alinsettJuly 29, 20134min60150
——————– ငါ့ဆီ ငါ ပြန်ရောက်ပါတော့မလား မြေပုံကြမ်း ကြည့်ပြီး လှမ်းလျှောက်ရတာ မောလှပြီ။ —————– ငါ့ကို ယုံပါ ။ ငါ ဟာ . . . လမ်းကူးရင်တောင် မျဉ်းကြားက ဖြတ်ကူးတတ်တဲ့ ခွေးလေခွေးလွင့်တစ်ကောင်ပါ ။ —————– ငါ မပစ်ခတ်ခဲ့ပါဘူး လေးကြိုးဆွဲရင်းး လက်ထဲက လွတ်ထွက်သွားတာပါ ငါ့က်ို ယုံပါ ။ —————– လူတွေဆီက မတောင်းခဲ့ပါဘူး ဘုရားက မပေးဘူးဆိုရင်တောင် ဘုရားဆီကပဲ တောင်းခဲ့သူပါ ငါ့ကို ယုံပါ။ —————– (ဖိနပ် မစီးထားတဲ့ကလေးငယ်လိုပဲ ဘယ်သူကမှ အိမ်ထဲဝင်ဖို့ ငါ့ကို မဖိတ်ချင်ကြဘူး) —————– လက်တစ်ဖက်နဲ့ ခေါ်လို့မရတဲ့ ကောင်းကင် လက်နှစ်ဖက်နဲ့ခေါ်တော့လည်းး အရာမထင်ဘူး။ —————— ငါတတ်တဲ့ […]


alinsettJuly 28, 20137min37717
  ——— ကျေးဇူးပြုပြီးး ဟောဒီ …..  ပတ်ဝန်းကျင်ကို . . . . ကျွန်တော် . . . လွမ်းနေပါရစေနော် ။ ***************************   လက်တို ့အပြန်အလှန် ဝှေ ့ယမ်း ပြရတော့မယ် ။   ကျွန်တော့် လက်တွေ ဝှေ ့ယမ်းပြတာက ခွဲခွါခြင်းရဲ ့သင်္ကေတ လက်ပြ နှုတ်ဆက်ခြင်းပါ ။   အခြားသော လက်တွေ ဝှေ ့ယမ်း ပြခြင်းကတော့ . . . မြန်မြန်သွားစမ်းပါကွာာာာ ဆိုတဲ့ သဘောနဲ့ လက်တွေ ခါယမ်းပြတာလည်းး ဖြစ်နိုင်တယ် ။   မသွားပါနဲ ့လားးကွယ်လို ့ ပြန်လာဖို့ […]


alinsettJuly 27, 20131min37724
  နှုတ်ဆက် လမ်းခွဲခြင်းဆိုပြီး ပိုစ့် သုံးပိုင်း ရေးပါရစေ။ အဲဒီ သုံးပိုင်းပြီးသွားတဲ့ အခါ . . . ကျွန်တော် ဘာကို ဦးတည် ရေးတယ်ဆိုတာ ရှင်းသွားမှာပါလေ။ ************************** ကျွန်တော် ဒီ ပတ်ဝန်းကျင်မှာ အချိန်အခိုက်အတန် ့တစ်ခု နေထိုင်ခဲ့ပါတယ် ။ အခုလို နေထိုင်ခွင့် ရခဲ့တဲ့အတွက် ဖန်လာတဲ့ အကြောင်းတွေကို တကယ်ကျေးဇူးတင်ပါတယ် ။ ဒီပတ်ဝန်းကျင်လေးကို ကျွန်တော် ချစ်ပါတယ် ။ *************************** ကျွန်တော် ချစ်တဲ့ ပတ်ဝန်းကျင်လေးထဲမှာ ကျွန်တော် လုပ်ချင်တာတွေ လုပ်ခဲ့ပါတယ်။ လုပ်ခဲ့သမျှ (ပြောခဲ့သမျှ)ဟာလည်း ကျွန်တော့်စိတ် သဘောနဲ့ ကျွန်တော် ကျေကျေနပ်နပ် လုပ်ခဲ့ ပြောခဲ့တာတွေပါ။ အဲဒီနောက် . . . […]


alinsettJuly 23, 20136min28517
မနက်ဖြန် မနက်စောစောမှာ… ငါ့နှလုံးသားကို.. ဆားနယ်ပြီး..ထားခဲ့ပါရစေ။ ============================================ (((  ဒီနေ့ တစ်နေ ့လုံး..မင်းကိုငါ သတိရနေတာ.မင်းမသိပါဘူး ။ ))) ဒါပေမယ့်… သာမန် ပန်းတစ်ပွင့်လို အပွင့်တွေ ပွင့်.. သာမန် သစ်တစ်ပင်လို အရွက်တွေဝေ…. သာမန် သစ်သိင်္းတစ်လုံးလိုဖြစ်တည်မှု နဲ ့.. ငါ့ အလုပ်ကိုငါ ဆက်လုပ်နေ မှာ..ပါ ။ =============================================== ဒီလောက မှာ… ငါမရှိလို ့မဖြစ်ဘူး.လို ့ ငါတွေးတဲ ့ နေ ့ဟာ… ဒီလောကထဲမှာ.ငါ မရှိသင့်တော့တဲ ့နေ ့..ဆိုတာ..ငါ သိပါတယ် ။ မင်းရော ငါရော.. သူရော.. .ဟောဟိုက လုူတွေရော… အတ္တဆိုတဲ ့ ဝတ်ရုံကို ခြုံဖူးကြတာပဲ..မဟုတ်လား ။ […]


alinsettJuly 22, 20132min31626
                          ============================== မနေ ့ညနေ က ဇလွန်ကိုသွားမယ်လို ့.. စီစဉ်ထားပေမယ့်… ဒဂုံဧရာအဝေးပြေးထဲလည်းရောက်..လက်မှတ်လည်း ဝယ်ပြီးမှ… ဇလွန်ခရီးစဉ်ပျက်သွားခဲ့ပါတယ် ။ ရုံးပိတ်ရက်ဆို..အိမ်မကပ်ချင်တဲ ့ အလင်းဆက်… ခြေဦးတည့်ရာတွေ လျှောက်သွားရင်း..ရွှေတိဂုံစေတီတော်ကြီ်းပေါ် ရောက်ခဲ့ပါတယ် ။ ရွှေတိဂုံကို မရောက်ဖြစ်တဲ့..ရပ်ဝေးးမြေခြားက မိတ်ဆွေများအတွက်… ဝါဆိ်ုလပြည့်နေ ့အမှတ်တရ ပုံရိပ်လေးများ… ဝေမျှ ပေးလိုက်ပါတယ်နော် ။ =================================== မိုးထဲ လေထဲမှာ…. ဘုရားဖူးလာသူတွေ ကြိတ်ကြိတ်တိုးစည်ကားနေတာကိုတွေ ့တော့… ဝမ်းသာ မိပါတယ် ။ ဘုရားပေါ်မှာ… အုံးခနဲ… အသံဆိုးကြီးတွေ..ဘာတွေ.. မကြားရလို ့လည်း… ပို […]


alinsettJuly 21, 20132min54618
ဝါဆိုလပြည့်နေ ့။ ဗုဒ္ဓဘာသာတွေအတွက်တော့ နေ့ထူးနေ ့မြတ်တစ်ရက်ပါပဲ ။ မြတ်စာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဓမ္မစကြာတရားဦးဟောတော်မူတဲ့နေ ့ပေါ့ ။ ——————————– ဝါဆိုလပြည့်ဆိုတာ  မြန်မာတွေအတွက် အရေးပါလှတဲ့ နေ ့လေးတစ်နေ ့ပါ။ ။ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သေ  ဓမ္မစင်္ကြာ အခါတော်နေ့ဟာ ….. သစ္စာလေးပါးနဲ ့ အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ပါ။ (၁) ပဋိသန္ဓေတည်သည့်နေ ့-မဟာသက္ကရာဇ်-၆၇၊ ဝါဆိုလပြည့် (ကြာသပတေးနေ ့)  (၂ ) တောထွက်သည့်နေ ့- မဟာသက္ကရာဇ်-၉၇၊ ဝါဆိုလပြည့် (တနင်္လာနေ ့)  (၃) ဓမ္မစင်္ကြာတရားဦးဟောနေ ့- မဟာသက္ကရာဇ်-၁၀၃၊ ဝါဆိုလပြည့် (စနေနေ ့ )  (၄) သောတာပန်လူသားစပေါ်သည့်နေ ့-မဟာသက္ကရာဇ်-၁၀၃၊ဝါဆိုလပြည့် […]


alinsettJuly 19, 20131min27319
ညီမလေး သို့….. အားတင်းဖို ့…     ညီမလေးရေ…. မင်းရဲ ့အမှန်တရားဘက်… ဘယ်သူမှ မရှိတဲ့အခါ…. ဟာလာဟင်းလင်း..ဖြစ်မသွားနဲ ့ ။ မြဲမြဲခိုင်တဲ ့…. ကျောက်တောင်နံရံတွေကို…..အားကျဖို ့လိုတယ် ။ အားတင်းထားပါ ။ ညီမလေးရေ….. ဝေးကွားခြင်းတွေက အနီးကပ် တိုက်ခိုက်တဲ့အခါ….. ငိုကြွေးခြင်းကို.. အား မကိုးနဲ ့….။ ကမ္ဘာကြီးရဲ ့ အဆုံးသတ်ကတောင်…… မပြောပလောက်ပါဘူး ။ အားတင်းထားပါ ..။ ညီမလေးရေ…… ပိုင်ဆိုင်ခြင်းနဲ ့ ဆုံးရှုံးခြင်းတွေက… ငါတို ့ရဲ ့ချစ်သူပါ….။ ဆုံးရှုံခြင်းကို ဆက် ချစ်တတ်သွားတဲ့အခါ…. အဲဒီ အရသာက သိပ်မခါးတော့ပါဘူး ။ အားတော့…တင်းထားပါ …. ။ ညီမလေးရေ…… အစဉ်အမြဲ…ရယ်မော […]


alinsettJuly 15, 20132min30929
အနုပညာအကြောင်း ခပ်ကြမ်းကြမ်းလေး ပြောကြည့်မယ် (၁ ) အနုပညာအကြောင်း ခပ်ကြမ်းကြမ်းလေး ပြောကြည့်မယ် (၂)     ကျွန်တော်ချစ်သော အနုပညာ     အနုပညာစကား ။ ၁၁ ။     အနုပညာပစ္စည်း တစ်ခုကို ခံစားရာမှာ. . . . . ခံစားသူအနေနဲ ့ အဲဒီ အနုပညာ ပစ္စည်း ကို နားလည်ခြင်း / နားမလည်ခြင်းတွေက ပြဿနာ ဖြစ်စေပါတယ် ။ နားလည်ခြင်းဆိုတာ . . . အဲဒီ အနုပညာပစ္စည်း ရဲ ့ဆိုလိုချက် / အဓိပ္ပါယ် / ပေးချင်တဲ့ message / (သို […]


alinsettJuly 12, 20131min27829
အားနာလိုက်တာ သူကြီးရယ် ။ မနေ့က ့တင်လိုက်မိတဲ့ ပုံပြင်ထဲက သူကြီးနဲ့ ဂဇက်ရွာ သူကြီး အရောရောအထွေးထွေး ထင်ကုန်အောင် ရေးလ်ု်ိက်မိတယ် သူကြီးရယ် ။ အမှန်တော့ ရည်ရွယ်ချက်တစ်ခုနဲ့ ရေးတယ် ဆိုပေမယ့် ဖတ်တဲ့သူ ရယ်ရွှင်စေဖို့ ့ဆိုတဲ့ ရည်ရွယ်ချက်နဲ ့ ဟာသ စာရေးသားခြင်း ကို ကိုယ်ပိုင်မဖန်တီးနိုင်သေးခင်မှာ တဆင့်ပြန်ပြောတဲ့ ဟန်လေးနဲ့ ရယ်ရအောင် ရေးကြည့်ရုံပါပဲ ။ ဘယ်သူ ့ကိုမှ နစ်နာစေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး ။ တခြား ရည်ရွယ်ချက်လည်း မရှိရိုးအမှန်ပါလို ့ ။ ရိုးသားစွာ ဝန်ခံရင်းးးးး အားနာလိုက်တာ သူကြီးရယ် လို့ပြောချင်ပါတယ် ။ တစ်ဆက်တည်းနဲ ့ ပြောချင်တာကတော့ အားနာနာနဲ့ ပဲ နောက်ထပ် သူကြီး […]


alinsettJuly 11, 20131min41945
တခါတုန်းက ရွာကြီးတစ်ရွာမှာ. .  . . . ဆိတ်ကျောင်းတဲ့ နားထိုင်းတစ်ယောက် ဆိတ်ကျောင်း ထွက်ရာမှာ သူကျောင်းနေတဲ့ ဆိတ်တွေထဲက ခြေကျိုးနေတဲ့ ဆိတ်လေးတစ်ကောင် ပျောက်သွားတယ် ။ ဆိတ်ကျိုးလေးကို လိုက်ရှာရင်းနဲ့ ထန်းတက်နေတဲ့ လူတစ်ယောက်ကို တွေ ့လို ့ သူ့ ့ဆိတ်ကျိုးလေးကို တွေ ့မိလားးးလို့ ့မေးလိုက်တယ် ။မေးပေမယ့် ထန်းတက်သမားကလည်း နားထိုင်းပဲ ။ ဆိတ်ကျိုးလေး တွေ ့မိလား မေးတာကို သူကြားချင်ရာကြားပြီး ဖြေချင်ရာ ပြန်ဖြေတယ် ။ ဟေ့ ဟောဒီ မြင်မြင်သမျှ ထန်းတော က ငါ့ယောက္ခမ ထန်းတောကြီးပဲကွ ဆိုပြီး လက်ကို ဝှေ ့ယမ်း ပြလိုက်ရော ။ အဲဒီ လို […]


alinsettJuly 11, 20131min36929
      ကျွန်တော် မုန်းသော ပတ်ဝန်းကျင် ဆိုသော ဝတ္တုတိုကလေး ရေးအပြီးမှာ. . . . . . ကျွန်တော်ချစ်သော ပတ်ဝန်းကျင်တစ်ခုအကြောင်းလည်း ရေးရဦးမည် ဟု တွေးထားခဲ့ပါသည်။ ယခုတော့ ကျွန်တော်ချစ်သော ပတ်ဝန်းကျင်တစ်ခုအကြောင်း…..  ရေးဖြစ်ပါပြီ ။ ဝတ္တု မဟုတ်ဘဲ အက်ဆေးသဘောမျိုးလေး ရေးကြည့်ဖို့ ့ရည်ရွယ်ပါသည် ။ =========================================   ကျွန်တော့်မှာ ကျွန်တော် ချစ်သော ပတ်ဝန်းကျင်တစ်ခု အသေအချာပင် ရှိနေပါသည်။ ထို ပတ်ဝန်းကျင်သည် ဂဇက်ရွာ ( မြို့တော် ဖြစ်ပြီ ဆိုလားပဲ ) ဖြစ်ပါသည် ။ ========================================== လူငယ်တွေမှာ ကြွယ်ဝတဲ့ ပတ်ဝန်းကျင် ( Rich Environment […]


alinsettJuly 10, 20133min21614
                          ——————————————————————————————————————— အဟိ ။ ဒီပုံကို.. အဝေးကနေ… အလစ်သုတ်ရိုက်လို်ကရတာ..။ ပြန်မပြောနဲ ့နော် ။ သူတို ့ခမျာ..ရိုမီရိုနဲ ့ဂျူးလိယက်လို.. သနားစရာ အချစ်ဇာတ်လမ်းလေးတွေ ဖြစ်ကုန်ပါဥင်္ီးမယ် ။ ဒါပေမယ့်…တော်ရာ နေရာတော့  ရွေးပြီး..အချစ်ဇာတ်လမ်း ဖန်တီးသင့်ပါတယ်နော့် ။             အတွဲတွေ ရေကန်ကြီင်္းဘေးက အုပ်အုပ်ဆိုင်းဆိုင်း..သစ်ပင်ကြီးတွေအောက်  သွား…ထိုင်ကြတာလည်း.. မြင်ရတာ..အမြဲ….   ————————————————————————–                 […]


alinsettJuly 9, 20136min51864
မန်းဂဇက် ရွာသူရွာသားများ က    လူငယ်တွေကို ပြောချင်တဲ့ စကားများ —————————————————————————— အသက် ၂၅ နှစ်စွန်းစွန်း လူငယ်တစ်ယောက်ဖြစ်တဲ့ အလင်းဆက် ။ ဘဝ ဆိုတဲ့ ကျောင်းတော်ကြီးဆီက သင်ယူစရာတွေ အများကြီး ကျန်သေးတယ်။ လေ့လာ စရာတွေ မှတ်သားစရာတွေ အများကြီးမှ အများကြီး ကျန်နေသေးတာပါလားးး။ ဖတ်စရာ စာအုပ်တွေ အများကြီး . …. လုပ်စရာ အလုပ်တွေ အများကြီး . . ကျန်နေသေးပါလားးး ။ အမှန်အတိုင်းပြောရရင်တော့ …………..ခက်ခဲကြမ်းတမ်းသော / ဆင်းရဲဒုက္ခ ရောက်ခြင်းနဲ့သာ အမြဲလိုလို ရင်ဆိုင်နေရသော ဒီဘဝ ကို အလင်းဆက် ကြောက်ရွံ ့တွန့်ဆုတ်ခဲ့ဖူးတယ်။ အလင်းဆက် ရှင်သန် နေထိုင်ခွင့် ရ ထားတဲ့ […]