ ဆိုက်ကို အသုံးအနှုံး..
HR ကဝိတွေရဲ့ အသုံးအနှုံး …ဒါတွေပါရဲ့ဗျာ ….ကိုယ် မတတ်သော်ငြားလည်း …
googling လုပ်လိုက်တိုင်း ထွက်ထွက်ကျလာတော့ ဘာသာပြန်ရတာ သိပ် မခက်ခဲဘူးခင်ဗျ …
ခက်တဲ့အပိုင်းတွေက ဘာတွေလဲ ဆိုရင် ….ရာဇဝင်ထဲက ထင်ရှားဖြစ်စဉ်များ…လူသားများ
ရှိတ်စပီးရီးယား ပြဇာတ်များနဲ့ …စကားပုံများ ပါပဲ …..
ဥပမာ သင်သည် ဟမ်မလတ်(အရီးတော်လတ် မဟုတ်ပါ) လိုလူစား လား ဆိုတဲ့ မေးခွန်းမျိုးခင်ဗျ….
သူရို့ဆီက လူတိုင်း အန်ဒါစတွတ် သိနေတဲ့ ဇာတ်ကောင် စရိုက်တခုကို ချပြပြီး သည်လိုလူစားလား
မေးတဲ့ မေးခွန်းမျိုးကိုး ခင်ဗျား ….
ဒါမျိုးကျ တိုက်ရိုက်ပြန်ရင် တော့ အပြင်စာမဖတ်တဲ့ စာဖြေသူ (ဟန်မလတ် မကြားဖူးသူ)
နားမလည် မှာ အသေအချာပဲ ..
(ကျနော်တို့မှ သူတို့လို ယဉ်ကျေးမှု သမိုင်းကြောင်း စတာတွေရဲ့ ဇာတ်ကောင်တွေရဲ့ ဇာတ်ကောင်စရိုက်တွေကို
တိတိပပ ကျကျနန မသင်ခဲ့ရတာကိုးနော…)
သည်တော့ ကျနော်တို့ အကျွမ်းတဝင် မဖြစ်ခဲ့တာတွေ ခွကျတာတွေပေါ့ခင်ဗျား….။
ကျနော်လည်း မြန်မာရာဇဝင်မှာ အနှီ ကာရိုက်တာမျိုး လိုက်ရှာကြည့်သေးတယ် ….
ဥပမာ သင်သည် —- လို လူစားမျိုးလား ရေးပေးနိုင်အောင် …
တွေ့ဝူးရယ်ဗျာ …( ငယ်ငယ်က ဖတ်ဖူးတဲ့ သမိုင်းပြဌာန်းစာအုပ်မှာ လူကောင်း – လူဆိုး ၂မျိုးပဲပါသကိုးဗျာ..
လူ့သဘော လူ့သဘာဝက ၂မျိုး မကတာ တီချယ်ကြီးပိုစ့်က အဖြေမို့ …)
ရာဇဝင် တိုင်းမလဲပဲ …ဘုရင်တိုင်းသည် သူရဲကောင်း …သူတော်ကောင်း ဘုရားဒါယိကာ ….
(လူပဲ ..ဆိုးကွက်လေးတွေရှိမှာပါပဲ …ကျနော်တို့က ဖြစ်စဉ်ကိုပဲ ..ဇောင်းပေး ဖတ်ခဲ့ရတော့
စရိုက်လက္ခဏာပိုင်း မေ့ကျန်ရစ်တယ် ထင်ပါ့….)
သူတို့ဆီက ကလေးတွေ (၁ဝနှစ်က ၁၅နှစ်) အတွင်း ဆို သမိုင်း ကို မိုင်နာပဲယူထားဦး …သမိုင်းဝင်တွေရဲ့..
လူ့သဘော လူ့မနော ကို သင်ယူခွင့် လေ့လာခွင့်ရကြတယ်ခင်ဗျ …….သည်တော့ …လူ့ သဘာဝ ကို
သမိုင်းကနေ သင်ယူနိုင်တယ်ပေါ့ဗျာ..
ကျနော်တို့ သမိုင်းဖတ်စာကတော့ .. ..မွန်-ဗမာ သတ်ချင်သတ် …ဘုရင်တပါး ဘုန်းလက်ရုံးပြချင်
ယပက်လက်ကို တိုက် …အင်္ဂလိ ကျုးကျော်စစ်ကို ပြောင်မြောင်စွာ ခုခံရင်း ..သိက္ခာရှိရှိ လက်နက်မမျှလို့ ရှုံး ..
ဒါတွေ .သည်ဖြစ်စဉ်တွေပဲ ဆိုတော့ ….
တကယ်ပါ … သမိုင်း ဟေ့ ဆို ..ခုနှစ်ဖြစ်စဉ် အလွတ်ကျက်ပြီး ၁နှစ်၁တန်းအောင် လာခဲ့ကြတော့ …
ဘိုင်ဟတ် ကျက်နေသ၍ ကတော့ ပြဌာန်းစာအုပ် အပြင်ဘက် မထွက်နိုင်သ၍ကတော့ စပွန်းဖိဒင်း ထဲက
ထွက်လိမ့်ဦးမယ် မဟုတ်ဘူး ..တီချာနုရေ ….
အင်း …
အပြင်စာ များများဖတ်ဦးမှ ….
လေးစားခင်မင်တဲ့
ဖားဂီ..
kyeemite
January 20, 2012 at 2:13 pm
ဒီမှာစိန်ပေါက်ပေါက်..
နောက်ဆိုအရေးအသားဆင်ချင်ပါ..
ကြီးမိုက်က ကျုပ် ရေစစ္စရီလပ်ထားတာ..တရားစွဲခံရမယ်..ညှင်း..ညှင်း..
ဆောရီးပါဆရာမရေ..အမြင်မတော်တာလေးတွေလဲတဘက်ကဆုံးမနေရသေးတယ်..
အလွန်မှတ်သားဘွယ်ရာကောင်းတဲ့ပို့စ်လေးပါ..ရှယ်ရအောင်ကူးထားလိုက်ပါတယ်..
TTNU
January 20, 2012 at 2:26 pm
အိပုရေ… စာတွေဖတ်ပြီးစိတ်ဓါတ်တွေတက်ကြွသွားပြီလားဟင်။
ကျေးဇူးတင်တယ်နော်။
ဂျူးဂျူးမရေ…(ကိုယ့်စရိုက်က ဘာလဲဆိုတာတောင် ပြန်မစဉ်းစားမိတော့ပါဘူး..
ကိုယ်လုပ်နေရတဲ့ အလုပ်ထဲမှာ စိတ်ဝင်စားအောင် ပျော်ရွှင်မိအောင်
စိတ်နှစ်ထားလိုက်တာပါပဲ..) သိပ်တော်တာပါပဲ။ အရမ်းတော်တာပါပဲကွယ်။
အရည်အသွေးရှိသူတစ်ဦးလို့ ထင်မိပါတယ်။
ကြီးမိုက်ရေ…ကိုပေါက်ဖော် ကပိုကြီးမယ်ထင်တယ် သားရေ။ သူက တီချာ့ ဇာတ်လမ်း
ထဲက Professor လေ။:P
Rose Minn
January 20, 2012 at 2:31 pm
ဝါသနာပါလို့သာ လုပ်ရတာ အလုပ်ထဲမှာ အတိုက်ခိုက်တွေများလို့ စိတ်ဓါတ်တွေတော်တော်ကျနေတာ။ ဖတ်ပြီးတော့ အားတက်မိပါကြောင်း။ ကျေးဇူးတင်ပါတယ်နော်။ တီတီရေ။
etone
January 20, 2012 at 4:26 pm
တီချယ်ကြီးရေ … အလုပ်နဲ့ စရိုက်တွေအကြောင်း အသေးစိတ်ထောက်ပြသွားတာ … အကွက်စေ့ကျနလှပါတယ် … ။ အလုပ်ခွင်ဆိုတာမျိုးကလေ …. များသောအားဖြင့် … လူမှန်နေရာမှန်မရောက်တတ်တာမျိုး …… ။ နည်းနည်း နားရှုပ်သွားပြီလားမသိဘူး … ဒီလိုပါ … ။ လူတွေ စမ်းတဝါးဝါးနဲ့ … ကိုယ်ဝါသနာပါတာမျိုး… ၊ ကိုယ်တတ်ကျွမ်းတာမျိုးမဟုတ်ပဲ … အစပိုင်းတော့ဝင်လုပ်ကြတယ်ပေါ့ … ။ နောက်ပိုင်း … အလုပ်ပေါ် စိတ်ဝင်စားမှု အားနည်းလို့ပဲဖြစ်ဖြစ် … လုပ်ခနဲ့ လစာ မတန်ဘူးထင်လို့ပဲ ဖြစ်ဖြစ် .. အကြောင်းအမျိုးမျိုးကြောင့် ပြောင်းသွားတဲ့ လူတွေရှိသလို … အကြောင်းအမျိုးအမျိုးကြောင့် အလုပ်ဝင်လုပ်ရပြီး … သင်ရင်းတက်ရင်းနဲ့ .. နေရာမြဲသွားတဲ့ လူတွေလည်းတွေ့ရတယ် …
တီချယ်ကြီးရေ … တကယ်တော့ …အလုပ်ခွင်ဝင်တဲ့ လူအတော်များများ … သင်ကြားထားရတဲ့ ဘာသာရပ်နဲ့.. သင့်တော်တဲ့ အလုပ်ခွင်ရဖို့ … ရှားကြပါတယ်… ။ ကျွန်မဆိုလည်း … ကွန်ပျူတာနဲ့ ကျောင်းပြီးထားတယ် …. လုပ်နေရတဲ့ အလုပ်က စက်ရုံတစ်ခုမှာ တောက်တိုမယ်ရ … ကွန်ပျူတာပရိုဂရမ်ဆို … ကျောင်းတွေပြန်ကုန်ပြီ … ။
တကယ်တော့… ရလာတဲ့ နေရာလေးတစ်ခု တည်မြဲဖို့အတွက်သာ ကြိုးစားသင့်တာပါ … ။ ဘယ်အလုပ်ရမှ … အလုပ်လုပ်မယ် .. လစာဘယ်လောက်ရမှ အလုပ်လုပ်မယ်ဆိုတဲ့ လူတွေအတွက် … အလုပ်ကိုင်အခွင့်လမ်းရှားပါးပါတယ် … ။ ရောက်တဲ့နေရာတိုင်းမှာတော့ .. အတိုက်အခံ အဖုထစ်ဆိုတာ ရှိစမြဲပါပဲ … အဓိကက မိမိရဲ့စိတ်ဓါတ်လို့ပဲ ထင်ပါတယ် … ကိုယ်တိုင်ကိုယ်က တကယ်အလုပ်လုပ်ချင်စိတ်ရှိလျှင် … ဘယ်နေရာက ဝင်ဝင် အသုံးဝင် အစွမ်းစရှိတဲ့ လူတစ်ယောက်ဖြစ်လာမှာပါပဲ … ငါကတော့ … ဘ ယ်လောက်လစာရမှ … လုပ်မယ်ဆိုတဲ့ လူတွေ … သွားလျှောက်တိုင်း အင်တာဗျူးမအောင်လို့ … အလုပ်လက်မဲ့ဖြစ်နေရသူတွေ မြင်နေရပါတယ် …။ ဒါက အလုပ်ကို တန်ဖိုးမထားလို့လို့ပဲ ..ဝေဖန်ချင်ပါတယ် … ။
နောက်တစ်ခုက … မြောက်သစ်ကိုင်းလွတ်ဆိုတဲ့စကားလိုပါပဲ .. အလုပ်ခုန်တဲ့လူတွေပါ .. သာတဲ့ အလုပ်ကို ကူးတတ်ကြတယ် … ။ ဒါပေမယ့် .. အချိန်အတိုင်းတာ တစ်ခုထိကြာအောင် ရသင့်တဲ့နေရာ၊ရောက်သင့်တဲ့နေရာမရောက်တာမျိုးတွေ .. ဝမ်းနည်းစွာတွေ့ရပါတယ် … ။ အလုပ်ခုန်ခြင်းဖြင့် တခြားအလုပ်မှာ အသစ်ဆိုတဲ့ အသုံးနှုန်းကို ပိုင်ဆိုင်ထားသူများဖြစ်လို့ပါ … ။
ကိုယ်တိုင်ကလည်းသင်ယူ ကြားနာလိုစိတ်ရှိမယ် …. သည်းခံတတ်မယ် ..အတင်းမပြောတတ်တဲ့ နှုတ်စောင့်စည်းသူမျိုးဆိုလျှင်တော့… ဘယ်အလုပ်မှာပဲဖြစ်ဖြစ် နေပျော်မယ်လို့ ထင်ပါကြောင်း ဝင်ဆွေးနွေးသွားပါတယ် … ။ 🙂
Khin Latt
January 20, 2012 at 6:47 pm
အိတုံ ကို ဆေးခန်းလေး အကြောင်းရေးရေးနေလို့ ဆရာဝန်မှတ်နေတာ။ 😉
etone
January 21, 2012 at 9:53 am
ဟုတ်ဘူး အရီးလတ်ရေ… ကျွန်မက ဆေးခန်းမှာလည်း တောက်တိုမယ်ရပါပဲ 🙁
TTNU
January 21, 2012 at 8:45 pm
အိတုန်လေးရေ…
သမီးကွန်မန့်ရှည်လေးကိုဖတ်လိုက်ရတာ ရင်ထဲကို ပီတိအဖတ်အဖတ်လာကပ်သလိုပါပဲ။
အိတုန်ဆွေးနွေးသလိုပဲ၊ အလုပ်ဝင်ရင်းနဲ့ အလုပ်ခင်သွားတဲ့သူတွေ ရှိတာတွေ့ဖူးပါတယ်။
ဒီလိုလူမျိုးတွေရဲ ့ အလုပ်ခွင်က နေပျော်လုပ်ပျော်တဲ့ Job Description ရှိတတ်ပါတယ်။
(ချင်းတောင်.. ဒေါက်တာလတ်ငြိမ်းကတော့ ခြွင်းချက်ပေါ့ကွယ်။)
သမီးပြောတဲ့ အလုပ်ခွင်ဝင်တဲ့ လူအတော်များများ သင်ကြားထားရတဲ့ ဘာသာရပ်နဲ့
သင့်တော်တဲ့ အလုပ်ခွင်ရဖို့ ရှားကြတယ် ဆိုတာ တီချာလက်ခံပါတယ်။
(တီချာတို့ ပညာရေးတက္ကသိုလ်ကဆင်းတဲ့ ဆရာမ တွေကလည်း ဒီနေရာမှာ နောက်ထပ်
ခြွင်းချက်တစ်ခုပေါ့ သမီးရယ်။)
ရောက်တဲ့နေရာတိုင်းမှာတော့ အတိုက်အခံ အဖုထစ်ဆိုတာ ရှိတယ်ဆိုတာရယ်၊
မိမိရဲ့စိတ်ဓါတ်က အဓိကဖြစ်တယ်လို့ဆိုတာရယ်၊ ကိုယ်တိုင်ကိုယ်က တကယ်အလုပ်လုပ်ချင်စိတ်ရှိလျှင် ဘယ်နေရာက ဝင်ဝင် အသုံးဝင် အစွမ်းစရှိတယ်
ဆိုတာရယ်တွေ ကို ခြွင်းချက်မရှိ လက်ခံပါတယ်။
အလုပ်ခုန်သူတွေရဲ ့ ဘဝကလည်းစိတ်ဝင်စားစရာကောင်းတယ်နော်။
အိတုန်ပြောသလိုပဲ အလုပ်ခုန်ခြင်းဖြင့် သူတို့ဟာ တခြားအလုပ်မှာ အသစ်ဆိုတဲ့
အသုံးနှုန်းကို ပိုင်ဆိုင်ထားသူများဖြစ်နေတာကြောင့် သူတို့ဆီကဘာအနှစ်မှမရတတ်ပါဘူး။
ကျေးဇူနော်အိတုန်ရေ
မေတ္တာဖြင့်
တီချာနု
thit min
January 20, 2012 at 4:50 pm
တီချယ်တီတီနုရေ မင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်။(^^)
Post ကိုဖတ်ရင်း တီတီနုတဲ့ စာထဲမှာ…
စေတနာ၊(သိစေ၊နားလည်စေချင်စိတ်)
ဝါသနာ၊ (သိထားသည်ကိုရှယ်လိုစိတ်)
အနစ်နာ၊(မနက်လမ်းလျှောက် ချင်တာကိုစွန့်လွှတ် ခြင်းအပါအဝင် ကြိုးစားရေးသားခြင်းစသည်)
ဂရုဏာ၊(သတိပေးလိုစိတ်၊အကြံပေးလိုစိတ်)
မေတ္တာ၊ (ဂေဇက်သံယောဇဉ်လဲပါတယ်ပေါ့နော်)
………………………….တွေအပြင်
သီလ၊ (ကံသုံးပါးကိုထိန်းသိမ်းခြင်း)
သမာဓိ၊ (ထိန်းသိမ်းမှု၌တည့်မတ်ထားနိုင်ခြင်း)
ဆိုတဲ့ စရဏ တရားတွေနဲ့ပြည့်စုံ စွာ သိမြင် ခံစားရပါတယ်ခင်ဗျား။
တာပေါ် ရေ မကျော်ဆိုတဲ့ စကားလေး ကို မြတ်နိုးစွာ ရွတ်ဆိုမိပါတယ်။
နှစ်ပေါင်းများစွာ တပည့်သားသမီးများကို ထားခဲ့တဲ့စိတ်မျိုးတွေနဲ့ ရေးသားလိုက်တဲ့စာလေးတွေနဲ့
ပြန်လည်ဖြေကြားနေတဲ့ ကော်မန့်လေးတွေရဲ့ စေတနာလှိုင်းတွေဟာ ကျနော်တို့ ဘယ်လိုမှလိုက်လို့မမှီပါဘူး။
သည်ပို့စ်ကိုတွေ့လိုက်တော့ ကျနော် အတွက်လည်း ပြည့်စုံမှုတခုအပို ဆောင်းရသွားပါတယ်။
မပူးချ်ရေးတဲ့ အငုံစိတ်၊ မမိုးဇက်ရဲ့ ကလေးပြုပြင်ရေး၊ကို ခုဒီပို့စ်က အကြောင်းအရာတွေနဲ့ ပေါင်းစပ်လို့
အကောင်းဆုံး ဆီမီနာ တခုဖန်တီးနိုင်မယ်လို့မျှော်လင့်မိပါတယ်။တီချယ်တို့သုံးဦးပေါင်းရဲ့ ဆီမီနာ
ဖြစ်သွားပါလိမ့်မယ်။
လူသားသဘာဝအသိတရားကနေ၊ ယဉ်ကျေးမှုရဲ့သွန်သင်မှုအရ နောက်ဆုံးပါစင်နယ်လတီကောင်းသွား
တယ်(သို့) idiosycronatic person(တမူထူးခြား) ဖြစ်သွားတယ်ဆိုတဲ့ လမ်းကြောင်းလေးကို ကျနော်
ပရဲန်းစဲန်းတေးရှင်းလေးလုပ်ဖူးပါတယ်။
လူ့သဘာဝတရား အဆင့်မှာတော့ မျိုးရိုးဗီဇသဘောပေါ့နော်၊နောက်အဆင့်တွေက “သင်ယူရမှု”အဆင့်တွေ
ချည်းပါဘဲ။ ကြိုးစားလေ့လာရတဲ့အဆင့်တွေပါ။
မကောင်းတဲ့လမ်းကြောင်းကို လျှောက်ရင်တောင် လေ့လာသင်ယူရပါတယ်။
ဘိန်းဖြူထိုးတတ်ဖို့ဆိုရင် သင်ယူရပါသေးတယ်ဆိုတာမျိုးပါ။
တီတီနုရဲ့ စာမှာကျနော်သွားမြင်လိုက်တာက အဲဒီ အကျင့်စရိုက်တွေ ရယ်။
သူတို့ကို ဖန်တီးတဲ့ ပါတ်ဝန်းကျင် ပေါ့ခင်ဗျာ။လှစ်ကနဲ မြင်လိုက်ရပါတယ်။
ကိုယ့်ကိုကိုယ်ထိန်းနိုင်တယ် ဆိုတဲ့ အနေအထားကိုလူတိုင်းမတတ်နိုင်ပါဘူး။
အဲဒီလိုဆိုတော့ ပါစင်နယ်လတီတွေ ကွာလာတာပေါ့နော်။
ဟေတုပစ္စယောရဲ့ ဟိတ်ခြောက်ပါး က အမြစ်သဖွယ် အသီးအပွင့်အရွက်တွေထွက်လာသလိုပါဘဲ။
အလောဘ=ဒါန
အဒေါသ=မေတ္တာ
အမောဟ = ဝိဇ္ဇာ
ဆိုတဲ့ အမြစ်သုံးခုနဲ့ သူ့ဆန့်ကျင်ဖက်အမြစ်တွေက “ရောယှက်”နေလေတော့
ကျနော်တို့မှာလဲ စိတ်ပုံစံတွေအမျိုးမျိုးဖြစ်ပြီး အဲဒီအပေါ် ကာယကံ ဝစီကံ မနောကံ တုန့်ပြန်မှုတွေကလဲ
အမျိုးမျိုးဖြစ်တော့ ဘဝကလည်း အမျိုးမျိုးဖြစ်နေရတာပေါ့နော်။
လူလောက စိတ်တွေထွေပြား ဘဝ မပြတ်သား လို့ဆိုရလေမလား။
“ငါ ဘာလဲ”
ဆိုတာ သိဖို့ခက်တယ် ဆိုတာ တီတီနုရဲ့ ပေတံနဲ့ ပိုပြီးပေါ်လွင် သွားတာပါဘဲ။
တိတိကျကျလုပ်တတ်တဲ့ သူတယောက်ဟာ ရမ်းကားမှုမရှိဘူးလို့မပြောနိုင်ဘူးမဟုတ်လား။
သူ့လို မတိကျ သူတွေကို စိတ်တို မယ်၊ အလိုမကျဖြစ်မယ်။
တိကျတတ်လို့ ပါစင်နယ်လတီ ကောင်းပေမဲ့
အပေါက်ဆိုးလို့ ဆိုရှယ်ဒီးလင်း ညံ့ပြီး ပါစင်နယ်လတီ မကောင်းပြန်ဘူး။
ဘယ်လိုအသက်မွေးဝမ်းကြောင်းအလုပ်မျိုးနဲ့ အကိုက်ဆုံးလဲဆိုတာကျ ပိုလို့လေးနက်သွားပြန်ပြီပေါ့။
လုပ်သင့်လို့ လုပ်နေသူတွေကအများစု၊ မငြင်းနိုင်တဲ့ ဘဝပေးအခြေအနေတွေက ကြိုးနဲ့တုပ်ထားထက်
တောင်ခိုင်လွန်းလို့ ရုန်းမထွက်နိုင်ကြသူတွေ ကလဲ အများကြီးမဟုတ်ပါလား။
ဗီဇစရိုက်တွေ “မှန်”ပေမဲ့ (သို့)မှန်ခဲ့ပေမဲ့
” ကြိုးဆွဲရာ-က-ပါစင်နယ်လတီ”တွေ
“ပုံအသွင်းခံ ပါစင်နယ်လတီ” တွေ
လည်းရှိနိုင်တယ်လို့ အတွေးပွါး မိပါတယ်။
ဘဝရဲ့ လိုအပ်တဲ့ စိတ်နေစိတ်ထားကို တီတီနုရဲ့ “အကျင့်စရိုက်ဘီကာလေးတွေ” မှာ ထဲ့လိုက်ရင်
“ပါစင်နယ်လတီ ဓာတ်ပြုအရောင်တွေ” ထွက်လာမှာကို ကျနော် လေးလေးနက်နက်ကြီး လေ့လာ
သင်ယူမိပါကြောင်း။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
လေးစားစွာဖြင့်
မောင်သစ်မင်း
TTNU
January 21, 2012 at 9:39 pm
ကိုသစ်ရေ…
Comment လှလှလေးအတွက် စိတ်ချမ်းသာရပါတယ်။
ကိုသစ်ရေးတာတွေဖတ်လိုက်ရရင် အတွေးအခေါ် အတော်ကောင်းတဲ့လူပဲ လို့
ကောက်ချက်မချဘဲ မနေနှိုင်ခဲ့ပါ။
ရေးထားတဲ့ စာသားတွေကို တစ်ချက်ချင်းပြန်ဆွေးနွေးလိုက်ရင်တောင် မှ
အရိုးကိုအရွက်ဖုုံးသွားမှာစိုးလို့၊ အလှပျက်သွားမှာစိုးလို့၊ အသာလေးထားလိုက်ချင်တာ။
🙂
တီချာအကြိုက်ဆုံးနေရာလေးကတော့..
(ဗီဇစရိုက်တွေ “မှန်”ပေမဲ့ (သို့)မှန်ခဲ့ပေမဲ့ “ကြိုးဆွဲရာ-က-ပါစင်နယ်လတီ” တွေ
“ပုံအသွင်းခံ ပါစင်နယ်လတီ” တွေလည်းရှိနိုင်တယ်လို့ အတွေးပွား မိပါတယ်။)
ဆိုတဲ့ အတွေးစလေးပါပဲ။
ဒါပေမဲ့ ကိုသစ်ရယ် ၊ ရှင်ပြောသလို မငြင်းနိုင်တဲ့ ဘဝပေးအခြေအနေတွေက ကြိုးနဲ့တုပ်ထားထက်တောင်ခိုင်လွန်းလို့ ရုန်းမထွက်နိုင်ကြသူတွေ ကလဲ အများကြီးမဟုတ်ပါလား။ဒီတော့ ” မီးစင်ကြည့်က ပါစင်နယ်လတီ” တွေ မလွဲ
မသွေ ရှိနေခဲ့ကြရတာပေါ့ နော်။
ကျေးဇူးတင်ပါတယ်ကွယ်။
မေတ္တာဖြင့်
တီချာနု
Khin Latt
January 20, 2012 at 6:44 pm
ဆရာသစ် ရေ – အဲဒီ ဆီမီနာ အတွက် အခုထဲ က တစ်နေရာစာ Book လုပ်သွားပါတယ် ချင့်။
ဖောအိ (လေးစား) စွာဖြင့်
အရီး
thit min
January 20, 2012 at 8:06 pm
ဒီ ဆီမီနာ က လက်တွေ့ ” Initiating ” ကိုလုပ် စေချင်တာ မလို့။
မခင်လတ်ကလဲ အဓိကဦးဆောင်ဆွေးနွေးသူတွေထဲက တယောက်ဖြစ်မှာပါ။
Book လုပ်စရာကိုမလိုပါဘူးနော်။
ဪ ကြုံလို့ပြောရရင်ကျနော် ဆွေးနွေးစေချင်သူမှ မဟုတ်ပါဘူးဗျာ။
မည်သူမဆို ဦးဆောင်ဆွေးနွေးနိုင်ပါတယ်။
နာမည်တပ်ပြောနေရတာက ဆွေးနွေးတာနည်းသွားမှာစိုးလို့ (လောဘ၊လောဘ)။
လေးစားစွာ
မောင်သစ်မင်း
MaMa
January 20, 2012 at 7:53 pm
တီတီနုရေ-
ကျမတို့ တက္ကသိုလ်တက်ဖို့ လိုင်းရွေးကြတော့ ကိုယ်ရတဲ့အမှတ်နဲ့ ဘယ်လိုင်းဝင်မလဲလို့ ချိန်ပြီး လျှောက်လွှာတင်ကြတယ်။ ကိုယ်ရွေးတဲ့ဘာသာရပ်အကြောင်းကို ဂဃနဏ မသိဘူး။ ဒါပေမယ့် ကျောင်းတက်ရင်းနဲ့ ကိုယ်သင်ရတဲ့ ပညာရပ်ကို စိတ်ဝင်စားသွားတယ်။ ကြိုက်နှစ်သက်သွားတယ်။ အဲဒါနဲ့ ကိုယ့်ကိုကိုယ် ပြန်ဝေဖန်ကြည့်တယ်။ တခြား မေဂျာရရင်ကော အခုလို ဖြစ်ပါ့မလားပေ့ါ။ နောက်တော့ အဖြေထွက်လာတယ်။ ဒီမေဂျာမရလို့ နောက်မေဂျာရရင်လည်း ကြိုက်မှာပါပဲလို့…. 🙂
TTNU
January 21, 2012 at 9:47 pm
မမရေ…
မတွေ့တာကြာပြီနော်။
မမပြောတာသဘာဝကျပါတယ်။ တီချာလည်း B.Ed မတက်ဘဲ
ဝ/သ တက်မယ်ဆိုလည်း ရတဲ့ မေဂျာမှာ ထူးချွန်အောင်ကြိုးစားရင်း
ဝါသနာပါလာမယ်လို့ထင်ပါတယ်။ (၁၀)တန်းအောင်ခါစက အဖေ့ကို
သမီးရှေ ့နေလုပ်ချင်တယ်လို့တောင်ပြောမိသေးတယ်လေ။ ကြည့်ရတာ
တီချာတို့တွေမှာ Vocational Interest ကို သိပ်ကြီး အလေးအနက်မထားမိ
ခဲ့ကြတာလည်းနေမယ်ထင်ပါရဲ ့။
ငါးခြောက်ဖုတ်နဲ့ ထမင်းဆီဆမ်းစားရင်းမေတ္တာတွေပို့ပေးနေတဲ့
ချစ်တဲ့ တီချာ။
ချစ်ရအောင်
January 21, 2012 at 9:28 am
ဆရာမကြိး TTNU ခင်ဗျာ ခွင့်မတောင့်မိပဲ ဤ ပို့စ်လေးကို တခြားဆိုဒ်လေးမှာ ဖော်ပြမိတဲ့ အတွက် တောင်းပန်ပါတယ် …နောက်နောင် ကြိုက်နှစ်သက်မိခဲ့ရင် ခွင့်တောင်းပြိးမှ ယူပါတော့မည်
နားလည်ပေးမယ်လို့ မျှော်လင့်မိပါကြောင့် . . . ။
TTNU
January 21, 2012 at 9:51 pm
ချစ်ရအောင်ရေ…
အခုလိုပြောပြတာကျေးဇူးတင်ပါတယ်နော်။
တီချာကိုယ်တိုင်ကလည်း နေရာသုံးလေးခုမှာတင်ထားပါတယ်။
နားလည်ပါတယ်ကွယ်။ စိတ်ထဲမထားပါနဲ့။
ကိုပေါက်(မန္တလေး)
January 21, 2012 at 9:38 am
ဝမ်းသာစရာ
မာမီရေ ဒီပိုစ်လေးကတော့ဆိုက်တော်တော်များများမှာ ဖော်ဝပ်မေးလ်တွေကတစ်ဆင့်ပြန့်သွားပါပြီ။
ကိုချစ်ရအောင်ရေ အဲလိုလေးဆိုတော့ တကယ့်ကို မင်္ဂလာရှိသွားပါသဗျာ။
kkk
January 21, 2012 at 10:42 am
ကောင်းတယ်ဗျာ… ထပ်ရေးပါဦးလို့တိုက်တွန်းပါတယ်။
အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာသီရိသုဓမ္မ၊ သီရိပျံချီ KING
January 21, 2012 at 11:47 am
ဆရာမကြီး…. ခင်ဗျာ
ကျွန်တော်က အောက်ဖော်ပြပါ အချက်များ ရှိနေသောကြောင့် မည်သည့် အလုပ်နှင့် သင့်တော်မည်ကို ကိုယ့်ဖာသာကိုယ် အခုထိ မသိ ဖြစ်နေပါတယ်ခင်ဗျ … ဆရာမကြီး၏ လမ်းညွှန်မှုကိုခံယူပါသည် –
(၁) ဖန်တီးတတ်သော (creative)
(၂) ဝေဖန်နှိုင်းဆတတ်သော (critical)
(၃) ဖရိုဖရဲနှိုင်သော (disorganized)
(၄) တိတိကျကျ ကြိုတင်စီမံထားတတ်သော (well-organized)
(၅) ကျွမ်းကျင်သော၊ ကျင်လည်သော (efficient)
(၆) မေ့တတ်သော (forgetful)
(၇) သတိရှိသော (careful)
(၈) ရက်ရောသော (generous)
(၉) အလုပ်ကြိုးစားသော (hardworking)
(၁၀) စိတ်ရှည်သော၊ သည်းခံသော (patient)
(၁၁) အေးဆေးတည်ငြိမ်သော (level-headed)
(၁၂) စိတ်ပြောင်းလွယ်သော (moody)
(၁၃) အချိန်မှန်သော (punctual)
(၁၄) အားထားရသော၊ စိတ်ချရသော (reliable)
(၁၅) အလေးအနက်ထားသော (serious)
(၁၆) ဖော်ရွေသော (friendly)
(၁၇) ခပ်စိမ်းစိမ်းနေတတ်သော (unfriendly)
(၁၈) လက်တွေ့ဆန်သော (practical)
(၁၉) စူးစမ်းသော (curious)
(၂၀) စိတ်ကူးယဉ်တတ်သော (imaginative)
လေးစားစွာဖြင့်
မောင်ကင်း
TTNU
January 21, 2012 at 10:07 pm
ကိုကင်းရေ…
အချက်(၂၀)တိတိပိုင်ဆိုင်သူဖြစ်နေပါလား။
All-round developed person ဘွဲ့ယူစေဗျား။
ကိုပေါက်(မန္တလေး)
January 21, 2012 at 12:43 pm
မောင်ကင်း နောက်နှစ်မှာ မြန်မာပြည်သမ္မတ အဖြစ်ဝင်အရွေးခံစေချင်ပါသည်။
unclegyi1974
January 21, 2012 at 9:46 pm
တီနုတင်ပြသွားတာစရိုက်နဲ့အလုပ်
တနည်းဝါသနာနဲ့အလုပ်လို့နားလည်လိုက်ပါတယ်
ကိုယ့်စရိုက်နဲ့ကိုက်ညီတဲ့အလုပ်ကိုလုပ်ရတာ
ကို်ယ်ဝါသနပါလို့လုပ်ရတဲ့အလုပ်ဆိုကို်ယ့်ဘဝအတွက်အကောင်းဆုံးပါပဲ
ဒါပေမဲ့မြန်မာပြည်မှာကဝါသနာနဲ့အလုပ်ကတခြားစီပါပဲ
၁ဝတန်းအမှတ်တခုထဲနဲ့ကိုယ်ဝါသနာပါတဲ့လိုင်းမရပဲရရာလိုင်းတက်လိုက်ရတဲ့
ကလေးတွေတပုံကြီးပါ
ပင်ကိုယ်ဗီဇရှိတဲ့အလုပ်ကို်လုပ်ရရင်ပိုပြီးကောင်းအောင်လုပ်နိုင်လို့
ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ကိုင်နိုင်တဲ့စနစ်တခုရှိဖို့လည်းလိုသေးတယ်လို့မြင်ပါကြောင်း
ခင်ဗျာ
TTNU
January 21, 2012 at 10:03 pm
Unclegyi ရေ…
ဟုတ်ပါတယ်။
ဝါသနာပါတဲ့အလုပ် ဆိုတဲ့ အနှစ်ချုပ်ပါ။
အခြေခံပြဿနာကတော့ ပင်ကိုယ်ဗီဇရှိတဲ့အလုပ်ကို်လုပ်ရရင်ပိုပြီးကောင်းအောင်လုပ်နိုင်လို့
ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်ကိုင်နိုင်တဲ့စနစ်တခုရှိဖို့ ဆိုတာကို လက်ခံပါတယ်။
ခက်တာက Unclegyi ရေ… ကျမတို့ ကလေးတွေ (အများစု) ကိုမေးကြည့်ရင်
ဘာဝါသနာပါရမှန်းမသိတဲ့ (မဆုံးဖြတ်နိုှုင်တဲ့ Spoon-feeding ကြိုက်တဲ့) ကလေးက
ပိုများနေသလားလို့။
ကျမလေ မိဘကိုလည်းအပြစ်မတင်ချင်ပါဘူး။ သူတို့ခမျာ သားသမီးတိုင်းကို
ဆရာဝန်၊ အင်ဂျင်နီယာဖြစ်စေချင်နေကြတာလေ။
unclegyi1974
January 21, 2012 at 10:30 pm
တီနုရေမိဘတွေကိုအပြစ်ပြောလည်းပြောစရာပါ
ဒါပေသိမြန်မာမှာကဒီလိုင်းတွေကလွဲပြီးကိုယ်ပိုင်ရပ်တည်လုပ်ကိုင်စားနိုင်တဲ့
အလုပ်လွယ်တဲ့လို်င်းကမရှိဆိုတော့လည်း….
blackchaw
January 22, 2012 at 1:59 pm
တီချာကြီးရေ။
ဖတ်တာလည်းနောက်ကျ။
ကွန်းမန့်ပေးတာလည်းနောက်ကျ။
အမြဲတမ်းနောက်ကျနေတတ်တာ ကျွန်တော့်ရဲ့ အားနည်းချက်ပါ။
အေးအေးဆေးဆေး ဖတ်ခွင့်ပြုပါဦးနော်။
ဒီပို့စ်လေးအတွက် ဂုဏ်ယူပါတယ် ခင်ဗျာ။
TTNU
January 22, 2012 at 10:03 pm
ကိုချောရေ…
နောက်ကျပေမဲ့ အားအများကြီးရယူသွားပါတယ်ကွယ်။
ကိုချောပေးထားတဲ့ Strength တွေ တီချာ့ဆီမှာ အများကြီးရယ်ပါနော်။
မေတ္တာဖြင့်
တီချာနု
yaungchikha
January 23, 2012 at 12:51 pm
တီချယ်ရေ… ကျနော်အရင်ကတော့ မှန်ကန်တဲ့ တရားသူကြီးတစ်ယောက်ဖြစ်ချင်ခဲ့တာ၊ ဒါပေမယ့် တကယ်ဖြစ်လာတာက IT နဲ့အသက်မွေးရတဲ့သူတစ်ယောက်ဖြစ်လာခဲ့တယ်၊ ဝါသနာမပါဘူးလို့ထင်ခဲ့ပေမယ့် တကယ်လုပ်ရင်းနဲ့မှ ဝါသနာပါလာပြီး ဆက်လေ့လာဖြစ်ခဲ့တယ်၊ အလုပ်နဲ့ ဝါသနာပါတာ တခြားစီလို့ထင်ခဲ့ရပေမယ့် အခုချိန်မှာတော့ IT နဲ့ပတ်သက်တာတွေကို လေ့လာရင်းနဲ့ ကျေနပ်နေနိုင်ခဲ့ပြီ …. တကယ်တော့ လူတိုင်းမှာ ဝါသနာပါတာနဲ့ အသက်မွေးရတာ တခြားစီဖြစ်ချင်ဖြစ်မှာပေါ့နော်၊ ဒါပေမယ့် ကိုယ်ရရှိတဲ့ နေရာမှာ အကောင်းဆုံးလုပ်နိုင်ဖို့၊ ကြိုးစားဖို့ပဲလိုမယ်ထင်ပါတယ်နော်၊ တီချယ်ပြောပြတဲ့ အချက် ၃ဝ ထဲမှာ ကျနော့်အတွက် အဆိုးအကောင်းဒွန်းတွဲနေတဲ့ အချက်တွေကိုတွေ့ရလို့၊ သေချာဖတ်ပြီး ကူးသွားပါတယ်နော်၊ ပြုပြင်စရာတွေလည်း အများကြီးပါ၊ တီချယ်ကြီးကို ကျေးဇူးတင်ပါတယ်ရှင်…….
TTNU
January 26, 2012 at 8:21 pm
ရောင်ခြည်ခရေ…
တကယ်လုပ်ရင်းနဲ့မှ ဝါသနာပါလာပြီး ဆက်လေ့လာဖြစ်ခဲ့တယ်၊ ဆိုတာလေး
ကောင်းတယ်။ ဝါသနာပါလာအောင် အားထုတ်လုပ်ဖြစ်ခဲ့တယ်ဆိုတာကိုတော့
ငြင်းလို့မရလောက်ဘူးထင်တယ်။ ဒီ Effort လေးကပဲ လူတစ်ယောက်ရဲ ့ Interest
ကို ပြောင်းလဲသွားစေနှိုင်ခဲ့တာဖြစ်ရမယ်နော်။
ဟုတ်ပါတယ် ရောင်ခြည်ခ ရယ်၊ ဝါသနာပါတဲ့ အလုပ်တိုင်း နဲ့ Career နဲ့
ထပ်တူထပ်မျှ ကျဖို့ မဖြစ်နှိုင်ပါဘူးကွယ်။
padonmar
January 27, 2012 at 12:13 am
တီချာကြီး
ကိုယ့်ကိုကိုယ် ကြည့်လိုက်တော့ စာအုပ်ကြီး ပုံစံထွက်နေပါတယ်။
စာကြည့်တိုက်မှူးများလုပ်ဖြစ်ခဲ့မိရင် ဝါသနာနဲ့ အလုပ်တစ်ထပ်တည်းဖြစ်ပြီး အောင်မြင်မလားလို့တွေးမိပါတယ်။
ခုတော့ ကဗျာလိုလို အထာလိုလို
ဗုံမဟုတ်ပတ်မဟုတ်ဖြစ်နေမိသလိုပါပဲရှင့်။