တကယ့် အရိယာသစ္စာအစစ် နဲ့ ပရမတ္တသစ္စာ တူတူပဲဖြစ်ပါသည်ဟု True Answer က comment တစ်ခုတွင် ဆိုခဲ့ပါ၏။ သို့အတွက် ဤ post ကို ရေးဖို့ ဖြစ်လာရပါသည်။

ရုပ်နာမ် ရှုသော ပရမတ္တသစ္စာကိုပဲ အရိယာသစ္စာဟုဆိုရပါက ဗုဒ္ဓဘုရားပင် ပွင့်စရာအကြောင်းမရှိသင့်တော့ပါ။ အဘယ့်ကြောင့်ဆိုသော်

ပရမတ္တသစ္စာ (ရုပ်၊ နာမ်)တရားများက ဗုဒ္ဓမြတ်စွာမပွင့်ခင်ကတည်းက ဂျိန်း နိဂဏ္ဍတို့၊ ဗြဟ္မဏပုဏ္ဏားတို့ ဟောပြောနေကြသောကြောင့်ဖြစ်ပေသည်။

(ရုပ်၊ နာမ်) ပရမတ်တွေကို အဓိကထားရှုနေကြတဲ့ အစွန်းကိုရှောင်ပြီး လူ့ အမှုကံ (သင်္ခါရ)ကို အဓိက ထားရှုတဲ့ အရိယသစ္စာတရားကိုသာ ဗုဒ္ဓဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။

ဒါ့ကြောင့် ထိုခေတ်က ပရိဗိုဇ်များက ဗုဒ္ဓကိုတွေ့သည့်အခါ

“(ရုပ်၊ နာမ်) ပရမတ်တွေက မြဲလား၊ မမြဲဘူးလား“ဟု မေးသည့် အခါတိုင်း

ဗုဒ္ဓက “န ခေါအဟံ” “ထိုအယူ ငါမယူဘူး။ ဒါတွေကို ငါစိတ်မ၀င်စားဘူး“ဆိုတဲ့ သဘောမျိုးနဲ့ ပြောဆိုခဲ့တာ အထင်းအရှားပါ။

(ကိုသစ္စာ၏  http://myanmargazette.net/95668/uncategorized-other/copypaste   တွင် ဖော်ပြထားသည့် သုတ္တံများထဲတွင် (ရုပ်၊ နာမ်) ပရမတ်တွေက မြဲလား၊ မမြဲဘူးလားနှင့် ပတ်သက်လို့ ဗုဒ္ဓ၏ သဘောကို တွေ့နိုင်ပါသည်။)

ထိုအခါ ပရိဗိုဇ်တွေက “ဒီ (ရုပ်၊ နာမ်) ပရမတ်တွေကို မြဲလား၊ မမြဲဘူးလား ဆိုတာကို မယူဘူး။ စိတ်မ၀င်စားဘူးဆိုရင် ဘာလို့ ရဟန်းလုပ်နေတာလဲ “ဟု ပြန်မေးကြလေ၏။

အဘယ့်ကြောင့်ဆိုရသော် ထိုခေတ်က ပရိဗိုဇ် ရဟန်းများသည် ယနေ့ခေတ် ရိပ်သာများလို (ရုပ်၊ နာမ် ပရမတ်)တွေနဲ့ပဲ အချိန်ကုန်နေကြလို့ ဖြစ်ပေသည်။

ထိုခေတ်က ဘာသာရေးလုပ်ငန်းသည် ယနေခေတ် မြန်မာဗုဒ္ဓ၀ါဒီ ရိပ်သာတရားစခန်းများကဲ့သို့ (ရုပ်၊ နာမ်) ပရမတ်တွေကိုသာ လုံးပန်းပြီးဟောပြောနေကြပါသည်။

ထို့ကြောင့် (ရုပ်၊ နာမ်) ပရမတ်တွေ မြဲ၊ မမြဲကို ဘာမှမပြောသော ဗုဒ္ဓဘုရားကိုပင် ပရမတ်ဝါဒီတို့က ဘာသာမဲ့၊ ဘာသာတရားတွေကို ဖျက်ဆီးနေသူ၊ မိစ္ဆာဒိဋ္ဌိဟု ပြောဆိုကြကုန်၏။

(ရုပ်၊ နာမ်) ပရမတ်တွေ မြဲ၊ မမြဲ ဟောမှ ဘာသာရေးဟု ထိုခေတ်က ယူထားကြပေသည်။

ဗုဒ္ဓဘုရားက “ငါရဟန်း (သာမဏ)လုပ်တာ၊

၁။ ဤ အမှု ကံ (သင်္ခါရ)တွေဟာ ဒုက္ခဖြစ်ကြောင်း သမုဒယသစ္စာ တွေ၊

၂။ ဤ အမှု ကံ (သင်္ခါရ)တွေကြောင့် ဖြစ်နေရတဲ့ အဖြစ်တွေဟာ အမှန်ဆင်းရဲတဲ့ ဒုက္ခသစ္စာ တွေ၊

၃။ ဤ အမှု ကံ (သင်္ခါရ)တွေ မလွန်ကျူးတော့ရင် ငြိမ်းအေးစေမယ့် နည်းလမ်းဖြစ်သည့် မဂ္ဂသစ္စာနဲ့

၎။ ဤ အမှု ကံ (သင်္ခါရ)တွေကြောင့် ဖြစ်နေရတဲ့ အဖြစ်တွေ အမှန်ငြိမ်းအေးသည့် နိရောဓသစ္စာ ဆိုသော

လူတွေ ငြိမ်းအေးစေတဲ့ အရိယသစ္စာတရားလေးပါးကို ဟောပြောဖို့အတွက် ရဟန်းပြုတာ” ဟု ပြန်ပြောကြားလေ၏။

ထို့ကြောင့် ဗုဒ္ဓမြတ်စွာသည် ပရမတ်ဝါဒီမဟုတ်ပါ။ လူ့ အမှုကံတွေကို တည့်မတ်ပေးသော အရိယသစ္စာတရားပိုင်ရှင်သာ ဖြစ်ပါသည်။

သို့အတွက်ကြောင့် ဗုဒ္ဓနှင့် တပည့်ရဟန်းများ လှည့်လည်ပြီး တရားဟောကြသည့်အခါမှာ ယနေ့ခေတ်လို ဟိုမှာဘယ်နှရက်တရားစခန်း ဖွင့်လိုက်၊ ဒီမှာ တရားစခန်း ဘယ်နှလ ဖွင့်လိုက်ဆိုတာမျိုး မရှိခဲ့ပါ။

စခန်းသွင်းပြီး လူတွေကို အမိန့်ပေးစေခိုင်းသည့် တရားမျိုးတွေနှင့် ရှင်သာရိပုတ္တရာတရားစခန်း၊ ရှင်မောဂ္ဂလာန် တရာစခန်း၊ ဘယ်သူ့တရားစခန်း၊ ဘယ်ဝါ့တရားစခန်း၊ – – – – စခန်းတွေ မဖွင့်ခဲ့ကြပါ။

ထိုကဲ့သို့ လူတွေကို အမိန့်ပေးစေခိုင်းသည့် တရားမျိုးတွေနှင့် တရားစခန်းတွေဖွင့်ခဲ့ကြသည်မှာ ထိုခေတ်က ဂျိန်း နိဂဏ္ဍတို့နှင့် တိတ္ထိပရိဗိုဇ်တို့သာလျှင်ဖြစ်ပေသည်။

ဗုဒ္ဓ၏ အရိယသစ္စာတရားသည် လူတွေကို အမိန့်ပေးစေခိုင်းသလိုမျိုး ရှုခိုင်းနေသာ ပရမတ်သစ္စာတရား မဟုတ်သည့်အတွက် ယနေ့ခေတ်လို တရားစခန်းဖွင့်စရာမလိုခဲ့ပါ။

လူတွေ နေ့စဉ် ပြုမူ၊ ပြောဆို၊ နေထိုင်မှု ကံ (သင်္ခါရ)တွေကို ငြိမ်းအေးအောင် ပြုပြင်ပေးသော တရားသာလျှင်ဖြစ်ပေသည်။

“အ၀ိဇ္ဇာ” တည်းဟူသော ကိုယ့်အမှုတွေရဲ့ အကြောင်း၊ အကျိုးကို မသိမှု တွေနှင့်သာ ပြုမူ၊ ပြောဆို၊ နေထိုင်ကြမယ်ဆိုလျှင် သင်္ခါရ (အဘိသင်္ခါရ) မှားယွင်းသော၊ လွန်ကဲသော အပြုအမူ၊ အပြာအဆို၊ အနေအထိုင်တွေဖြစ်သွားပါလိမ့်မယ်။

ထိုကဲ့သို့ အပြုမှား၊ အပြောမှား၊ အနေထိုင်မှားတွေဖြစ်သွားပါက ရလာမည့် အဖြစ်တွေက ပြုသူ၊ ပြောသူ၊ နေထိုင်သူကို (အနိစ္စ)ပျက်စီးစေမယ်၊ (ဒုက္ခ) ဆင်းရဲစေမယ်၊ (အနတ္တ) အချီးအနှီး ဖြစ်စေမယ်၊ စသည့် သဘောလက္ခများဖြင့် (ဒုက္ခသစ္စာ) အမှန်းဆင်ရဲမည့် အဖြစ်တွေပဲ သေချာပေါက်ရမှာပါ။

ထိုအဖြစ်တွေကို အမှန်းဆင်ရဲမှန်း “၀ိဇ္ဇာ”ဆိုတဲ့ အသိရလာပါက ထိုသူသည် နောက်နောင် ထိုကဲ့သို့ သင်္ခါရ (အဘိသင်္ခါရ) ဖြစ်အောင် မပြုရဲတော့ပါ။

ထို့ကြောင့် ကိုယ့်ရဲ့ ပြုမူ၊ ပြောဆို၊ နေထိုင်မှုတွေကို လွန်ကျူးမှုမဖြစ်အောင် ပြုတတ်၊ ပြောတတ်၊ နေထိုင်တတ်သွားသည့်အတွက် အမှန်းဆင်ရဲမည့် အဖြစ်တွေ ဘယ်တော့မဖြစ်တော့ပဲ (ဒုက္ခနိရောဓ) အပြီးငြိမ်းအေးသွားပါလိမ့်မယ်။

ထိုကဲ့သို့ လူတွေရဲ့ အမှုကံတွေ မလွန်ကျူးဖို့အတွက် အသိပေးကျင့်သုံးဖို့အတွက်မှာ တရားခန်းတွေဖွင့်စရာ မလိုခဲ့ပါ။

လူတွေရဲ့ နေ့စဉ် ပြုမူ၊ ပြောဆို၊ နေထိုင်မှုတွေမှာ ထိုအသိဖြင့် ကျင့်သုံး သွားဖို့ရာသာ လိုအပ်ပေသည်။

 

ကျွန်ုပ်သည် ဟိုအရင် နေ့ရက်များဆီက ရိပ်သာများတွင် ပရမတ္တသစ္စာ (ရုပ်၊ နာမ်)တရားများဖြင့် အချိန်တွေကုန်ခဲ့ရာမှ ဗုဒ္ဓ၏ အရိယသစ္စာကို အင်တာနက်မှတဆင့် ဓမ္မ၀ိဟာရီဆရာတော် ဟောပြောမှုများနာကြားခဲ့ရသည့်အတွက် အရိယသစ္စာနှင့် ပရမတ္တသစ္စာ ကွဲကွဲပြာပြားသိရှိခဲ့ရပါသည်။

ထိုကဲ့သို့ ကွဲကွဲပြားပြားသိရှိခဲ့ရသည့်အပေါ် ကျွန်ုပ်သဘောပေါက်နားလည်သလို ပြန်လည်တင်ပြခြင်း ဖြစ်ပါသည်။

လူ့အမှု ငြိမ်းစေသည့် အရိယသစ္စာကို လမ်းညွှန်ပေးခဲ့သော ဓမ္မ၀ိဟာရီဆရာတော်ကို  http://www.ariyathitsa.org/html/home_3.html  ရှိ

ဆရာတော်၏ ပရမတ္တသစ္စာနှင့် အရိယသစ္စာ လင်္ကာဖြင့် ဦးခိုက် ပူဇော်လိုက်ပါသည်။

ပရမတ္တသစ္စာနှင့် အရိယသစ္စာ

သုတ္တနိပါတ

မဟာဗျူဟသုတ္တ ပန္နရသမဂါထာ

(ပါဠိ)

ပဿံ နရော ဒက္ခတိ နာမ ရူပံ၊

ဒိသွာန ၀ါ ညထာတိ တာနိ မေ၀၊

ကာမံ ဗဟုံ ပဿတု အပ္ပကံ ၀ါ၊

န ဟိ တေန သုဒ္ဓိံ ကုသလာ ၀ဒန္တိ။

(မြန်မာ)

ရုပ်၊ နာမ် ရှုပွား တရားကို ရှာ၊

ရုပ်၊ နာမ် ဖြစ်ပျက် မြင်လျက်သိမှာ။

ဘယ်လောက် ရှုမှတ် ပရမတ်သစ္စာ၊

ပွားသော်ငြား တရားမရပါ။

သုတ္တနိပါတ

သမ္မာပရိဗ္ဗာဇနိယသုတ္တ သတ္တမဂါထာ

(ပါဠိ)

ဝစသာ မနသာစ ကမ္မုနာ စ၊

အ၀ိရုဒ္ဓော သမ္မာ ၀ိဒိတွာန ဓမ္မံ။

နိဗ္ဗာန ပဒါဘိ ပတ္ထယာနော၊

သမ္မာ သော လောကေ ပရိဗ္ဗဇေယျ။

(မြန်မာ)

ကိုယ်၊ နှုတ်၊ စိတ်ထား အမှားရှောင်ခွါ၊

တရား၊ မတရား ပြတ်သားသိခါ၊

လူ့ငြိမ်းအေးမှု ရှေးရှုလို့သာ၊

မြတ်တရား မမှား ကျင့်ရမှာ။

ဓမ္မ၀ိဟာရီဆရာတော်

About mgmaung

has written 3 post in this Website..