စစ်ကိုင်း၊မုံရွာ ဘက်မှ မြန်မာ့အမွေအနှစ်များနှင့် ၊အံ့သြဘွယ်ရာဖြစ်ရပ်များ။(ဒုတိယပိုင်း)

( ၇. ၀၁. ၂၀၁၂ ) ရက်နေ့မှာ၊၀န်ထမ်း ဆုပေးပွဲပြီးတော့၊ မုံရွာဘက်ခရီးဆက်ခဲ့ပါတယ်၊ လမ်းမှာမနေ့ကကျန်တဲ့စစ်ကောင်းကောင်းမှုတော်စေတီတော်ကြီးကိုဝင်ရောက် ဖူးမျှော် ကြည်ညိုခဲ့ပါတယ်၊ လက်ယာရစ်တစ်ပါတ်ပြည့် အောင် ပတ်လျှင် မိခင်ရဲ့နို့တစ်လုံးဘိုးကျေတယ်ဆိုတာလည်ူးကြားခဲ့ရပါတယ်။ အဲ့သည်ဘုရားပရ၀ုဏ် ထဲဝင်တော့၊ယူနီဖေါင်းဆင်တူရာ ၀တ်ထား တဲ့ လူငယ်အုပ်စုတွေ သုံးစုလောက်တွေ့ရပါတယ် ၊တစ်အုပ်စုအရောင်တစ်မျိုးနဲ့၊မိန်းကလေး၊ယောက်ကျားလေးတွေအများသားပဲ၊  တော်တော်ပျော်ပြီး အော်ကြ ဟစ်ကြ နောက်ကြပြောင်ကြပေါ့၊တစ်ဝင်းလုံး ဆူညံဘွတ် ကလောနေကြတာ၊မေးကြည့်တော့ မန္တလေး၊ဘက်က ဘော်ဒါဆောင်တွေ မှ ကျောင်းသားတွေတဲ့ဗျား။

စစ်ကိုင်း ကောင်းမှုတော်စေတီကြီး ကိုယခင် ဓါတ်ပုံတွေအရ ထုံးဖြူဖြူ သင်္ကန်းကပ်ထားတာတွေ့မြင်နေကျ ဆိုတော့ယခု ရွှေသင်္ကန်းကပ်ထားတော့ မြင်ကွင်း တစ်မျိုးကြီးတော့ဖြစ်သား၊ ဒါပေမည့်လည်း ကြည်ညိုစရာကောင်းပါတယ်ဗျား။

ထုံးဖြူဖြူမှ ရွှေရောင်အတိဖြင့် ကြည်ညိုလှသော၊ကောင်းမှုတော်စေတီတော်ကြီး။

ကောင်းမှုတော်ဘုရားကြီးကိုကြည်ညိုကြပြီး၊ခရီးဆက်ခဲ့ကြပါတယ်၊ မြင်းမူမြို့အ၀င် ညောင်ပင်ဝန်း  ဆိုတဲ့ ရွာကိုညနေပိုင်း(၃)နာရီလောက်ရောက်ပါတယ်၊ အဲသည်မှာ ထမင်းဆိုင်လေးတွေရှိပြီး၊ ဆိုင်ကြီးတွေ မဟုတ်တဲ့ ဘေးဆိုင်တန်းကလေးတွေမှာ တစ်ခါပြင် ငါးရာကျပ်နဲ့ အဆာပြေ ထမင်းနဲ့ဟင်းကိုပုံပြီးထည့်ပေးတာ၊ စားရတာ အိမ်ထမင်း၊ အိမ်ဟင်းကလေးစားရတဲ့ တောချက်အရသာ ကလေးပါပဲ၊ ပဲရေပွကြော်၊ငြုပ်သီးတောင့်ကြော်ကလေးနဲ့သရက် သီး အချဉ်လည်းပါသေး၊ဘာစားကောင်းသလည်းမမေးနဲ့၊ အဲဒါ ကျုပ်တို့နဲ့ပါလာတဲ့ နိုင်ငံခြားသားတစ်ယောက်က သူများ စားတာ ကြည့်ပြီး၊သရေယို လာလို့ ကားပေါ်ကဆင်းပြီး အလာ၊ ထမင်းဟင်းပြင်ပေးတဲ့ အဒေါ်ကြီးက ပဲရေပွကြော်၊ ငြုပ်သီးနှင့် သရက်ချဉ်တွေကို လက်ကြီးနဲ့လည်းနှိုက်ထည့်ကရော၊ သည်မောင်မင်းကြီးသား     ခဗျာ၊ စိတ်ပျက်ပြီးကား ပေါ်ပြန်ပြေးပါလေရောဗျား။

ဒါကိုကြိုသိလို့ကျုပ်တို့မန်နေးဂျင်းက အဒေါ်ကြီး ဇွန်းနဲ့ထည့်ပေးပါပြောတာ လက်မခံဘူးလေ၊ မကြားချင်ယောင်ဆောင် ဆက်ထည့် သဗျား။ ဒါပေမည့် အစားသောက်တွေကတော့ တော်တော် သပ်သပ် ရပ်ရပ်၊ လပ်ဆတ်ဆတ် သန့်ပါတယ်။  အဲ    သူ့ လက်ကတော့ မသိတော့ဘူးဗျာ။ ( စားလို့ကောင်းတာတော့အမှန်ပဲ  ဟီး  ဟီး။) တစ်ယောက်မှတော့ အီးပမ်းတယ်မကြားမိဘူး၊ ကျုပ်တို့ ဓလေ့နဲ့ ကျုပ်တို့က ဘက်တီးရီးယား အင်မြုံန်းဖြစ်တွား လို့လားမသိပေါ့နော်။

မန်နေးဂျင်းက မန္တလေးသူလေ၊ အဲသည်ဘက်မှာသူရို့ငယ်ငယ်က ခေါင်းရွက်တောသယ်လေးတွေရှိကြောင်း၊ အိမ်ထမင်း/ဟင်းအရသာနဲ့၊သန့်သန့်ရှင်းရှင်း ဈေးပေါချောင်ကောင်းကလေးစားရတဲ့အရသာ ကို ရန်ကုန်သားတွေစားဖူးတယ်ရှိအောင်ဆိုပြီး၊တောသဘာဝလေးဝယ်ကြွေးတာလေ၊ခေါင်းရွက်သည်တွေမရှိရတော့ဘူးဆိုတော့၊ဆိုင်သေးကလေးတွေနဲ့ဖွင့်ကြတာ။

အဲသည်နောက် ညနေ (၄း၀၀)လောက်မှာ မြင်းမူကနေ အနောက်မြောက် ထောင့်ဘက် (၅)မိုင်ကျော်လောက် သွား ပြီးတဲ့အခါ၊ဗောဓိတစ်ထောင် ရှိရာ ခတ္တန် ရွားအနီးရောက်ပါတယ်၊ကြုံချင်တော့၊ ရွာရှင်ပြု မှ ရှင်လောင်းလှည့်လာ တာနဲ့တိုးနေလို့နာရီဝက်ကျော်လောက်ကားရပ်စောင့်လိုက်ရပါသဗျား။

လှည်းယာဉ်ကျော့ကျော့ ပေါ်ပရိက္ခရာရှစ်ပါးသယ်ဆောင်လို့ သာသနာဝါ၀ါဝင်းအောင်ပ— တဲ့။

ကွမ်းတောင်းကိုင် ညိုပြာညက်တွေနဲ့၊ အဲဒါမှ မြန်မာ ဓလေ့ဗျ။

ေ၇ွှဝါရောင်ထီးရယ်နှင့်၊ဝေါယာဉ်ပျံမောင်ရှင်စီးပါလို့၊ သာသနာစည်စေကြောင်းကောင်းမှုဆောင်ပြီ။

သည်ကောင်းမှုအများပျော်အောင်၊ဖျော်ဖြေသည်တစ်နည်းနှင့်။

ဘာလာလာကြည့်မှာဘဲလို့၊ဒါတို့ရွာတို့ဓလေ့၊စည်ချက်ကမနဲ။

ဗောဓိတစ်ထောင်ရောက်တော့ ညနေ(၅း၃၀) လောက်ရှိပါပြီ၊ ကျုပ်တို့ ဦးဇင်းကြီးက အဲသည်မှာ ကိုယ်ပိုင် တစ်ထပ်တိုက်ကျောင်းကလေးရထားတော့၊သူ့ကျောင်းတိုက်ကလေးမှာပဲ၊တည်းကြပါတယ်။ ဗာဓိတစ်ထောင်ကျောင်းတိုက်ကြီးကအလွန်ကျယ်ဝန်းလှပြီး၊ ဆရာတော်သီတင်းသုံးတဲ့ကျောင်းအပြင်၊ကိုယ်ပိုင်လှုထားတဲ့ တိုက်ကျောင်းကလေးတွေလည်းရှိပါတယ်၊ ဘုရားဖူးတွေတည်းခိုဘို့ တိုက်အဆောင်ကြီးတွေလည်းရှိပါတယ်၊ ခေါင်းအုံး၊ခြင်ထောင်၊စောင်၊အိပ်ယာခင်း၊ဖျာ မှအစ၊ ရေချိုးခန်း၊အိမ်သာ အားလုံးကို လိုလေးသေးမရှိ သန်းသန့်ပြန့်ပြန့် စီစဉ်ပေးထားပါသဗျား။

လျှပ်စစ်မီး၊ရေကအစပြည့်စုံစေရန်စီစဉ်ပေးထားပါတယ်၊ တောင်ပေါ်ဘုရားဖူးရန်လည်း၊အုတ်လှေခါးတွေရှိသလို၊ဆိုင်ကယ်တွေ၊ကားတွေပါထားရှိပါတယ်။အဲသည်မှာ အညာ သနပ်ခါးတန်းဆိုင်ကလေး ကိုတောင်ခြေမှစလို့တောက် ရှောက် တောင်ပေါ်ရောက်တဲ့အထိတွေ့နိုင်ပြီး၊သနပ်ခါး အတုလုံးဝရောင်းခွင့်မရှိပဲ၊ဆရာတော်တွေစစ်လို့တွေ့လျှင်သက်သေပြအတိုင်ခံရလျှင် ၊ရောင်းခွင့်လုံးဝပိတ်ပစ်ပြီးနှင် ထုတ်ခံရပါသတဲ့၊ ကဲ စံနစ် ကောင်းလိုက်ပုံများဗျာ။ကိုယ်ပိုင်ရေလှေင်ကန်၊ဆည်အသေးလေးတွေလည်းတည်ဆောက်ထားပြီး၊ပိုက်လိုင်းတွေနဲ့ရွာကိုပါဖြန့်ပေးပါတယ်။

လျှပ်စစ်မီးလည်းရှိပါတယ်။ ဆရာတော်ကြီးနှင့် တပည့်သာဝက များ၏၊ စီမံခန့်ခွဲမှု ကောင်းပုံပါပဲ။ အဲသည်ညမှာညစာကိုတော့ ဆရာဦးဇင်းကြီး ဘိုကင်လုပ်ပေးထားတဲ့ ကျောင်းဝင်းရှေ့မှ ရာမည ထမင်းဆိုင် ကလေးမှာစားကြပါတယ်၊ကြက် သောက်ဆမ်း တောချက်ကလေးကို ခွေးတောက်ရွက်နဲ့ရောချက်ထားတာ၊ အညာငရုပ်သီးစိမ်း ထောင်းက လေး ကလည်း မွှေးပြီးရှာလည်ပါ့ဗျား၊ အညာခရမ်းချဉ်သီး ပန်ထွေဖျော်ကလေးလည်းမလွတ်စေရပါဘူး၊ လူတစ်ယောက် ဟင်း ပုဂံ တစ်လုံးစီနဲ့ ကြက်သားကာလသားဟင်း၊ကြိုက်သလောက်စားနိုင်တယ်၊ဆိုင်ရှင်တွေကဖေါ်ရွေပြီး၊မညီးမငြူ

ဟင်း၊ ထမင်းတွေလိုက်ပေးကြသဗျား၊ အရံဟင်းတွေလည်းစုံလှ၊ မြင်းခွါရွက်သုတ်၊သရက်ချဉ်သုတ်၊ကန်စွန်းရွက်ကြော်၊ မျှစ်ကြော်၊ပဲရေပွကြော်၊ ဟော အတို့အမြှုပ် ကလည်း အရှံပယ်ပေါ့ ၊ရေစင်စင် ဆေးထားပြီးတစ်ပွင့်ချင်းချွေထားတဲ့ ပန်းဂေါ်ဖီပွင့်က ကိုက်ဝါးလိုက်ရင်တစ်ဂျွမ်း၈ျွမ်းနဲ့၊  ရှောက်ရွက် နုနုစိမ်းကလေးတွေကလည်းကြွပ်ပြီးမွှေးတေးတေး၊ သခွါးသီး လည်းမက၊ သင်္ဘောသီးအနုလည်းမဟုတ်၊လက်သီးစုပ်မရှိတရှိ (လေးစိတ်စိပ်) ထားတဲ့အသီးလေးတစ်စိပ် ယူပြီးဝါးကြည့်လိုက်တာ ချွမ်းကနဲ ရွှပ်းကနဲ၊အရသာကလည်းချိုမွှေးအေး နဲ့ နှစ်လုံးလောက်ကုန်သွားတယ်၊ တစ်ခြားဝိုင်းတွေက လည်းအဲသည့်အသီး ကိုထပ်တောင်း  ကြတော့၊ သိချင်စိတ်မအောင့်နိုင်ဘဲ မေးကြည့်တာ၊ အဲဒါ နိုင်ငံခြားပို့တဲ့စိုက်ခင်းတွေ မှာ စိုက်တဲ့ သခွါမွှေး အနုလေးတွေတဲ့ဗျား။

စိုက်ခင်မှာ သခွါမွှေးတွေသီးရင် ခေါင် အကောင်းဆုးံအလုံးသာရွေးထားပြီး၊ကျန်တဲ့ အသီးတွေကိုခူးပြီးပြန်ရောင်းသတဲ့၊ကဲ– ကြုံရင်ဝင်စားကြဘို့ လမ်းညွှန်ပါရဲ့ဗျား။ အ၀စားတော့ ကျပ်နှစ်ထောင်တဲ့နော်၊ ဒါပေမည့်မတန်ဘူးလို့ကိုမထင်ခဲ့ပါ။

အဲသည်ညမှာ အဖွဲ့သားတွေ တစ်ညတာအိပ်စက်အနားယူကြပြီး၊ နောက်နေ့ (၈. ၀၁ .၂၀၁၂)နံက် (၄း၃၀)နာရီမှာ-ညီညာထကြလို့ ဗောဓိတစ်ထောင် ကျောင်းဝင်းမှာသီတင်းသုံးကြတဲ့ သံင်္ဃာ တော်များကို ၊ကျနော်တို့အဖွဲ့ မှ အာရုံဏ်နို့စိမ်းခေါက်ဆွဲကပ်လှုကြပါတယ်။အလှုငွေလှုရုံပါပဲ ၊ကျောင်းတိုက်ဥပသာက တွေကအားလုံးစီစဉ်ပေးပါတယ်။ ရွာသားများကိုကောင်းအမျှပေးဝေပါတယ်ခင်ဗျား။

(၈. ၀၁ .၂၀၁၂)နံက် (၇း၃၀)မှာ- ဗောဓိတစ်ထောင်ကျောင်ဝင်းမှသည် ၊ မုံရွာအထွက် ကြေးနီတောင်ဘက်မှမြန်မာ့သမိုင်းအမွေအနှစ်များရှိရာ ရွှေဘတောင် နဲ့ ဖိုးဝင်းတောင် သို့ခရီးဆက်ခဲ့ကြပါသည်။

ရွှေဘတောင် နှင့်ဖိုးဝင်းတောင်သည်၊မုံရွာအနောက်ဘက် ၊ကြေးနီတောင်ဘက်သွားရာ ပုသိမ်/ မုံရွာလမ်း ပေါ်တွင် တည်ရှိ၏၊ပင်မလမ်းမကြီးမှခွဲထွက်ကာ၊သဘာဝတောတန်းကလေးထဲမောင်းဝင်သွားရပြီး၊ ကျနော်တို့အဖွဲ့က ရွှေဘ တောင်ကိုအရင်ဝင်ကြပြီးမှ ဖိုးဝင်းတောင်ကိုသွားပါသည်။

ရွှေဘတောင်ဟုအမည်တွင်ရခြင်းမှာ၊ ပုဂံခေတ် အလောင်းစည်သူလက်ထက်၊ကျောက်ထွင်းအနုပညာဆရာကြီး ဦးရွှေဘ မှ ထိုတောင်တွင် ၊ကျောက်နံရံများကိုထွင်းထားသောရုပ်ထုများ၊ကျောက်ဂူများ၊ ဘုရားပုံတော်များနှင့်၊ ကျောက်တောင်ကိုထွင်းပြီးလူသွားလမ်းဖေါက်လုပ်ထားသောတောင်ကဗားရံလမ်းများ ကိုလက်ရာမြောက်စွာ ပြုလုပ်ခဲ့ရာမှ ရွှေဘတောင်ဟု အမည်တွင်ပါသတတ်။ (ရုပ်ရှင်မင်းသားရွှေဘနှင့်ဘာမှမဆိုင်ချေ။) တောင်အမြင့်နှင့်အကျယ်မှာ နာရီဝက်လောက်သွားစရာသာဖြစ်သော်လည်း ၊ကျောက်ခင်းကျောက် ထရံများ အကြား၊ ကျောက်ဂူကျောက်ထပ် များအကြားဝင်သွား ရ သည်မှာအရသာတစ်မျိုးပင်၊တစ်ကယ်တော့ လူထွင်းပြီးဖန်ဆင်း ထား သော ကျောက်တောင်ကျောက်တုံးရုပ်စုံတောကြီးထဲ ထူးထူးဆန်းဆန်းရောက်နေသလိုပင်ဖြစ်ပါသည်။

ရွှေဘတောင်မှ လူထွင်းထားသောကျောက်တောင်ကြားလမ်း။

ရွှေဘတောင်မှ၊ကျောက်ထွဋ်၊ကျောက်ကဘရံတွေ၊သဘာဝအနှစ်အရသာရပါပေတယ်။

ကိုင်းဘာပြောချင်လည်း၊ဒိထက်ကြီးတဲ့ဖားဘယ်မှာလည်း၊(လူစားဖားတော့ထည့်မပြောနဲ့နော်)။

ဒါလည်းကျောက်သားပေါ်မှာထုဆစ်ထားသောဦးရွှေဘတို့လက်ရာပါ။

ရွှေဘတောင်မှပြန်အထွက်၊ဖိုးဝင်းတောင်သို့အသွားလမ်းတစ်နေရာတွင် ကားဆရာကြီးပြောပြချက်အရ၊ ကမန်း ကတန်းဓါတ်ပုံတစ်ပုံရိုက်ဖြစ်ခဲ့ပါသည်၊ သဘာဝတည်နေသောတောင် တန်း ကလေးဖြစ်သော် လည်း၊မြတ်စွာဘုရားပက်လက် လည်းလျှောင်းတော်မူနေသောပုံတော်ကဲ့သို့တစ်ထေရာတည်းတူနေသည်မှာ အလွန်အံသြစရာပါပေ။

အံ့သြစရာ သဘာဝပါပေတောင်း။

အဲသည်နောက်တော့၊ရွှေဘတောင်မှသည် ဇော်ဂျီ ဦးဖိုးဝင်းတို့ သားအဖရဲ့ကြေကွဲစရာသမိုင်းဇတ်လမ်း နှင့် ဗောဓိတစ်ထောင်ဆရာတော်ဘုရားကြီး၏၊အံချီးဘွယ်ရာများကိုဆက်လက်လေ့လာခဲ့ရပါသည်။

ဇတ်သိမ်းပိုင်းဆက်ပါအုန်းမည်။ အချိန်ပေးပြီးဖတ်ကြသာများအားလုံးကျန်းမာ၊ချမ်းသာ၊လမ်းဖြာကြပါစေသော်(၀်)။

About ba gyi

ba gyi has written 34 post in this Website..