အာဏာရှင်ဘုန်းကြီးများသို့ (ထက်အောင်)

Phaung PhaungJanuary 20, 20121min1548

ရွှေညဝါဆရာတော်ကြီး သာဓုကျောင်းတိုက်မှ ထွက်ခွာပေးရတယ်ဆိုတဲ့သတင်းကြောင့် ဒီPost ကို တင်ဖြစ်တာပါ… မေးလ်ထဲကို ဝင်နေတာကြာပါပြီ … အခုတော့ မူလစာရေးသူရေးထားတဲ့အကြောင်းအရာတွေနဲ့တိုက်ဆိုင်နေတဲ့အတွက် ဆရာတော့်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ကူးတင်လိုက်ခြင်းဖြစ်ပါတယ်…. သူပြောချင်တာတွေ သံဃာနာယကအဖွဲ့အစည်းကြီးတစ်ခုလုံး သိသွားစေချင်ပါတယ်….

အာဏာရှင်ဘုန်းကြီးများသို့ (ထက်အောင်)

ဒီနေ့ လက်ထဲကို စာရွက်လေး (၁) ရွက်ရောက်လာတယ်…။ ကြည့်လိုက်တော့ အင်တာနက်မှာတော်တော်လေးပြောဆိုေ နကြတဲ့ ဆရာတော်ကြီး (၃)ပါးအကြောင်း ဖြစ်နေတယ်…။ ပြည်တွင်းဂျာနယ်တွေမှာတော့ ပါ၊မပါ မသိသေးဘူး…။ ဘာသာရေးကိစ္စဆိုတော့ ကိုယ်လိုလူမျိုးက ဝင်ပြောရအောင်တော်တော်လေးကို ဂွကျနေတယ်….။ နဲနဲတော့ ပြောရမယ်….။ ရိုဟင်ဂျာတုန်းကတော့ ဟိုးလေးတကျော်ကျော်ဖြ…စ်ခဲ့ကြပြီးတော့ ဆရာတော်တွေကိစ္စမှာကျတော့ ယုန်ကလေးနှာစေးသလိုများဖြစ်နေကြပြီလား…။ အစတုန်းကတော့ ဘာသာ၊ သာသနာနဲ့ ပက်သက်ပြီး မရေးတော့ဘူးလို့ပဲနေတာ၊ ခုတော့မနေနိုင်တော့ဘူး…။ မြန်မာလူမျိုးတွေလည်း သီပေါမင်းပါတော်မမူခင်တည်းက အမျိုး၊ဘာသာ၊သာသနာကို တော်တော်လေးကို အစော်ကားခံခဲ့ရတာ ခုထက်ထိမဆုံးနိုင်သေးဘူးကို၊ နိုင်ငံတော်သံဃမဟာနာယကက ထုတ်ထားတဲ့စာလေးကိုပဲ စာအမှတ်နဲ့ ပြန်လည်တင်ပြလိုက်ပါဦးမယ်…။ စာရွက်ကအပေါ်ဘက်(ဘယ်)မှာတံဆိပ်တံ ုးလေးနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတေ ာ်၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ မဟာနာယကကျောင်းတော်ကြီး၊ ကမာ္ဘအေးကုန်းမြေ၊ ရန်ကုန်မြို့။ စာအမှတ်၊ ၁၁၀၀/ထွက်စာ/၇-စာပေစိစစ်/မဟန ၂၀၁၁ ရက်စွဲ၊ ၁၃၇၃ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၂၀၁၁-ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက် အကြောင်းအရာ။ ။ ရွှေညဝါဆရာတော် ဦးပညာသီဟအား အရေးယူဆောင်ရွက်ရန်ကိစ္စ။ ၁။ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စတင်ပြလာခြင ်းနှင့် စပ်လျဉ်း၍ ၂၈-၁၁-၂၀၁၁ နေ့တွင်ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇) ပါးစုံညီ ပန္နရသမ အစည်းအဝေးက ဖော်ပြလတ္တံ့ပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်။ ဆုံးဖြတ်ချက် ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စတင်ပြလာခြင ်းနှင့် စပ်လျဉ်း၍ – (က) ရွှေညဝါဆရာတော် ဦးပညာသီဟအား နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်။ (ခ) သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံ၍ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ်သတ်မှတ်ရန်။ (ဂ) နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ခွင့်ပြုချက်မရပဲ မည်သည့်ပုဂ္ဂိုလ်မ ျှ သာဓုကျောင်းတိုက်အတွင်း၌ မည်သည့်သင်တန်းမှ ဖွင့်လှစ်ဆောင်ရွက်ခြင်းမပြုရန်။ ၂။ သို့ဖြစ်ပါ၍ အထက်အပိုဒ်(၁)ပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါး စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရေး ရန်ကုန်တိုင်းဒေသကြီးသာသနာရေးမှူးထံသို့ ဆက်လက်ညွှန်ကြားဆောင်ရွက်သွားပါရန်နှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို ပြန်လည်တင်ပြရန် အကြောင်းကြားလျှောက်ထားအပ်ပါသည်။ (ဘဒ္ဒန္တဝါယာမ) အဂ္ဂမဟာပဏ္ဍိတ တွဲဘက်အကျိုးတော်ဆောင် ဆရာတော် အင်း ကိုယ်လည်း သာသနာ့ဘောင်ကိုဝင်ဖူးပါတယ်…။ အတွင်းကျကျသိလိုက်ရတာတွေအများကြီးပဲ…။ ဆိုလိုတာက ဘုန်းကြီးက တရားဟောမယ်လေ။ မဟောရဘူးလား….။ ဘုန်းကြီးက ဒီချုပ်ကို တရားဟောတာလေ…။ ဒီချုပ်ကို ဟောလို့ အပြစ်ပေးတာလား…။ ကြံ့ဖွံ့ကို ဟောရင်ကော လာဘ်ရမယ်။ ဒီလိုလား…။ ဒီတခါတော့ သံဃာအဖွဲ့ကို နဲနဲလေးပြောပါဦးမယ်….။ မြို့နယ်သံဃမဟာနာယကတွေကကော ချဲဒိုင်ကိုင်နေတာတွေ၊ ဘောလုံးဒိုင်ကိုင်တာတွေမရှိဘူးလို့ ပြောချင်တာလား….။ မြို့နယ်သံဃမဟာနာယကက တာဝန်ရှိတဲ့ ဘုန်းကြီးတွေက၊ ရဲတွေနဲ့ပေါင်း၊ ချဲဒိုင်တွေနဲ့ပေါင်းပြီးတော့ ချဲထီကစားနေကြတာတွေကိုကော လာဘ်ရလို့ မဖမ်းတာလား….။ ကဲ ဗေဒင်ဟောတဲ့ ဘုန်းကြီးတို့၊ ဂဏန်းပေးတဲ့ ဘုန်းကြီးတို့ အပုံကြီးပဲ။ သာသနာကို ဖျက်နေတာတွေ အများကြီးပဲ။ လူတွေက ပစ္စည်းလေးပါး ထောက်ပံ့နေလို့ သာသနာတော်အတွက် အထောက်အပံ့ဖြစ်နေတာ။ ဘုန်းကြီးက လူတွေကို တရားဟောတာ အပြစ်တွေလား။ ထိလို့နာတာပဲနေမှာပဲ။ ဘုန်းကြီးဆိုတာ လိမ်ပြောလို့မရဘူးလေ။ မေ့နေပြီလား။ ဘုန်းကြီးတွေက အမှန်တရားတွေကို ချပြလိုက်တော့ ဆတ်ဆတ်ထိမခံနိုင်အောင့်ဖြစ်သွားကြတာပဲ….။ မြတ်စွာဘုရားကဟောတဲ့ထဲမှာ တရားမဟောအပ်တဲ့ ပုဂ္ဂိုလ်တွေ ရှိတာတော့ သိပါတယ်။ ဒါပေမယ့် ဒီချုပ်ကလည်း ဘုန်းကြီးကို အောက်မှာထိုင်ခိုင်းပြီး သူတို့က ပလ္လင်ပေါ်တက်ပြီး မဟောခိုင်းလောက်ပါဘူး။ အဲလိုဆိုရင် ထက်အောင်လည်း ဆန့်ကျင်မှာပေါ့။ နောက် တရားနာသူတွေလည်း ဦးထုပ်တွေတော့ မဆောင်းထားလောက်ပါဘူး….။ မြတ်စွာဘုရားလက်ထက်မှာတောင် အိပ်ရာပေါ်လဲနေတဲ့ မကျန်းမာတဲ့သူကိုတောင် တရားဟောအပ်သေးတာပဲ။ ဝိနည်းတော်ထဲမှာလည်း NLD ကိုတရားမဟောရလို့ ပညတ်သွားတယ်လို့တော့ မကြားဘူးပါဘူး..။ သံဃနာယက က ဘုန်းကြီးတွေ အဲဒါလောက်တော့ သိမှာပါ။ နောက်တခုက ဘာတဲ့။ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၏ ဆုံးမညွှန်ကြားသည်ကို မနာခံ၍ ဆိုတော့ ဘယ်လိုအမိန့်တွေ၊ အာဏာတွေလည်းတော့မသိဘူး။ မြတ်စွာဘုရားက သားတော်တွေကို ခေါ်တာတောင် ချစ်သားတို့ တဲ့။ မေတ္တာနဲ့ ဆက်ဆံတာပါ။ အာဏာမပြပါဘူး။ သံဃအဖွဲ့အစည်းက အာဏာပြရင်တော့ မပြောတတ်ဘူး။ သံဃအဖွဲ့အစည်းက မတရားတဲ့ အမိန့်အာဏာတွေကို ထုတ်ပြန်မယ်ဆိုရင် ခံရတဲ့သူကတော့ တုံ့ပြန်မှာပဲ။ ဒါသဘာဝပဲ။ နိုင်ငံတော်သံဃမဟာအာဏာပြအဖွဲ့အစည်းလို့သာ ပြောင်းလိုက်ပါတော့။ နောက် မည်သည့်သင်တန်းမှမဖွင့်ရဆိုတော့ နိုင်ငံတော်သံဃမဟာအာဏာပြအဖွဲ့အစည်း ဘုန်းကြီးတွေက ကိုယ်လည်းမလုပ်နိုင် သူများတွေလုပ်တော့လည်း မနာလိုဖြစ်နေကြတာလား…။ စဉ်းစားစရာပါပဲ။ ရွှေညဝါ ဆရာတော်ကြီးက အကြမ်းဖက်ဖောက်ခွဲဖို့အတွက်များ သင်တန်းတွေပေးနေလို့လား။ သို့မဟုတ် နိုင်ငံတော်ပုန်ကန်ဖို့အတွက်လား။ ဘုန်းတော်ကြီးတွေ စာမသင်ရ၊ သင်တန်းတွေမဖွင့်ရ၊ ပရဟိတအလုပ်တွေမလုပ်ရဆိုပြီး ပညတ်တော်တွေထဲမှာ ပါလို့လား…။ ဒီမိုကရေစီနိုင်ငံလို့ပြောထားရင် ခွေးတောင်မှ မကျေနပ်ရင် လွတ်လပ်စွာဟောင်ခွင့်ရှိပါတယ်။ နိုင်ငံတော်သံဃမဟာ အာဏာပြအဖွဲ့အစည်းကြီး အလုပ်မရှိရင်ပြောပါ။ ထက်အောင်ရှာပေးပါမယ်။ လုပ်လက်စနဲ့ သံဃာသန့်ရှင်းရေးတွေလုပ်လိုက်ပါဦးနော။ ဘာသာခြားတွေသိရင် ဝမ်းသာမှာစိုးလို့ သိထားတာတွေကို မပြောပဲထားထားတာ ဘုရားသားတော်တွေအချင်းချင်း အာဏာတွေ၊ ပါဝါတွေပြနေတာကို မခံနိုင်တော့လို့ ပြောလိုက်တော့မယ်။ ၁။ ရပ်ကွက်တွေအချို့က ရဟန်းတွေ ညဘက် လူဝတ်လဲပြီး ဘောလုံးကန်နေတာတွေကို ရှာဖွေဖော်ထုတ်ပါ။ ၂။ ကျောင်းထိုင်ဆရာတော်နဲ့ ကျောင်းမှာ အခက်အခဲရှိလို့လာတည်းတဲ့ မာတုဂါမတွေနဲ့ ကညာပျိုနဲ့ ဇရာအိုဇာတ်လမ်းလေးတွေကို ရှာဖွေဖော်ထုတ်ပါ။ ၃။ သံဃာတော်တွေ စီတန်းပြီး ဆွမ်းခံထွက်တဲ့အခါမှာ ဈေးဝယ်တတ်တဲ့ သံဃာတွေကို အရင်နှိမ်နင်းလိုက်ပါဦး။ ၄။ ချဲဒိုင်ကိုင်တဲ့ ဘုန်းကြီးကျောင်းတွေ၊ မာတုဂါမလက်ခံတဲ့ ဘုန်းကြီးကျောင်းတွေ၊ ဗေဒင်ဟောတဲ့ ဘုန်းကြီးတွေ ဂဏန်းပေးတဲ့ ဘုန်းကြီးတွေနဲ့ ဖဲရိုက်နေတဲ့ဘုန်းကြီးတွေကို တွေ့အောင်ရှာပြီးအရင် နှိမ်နင်းလိုက်ပါဦး….။ ၅။ ပုတီးကုန်းဘက်မှာ ဘာဘွဲ့မှမရှိပဲ၊ ဘွဲ့တု၊ဘွဲ့လိမ်တွေ စာကပ်ပြီး တရားဟောနေတဲ့ ဘုန်းကြီးတွေရှိနေတယ်။ လက်တို့လိုက်တာပါ။ မယောင်ရာဆီလူးနေမှာစိုးလို့ အဲလိုမှမဟုတ်ရင် လူကနေ သံဃာတော်တွေကို ပြောရတာ ပါးစပ်ပေါက်ကပ်ပါတယ်။ မြတ်စွာဘုရားဟောထားတဲ့ ဝိနည်းတော်တွေက သံဃာတွေရဲ့ ဥပဒေပါပဲ။ ကိုယ်တိုင်လိုက်နာပြီးမှ တပါးသူကိုလိုက်နာဖို့ ပြောလို့ရမယ်။ ဘုန်းကြီးတွေက ဘာသာ၊သာသနာ၊ တိုင်းပြည်နဲ့ လူမျိုးအကျိုးကိုဆောင်ရွက်ခဲ့တာ တွေ တပုံကြီးပဲ။ ဆရာတော်ဦးဥတ္တမနဲ့ ဆရာတော်ဦးဝိစာရကိုတောင် ပျံလွန်တော်မူရာကနေ ထကြည့်ပါဦးလို့ ပြောရမလိုဖြစ်နေပြီ။ ပြောလက်စနဲ့ သတိပေးလိုက်ဦးမယ်။ ဘုန်းကြီးတွေ အာပတ်သင့်ရင် ဒေသနာကြားလိုက်တာနဲ့ ပြီးသွားပြီလို့တော့ မထင်လိုက်နဲ့။ နိုင်ငံတော်သံဃမဟာအာဏာပြအဖွဲ့အစည်းထဲက (၄၇) ပါးလုံးလုံး ပုထုဇဉ်ရဟန်းတွေချည်းပဲ။ ရဟန္တာ တစ်ပါးမှမပါဘူး…။ ဓုတင် (၁၃) ပါးထဲက ဘယ်နှခုများဆောင်ပြီးကြပြီလည်း။ အကောင်းဆုံးကတော့ တောထွက်ပြီး ရဟန္တာဖြစ်အောင်အားထုတ်လိုက်ကြပါ။ ပစ္စည်း (၄) ပါးထဲမှာ သစ်ပင်အောက်လည်း ကျောင်းအဖြစ်နေလို့ကောင်းပါတယ်။ ပံ့သကူသင်္ကန်းလည်း ဝတ်ကောင်းပါတယ်။ ခံဆွမ်းလည်း ဘုန်းပေးကောင်းပါတယ်။ နွားကျင်ငယ်ရေလည်း ဆေးအဖြစ်မှီဝဲနိုင်ပါတယ်။ တိုက်ကျောင်းတို့။ တယ်လီဖုန်းတို့၊ ကားတို့မလိုပါဘူး။ မြတ်စွာဘုရားလက်ထက်က ရဟန်းတော်တွေဆိုရင် ခြေကျင်ကြွကျရတာပါ။ ဥပါသကာတွေ ပစ္စည်း(၄)ပါး သပိတ်မှောက်လိုက်ရင် ဘုန်းကြီးတွေ ငတ်သွားမယ်။ ငရဲကြီးချင်လည်း ကြီးတော့။(၄၇) ပါးလုံးလုံး အာဏာရှင် အမိန့်ပေးနေသမျှ ငြိမ်ခံနေရင် ဘာသာနဲ့ လူမျိုးကို အနုနည်းကော၊ အကြမ်းနည်းကော ဝါးမျိုခံလိုက်ရလိမ့်မယ်။ မြန်မာပြည် လူဦးရေ သန်း (၆၀) မှာ ဗုဒ္ဓဘာသာ ရာခိုင်နှုန်း ဘယ်လောက်ပဲကျန်တော့တယ်ဆိုတာ သိတယ်ဆိုရင် သာသနာသက္ကရာဇ် ၂၅၀ဝ ကျော်မှာ နိုင်ငံတော်သံဃမဟာအာဏာပြအဖွဲ့အစည်းကြီးရဲ့ သာသနာပြုလုပ်ငန်းတွေ ဘယ်လောက်အောင်မြင်နေလည်းဆိုတာ ငြင်းလို့မရဘူး။ အပ်နဲ့ထွင်းရမည့်ကိစ္စမျိုးကို ပုဆိန်နဲ့ အပေါက်မခံချင်စမ်းပါနဲ့။ တို့လူမျိုးတွေ ဘုန်းကြီးထိရင် ခံမှာမဟုတ်ဘူး။ ဒါကြောင့် နိုင်ငံတော်သံဃမဟာအာဏာပြအဖွဲ့အစည်းကြီးကလည်း ပေးတာယူ၊ကျွေးတာစား အဆင့်နဲ့တော့ ရာထူးကဆင်းပေးလိုက်တာ ပိုကောင်းပါတယ်။ သာသနာရေးဝန်ကြီးအနေနဲ့လည်း သာသနာရေးကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်တော့မယ်ဆိုရင ် ငါးပါးသီလလုံပြီလားဆိုပြီး မိမိကိုယ်ကိုယ် အရင်ပြန်မေးဦး။ အတိတ်ကံကောင်းခဲ့လို့ အခုအဆင်ပြေနေပေမယ့် သံသရာကို ကြောက်တယ်ဆိုရင် ဆင်ခြင်တာကောင်းတယ်။ အဲလိုမှမဟုတ်ဘူး။ ကေတီဗွီ ခန်းထဲက ထွက်လာပြီးတော့ ဘုန်းကြီးကို ထောင်ချတယ်ဆိုရင် ငရဲက မနေဘူးနော။ အတော့်လုပ်ကြပါ ဖိုးသားလေးတို့ရယ်။ တရားဟောတဲ့ ဓမ္မကထိက တပါးကနေပြီးတော့ တိုင်းပြည်ကြီးမှာ လူထုအုံကြွမှုကို ဖြစ်အောင်မလုပ်နိုင်ပါဘူး။ သိပ်လည်း ကြောက်မနေကြပါနဲ့။ မှန်မှန်လုပ်ကြပေါ့။ ဒီမိုကရေစီနိုင်ငံဆိုပြီးတော့ ကြွေးကြော်ထားတယ်ဆိုရင် အလွဲတွေတော့မလုပ်ကြနဲ့…..။ လေးစားစွာဖြင့် ထက်အောင် (၂၈.၁၂.၂၀၁၁) ၁၁း၅၆ pm

8 comments

  • kyeemite

    January 20, 2012 at 1:56 pm

    ပြန်တင်ပေးတဲ့ ဆောင်းပါးလေးဖတ်ရလို့ သင့်ခရုပါ

  • စိန်ပေါက်ပေါက်

    January 20, 2012 at 2:13 pm

    ဂွတ်ထ
    စာတတ်ပေတတ် အဖွဲ ့ကြီးကို ထောက်ပြသင့်တဲ့ အချက်တွေဖြစ်ပါတယ်..
    မနေ ့ကလားမသိဘူး..ရွှေညဝါဆရာတော်ကို ကိုမင်းကိုနိုင်တို ့..အဖွဲ ့တောင် သွားပြီး ဖူးပြီးသွားတာ ဖတ်ရတယ်..
    ကျနုပ် စိန်ပေါက်ပေါက်လဲ စာရေးသူ ထက်အောင်ပြာသလိုပါပဲလို ့ ပြောပါရစေဗျား..

  • အင်း အပျက်တွေကြောင့် အပြစ်တွေဖြစ်ရတော့မယ်။သာသနာကိုဖျက်နေတဲ့ ရဟန်းတုတွေကို
    အရေးမယူဘဲ၊ဘာမဟုတ်တဲ့ ပြဿနာကိုဗွေလာယူပြနေတယ်။

  • ဇွဲမာန်(အင်းဝ)

    January 20, 2012 at 9:26 pm

    ဘုန်ကြီးအမှု့ရွာပတ်နေပြီ…။
    အမှန်တရားဆိုတာအမြဲရှိနေပါတယ်…။

  • Ali zawkhant

    January 20, 2012 at 11:17 pm

    ကျွန်တော်ကတော့ ဗမာ မူစလင် တစ်ယောက်ပါ …
    မနေနိုင်လို့ ဝင်ရေးရတာပါ
    ဒီအဖြစ်မှာ ရွှေညဝါ ဆရာတော် ဘက်က လုံးဝထောက်ခံပါတယ်…

  • Foreign Resident

    January 21, 2012 at 7:24 am

    သေချာတာ တစ်ခုကတော့ ၊
    အဘလည်း ခုချိန်ကစပြီး သံဃာ့ မဟာနာယက အဖွဲ့က ဘုန်းကြီးတွေကို ၊
    ကိုးကွယ် ဆည်းကပ် လှူဒါန်း တော့မှာ မဟုတ်ပါဘူး ။
    ဗုဒ္ဓ သာသနာ ကိုလည်း အထင် အမြင်သေးသွားပါပြီ ။

    ဘယ်နှယ့် ကိုယ်ကိုတိုင်တော့
    နိုင်ငံ့ ကောင်းကျိုး ပြည်သူလူထု့ ကောင်းကျိုး လုပ်မယ်မရှိပဲနှင့် ၊
    နိုင်ငံ့ ကောင်းကျိုး ပြည်သူလူထု့ ကောင်းကျိုး လုပ်တဲ့ဆရာတော်တွေကိုတော့
    လိုက် ဒုက္ခပေးနေတယ် ။

    ပြည်သူလူထု့ လှူဒါန်းတာတော့ အလုပ်မလုပ်ပဲ ထိုင်စားနေပြီးတော့
    ပြည်သူလူထု့ ကောင်းကျိုးကြတော့ မလုပ်ချင်ကြဘူး ။

    • Foreign Resident

      January 23, 2012 at 4:26 am

      ခရစ်ရှန် တွေ ( ဧမာနေလ နှစ်ချင်း အသင်းတော် ) ကမှ
      နိုင်ငံ့ ကောင်းကျိုး ပြည်သူလူထု့ ကောင်းကျိုး လုပ်လို့ဆိုပြီး
      ကိုကျော်သူ နှင့် ဇနီး ကို ဂုဏ်ထူးဆောင် ဒေါက်တာ ဘွဲ့
      ဆက်ကပ်သေးတယ် ။

      မဟန ဘာလုပ်နေသလဲ ၊ ဘာအသုံးကျသလဲ ၊ ဘာဦးနှောက်ရှိသလဲ ။
      သူတို့ လုပ်နေပုံမျိုးဖြင့် ဗုဒ္ဓသာသနာဟာ လူကြိုက်နည်းပြီး ၊
      သာသနာစောကွယ်ဖို့ပဲရှိတယ် ။

      မှန်တာပြောရရင် ကိုယ်တွေတောင် တော်တော် စိတ်ကုန်နေပြီ ။
      တည်းတည်းပဲ ကျန်တော့တယ် ။

  • Wai Phyoe

    January 21, 2012 at 10:25 am

    ကို ကိုးကွယ်တဲ့ဘာသာက ဘုန်းကြီးဆိုတော့ လူတစ်ဦးအနေနဲ့ဝင်ပြောရမှာအခက်ဗျ။
    ဒါပေမဲ့ ဗျာ ဘုန်းဘုန်းကို ကျောင်းကနှင်တဲ့အထိတော့ မဖြစ်သင့်ပါဘူး။ ဘာမပာုတ်တဲ့
    အပြစ်လေးအတွက် အားလုံးကမှန်ပါတယ်လို့ထောက်ခံတာကို အပြစ်ပေးဘို့တော့တတ်တယ်။
    ကျွန်တော်တို့နားက ဘုန်းကြီးတွေ ချဲဒိုင်လုပ် မွေးနေ့ပါတီလုပ် အဲ့ဒီအချိန်ကျတော့ အဲ့ဒီသံဃာ့ မဟာနာယက အဖွဲ့က ဘုန်းကြီးတွေ ဘာလုပ်နေလဲ??????????????

Leave a Reply