ပွင့်ပွင့်လင်းလင်း ဝန်ခံပါရစေ၊ ကျနော့်ကို အမေရိကန် စီအိုင်အေ ထောက်လှမ်းရေး အရာရှိတဦးက ပိုက်ဆံပေး ခိုင်းလို့ ဒီစာကို ဘာသာပျံပါတယ်။ ရဲဘော်မသေ သေသော်နတ်ပြည်တက်… MILITARY ACCESSIONS VITAL TO THE NATIONAL INTEREST တပ်မဒေါ်အင်အားရှိမှ တိုင်းပျီအင်အားချိမည် (ဤဂါးခေါင်းစဉ် ဖြစ်အိ) အင်္ဂလိပ်လို အတိုကောက် MAVNI စစ်သားရှာဖွေ စုဆောင်းရေး အစီအစဉ်နဲ့ တရားဝင် နေထိုင်သော အမေရိကန်နိုင်ငံသား မဟုတ်သေးသူများကို ကြည်းတပ်မှာ ရှာဖွေစုဆောင်းနေသည်။ ကြည်းတပ်မတော်တွင် တာဝန်အပြည့် ထမ်းဆောင်ရန် ဗျူဟာမြောက် အဆင့်သတ်မှတ်သော ဘာသာစကား ၄၄ခုထဲမှ စစ်သားသစ်များ အလိုရှိသည်။ လျင်မြန်သွက်လက် စီဒဇင်ကတ် – နိုင်ငံသားလျောက်ထားမှု လျင်မြန်စွာ ရရှိမည်။ စစ်သားအားလုံး အခြေခံ စစ်သင်တန်း ဆယ်ပတ်ပြီးလျင် […]


ဘာရေးရရင် ကောင်းမည်း စဉ်းစားနေတာ ဆင်မမဲရှင်ရေးတဲ့ ပီသူတွေဆင်းစားဖို့ ပို့စ်ဖတ်ပြီးသကာလ နောက်မှ အေးအေးဆေးဆေး တင်မယ်ချိုထားတဲ့ စာတင်လိုက်သဗျာ.. ခါတော်မှီပို့စ်လေးပါ။ ငါနဲ့မတူ လအူ တွေးခေါ်ပြီး သူ့ထက်ထူးအောင် တင်ပါတယ်..။ လဗျွတ်ပဲ.. မင်းမဆဲခင် ငါအရင်ဆဲတယ်… ယီးဖြစ်လား.. ဒီမိုကရေစီနိုင်ငံ အင်္ဂါရပ်မှာ အစိုးရနဲ့ ဆန့်ကျင်ဖက်လုပ်တဲ့ အတိုက်အခံ ရှိရတယ်၊ အဲဒါကိုမှ နာမဝိသေသန ထပ်ပြုလိုက်ရင် အတိုက်အခံဂေါင်းပေါ့ဗျာ.. အဲဒီကြတော့ ဘာကိုဂေါင်းခေါ်သလဲ သောက်စကား များရပြီ။ ရှင်းနေတဲ့ ဒီမိုကရေစီကို စစ်မှန်သော ဒီမိုကရေစီ၊ စည်းကမ်းရှိသော ဒီမိုကရေစီ၊ ပြည်သူ့ဒီမိုကရေစီ စသဖြင့် ကင်ပွန်းတပ်တာ ဥပမာပဲ။ အမျိုးသားနိုင်ငံရေး၊ ပါတီနိုင်ငံရေး စသဖြင့် မရှုပ်ရှုပ်အောင် လုပ်သလိုပေါ့ဗျာ။ ရိုးရိုးပဲ ပြောရအောင်၊ အာဏာရှင်ခေတ်မှာ သက်စွန့်ဆံဖျား ကိုယ်ကျိုးစွန်တဲ့ နိုင်ငံရေးဆိုတာ […]


လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်တာဗျ၊ အဲဒီစကား သိပ်မှန်တယ်။ ဘာလုပ်လုပ် တခုခုဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ (သိစိတ် Conscious ဖြစ်စေ မသိစိတ် Unconscious ဖြစ်စေ) လုပ်ကြတာ။ ဖြစ်တန်စွမ်း Probability ဒါမှမဟုတ် ယုတ္တိဆန်တဲ့ ယုံကြည်မှု သိပ်အရေးကြီးတယ်။ ထီထိုးတာပဲကြည့်..၊ ပေါက်ဂဏန်း များလျင်များ  ဆုကြေးလျင်ကြီး ဒါမှဈေးကွက်ဝင်တယ်၊ တခါတလေလဲ သိပ်ပြင်းပြတဲ့ အာသီသ အစားသွင်း လုပ်ကြတာလဲ ရှိတယ်။ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင် မြစ်ကူး လှေ၊ဖောင်တွေဖျက်ပြီး အသေခံတိုက်ခိုင်းတာ ဥပမာဗျာ..။ အဲလိုမဟုတ်ဆိုရင် လုပ်မည့်သူမရှိတော့.. လုပ်လည်း စိတ်ထက်သန်မှုမဲ့လို့ စစ်မရောက်ခင် မြှားကုန်သွားပြီ။ မဖြစ်နိုင်တာကြီး ဇွတ်ယုံနေရင် ရမလားဆို၊ ဘယ်ရမလဲနော် သို့သော် လူမှန်ရင် ဘုရားဖြစ်ခွင့်ရှိတယ်ဆိုတဲ့ထုံး နှလုံးမူပြီး မဖြစ်နိုင်တာ မရှိ nothing […]


အန်အယ်ဒီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဂျာပွန်ပြည်သို့ ဝံ့ပေါင်လေကြောင်းလိုင်းဖြင့် အလည်ခရီးသွားရာ တလုပ်ပြည်သို့ လမ်းကြောင်းပြောင်း ရောက်သွားသည်။ ယခင် သင်္ဘောကပ္ပတိန်ဖြစ်ပြီး မကြာသေးခင်မှ လေယဉ်စမောင်းသူ ဩစတေးလျ ဂရင်းကတ်ပိုင်ရှင် မြန်မာနိုင်ငံသား လေယဉ်မှူးဂျီးက တရုတ်ပြည်အပေါ် ဖြတ်ကျော်သွားစဉ် ဗူးသီးငါးပေါင်းကြော်စာတွေ့၍ ဂျာပွန်ပြည်ထင်ပီး မှားယွင်းဆင်းကြောင်း တောင်းပန်သည်။ ကာချုပ်မင်းအောင်လှိုင်မှ တပ်မဒေါ် အနေနှင့် အုပဒေ ချိုးဖောက်မှု တစုံတရာ မရှိခဲ့ကြောင်း ငြင်းဆိုပီးနောက် ဆက်လက်၍ တိုင်းပြည်ပျက်ဆီးရမှုတွင်ပါ တာဝန်ကင်းကြောင်း၊ အများထင်နေသလို စစ်အာဏာသိမ်းမှုလည်း မရှိခဲ့ကြောင်း ပြောဆိုပြီး ကူမြူနစ်များ၏ ဝါဒဖြန့်မှုဟု ပြစ်တင်ရှုံ့ချလိုက်သည်။ ဘွားဒေါ်ဂျီးမှ ထိုကိစ္စအား အတိတ်ဆိုကာ အောင်တပ်မဒေါ် ယောင်တတ်သနော် အတိတ်နှင့် မင်္ဂလာစုံတွဲထီ ထိုးခိုင်းကြောင်း ထီဆိုင်မှ ပြောသည်။ နှစ်သစ်ကူး မိန့်ခွန်းတွင် သမဒဂျီးမှ မြန်မာ့ရိုးရာ အနှစ်သာရ […]


ဒေါ်အောင်ဆန်းစုကြည်၏ အလည်အပတ် ခရီးအပေါ် ပြည်ပရောက် မြန်များသာမက အိမ်ရှင်ဂျပန်များ ဆိတ်ဝင်စားနေကြရာ လူကျွေးဖို့ပင် မကျန်တော့ကြောင်း သိရသည်။ ဘွားဒေါ်ဂျီး ဂျာပွန်ပြည်ရောက်သည့်အခါ မည်သူမဆို တွေ့ဆုံခွင့်ရှိကြောင်း ကြိုဆိုရေးအဖွဲ့မှ ကြေငြာသဖြင့် တာလီဘန်၊ အယ်လ်ကိုင်းဒါး၊ ဟားမတ်စ်၊ ဂျီဟတ်အဖွဲ့တို့မှ ကိုယ်စားလှယ်များ စေလွှတ်ရန် စိုင်းပြင်းနေရာ ဂျပန်ရဲများ ဥနှောက်ခြောက်နေသည်။ သဘောထား တင်းမာသူ ရိုဟင်ဂျာတပ်ဦးမှ မာမွတ်နှင့် ရှာပွတ်တို့ကမူ ကြိုဆိုရေးအဖွဲ့ဆိုသဖြင့် ကျိုထားသောရေနှင့် မွတ်ဆလင်များအား စိုအောင်လုပ်မည်ဟု သံသယဖြစ်နေသည်။ ဟိုတယ်တခုတွင် နွားဂျီးတကောင် မီးလောင်သေဆုံးလျက်တွေ့၍ ရဲအဖွဲ့မှ တရားခံအား အပူတပြင်း ရှာဖွေရာ ဂေဇက်သဂျီး ဦးခိုင်လက်ချက်ဖြစ်သည်။ အိမ်တွင်ကင်လျင် မီသွေးဖိုး မီတာဖိုး တက်မည်စိုး၍ ဟိုတယ်ခန်းငှား ကင်ရကြောင်း ဖြောင့်ချက်ပေးသည်။ တန်ဖိုးနည်း ဆင်းမ်ကတ်များကို သင်္ကြန်အကြို ပရိုမိုးရှင်း […]


အစ္စလာမ်ဝါဒ ဆန့်ကျင့်သူဟု စွပ်စွဲခြင်းခံနေရသူ ဆရာတော် ဦးဝီရသူအား မွတ်စလင် အစွန်းရောက်များမှ လုပ်ကြံမည့်သတင်း ရထားသောကြောင့် နယ်လှည့်တရားပွဲအား ပိတ်ပင်လိုက်ကြောင်း ဧရာဝတီတိုင်းကြံ့ဖွတ် အစိုးမရမှ ကြေငြာသည်။ အမိန့်စာတွင် သံဃာတော်အား ဦးတပ်မခေါ်ဘဲ ဝိစိတ္တာဘိဝံသ (ဝီရသူ) ဝင်းနိုင်ဦးဟု ရင့်သီးစွာ သုံးစွဲသည့်အတွက် ပြည်သူများမှလည်း ၎င်းတို့အား ဦးတပ်ခေါ်ရန် မလိုတော့ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ တရုတ်ကူမြူနစ်ပါတီ မြန်တကျင့်ဒေသ အကြီးအကဲ ဘွားဒေါ်ဂျီး သင်္ကြန်ရက်အတွင်း ဂျာပွန်ပြည်သို့ ရေပက်ခံ သွားလည်မည်ဟု သိရှိရသည်။ မြန်မာသောက်ရေသန့်ထက် ဂျာပွန်ပြည် ဘုံဘိုင်ခေါင်းမှရေ ပိုသန့်ရှင်းသဖြင့် ဤသို့သွားရကြောင်း ပြောဆိုနေရာ ရေထဲ ကျောက်ချဉ်မှုန့်ထည့်ရန် ပြည်တွင်းသောက်ရသန့် ကုမ္မဏီများ စီစဉ်နေကြောင်း သတင်းရရှိသည်။ ရွေးကောက်ပွဲ ကော်မရှင်မှ မန်းလေးဂေဇက် သဒင်းဇာအား ပြည်ပအလှူငွေအချို့ လက်ခံမှုနှင့် […]

ဖောင်တော်ဦး-600x399.jpg

အင်းလေး ဖောင်တော်ဦးဘုရား ရွှေဆိုင်း ကန်ထရိုက်တာနဲ့ တရားမဝင် ရွှေဆိုင်းရောင်းသူတွေ အမှုအကြောင်း သစ်ထူးလွင်မှာ ဖတ်ရတယ်။ ခွင့်ပြုချက် မရှိဘဲ ရွှေဆိုင်းရောင်းသူရဦး အချုပ်ခံရ တရားစွဲခံရတယ်။ ပြည်နယ်ဝံကျီး ကြားဝင်စေ့စပ်တယ်၊ ကန်ထရိုက်က ဂေါပကကို လွှဲချတယ်၊ အမှုကို ကြေအေးမပေးဘူး။ (ဘုရားကို အားနာစရာကြီးဗျာ) ထားပါတော့၊ ဖြစ်တုံးက ဘယ်လောက် ပြင်းထန်ခဲ့သလဲ မသိဘူး။ ဝေဖန်ချင်တာ အာမခံရတဲ့ ရွာသူနှစ်ဦး ကြမ်းပြင်မှာ ကျုံ့ကျုံ့လေး ထိုင်လို့၊ ဓာတ်ပုံထဲမှာ ဆက်တီဆိုဖာ၊ ကြမ်းခင်းကော်ဇောတွေ မြင်ရတယ်၊ လူကြီးတွေ ညှိနှိုင်းပေးတဲ့နေရာမှာ ဖြစ်ဖို့များတယ်။ မြန်မာပြည် တရားစီရင်ရေး ဗျုရိုကရေစီ ယန္တရား ပြယုဂ်တခုများလား သုံးသပ်ရင်း ဂေဇက်ရွာ မှတ်တမ်းသွင်းပါတယ်။ မူရင်းလင့်ခ် – http://www.thithtoolwin.com/2013/04/blog-post_1247.html?utm_source=BP_recent#.UWWUGaBNQdo   လုပ်ငန်းရှင်များ တင်ပြချက် […]


ဗြိတိန်နိုင်ငံ အကူအညီဖြင့် ရန်ကုန်မြို့တွင် ကုတင်၁၀၀ဝဆန့် ဆေးရုံသစ်ကြီးတခု တည်ဆောက်မည်ဖြစ်ရာ တရုတ်နိုင်ငံမှလည်း အားကျမခံ ဆေးရုံပေးမည် ဆိုသောကြောင့် နိုင်ငံဒေါ်သမဒဂျီး ဦးသိန်းစိန် အလျင်အမြန် ခြစ်ကျီရေးခရီး သွားရောက်ရာ ဆေးသုတ်ထားသော ယုန်ကြီးတကောင် ရရှိခဲ့သည်။ ၎င်းယုန်ကြီးအား အစအန ရှာမရသဖြင့် ပြည်သူ့လွှတ်တော် စာချုပ်စာတမ်းနှင့် ကတိကဝတ်များဆိုင်ရာ ကော်မတီမှ စုံစမ်းမေးမြန်းခဲ့ရာ သမဒဂျီး စိတ်ဆိုးဆိုးဖြင့် အိမ်ပျံရောက်ရောက်ခြင်း အာလူးတပိဿာရောချက် စားပစ်လိုက်ကြောင်း သိရသည်။ မကြာခင် ရောင်းချတော့မည့် တယ်လီဖုံး ဆင်းမ်ကတ်သတင်းကြောင့် ဟန်းဖုံးဈေးကွက်သို့ တံဆိပ်အသစ်များ ဝင်ရောက်လျက်ရှိရာ ယခုနောက်ဆုံး ဝင်ရောက်လာသည့် အမျိုးအစားမှာ လက်နှိပ်ဓာတ်မီး လက်ကိုင်ဖုံးဖြစ်ပြီး တိုင်းနိုင်ငံတဝှမ်း နွေရာသီ မီးပျက်မှုနှင့်အတူ လူကြိုက်အများဆုံး ဖြစ်မည်ဟု ယုံကြည်ရသည်။ မြန်မာနိုင်ငံ ကုန်သည်ဂျီးများအသင်းမှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တယားအုပဒေတီငြိမ်ရေး […]


အမျိုးတားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဇောင်အဖွဲ့ ပထမအကြိမ် အစည်းအဝေးကို ယနေ့ကျင်းပခဲ့ရာ ကော်မတီရခုဖွဲ့ပြီး ပါတီလုပ်ငန်းများ ဆောင်ရွက်သွားရန်ရှိဂျောင်း သိရှိရသည်။ ဖွဲ့စည်းမည့် ကော်မတီများမှာ တောင်သူလယ်သမားရေးရာ၊ စည်းကမ်းထိန်းသိမ်းရေး၊ အလုပ်သမားရေးရာ၊ တိုင်းရင်းသားရေးရာ၊ နိုင်ငံရေး ပါတီများဆက်ဆံရေးတို့ပါဝင်ပြီး လူငယ်နှင့်တရုတ်ရေးရာကော်မတီကို တရုတ်ကူမြူနစ်ပါတီ မြန်တကျင့်ဒေသ အကြီးအကဲအဖြစ် ပူပူနွေးနွေး သူကောင်းပြုခန့်အပ်ခြင်း ခံထားရသော ပါတီဥက္ကဌ ဘွားဒေါ်ဂျီး ဦးဆောင်မည်။ အပြည့်အစုံ မသိရသေးသော်လည်း မခိုင်လုံသော သတင်းရပ်ကွက် အဆိုအရ လယ်သမားရေးရာ – ဦးပန်ကာ၊ စည်းကမ်းထိန်းသိမ်းရေး- ဦးဆိုးပေ၊ အလုပ်သမားရေးရာ- ဦးကျောလျားရှည်၊ တိုင်းရင်းသားရေးရာ – မိုဟာမက် ရိုစ်ဟင်ဂျာ၊ နိုင်ငံရေးပါတီများဆက်ဆံရေးရာ – ဒေါ်ဂျမ်းဘုံတို့အား ရွေးချယ်ထားသည်။ တန်ဖိုးနည်း လက်ကိုင်ဖုံးများကို မကြာခင် အများပြည်သူသို့ ရောင်းချသွားရန်ရှိရာ ဦးရာလူအား ရောင်းချမည် ဆိုသဖြင့် […]


ခက်တယ်ဗျာ ရွာသားတွေက အပြောမိုးလောက်၊ လက်တွေ့ပြပါဆိုရင် မြေကြီးအောက်မှာများတယ်။ (ဥပမာ – ဦးကျောက်ခဲ) သဂျီးကအစ ထေရဝါဒကို သာသနာ မောင်ပိုင်စီးတယ် စွပ်စွဲနေတာ သူကြတော့ တိုင်းပြည်ဂျီးကို ရှေးရိုးစွဲလက်က ကယ်မလို့တဲ့၊ သူများမျက်ချေးသာမြင်၊ ကိုယ့်မျက်ချေးတော့ မမြင်၊ ဒွတ်ခ..။ အပြောရွှေမန်း ရေးတာများ အီးဇီးကွတ်၊ ဘီးဇီးကွတ် ရွှန်းရွှန်းဝေလို့.. အန်တီမမ၊ အန်တီဝေတို့ ပြောပါတယ်။ တချို့ကြတော့ စီမံခန့်ခွဲရေးဂုရုယောင်ယောင် အိုင်တီဆရာယောင်ယောင် သူတို့မရှိရင် ကမာ္ဘပျက်လုမတတ်.. သိချင်လား – မောင်ဂီ။ မူးလာရင် ပိဋကတ်သုံးပုံ တတ်ယောင်ကားလုပ်တဲ့ ပိဋကတ် အိုးခြမ်းပဲ့လည်းရှိသေး၊ ဘယ်သူရှိမတုံး – ဂျော်နီအောင်ပု…။ စင်ကာပူရ ဆွိမမ ရေးလိုက်တာများ မြန်မာတပြည်လုံး မစားဘူးတဲ့ဆိုင် မရှိတဲ့အတိုင်း…။ အင်္ဂလန်သူ လာဘ်အရီးဆို ဘွားဒေါ်ထိရင် မိုးပေါ်က […]


ခြစ်ခင်ယားပါသော ရွာသူရွာသားအပေါင်းနဲ့ နောက်တက်တဲ့ သမီးလေးများသိစေရန်.. အကျွန်ုပ်ဦးကြောင်ကြီးမစားရက် မသောက်ရက် နှစ်ရှည်လများ ကြိုးပမ်းတကုတ် စုဆောင်းသိမ်းဆည်းထားသော ပွိုင့်တသိန်းကျော်စလုံးကို မိမိစေတနာရှိသူအား လွှဲပြောင်းပေအပ်ရန် မာမွတ်လျှာပြွတ် အယာတိုလာ ခိုင်မေနီ (ခ) ရွာသဂျီးဦးစ်ခိုင်သဂျီးထံမှ သဘောတူချက် ရရှိပြီးဖြစ်ရာ ၎င်းအား ပက်ပက်စက်စက် နင့်နင့်သီးသီး မှိုချိုးမျှစ်ချိုး လိပ်ပက်လက်လှန်ပစ်သလို ပြန်မထောင်နိုင်အောင် လိုရင်းတိုရှင်း အပွင့်လင်းဆုံး ဝေဖန်ထောက်ပြနိုင်သူအား ညဏ်ပူဇော်ခ ပေးအပ်မည်။ မှတ်ချက်။ ပွိုင့်တသိန်း = တသိန်းကျပ်တိတိ My Points Points: 104821 Kyats Rank: Titanium


အုပဒေစိုမိုးရေးနဲ့ တီငြိမ်ရေးဥက္ကဌ ဘွားဒေါ်ဂျီး၊ နိုင်ငံဒေါ်သမဒဂျီး၊ ပြည်သူ့လွှတ်တော် အုတ်ကထဂျီး၊ ပြီးတော့ ကာချုပ် အသစ်စက်စက် ဗိုလ်ချုပ်မှူးဂျီး တို့ကိုကြည့်ပြီး မြန်မာပြည် ဒီမိုကရေစီအရေး တောင်းဆိုမှုကို ကာတွန်းဆွဲချင်စိတ် ပေါ်လာသဗျ၊ (ကာတွန်းဆိုတော့ ကာတွန်းလို ကြည့်ပေါ့ဗျာ) သို့ပေမဲ့ မျဉ်းတကြောင်းဖြောင့်အောင် မဆွဲတတ်တာမို့ ရွာထဲက ကာတွန်းပညာရှင်တွေထံ အကူအညီတောင်းပါတယ်..။ ဒီလိုဗျာ.. ခပ်ရွှင်ရွင် အပျော်အပျက် ကယ်ရီကေးချားပုံတွေနဲ့ ကာတွန်းလုပ်မယ်။ ပုံ (၁) မှာ ၁၉၈၈ခုနှစ် လူထုအုံကြွမှုနောက်ခံနဲ့ ဘွားဒေါ်ဂျီးက မိန့်ခွန်းခြွေလို့.. ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ကြွေးကြော်သံနဲ့…. ကိုယ့်ဖက်က ၁၁၀%.. စက်ဝိုင်းဂရပ် (pie chart) တောင်လျှံထွက်လို့ပေါ့။ (စက်ဝိုင်းပုံကို ကာလာအပြည့်ချယ်ယုံမက အပြင်ကိုပါကျော်နေ)။ ဘွားဒေါ်ဂျီးမျက်နှာက စိတ်အားထက်သန်မှုအပြည့်.. ပုံ (၂) ကြတော့ ၁၉၉ဝခုနှစ် […]


ကိုမိုးသီးဘလော့ကနေ ကူးယူပါသည်။ http://komoethee.blogspot.com/2013/03/blog-post_25.html#links Monday, 25 March 2013 မြန်မာ တောတောင်များ ကုန် သလောက် ဖြစ်လာနေပြီ ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ ကမာ္ဘတဝှမ်းမှ နိုင်ငံများအတွက် မြေပုံလမ်းညွန် လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦးများအား အတိကျ လမ်းမမှားပဲ တိုက်ရိုက် သွားရောက် လည်ပတ် နိုင်သော ဧည့်လမ်းညွန်နှင့် ဆက်သွယ်ရေဆိုင်ရာ ဝန်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများက လွန်ခဲ့သော ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင်းကပင် ကမာ္ဘ့နိုင်ငံအသီးသီးတွက် ကောင်းကင်မှသော်၎င်း မြေပြင်မှသော်၎င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ကြသည်။ ယခု မတ်လ၏ ဒုတိယအပတ်အတွင်း ကောင်းကင်မှ ရိုက်ကူးရရှိသော သန်းနှင့်ချီသည့် […]