Dec 23 . ဧရာဝတီမြစ်ဘေးက မန္တလေးတိုင်း၊ စဉ့်ကူးမြို့ကို စစ်တပ်က ပြန်ရခဲ့တာကြောင့် မြစ်အရှေ့ခြမ်း တကြောလုံးကို တော်လှန်ရေးအင်အားစုတွေလက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။ ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး အဲဒီကိစ္စတွေကို ဖမ်းဆီးဖို့ပျက်ကွက်သူတွေ အကာကွယ်ပေးသူတွေနဲ့ တံစိုးလက်ဆောင်ယူတဲ့သူတွေကိုပါ အရေးယူအပြစ်ပေးသွားမယ်လို့ ကြားကာလဒေသန္တရ ပြည်သူအုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။ Dec 22 . မြန်မာစစ်တပ်က စစ်မှုထမ်းဖို့ လူငယ်တွေကို ခေါ်ယူနေချိန်မှာပဲ တဖက်မှာလည်း အမည်မသိရသေးတဲ့အုပ်စုဖွဲ့သူတွေက လူငယ်တွေကို လမ်းမှာ ပြန်ပေးဆွဲတာ၊မိသားစုဆီက ငွေညှစ်တောင်းတာနဲ့ စစ်မှုထမ်းအဖွဲ့ဆီ ရောင်းစားတာတွေ ပြုလုပ်နေတာကြောင့် ရန်ကုန်နဲ့ မြို့ပြလူငယ်တွေ စိုးရိမ်ပူပန်နေကြရကြောင်း DVB သတင်းကဖေါ်ပြပါတယ်။ သယ်ဟိတ်ဂ်မြို့က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ လာမဲ့ ၂၀၂၆၊ ဇန်နဝါရီလမှာ ကြားနာစစ်ဆေးမှုတွေ လုပ်ဆောင်မယ်လို့ တရားရုံးက ကြေညာထားပြီးနှစ်ဖက်လျှောက်လဲချက် ကြားနာတာအပြင် လူသက်သေတွေပါ […]


kaiDecember 31, 20253min2490
အစုလိုက်အပြုံလိုက် ပစ်ခတ်မှုများနှင့် သေနတ်ဖြင့် အကြမ်းဖက်မှုများသည် အမေရိကားတွင် နေထိုင်သူများအတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ထပ်တလဲလဲ ဖြစ်နေခဲ့သည်။ American Community Media မှ ဆွေး‌နွေးပွဲတွင် လေ့လာပြုစုထားသော အချက်အလက်များနှင့် ကိုယ်တွေ့ဖြစ်ရပ်များမှတစ်ဆင့် မျှော်လင့်ချက်အချို့ကို တွေ့ရှိခဲ့ရသည်။ အမေရိကားသည် အခြားနိုင်ငံများနှင့် ယှဉ်လျှင် သေနတ်ဖြင့် သေဆုံးမှုနှုန်း အမြင့်မားဆုံးဖြစ်နေဆဲ ဖြစ်သော်လည်း၊ မကြာသေးမီက တွေ့ရှိရသော အချက်အလက်များနှင့် သုတေသနပြုချက်အရ ထိုအခြေအနေမှာ ပြောင်းလဲစပြုနေပြီ ဖြစ်ကြောင်း သိရသည်။ အသက်ရှင်ကျန်ရစ်သူ၏ အသံ – “ကျွန်မတို့နဲ့တင် ဒီဖြစ်ရပ်တွေ ရပ်တန့်သွားသင့်တယ်” ရှင်းလင်းပွဲတွင် Teachers Unify to End Gun Violence အဖွဲ့၏ ပူးတွဲတည်ထောင်သူနှင့် ဆရာမတစ်ဦးဖြစ်သူ Sarah Lerner က ကိုယ်တိုင်ကြုံတွေ့ခဲ့ရသော သေနတ်ပစ်မှုကို […]


kaiDecember 28, 20255min3590
၂၁ ရာစုတွင် ဒစ်ဂျစ်တယ်နည်းပညာကို နားလည်တတ်ကျွမ်းခြင်း (Digital Literacy) သည် ဇိမ်ခံစရာ ဂုဏ်ပကာသနတစ်ခု မဟုတ်တော့ဘဲ ကျန်းမာသော သက်ကြီးဘဝကို ပိုင်ဆိုင်နိုင်ရန်အတွက် မရှိမဖြစ်သည့် အခြေခံလိုအပ်ချက်တစ်ခု ဖြစ်လာခဲ့သည်။ သို့သော်လည်း လူနည်းစုနှင့် ဝင်ငွေနည်းသော သက်ကြီးရွယ်အို အသိုက်အဝန်းများတွင် ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုနိုင်မှုနှင့် ပတ်သက်၍ သိသာထင်ရှားသော ကွာဟချက်များ ရှိနေဆဲဖြစ်သည်။ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွလန်းဆန်းစေရန် ဒစ်ဂျစ်တယ်ကျန်းမာရေးစနစ်ကို အသုံးချခြင်း GSA 2025 ဆွေးနွေးပွဲတွင် University of Central Florida မှ သုတေသီများဖြစ်ကြသည့် Dr. Ladda Thiamwong နှင့် Ph.D ဘွဲ့ကြိုကျောင်းသူ Chitra Banerjee တို့က ဒစ်ဂျစ်တယ်ကျန်းမာရေးစနစ်၏ သယ်ဆောင်ရလွယ်ကူမှုနှင့် အချိန်နှင့်တပြေးညီ အချက်အလက်ပေးပို့နိုင်မှုတို့သည် ကျန်းမာရေးဆေးကုသမှုခံယူရန် […]


kaiDecember 24, 20254min5230
အမေရိကားရောက် မြန်မာတို့အတွက် ၂၀၂၅ တနှစ်လုံးစာကို ခြုံငုံသုံးသပ်ရသော် သမ္မတထရမ့် ကျမ်းကျိန်ပြီးသည့်ရက် (ဇန်နဝါရီ ၂၀) မှစ၍ အပြောင်းအလဲများ တဆင့်တချက်စီ တောက်လျှောက်တိုး၍ ဖြစ်ခဲ့သည်ဆိုရမည်။ အမေရိကားတွင် ပုံနှိပ်ထုတ်ဝေသော နှစ် ၂၀ တန်း မြန်မာမီဒီယာဖြစ်သည့်အားလျော်စွာ ဤသူသည် ရွှေ့ပြောင်းအခြေချသူများ၊ ပြောင်းခိုသူများ၊ ခိုလှုံသူများ ဘက်မှသာ ရပ်တည်ရေးသားပါမည်။ မူလဘူတ ပေါ်လစီ သမ္မတထရမ့်၏ မူလအခြေခံလဝကပေါ်လစီသည် နိုင်ငံရပ်ခြားမှ (အထူးသဖြင့် ဆင်းရဲပြဿနာများသော နိုင်ငံများမှ) ရွှေ့ပြောင်းအခြေချလာသူများကို လက်ခံထားပေးရန် (သို့) နိုင်ငံသားပေးရန် ရည်ရွယ်ရင်းမရှိပါ။ ရွှေဇွန်းကိုက်၍ မွေးလာသော သမ္မတကြီးသည် မိမိ၏သူဋ္ဌေးအိမ်တက်လာနေသူအိမ်အကူမှ အိမ်ရှင်ကို ပြန်လည်ညွှန်ကြားနေသည်ဟုသာ ထင်မြင်နေပေရာ “ဧည့်သည် နှင့် အိမ်ရှင်” ဟူသော မြန်မာပြည်မှ မဘသဆရာတော်ကြီး၏ အဆိုအမိန့်ကို တန်း၍ သတိရစရာပင်။ […]


kaiDecember 24, 20256min5860
ယခုနှစ်၏ နောက်ဆုံးလတွင် အမေရိကား၌ ရောက်နေသော မြန်မာမိဘများ သိထားသင့်သည့် English Expressions လေးများကို ဖော်ပြပေးလိုပါသည်။ Parent-teacher conference ကို ဘယ်လိုလုပ်ပြီး အရေးပေါ်ကိစ္စတစ်ရပ် emergency လို့ ခေါ်ရမှာလဲဟု မေးနိုင်ကြပါသည်။ Parent-teacher conference ကို တက်ရောက်ရမည့် မြန်မာမိဘအချို့အတွက်တော့ ဒီကိစ္စကြီးဟာ တကယ့်ကို အရေးပေါ်ကိစ္စတစ်ခုပါ။ မိမိတို့၏ ချစ်သားချစ်သမီးလေးများအတွက် ရင်အေးစရာ (သို့မဟုတ်) ရင်လေးစရာ ကြားနာရမည်ဖြစ်၍ တကယ့် emergency ဟု ခေါ်ထိုက်ပါသည်။ ဒီလို Parent-teacher conference ၌ ထူးထူးခြားခြား ကြားလျှင်ကြားရမည်၊ ဘာမှ မထူးခြားတာလည်း ရှိနိုင်ပါသည်။ အကယ်၍ ADHD ဆိုသည့် acronym လေးကို ကြားရလျှင် ထိတ်လန့်မသွားပါနှင့်။ ADHD ဆိုသည်မှာ […]


kaiDecember 23, 20253min7120
by SweSwe Aye အမေရိကား (United States) သည် ယခင်က မတွေးဝံ့စရာဖြစ်ခဲ့သည့် လူဦးရေ ရေရှည်လျော့နည်းလာမည့် ခေတ်သစ်တစ်ခုသို့ စတင်ဝင်ရောက်နေပြီဖြစ်သည်။ မွေးဖွားနှုန်း ကျဆင်းလာခြင်း၊ လူဦးရေ အိုမင်းမင်းလာခြင်းနှင့် လူဝင်မှုနှေးကွေးလာခြင်းတို့သည် နိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲသော “လူဦးရေဆိုင်ရာ ထွက်ပေါက်” ကို ပိတ်ပစ်နိုင်သည့် အန္တရာယ်ရှိနေသည်။ American Community Media က ဒီဇင်ဘာ ၁၂၊ ၂၀၂၅ တွင် ဦးစီးကျင်းပသော ဆွေးနွေးပွဲတွင် ပညာရှင်များက လူဝင်မှု အလွန်နည်းပါးသည့် အခြေအနေမျိုး၌ လက်ရှိတွင် ၃၄၃ သန်းရှိသော အမေရိကန် လူဦးရေသည် ၂၁၀၀ ပြည့်နှစ်တွင် ၂၂၆ သန်းအထိ ထိုးဆင်းသွားနိုင်ကြောင်း သတိပေးခဲ့ကြသည်။ ဤအခြေအနေသည် အရှေ့အာရှနှင့် ဥရောပနိုင်ငံများရှိ အလားအလာများနှင့် ဆင်တူနေသော်လည်း […]


kaiDecember 11, 20254min12130
by SweSwe Aye Immigrants များ လက်ရှိ ရင်ဆိုင်နေရသော နေထိုင်ခွင့်ဆိုင်ရာအကျဥ်းအကျပ်များနှင့်ပတ်သက်ပြီး အုပ်ချုပ်ရေးပိုင်း၏ တရား၀င်နေထိုင်ခွင့်ကို တရားမ၀င်ခြင်းအဖြစ်သို့ ပြောင်းလဲပစ်ပုံများနှင့်ပတ်သက်ပြီး နေထိုင်ခွင့်ကိစ္စများကို တရားရုံးမှာအဆုံးအဖြတ်ပေးသောတရားသူကြီးများ၊ ရှေ့နေများ၊ ဥပဒေပညာရှင်များ၏ အမြင်ဆွေးနွေးပွဲကို American Community Media က ဦးစီးပြီး ဒီဇင်ဘာ ၅၊ ၂၀၂၅ က ကျင်းပခဲ့ရာ Pilar Marrero ကြားခံဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁။ Legally ရောက်လာတယ်ဆိုတာဘာလဲ။ Green card, နိုင်ငံသားမဟုတ်ပါဘဲ နိုင်ငံသားဖြစ်ရန်လမ်းကြောင်းမှာ ရှိနေသူတွေ ဥပမာ- work permits နဲ့နေသူများ၊ TPS, Parole နဲ့ နိုင်ငံတွင်းဝင်လာသူတွေ၊ DACA (Deferred Action for Childhood Arrivals) များသည် ဥပဒေနဲ့အညီ […]


kaiDecember 3, 20256min19330
By SweSwe Aye ၂၀၂၆ ခုနှစ်သည် အမေရိကား၏ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်မှုနှင့် တတ်နိုင်မှုအတွက် ဆိုးရွားသော အပြောင်းအလဲများ ယူဆောင်လာရန် အသင့်ဖြစ်နေသည်။ ယင်းအပြောင်းအလဲများသည် Medicare နှင့် Medicaid အစီအစဉ်များ၏ ဘတ်ဂျက်ကို ကြီးမားစွာ ဖြတ်တောက်ခြင်း၊ အကျိုးခံစားခွင့်ရှိသူများအတွက် စည်းမျဉ်းအသစ်များ ချမှတ်ခြင်း နှင့် Affordable Care Act (ACA) ၏ အဓိက ထောက်ပံ့ကြေးများ (key subsidies) သက်တမ်းကုန်ဆုံးခြင်းတို့ကြောင့် ဖြစ်သည်။ ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး American Community Media က နိုဝင်ဘာ ၂၁၊ ၂၀၂၅ တွင် ဆွေးနွေးပွဲတခုကို ပြုလုပ်ခဲ့ရာ- တို့က ဦးဆောင်ဟောပြောခဲ့ကြပြီး Sunita Sohrabji က ကြားခံဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆွေးနွေးသူ […]


သင့်အေးရိပ်December 3, 202513min14860
မြန်မာပြည် သတင်းဒိုင်ယာရီ Nov 28 ။ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ်မှာ ၂ နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တွေအကြား US ဒေါ်လာ ၉ သန်း တန်ဖိုးရှိတဲ့ သဘောတူစာချုပ် ၁၆ စောင် ချုပ်ဆိုနိုင်ခဲ့ကြောင်း ဘယ်လာရုစ်(BelCCI)ဘက်က သတင်းထုတ်ခဲ့ပါတယ်။ Nov 27 ။ မြန်မာပြည်အပါအဝင် ၁၉ နိုင်ငံကနေ US ကို ရွှေ့ပြောင်းအခြေချသူတွေကို ထုတ်ပေးထားတဲ့ ဂရင်းကတ်(Green Card)တွေကို ပြန်လည်စိစစ်သွားမယ်လို့ ထရမ့်ပ်အစိုးရက သတင်း ထုတ်ပြန်ခဲ့ပါတယ်။ Nov 26 ။ အဓမ္မစစ်မှုထမ်းခိုင်းတာနဲ့ အသက်မပြည့်သေးသူကို စစ်မှုထမ်းဖို့ စုဆောင်းခံရတာတွေရှိရင် တိုင်ကြားနိုင်ကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက ပြောပါတယ်။ ပုဒ်မ ၅၀၅ – က ​နဲ့ […]


kaiDecember 2, 20255min14340
🌊 အမေရိကန် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဆူနာမီ (နိုဝင်ဘာ ၂၀၂၅) ဇန်နဝါရီ ၂၀ ရက်တွင် သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် တဖြည်းဖြည်း ရေချိန်တက်လာခဲ့သည့် သမ္မတထရမ့်၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပေါ်လစီများသည် နိုဝင်ဘာ ၂၁ ရက် (သောကြာနေ့) မှစ၍ ရုတ်တရက် ဆူနမိလို ဖြစ်ပွားလာခဲ့သည်။ သမ္မတထရမ့်၏ ဒုတိယအုပ်ချုပ်ရေးလက်ထက်တွင် အမေရိကားရောက် နိုင်ငံခြားသားများ၊ Refugee/ပြောင်းခိုသူများ၊ Asylee/ခိုလှုံခွင့်ရှာသူများနှင့် မြန်မာနိုင်ငံသားများအပေါ် လျင်မြန်စွာ သက်ရောက်လာသည့် ဖိအားပေးမှုများကို လက်ဝှေ့စကားဖြင့် ဆိုရလျှင် “ဘယ်ညာ ဝိုက်လက်သီး၊ ပင့်လက်သီး၊ ဖြောင့်လက်သီး၊ ကန်ကြောက်၊ ဖိထောင်း” ဟုပင် တပ်နိုင်ပေသည်။ ကြို၍ရေးထားသည်လော? နှင့် သူ၏ပေါက်ကြားမီမို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၁ ရက် (သောကြာနေ့) တွင် USCIS […]


kaiNovember 30, 20255min21130
by SweSwe Aye/Myanmar Gazette Los Angeles, California — လူမျိုးစုများ အတူယှဉ်တွဲနေထိုင်လျက်ရှိသော Los Angeles (လော့စ်အိန်ဂျယ်လိစ်) သည် သဘာဝ ပတ်ဝန်းကျင် လက်လှမ်းမီမှုနှင့် ပတ်သက်၍ ကွဲပြားနေသော မြို့တစ်မြို့ ဖြစ်သည်။ စစ်တမ်းအရ Angelenos တစ်သန်းနီးပါး (အများအားဖြင့် လူမျိုးစုံ၊ လူမည်း၊ လက်တီနိုနှင့် ဝင်ငွေနည်းသူများ) သည် လမ်းလျှောက်ချိန် ၁၀မိနစ် အကွာအဝေးအတွင်း ပန်းခြံမရှိကြောင်း တွေ့ရှိခဲ့သည်။ ဤထင်ရှားသော ကွဲလွဲချက်ကို ဆွေးနွေးတိုင်ပင်ရန် လူမျိုးစုများ၏ လူထုအခြေပြုအဖွဲ့အစည်းများ၊ သတင်းဌာနများနှင့် community ခေါင်းဆောင်များကို စုစည်းတက်ရောက်သော Urban green space ဆိုင်ရာ စကားဝိုင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၀၊ ၂၀၂၅ က LA […]