antimoeApril 18, 20111min1143
မြန်မာသက္ကရာဇ် ၁၃၇၃ခုနှစ် နှစ်ဆန်းတစ်ရက်နေ့တွင် ရန်ကုန်မြို့တွင်း နံနက်စောစောကတည်းက သံဃာတော်များက ဘတ်စကားများဖြင့် လှည့်လည်၍ ပရိတ်နှင့် ပဌာန်းများ ရွတ်ဖတ်ပူဇော်ခဲ့ကြတာ တွေ့ရပါတယ်။ ဒီမှာဟိုမှာ အလှူတွေပေးနေကြတာ မြင်ရတာ အားရစရာပါပဲ။ ရွှေတိဂုံစေတီတော်ကြီးကို ညရှုခင်းမှာ ဖူးမျှော်ခဲ့ရတာပါ။ လပြည့်ဝန်းနဲ့ ပနံသင့်နေတာ ဖူးတွေ့ရတော့ အဝေးရောက် ရွာသားများကို သတိရပြီး မျှဝေလိုတာနဲ့ တင်ပေးလိုက်ပါတယ်။ နှစ်သစ်မှာ လူသားအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ရှိကြပါစေ။ လူသားတွေ သဘာဝဘေးအန္တရာယ်ကြီးတွေနဲ့ကြုံခဲ့ရတာကို ပြန်လည်သုံးသပ် ဆင်ခြင်ကြပြီး နိုင်ငံရေးလှည့်ကွက်တွေနဲ့ ဒုက္ခရောက်စေနေခြင်းကို ရပ်တန်းကရပ်ကြစေလိုပါတယ်။ လူသားတွေကို လူ့ပယောဂနဲ့တော့ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ မဖြစ်စေသင့်တော့ပါဘူး။ လူသားတွေ သဘာဝကြီးနဲ့ သဟဇာတဖြစ်ပြီး ငြိမ်းချမ်းကြပါစေ။


antimoeApril 9, 20111min766
ဂျပန်ငလျင်နဲ့ ဆက်စပ်တဲ့ စုန်း သတင်း ဂျပန်ငလျင်ဆက်စပ်သတင်းတွေထဲမှာ လူသားချင်းစာနာထောက်ထားမှုတွေ၊ မြင့်မြတ်တဲ့ကိုယ်ကျင့်တရား တွေ၊ လူ့ကျင့်ဝတ်နဲ့ ဥပဒေစည်းမျဉ်းဆိုင်ရာစောင့်ထိန်းမှုတွေနဲ့၊ သိက္ခာရှိရှိ ဒုက္ခရောက်နေကြတဲ့ပြည်သူတွေနဲ့ သိက္ခာမဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ သတင်းတွေ နေ့စဉ်ဖတ်ရှုနေရပါတယ်။ အဲဒီထဲက ရင်ထဲအထိဝင်လာပြီး ခံစားမှုတွေပေးသွားတဲ့ သတင်းတချို့ကိုရွာသားတွေအားလုံးနဲ့မျှဝေခံစားချင်လို့ ဘာသာပြန်လိုက်ပါတယ်။ ပထမဆုံးသတင်းကတော့ လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကနေ စပါမယ်။ Soft Bank ကုမ္ပဏီပိုင်ရှင် Son masayoshi (စုန်းလို့အသံထွက်ပါတယ်။) က မိမိပုဂ်ဂလိကပိုင်ငွေ ယမ်း ၁ဝဘီလီယံ အပြင်၊ ၂၀၁၁မှစပြီး ပင်စင်ယူမဲ့အထိ ကုမ္ပဏီအဖွဲ့ရဲ့ကိုယ်စားလှယ်အဖြစ်ရရှိမဲ့ လစဉ်ဝင်ငွေကို ငလျင်ကြောင့် မိဘတွေကိုဆုံးရှုံးခဲ့ရတဲ့ ကလေးတွေရဲ့ပညာသင်ထောက်ပံ့ကြေးငွေအဖြစ် လှူခဲ့တဲ့အကြောင်းကနေ စချင်ပါတယ်။ အခုထိတော့ တဦးချင်းအလှူရှင်များအနက် ပမာဏအများဆုံးလှူခဲ့တာဖြစ်ပါတယ်။ ထင်သလို စုန်း ကဝေ သတင်း မဟုတ်တဲ့အတွက် လွဲချက်ကယ်နာပေါ့။ ဂျပန်တွေအတွက် […]


antimoeFebruary 21, 20111min18215
သေသေချာချာကြည့်နော်။ အစစ်မှ အစစ်ပါ။ အိမ်က စွာစိလေးပါ။ ဘီဒိုဖွင့်လိုက်တိုင်း အဲဒီလို ဝင်ထိုင်နေလို့ မနည်းမောင်းထွက်ရတယ်။ ချစ်စရာကောင်းလိုက်တာလို့ ချီးမွမ်းနေဆဲ ယောက်မမြင်းစီးထွက်တဲ့အချိန်ရောက်ပါပေါ့လား။ အိမ်ကိုရောက်တာ သုံးလတင်းတင်းပြည့်ပြီ။ အသက်က အခုမှ လေးလဘဲရှိသေးတာ။ မွေးပွစောင်ပေါ်တက်ပလားဆိုရင် လက်လေးနှစ်ဘက်ကို နှိပ်နယ်ပြီး အမေ့ချိုချိူအမှတ်နဲ့ တိုးဝှေ့စို့နေတာများ မြင်သူတိုင်းက နင်တို့မို့ သူတပါးသားအမိကို ခွဲရက်လေတယ်ရယ်လို့ ပြောကြရတဲ့အထိ သနားစရာကလေးပါ။ အစားကတော့ တော်တော့ကို ချေးများတယ်။ ကြောင်စာကလွဲရင် အကုန်စားတယ်။ မခက်ပေဘူးလား။ အိမ်ရောက်စက လက်ကျန်လေး ရှင်းလိုက်ပါဟယ်ဆိုပြီး ကြောင်ကြီးစာ ချပေးမိပါတယ်။ မဝါးပဲ မျိုချတော့ အစာမကြေပဲ အစေ့လိုက်ပြန်အန်ရတာပေါ့။ အဝင်နာ၊ အထွက်နာနဲ့ ကြောင်စာကို တော်တော် စိတ်နာသွားတယ်ထင်ပါ့၊ ကြောင်စာမှုန့်ဝယ်ပြီး ထမင်းနဲ့နယ်ကျွေးတာများ လှည့်တောင်မကြည့်ဘူး။ တဖြည်းဖြည်းပိန်လိုက်လာတာ ဒီကလည်း ပြာပြီပေါ့၊ တနေ့တနေ့ […]