ခဏခဏပျို့တတ်နေတတ်တဲ့ အစ်ကိုအကြောင်း

AKKOOctober 27, 20101min950

အိဇင်ကမေးထားတဲ့မေးခွန်းကိုပြန်ဖြေပေးမှာပါ ။

eizinbar@gmail.com

ဒေါက်တာ
အိဇင် အစ်ကို ကငယ်ငယ် (ကိုးတန်း) ကတည်းက ဆေးလိပ်ကိုစွဲသောက်ခဲ့ပါတယ်။ အခုတော့ ဆေးလိပ်လုံးဝပျက်သွားပါပြီ၊ ဒါပေမယ့် အဲဒီနောက်ပိုင်းမှာ ခဏခဏ ပျို့ပျို့တက်နေတာကို တွေ့ရပါတယ်၊ အဲဒါ ဘာဖြစ်လို့ အဲဒီလိုဖြစ်ရတာလဲ သိချင်ပါတယ်၊ ပျောက်အောင်ရော ကုလို့ရပါ့မလား၊ နောက်ပြီး အဲဒီလိုမဖြစ်အောင် ဘယ်လိုနေရမလဲ၊ ဘာဆေးတွေသောက်ရမလဲ ဆိုတာ ကျေးဇူးပြုပြီး ညွှန်ကြားပေးစေလိုပါတယ်။ အစ်ကို ရဲ့ အသက်က ၃ဝ ပါ၊

%%%%%%%%%%%%%%%%%%%%%%

ဆေးလိတ်သောက်တာ ဘယ်နှနှစ်ရှိပြီလဲ။16နှစ်လောက်ရှိပြီလား။ တနေ့ဘယ်နှစ်လိပ်လောက်သောက်လဲ။ ဖတ်ကြမ်းလား ။ဆေးပြင်းလိပ်လား ။ အခုဖြစ်နေတာနဲ့ဆေးလိပ်သောက်တာ ဒါရိုက်ပတ်သတ်ချင်မှပတ်သတ်မှာပါ ။ ခဏခဏပျို့တတ်တာ အကြောင်းရင်းအများကြီးရှိပါတယ်။ ဥပမာ-ဆေးတွေသောက်နေရလို့လား ။ အစာအိမ်အူလမ်းကြောင်းရောဂါတစ်ခုခုရှိလို့လား ။ ငယ်ငယ်ကတည်းက ရွံစရာတွေတွေ့တတ်ရင်ပျို့အန်တတ်တဲ့လူမျိုးလား။ အစာအိမ်အမြဲယောင်နေတာလား ။ အစာစားရင် ပျို့တတ်နေတဲ့ပုံစံမျိုးဖြစ်နေလား။ ဘာလို့အဲ့ဒီလိုဖြစ်ရတာလဲဆိုတာကို သိဖို့အတွက်အသေးစိတ်လေးတွေမေးကြည့်ဖို့လိုပါတယ်။ စမ်းသပ်ကြည့်ဖို့လည်းလိုပါတယ် ။  အခုဆရာမေးတာတွေဖြေကြည့်ပါလား ။ ဗိုက်နာနေတတ်လား။ အရှိုက်နေရာ နာနေလား။ ရင်ထဲမှာပူလောင်နေသလိုခံစားနေရလား။ အစာစားပြီးရင်ပြန်ပျို့တတ်နေတတ်လား။ အန်နေသေးလား ။ အစာအိမ်အနာဖြစ်ဖူးလား။ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ခွဲစိတ်မှူများ ပြုလုပ်ခဲ့ဖူးလား ။ အစာရောပုံမှန်စားနိုင်ရဲ့လား ။အစားသောက်ပျက်ခဲ့သေးလား ။ အသည်းရောင် အသားဝါဖြစ်ခဲ့ဖူးလား။ဝမ်းရောပုံမှန်သွားသေးလား(သုံးရက်တကြိမ်အနည်းဆုံး)။  အသည်းနဲ့ပတ်သတ်တဲ့ရောဂါတွေရှိနေလား။ ပြီးတော့ရော အခုလိုဖြစ်တာကို ဆရာဝန်နဲ့ဆေးကုသမှူခံယူခဲ့ဖူးသေးလား။ ဆေးမှတ်တမ်းများရှိရင် scan ဖတ်ပြီးပို့ပေးပါလား ။ gmailကိုပို့လို့ရပါတယ်။ အပ်ထရာဆောင်းတို့ ၊ ဝမ်းဗိုက်ဓါတ်မှန်တို့၊ မှန်ပြောင်းကြည့်တာတို့၊ သွေးစစ်၊ ဝမ်းစစ်တို့လုပ်ခဲ့ဖူးပါသလား။ ရောဂါကိုသိရင်တော့ ကုလို့ရမရသိနိုင်မှာပါ။ အခုဘယ်လိုနေရမလဲဆိုတော့ ခဏခဏပျို့အန်နေတဲ့အတွက် အဆီအစိမ့်နဲ့အစပ်တွေ ရှောင်စားပါ။အစားကို အလွန်အကျွံ(ဝလွန်းအောင်)စားခြင်းရှောင်ပါ။ ဗိုက်စာလျှင်တော့နည်းနည်းနှင့်ခဏခဏ (၂နာရီခြားတစ်ခါ)စားပေးပါ။ သန်ချဆေး ALBA 400 ကိုညအိပ်ခါနီးတလုံးသုံးရက်သောက်ပေးပါ။ ရေကို တနေ့လျှင်အနည်းဆုံး ၂လီတာလောက်သောက်ပေးပါ ။ ရေသန့်ဗူးနဲ့ချိန်ပြီး သောက်ရင်လည်း ရပါတယ်။ တစ်ခါတည်းသောက်ရန်မဟုတ်ပါ တနေ့လုံး နည်းနည်းချင်း သောက်ရပါတယ်။ ဝမ်းပျော့ဆေး MOM ကိုလည်း မနက် ၂လုံး ၊ နေ့လည် ၂လုံး ၊ ည၂လုံး ကို ၃ရက်ဆက်တိုက် သောက်ပေးပါ ။ ပြီးလျှင်ညဘက် ၂လုံးလောက်ကို တစ်ပတ်လောက်ဆက်သောက်ပေးရမှာပါ ။ အခုပြောတဲ့ဆေးတွေဟာအဓိကရောဂါ အတွက်တော့မဟုတ်ပါဘူး ။ လက်တလောရောဂါများကို သက်သာအောင် ကုထားပေးခြင်းသာဖြစ်ပါတယ်။ ရောဂါအမှန်ကိုသိမှ မည်သည့်ဆေးသောက်ရမည်ကို ဆက်လက်ညွှန်ကြားပေးပါမယ်။