Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂျပန်ငလျင်နဲ့ ဆက်စပ်တဲ့ စုန်း သတင်း

antimoeApril 9, 20111min1986

Son Masayoshiဂျပန်ငလျင်နဲ့ ဆက်စပ်တဲ့ စုန်း သတင်း

ဂျပန်ငလျင်ဆက်စပ်သတင်းတွေထဲမှာ လူသားချင်းစာနာထောက်ထားမှုတွေ၊ မြင့်မြတ်တဲ့ကိုယ်ကျင့်တရား တွေ၊ လူ့ကျင့်ဝတ်နဲ့ ဥပဒေစည်းမျဉ်းဆိုင်ရာစောင့်ထိန်းမှုတွေနဲ့၊ သိက္ခာရှိရှိ ဒုက္ခရောက်နေကြတဲ့ပြည်သူတွေနဲ့ သိက္ခာမဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ သတင်းတွေ နေ့စဉ်ဖတ်ရှုနေရပါတယ်။ အဲဒီထဲက ရင်ထဲအထိဝင်လာပြီး ခံစားမှုတွေပေးသွားတဲ့ သတင်းတချို့ကိုရွာသားတွေအားလုံးနဲ့မျှဝေခံစားချင်လို့ ဘာသာပြန်လိုက်ပါတယ်။

ပထမဆုံးသတင်းကတော့ လူတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိကနေ စပါမယ်။ Soft Bank ကုမ္ပဏီပိုင်ရှင် Son masayoshi (စုန်းလို့အသံထွက်ပါတယ်။) က မိမိပုဂ်ဂလိကပိုင်ငွေ ယမ်း ၁ဝဘီလီယံ အပြင်၊ ၂၀၁၁မှစပြီး ပင်စင်ယူမဲ့အထိ ကုမ္ပဏီအဖွဲ့ရဲ့ကိုယ်စားလှယ်အဖြစ်ရရှိမဲ့ လစဉ်ဝင်ငွေကို ငလျင်ကြောင့် မိဘတွေကိုဆုံးရှုံးခဲ့ရတဲ့ ကလေးတွေရဲ့ပညာသင်ထောက်ပံ့ကြေးငွေအဖြစ် လှူခဲ့တဲ့အကြောင်းကနေ စချင်ပါတယ်။ အခုထိတော့ တဦးချင်းအလှူရှင်များအနက် ပမာဏအများဆုံးလှူခဲ့တာဖြစ်ပါတယ်။ ထင်သလို စုန်း ကဝေ သတင်း မဟုတ်တဲ့အတွက် လွဲချက်ကယ်နာပေါ့။

ဂျပန်တွေအတွက် ဂျပန်လူမျိုးကလှူတာ ဘာဆန်းလို့လဲ။ ရွာသားတွေ… စိတ်မလောပါနဲ့။ စုန်းဟာ ဂျပန်မှာနေထိုင်တဲ့ ကိုးရီးယားမိဘနှစ်ပါးကမွေးလာတာပါလို့ဆိုရင် သူ့အကြောင်းက သာမန်ထက်တော့ နဲနဲပို စိတ်ဝင်စားဖို့ကောင်းနေပြီ မဟုတ်လား။ မေးတာမေးရတယ်။ ကိုယ့်ကိုကိုယ် ဒီစာရိုက်ရင်း တွန့်ဆုတ်နေမိတယ်။ ရွာသားတွေရဲ့ တန်ဖိုးရှိတဲ့အချိန်တွေအတွက် တွက်ချေမှကိုက်ပါ့မလားပေါ့။ ရေးလက်စနဲ့မထူးပါဘူး။ ရွာသားတွေလည်း ဖတ်လက်စနဲ့ မထူးတော့ပါဘူး။ သူဟာ ဂျပန်နိုင်ငံရဲ့၂၀၁၁ ခုနှစ်-နံပတ်တစ်-အချမ်းသာဆုံးလူမို့လို့ပါ။

စုန်းကို ဂျပန်နိုင်ငံ အနောက်ပိုင်းက Saga မှာ၁၉၅ရမှာ မွေးပါတယ်။ ဖခင်ကတော့ အရက်ပုန်းတွေချက်ပြီး အရက်ဖတ်တွေနဲ့ ဝက်တွေ၊ သိုးတွေမွေးခဲ့ကြပါတယ်။ နောက်တော့ ဖခင်ရဲ့မနားမနေ ကြိုးစားမှုကြောင့် အရက်ပုန်းစက်ရုံတွေ၊ ပါချင်းကိုးလောင်းကစားဆိုင်တွေ ပိုင်ဆိုင်လာခဲ့ပါတယ်။ ညစ်ပတ်ပေရေနေတဲ့ မစင်တွေ ဗွက်တွေကြားထဲကနေကြိုးစားပြီး ရုန်းထွက်လာနိုင်ခဲ့တာဟာ ဖခင်ရဲ့ သွန်သင်ဆုံးမမှုကြောင့်လို့ပြောလေ့ရှိတဲ့ စုန်းရဲ့ ဘဝကိုပြန်ပြောင်းကြည့်ကြရအောင်။

စုန်းရဲ့ကလေးဘဝ…..စုန်းရဲ့ဖခင်ဟာ တကယ့်ကိုရှေ့ရေးကြိုမြင်တဲ့ စီးပွားရေးသမားပါ။ ဒီအဖေနဲ့ ဒီသားလို့ပြောလို့ရတယ်။သားရေ..ဒါကတော့..အဖေ..ဒီတခေါက်ဖြန့်မယ့်ပစ္စည်းအသစ်လေ..အကြံလေးပေးပါဦးကွ..လို့လူကြီးအရာထားလို့ဆွေးနွေးလေ့ရှိသတဲ့။ ဒီအကျင့်လေးတွေက စီးပွားရေးသမားဖြစ်လာတော့ တော်တော် အသုံးကျဆိုပဲ။ မင်းတို့(ကိုးရီးယား)ကောင်တွေ..ဂျပန်မှာ လူရာဝင်ချင်၊ တိုးတက်ချင်ရင်တော့ အဲဒီကောင်တွေထက် ပိုကြိုးစားမှကွ..လို့အနောက်ကနေ တွန်းနေတော့တာပဲ…ဆိုပဲ။ သဂျီး၊ကြောင်ကြီး..သတိထားနော(အဖေ့နေရာရောက်ရင် ပြောတာပါ..)။

စုန်းရဲ့အားအကျဆုံး စီးပွားရှင်……Honda Souichiro (Honda ကားကုမ္ပဏီကို စတင်တည်ထောင်သူ။)

စုန်းရဲ့အထက်တန်းဘဝ…..Fujita Den (Fujita Trading, McDonald’s Company (Japan), Ltd. ကုမ္ပဏီကို စတင်တည်ထောင်သူ။) နှင့် တွေ့ဆုံခြင်း။

စုန်းဟာ Ryuuma is sailing ဆိုတဲ့ ဝတ္ထုကိုဖတ်ပြီး Ryuuma (Edoခေတ် (1603-1868)က်က နိုင်ငံပြုပြင်တည်ဆောက်ရေးတွေလုပ်ခဲ့တဲ့ သူရဲကောင်း)လိုမျိုး အဝေးမှာ ကိုယ့်ကိုကိုယ်တိုးတက်အောင် ကြံဆောင်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။ (သဂျီးကို လုံ့ဆော်ပေးခဲ့တာတော့  ဘာများပါလိမ့်..လို့သိချင်သွားပါတယ်။) ဒါနဲ့ အဲဒီခေတ်က ဂျပန်မှာ အအောင်မြင်ဆုံးစီးပွားရှင်တယောက်ဖြစ်တဲ့ Fujita နဲ့တွေ့ဖို့ သူ့ကုမ္ပဏီကို သွားရောက်ခဲ့ပါတယ်။ အစကတော့ ဒီအရှုပ်ထုပ်…သွားစမ်းကွာလို့ ဂိတ်ပေါက်ကနေ မောင်းထုတ်ခံခဲ့ရပေမယ့် အခေါက်ပေါင်းများစွာသွားပြီး တွေ့ခွင့်တောင်းခဲ့တဲ့ သူ့ဇွဲကြောင့်ပဲလား၊ ဒီကောင်ကလေး သွားမှအေးမယ်လို့ တွေးတာပဲလား၊ နောက်ဆုံးတော့ ဥက္ကဌ Fujita နဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။ ဥက္ကဌကြီးကို မေးတဲ့မေးခွန်းကတော့ သူအမေရိကမှာ ဘာသင်ရင်ကောင်းမလဲ..ပါ။ အမေးရှိတော့ အဖြေရှိတယ်။ဟော.. ဥက္ကဌကြီးဖြေတာကတော့..IT ပါတဲ့။ ၁၉၇၄ က စကားတွေနော်။ စီးပွားရေးသမားများ ရေရေလည်လည်မြင်တာ ပြောပါတယ်။ အဲဒီနောက်ပိုင်း ITနဲ့အောင်မြင်လာတဲ့ စုန်းဟာ Fujita ကိုဖိတ်ပြီး ကျွေးမွေးခဲ့တယ်။ အဲဒီတုန်းက သူ့ဆီလာခဲ့တဲ့ချာတိတ်လေးရဲ့အောင်မြင်မှုကိုသိတော့ အံ့ဩဝမ်းသာပြီး စုန်းထံကနေ သူ့ကုမ္ပဏီအတွက် ကွန်ပြူတာ အလုံး၃၀ဝအားပေးခဲ့တယ်လို့ ဆိုပါတယ်။ ကျေးဇူးရှင်ကို ချီးမြှောက်ခြင်း၊ ကျေးဇူးရှင်ကလည်း ကြည့်ရှုစောင့်ရှောက်ခြင်း…။ အောင်မြင်တဲ့စီးပွားရေးသမားများလိုက်နာတဲ့မင်္ဂလာ့ကျင့်ဝတ်လေးတွေပါ။

ဘဝရဲ့ရည်မှန်းချက်…..အသက် ၁၉နှစ်အရွယ် နုနုငယ်ငယ်မှာ သူ့ဘဝရဲ့ရည်မှန်းချက်ကို ဆယ်စုနှစ် တခုချင်းအတွက ်ချမှတ်ခဲ့တယ်။ ၂ဝနှစ်မှာ သူ့ကုမ္ပဏီနံမယ် တပ်မယ်။ ၃ဝနှစ်မှာ လည်ပတ်ငွေ ယမ်း ၁၀ဝဘီလီယံ အနည်းဆုံး စုမိရမယ်။ ၄ဝနှစ်မှာ သူများကို အနိုင်ပိုင်း အောင်မြင်ရမယ်။ ၅ဝနှစ်မှာ လုပ်ငန်းနဲ့ကုမ္ပဏီကို အပြီးသတ် အောင်မြင်စေရမယ်။ ၆ဝနှစ်မှာ နောက်မျိုးဆက်ကို လွှဲအပ်မယ်…..ဆိုတဲ့နှစ်ငါးဆယ်..ဘ​ဝစီမံကိန်းဆွဲခဲ့ပြီး အခုအဲဒီအတိုင်း ဆက်ပြေးနေဆဲပါ။ အောင်မြင်စွာနဲ့ပေါ့။ သူပြောတာကို မယုံခဲ့တဲ့ ပထမဆုံးအလုပ်ဝင်ခဲ့တဲ့သူတွေကတော့ အားလုံး တစ်ခြားကုမ္ပဏီကို ပြောင်းသွားတယ်ဆိုပဲ။ ကံဆိုးသွားတာပေါ့။ မဟုတ်ရင် ဆရာေ-ျာင်းလို ထောနေရောပေါ့။

စုန်းရဲ့ ခံယူချက်…..

၁) ပြိုင်ဖက်ဆိုတာအကောင်ကြီးလေ..ကောင်းလေ။ ၂၀၀၁ ခုနှစ် PC လောကမှ ITလောက ကို ခုန်ကူးစဉ်ကပြောခဲ့တာပါ။ ဂျပန်မှာ Yahoo BB(Yahoo Broad band)ကို စထောင်ဖို့ လုပ်စဉ်က သူ့ပြိုင်ဖက်က တခုတည်းပဲရှိတယ်၊ အဲဒီအချိန်အထိ ဆက်သွယ်ရေးကဏ္ဍ မှာ ဂျပန်နိုင်ငံတွင်း တဦးတည်း မောင်ပိုင်စိုးထားတဲ့ NTT ပါ။ ဝါးချွန်နဲ့ စစ်သင်္ဘောကိုတိုက်မယ့် ငမိုက်သားတော်လှန်ရေးသမားလို့ လှောင်ပြောင်တာခံခဲ့ရတယ်။ တကယ်လားဟင်…လို့မေးခဲ့တဲ့သူတွေကိုတော့…ကျနော့်လို ယောက်ျားတယောက်က တိုက်ရမှာ ဆိုတော့၊ NTT လောက်တော့ရှိရမှာပေါ့။ ဒီထက် ငယ်တာတွေနဲ့ဆိုရင် အနိုင်ကျင့်ရာရောက်မယ်လို့ ခပ်ကြွားကြွား ဖြေခဲ့တယ်ဆိုပဲ။

၂) နောင်မှာ အမေရိကရဲ့ Yahooကို လက်အောက်ခံလုပ်ပစ်မယ်။ ၂၀၀၅ ခုနှစ် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။ နဂိုက အမေရိက Yahooရဲ့ အစုရှယ်ယာတွေကို Soft Bank ကုမ္ပဏီကပိုင်ခဲ့တယ်လေ။

၃) ကောဠာဟလအပေါ်မှာ ထင်မြင်ချက်မပေးနိုင်ဘူး (No comment!)။  iPhone 3G နဲ့ iPhone 3GS တွေကို Soft Bank ကုမ္ပဏီက ထုတ်မှာလားလို့ အမေးခံရတုန်းကပြောခဲ့တာတွေပါ။ မဖြေချင်ရင် မဖြေတာဟာ ဖြီးဖြန်းပြီးဖြေတာထက် ပိုလူကြား ကောင်းပါတယ်။

၄) ၄နှစ်သက်တမ်းအတွင်း ဂျပန်ဝန်ကြီးချုပ် လေးယောက်ပြောင်းခြင်းဟာ…ဂျပန်နိုင်ငံရဲ့ ကံဆိုးခြင်းပဲ။ သာမန် ကုမ္ပဏီတခုမှာတောင် တနှစ်ကိုတစ်ယောက် ဥက္ကဌပြောင်းနေရင် ကြီးကြီးမားမား ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါဟာ ဂျပန်နိုင်ငံအတွက်တော့ ကံဆိုးခြင်းပဲ။

၅) ဟာသဉာဏ်။ ၂၀၁ဝ ခုနှစ်မှာ Soft Bank Mobile hand set အသစ်တွေ ကြော်ငြာစဉ်က Twitter Filteringလုပ်ထားတယ်ဆိုတာ မှန်ပါသလားလို့ သတင်းထောက်တွေကမေးမြန်းစဉ်(တကမာ္ဘလုံးကိုတိုက်ရိုက် တီဗွီအသံလွှင့်နေစဉ်)ဒီလို ဖြေခဲ့ပါတယ်။ ဒါဟာ IT တော်လှန်ရေးကို စော်ကားတာ။ တကယ်ဟုတ်မှန်မယ်ဆိုရင် သူကိုယ်တိုင် ပြည်ထဲရေး ဝန်ကြီးဌာနကို ဓာတ်ဆီသယ်သွားပြီး မီးသွားရှို့မယ်။ ဒီနေရာကနေ ကြိုတင် သတိပေးတယ်….လို့ပြောခဲ့တယ်။ နောက်မှ ဒါဟာ နောက်တာပါလို့ ပြောခဲ့ပေမယ့် သူ့စကားကြောင့် အစိုးရက နောက်ဆုတ်သွားတာလို့လဲ ဆိုကြတယ်။ တို့ဗမာမှာလည်း စုန်းလိုတယောက်လောက် ရှိရင် ကွန်နက်ရှင် နဲနဲလောက်တော ့မြန်လာမယ်ထင်တယ်။

အပြောကြီးသလို အလုပ်လည်းကြီးတဲ့ စုန်းဟာ အခုဆိုရင် အသက် ၅၄နှစ်နဲ့ ဂျပန်နိုင်ငံရဲ့နံပတ်တစ်-အချမ်းသာဆုံးလူဖြစ်လို့နေပါပြီ။

ခိုးထားတာနဲ့မဟုတ်။

ကြိုးစားတာနဲ့ပါ။

ကိုးကား း http://ja.wikipedia.org/wiki/%E5%AD%AB%E6%AD%A3%E7%BE%A9

ကမာ္ဘကြီး ငြိမ်းချမ်းပါစေ။

6 comments

  • KoNyeinChan

    April 9, 2011 at 3:00 pm

    ဖတ်လို ့ကောင်းပါတယ်၊ ဗဟုသုတလည်း ရပါတယ်။ ဒါနဲ ့စကားမစပ်.. ((ခိုးထားတာနဲ့မဟုတ်။ ကြိုးစားတာနဲ့ပါ။)
    ဆိုတဲ့ မှတ်ချက်ကြီးက ဘာသဘောတုန်း.. 😀 😀

  • unclegyi1974

    April 9, 2011 at 3:43 pm

    အန်တီမိုးရေ တကယ်ကောင်းပါတယ်
    ယူတတ်တဲ့လူငယ်လေးတွေရကြမှာပါ
    မြန်မာမှာလည်းကျေးဇူးရှင်နဲ့ကျေးဇူးရှိတဲ့သူ
    တွေအပြန်အလှန်ချီးမြှင့်ကြတာတွေ
    စောင့်ရှောက်ကြတာတွေမြင်နေရတာဘယ်
    လောက်ဝမ်းသာစရာကောင်းလဲ
    ဒါတွေကျ မရေးပဲနိုင်ငံခြားအကြောင်းရေးတာ
    ကမျက်နှာလိုက်တယ်နဲ့တူတယ်နော်
    ခိုးတာမဟုတ် ကြိုးစားတာဆိုတာ
    သိသလိုနဲ့မသိဖူးဖြစ်နေတယ်
    ရှင်းပေးလို့ရမလား

    • antimoe

      April 10, 2011 at 10:29 am

      မသိတသိလေးက အလုပ်ပို်ဖြစ်တယ်…မဟုတ်လား။
      မြန်မာမှာ…ခိုးထားတာနဲ့မဟုတ်ပဲ…ကြိုးစားတာနဲ့ အဆင့်ဝင်တွေရှိရင်…ပြောပါနော့….
      သွားဗျူးပြီးဖော်ပြ…ပေးပါ့မယ်။

  • bigcat

    April 9, 2011 at 10:50 pm

    အန်တီမိုးစာဖတ်ပြီး ကျွန်ုပ်ကြောင်ကြီး သံဓိဌာန်ချလိုက်ပြီ။
    အသက်ကြီးရင် အလုပ်မလုပ်တော့ဘူး။ (ဘယ်သူမှလည်း ခိုင်းမှာမဟုတ်တော့)
    မသေခင် ရှာသမျှ ကုန်အောင်သုံးမည်။ (ဖြစ်နိုင်လျင် ခရက်ဒစ်ကက် အကြွေးထားခဲ့မည်)
    ဂေဇက်ရွာကို ဝယ်ပြီးကိုယ်တိုင် သဂျီးမင်းလုပ်မည်။ ( အောက်ထစ် ယူအက်စ်ဒေါ်လာ ၁ဝဘီလျံပေးမည်)

  • ငှက်ကြီး

    April 10, 2011 at 2:09 am

    နိမ့်ရာကနေ အမြင့်ကိုရောက်အောင်ကြိုးစားနေသူတွေအတွက်အားဆေးတစ်ခွက်ပါ။

  • kai

    April 10, 2011 at 7:13 am

    သူ့အလှူကို ..
    သူဂျီးမှပြောပြချင်သော … မွန်မြတ်သော အလှူတခုအဖြစ် မှတ်တမ်းထားလိုက်ပါတယ်..။ 🙂

Leave a Reply