black chawJuly 8, 20171min333615
မောင့်မျက်ရည်ဝိုင်း…။ +++++++++++++++ တချို ့သီချင်းလေးတွေမှာ ရာဇဝင်လေးတွေ ရှိသဗျ။ ဆိုကြပါစို ့… ကိုငှက် ရဲ ့ “ဂျဒ်စင်ထိပ်က လရိပ်ပြာ” သီချင်းမျိုးပေါ့။ အဲဒီ ရာဇဝင်လေးတွေကြောင့် သီချင်းနားထောင်ရတာ ပိုဖီးလ်လာ သလိုလို။ နောက် ခိုင်ထူး ရဲ ့ “အလွင့်တွေထဲမှာ ငါ့တစ်ယောက်တည်း” ကို Kyaw Lion ခံစားပြလိုက်မှ ပိုရောက်ရှိသွားသလိုမျိုး။ ကိုင်ဇာ ရေးပြီး စိုးလွင်လွင် ဆိုခဲ့တဲ့ “မောင့်မျက်ရည်ဝိုင်း” ဆိုတဲ့ သီချင်းမှာလည်း နောက်ခံ ရာဇဝင်လေး တစ်ခု ရှိနေခဲ့ပါတယ်ဗျာ။ ++++++++++++++++++ “အောင်ခိုင်မော်” ဆိုတဲ့ နာမည်ကို မိတ်ဆွေတို ့ ကြားဖူးကြမလား မဆိုနိုင်ပါဘူး။ စိုးလွင်လွင် “ချစ်လူမိုက်” ခွေထဲက “ရင်ဆိုင်စရာစွမ်းအား မရှိတော့လို ့ပါ” […]


black chawJuly 5, 20171min66523
ကိုယ့်မှာ ကိုသောင်းစိန် ဆိုတဲ့ စက်မှုတက္ကသိုလ် ကျောင်းဆင်း သူငယ်ချင်းတစ်ယောက် ရှိတယ်။ ကိုယ့်ထက်တော့ နည်းနည်း ကြီးပါတယ်။ သူနဲ့ ကိုယ်နဲ့က အရက်သောက်ဖေါ် သောက်ဖက်။ အရက်သောက်ရင်းသူပြန်ပြောပြတဲ့ သူ့ဇာတ်လမ်း အပိုင်းအစလေးတွေကို စုပြီး ရုပ်ရှင်ရိုက်ရင် နီကိုရဲ ထိုင်ငိုသွားနိုင်ပါတယ်။ ဟုတ်မဟုတ် ဖတ်သာကြည့်ဗျာ။ သူက ရန်ကုန်တက္ကသိုလ်ထဲက အလှဖုရားမလေးတစ်ပါး ကို လိုက်နေတဲ့ အချိန်ပေါ့။ သိပ္ပံကန်တင်း မှာ နေ့လယ်စာစားပြီးသကာလ ကိုသောင်းစိန်ဟာ အဖြေမရသေးတဲ့ သူ့ချစ်သူလေးနဲ ့ယှဉ်တွဲပြီး အဓိပတိလမ်းမကြီးပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာလမ်းလျှောက်နေပါသတဲ့။ အဲဒီမှာပဲ သူ့ဟာမလေးရဲ့ ဒိုင်ယာလော့ခ်လေးတွေ ပွင့်ဟလာပါသတဲ့။ “ခိုခိုသောင်း” (ကိုကိုသောင်း လို ့ခါ်တာပါ။ ချွဲလွန်းပျစ်လွန်းလို့ ခိုခိုသောင်း ဖြစ်သွားတာပါ။” “ခင်ညာ” “ကျမ ကို တကယ် ချစ်ရဲ ့လား” […]


black chawJuly 3, 20171min45218
လူဟာလူပဲ…။ ဟိန္ဒူ ကိုးကွယ်လည်း လူပဲ…။ အစ္စလမ် ကိုးကွယ်လည်း လူပဲ…။ ခရစ်ယာန် ကိုးကွယ်လည်း လူပဲ…။ ဗုဒ္ဓ ကိုးကွယ်လည်း လူပဲ…။ ကိုယ့်ကိုယ်ကို ကိုးကွယ်လည်း လူပဲ…။ အသားမည်းလည်း လူပဲ…။ အသားဖြူလည်း လူပဲ…။ အရပ်ပုလည်း လူပဲ…။ အရပ်ရှည်လည်း လူပဲ…။ ဆင်းရဲလည်း လူပဲ…။ ချမ်းသာလည်း လူပဲ…။ မအေးသောင်းလည်း လူပဲ…။ မတင်ညွန် ့လည်း လူပဲ…။ လူကို ကိုးကွယ်တဲ့ ဘာသာတံဆိပ်ကပ်ပြီး သတ်ဖြတ်နေသူတွေဟာ လူ မဟုတ်ဘူး…။ လူကို လူလို မမြင်တတ်ရင် လူမဟုတ်ဘူး…။ လူဟာ လူပဲ…။ (BC)


black chawJuly 3, 20171min33910
ကွေးတဲ့လက် မဆန် ့ခင်မှာပဲ ဆန် ့သောလက်ဟာကွေးနေခဲ့ပြီ…၊ အချိန်မရွေး ရပ်တန် ့သွားနိုင်တယ်ဆိုတာ သိနားလည်ပြီးတဲ့နောက် မေတ္တာတရားဟာ သိသိသာသာ အားကောင်းလာခဲ့…၊ သတိရလွမ်းဆွတ်ခြင်းတွေဟာလည်း ချိန်ခါမဲ့ မိုးတွေလို ရုတ်တရက် ရွာချလာခဲ့…၊ အော်… မြစ်တစ်ခုမှာ ရေနှစ်ခါ ချိုးလို ့မရနိုင်သလို နှုတ်ခမ်းလေး တစ်ခုကိုရော နှစ်ခါနမ်းလို ့ရနိုင်ပါရဲ ့လား…၊ မသိလို ့အသည်းနင့်အောင် ချစ်ပြီး မသိလို ့ခါးခါးသီးသီး မုန်းကြ အမိုက်အမဲလေးတွေမို ့ မသိလို ့အသည်းကွဲနေကြရတာပါ၊ တကယ်တော့… အားလုံးဟာ မရေရာ ဝမ်းနည်းဖို ့မလိုတာ အခု ကျွန်တော် နားလည်ခဲ့ပါပြီ။ (BC)


black chawJune 25, 20171min399043
မအေးသောင်း တဲ့။ ခုတလောဖေ့စ်ဘုတ်မှာ စတားဖြစ်နေသူလေး။ ဘယ်သူများလဲလို ့ စုံစမ်းလိုက်တော့ အော် အေးဝတ်ရည်သောင်း ကြီးပါလား ဟ။ ဘယ့်နှယ့် အနုပညာနယ်ထဲရောက်တာ ကြာ ကြာလှပေါ့။ ခင်ဗျာ အခုမှ ပေါက်ရရှာ။ အရွယ်တော်တဆိတ်ဟိုင်းကာမှ ဖေ့စ်ဘုတ်ပေါ်မှာ ဝုန်းဒိုင်းကိုကျဲလို ့ မအေးသောင်းမှ မအေးသောင်းဆိုသူတွေက မရှား။ ဒီနေ ့မအေးသောင်း ချစ်ခင်သူ လူပျိုကြီး တစ်ယောက်နဲ ့ဆွေးနွေးတော့ ဟိုတုန်းက မအေးသောင်းက ဟော့ရှော့တွေ ဝတ် ဆိုသကိုး။ ဒင်းရဲ ့အကြည်ဓါတ်ပါတဲ့ ဘော်ဒီလေးနဲ ့ အကြည်ဓါတ်ပါတဲ့ မျက်နာလေးက ဟော့ရှော့တွေနဲ ့မလိုက်ဖက်ဘူး ဆိုပဲ။ အခုမှ မြန်မာဆန်ဆန် အဝတ်အစားလေးတွေနဲ ့ မြန်မာဆန်ဆန်လေးလှနေပုံလေးတွေကိုတွေ ့ရတော့ လူပျိုကြီးရဲ ့နှလုံးသားကို အတင်းကြီးသိမ်းပိုက်သွားတာ ခံလိုက်ရ […]


black chawJune 19, 20171min361023
  ကျနော့် သီချင်းရေးသူ ဘဝမှာ ဂုဏ်အယူရဆုံး ကိစ္စကတော့ ကျနော့် ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်ကို ဒစ္စကို ကွင်းကြီး နော်လီဇာ ဆိုခဲ့ဖူးတာပါပဲ။ အဲ့ဒီ အတွက် ကီးဘုတ် ကို မောင်လတ် ကို ကျေးဇူးတင်ရမှာပါပဲ။ နော်လီဇာ ကို အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။ နှလုံးသားမက္ကဆီကို စီးရီးစ် ကို ကလေးဘဝကတည်းက ညွတ်ခဲ့ရသူမို ့စိတ်ထဲကတော့ လေးစားရင်းစွဲရှိနေသူပါ။ တစ်ည ကိုမောင်လတ် ဖုန်းဆက်လာပါတယ်။ “ကိုဘလက် မနက်ဖြန် မနက်အားရင် အလုံလပ်ကီးဆဲဗင်းမှာ breakfast စားရအောင်၊ နော်လီဇာလည်း လာမယ် သူ ့သီချင်း အဟောင်းထဲက ကောင်းတာလေးတွေ ပြန်ရွေးပြီးလုပ်ချင်လို ့တဲ့၊ ခင်ဗျားက သီချင်းတွေ အကြောင်း အတော် နှန် ့နှန် […]


black chawJune 17, 20171min31748
ဖေ့စ်ဘုတ်မှာ ကိုယူမိုး က ဓါတ်ပုံလေးတစ်ပုံ တင်လာပါသည်။ ကိုငှက် နဲ ့ကိုယူမိုး ပုံလေး။ စိတ်ထဲ တစ်မျိုးကြီး ခံစားရသည်။ ဒီပုံလေး ရဲ ့ရာဇဝင်ကို မေးဖို ့ ဒေါ်အေးကြင်ဆိုင်မှာ ကိုယူမိုးနှင့် လဖက်ရည်သောက်ဖြစ်ကြသည်။ လဖက်ရည်သောက်ရင်း မေးမြန်းမိတော့ ကိုယူမိုးက အခုလို ပြန်ပြောပြသည်။ “ကိုငှက် က အဲ့ဒီတုန်းက နာမည်ကြီး အဆိုတော်ကြီး ဖြစ်နေပါပြီ။ ကျွန်တော်တို ့က ကိုငှက်ကို ချစ်ခင်လေးစားစိတ်နဲ ့ကျောက်မြောင်းအိမ်ကို သွားပြီး မိတ်ဆက်တာပေါ့။ နောက်​ပိုင်း ရင်းနှီးသွားပြီး မကြာမကြာပဲ သူ့ဆီရောက်ဖြစ်သွားတက်​တယ်​။ ပြီး​တော့ သီချင်းအကြောင်းလေးတွေ ပြောဖြစ်ကြပါတယ်။ ကျွန်တော် ကစားပွဲများအခွေ မစ်​ဆင်​မဆွဲ​သေးခင်​ မှာ တစ်​ရက်​ အ​ခွေကြမ်​း​လေးကိုယူပြီး ​ကိုငှက်​ရဲ့အကြံဉာဏ​်တွေလိုချင်​တာနဲ့ သူ့ဆီ​ရောက်​သွားဖြစ်​ပါတယ်​ ကိုငှက် က […]


black chawJune 16, 20171min29978
အဆိုတော် ရာစု က လှည်းတန်း အဝိုင်းမှာ ဖွင့်ခဲ့ဖူးတဲ့ ပဉ္စသိင်္ခ တေးသံသွင်းပိုင်ရှင်ပါ…။ သူ့ကို ရာစု အနေနဲ့ မဟုတ်ပဲ သိနေတာ ကြာပေါ့…။ အဲဒီကိုကို ရာစုက သူ့ရဲ့ မာစတာပိစ် (သေတဲ့အထိ စောင့်နေစရာ မလိုပါဘူးဗျာ။ ဒီထက်သေချာတာတောင် ဒီလောက်သေချာမှာမှ မဟုတ်တာ) ဝါဆို သီချင်း ပါတဲ့ အချစ်နဲ့အတူ ဆိုတဲ့ စီးရီးစ်ထဲမှာ ကျွန်တော် နဲ့ Ghost Riders မျိုးမျိုး ပေါင်းရေးတဲ့ ဝိုင်းစက်လှပ အမည်ရ သီချင်းတစ်ပုဒ်ကို ထည့်သွင်းသီဆိုခဲ့ဖူးပါတယ်။ မျိုးမျိုး က တစ္ဆေရိုင်း စီးရီးစ်မှာ ဆိုခဲ့ပြီးသား…။ သူက အဟောင်းလေးတွေထဲက သူကြိုက်တာလေးတွေ စုစည်းပြီး ပြန်ဆိုတာပေါ့…။ ၂၀၀၆ လောက်က ဖြစ်မယ်ထင်ရဲ့…။ ကျွန်တော့် အိတ်ကပ်ထဲမှာ […]


black chawJune 14, 20171min358518
ဟိုတုန်းက ခိုင်ထူး တို့အိမ်က ရန်ကုန်တက္ကသိုလ် ဝန်းထဲမှာ…။ တိတိကျကျ ပြောရရင် အမှတ် (၂)၊ စစ်ကိုင်းလမ်း ပေါ့…။ အမှတ် (၂)၊ စစ်ကိုင်းလမ်း ခြံကြီးရဲ့ ရှေ့မှာ အုတ်ခုံလေး တစ်ခု ရှိနေခဲ့ပါတယ်…။ အဲဒီ အုတ်ခုံလေးဟာ ရန်ကုန်တက္ကသိုလ် နဲ့ အတူ သမိုင်းဝင်ခဲ့သလို ခိုင်ထူး ရဲ့ ရာဇဝင်မှာလည်း သမိုင်းဝင် အုတ်ခုံလေး ဖြစ်နေခဲ့ပါပြီ…။ ဒီအုတ်ခုံလေးပေါ်မှာပဲ ခိုင်ထူး ရယ် မိုးကျော် ရယ် ရာပြည့်ရယ် သူငယ်ချင်း သုံးယောက် သီချင်းတွေ ရေးခဲ့ကြ၊ ဆိုခဲ့ကြ၊ တီးခတ်ခဲ့ကြဖူးပါတယ်။ ပြီးတော့ သူတို့ အဖွဲ့ Phoenix ကိုလည်း အုတ်ခုံလေးပေါ်မှာပဲ စတင်တည်ထောင်ခဲ့တယ်လို့ ခိုင်ထူးက ဆိုပါတယ်။ အဲဒါကြောင့် ဒီနေရာလေးကို သူတို့ […]


black chawJune 13, 20171min324718
နောက်ဆုံးနှစ်စာမေးပွဲကျတော့ အိမ်ကို မပြောရဲဘူး။ အလုပ်တစ်ခု ဝင်လုပ်ပြီး စာမေးပွဲ ပြန်ဖြေဖို ့စီစဉ်ရပါတယ်။ အဲ့ဒီအချိန် သီချင်းမရေးဖြစ်တော့ပါဘူး။ မျိုးမျိုး နဲ ့ရော သီချင်းလောကနဲ ့ပါ အတော် အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ၁၉၉၆ လောက်မှာ ထွက်လာတဲ့ အဲလက်စ် ရဲ ့”နေ ့သစ်များကိုကြိုဆိုခြင်း” စီးရီးစ်မှာ ကျနော် နဲ ့မျိးမျိုး ပေါင်းရေးတဲ့ သီချင်း ၃ ပုဒ် ပါခဲ့ပါတယ်။ “အချစ်ဆိုတာဘာလဲ” “အိပ်မက်တစ္ဆေ” နဲ ့ တိုင်တည်သီချင်း “နေ ့သစ်များကိုကြိုဆိုခြင်း” သီချင်းတွေပါ။ အိပ်မက်တစ္ဆေ က မျိုးမျိုး ဆိုပြီးသားကို ပြန်ဆိုတာပါ။ အဲလက်စ် ရဲ ့ပထမဆုံး သီချင်းခွေမှာ ပါဝင်ခွင့်ရခဲ့တာ အတွက် ကျနော် အခုထိ […]


black chawMay 30, 20171min287412
ကျနော် ခတ်ငယ်ငယ် ၁၉၉၃ လောက်က သီချင်းတချို ့ ရေးခဲ့ဖူးပါတယ်…။ ကျနော်ရေးတဲ့ သီချင်းတချို ့ကို လူရာသွင်းပြီး ဆိုပေးခဲ့တာကတော့ Ghost Rider မျိုးမျိုး ပါ။ မျိုးမျိုး နဲ ့ကျနော် စတွေ ့ဖြစ်ပုံက ဒီလိုပါ။ ကျနော်က အီကို (လှိုင်နယ်မြေ) မှာ ကျောင်းတက်ပြီး ကျောင်းကွေ ့မှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေခိုက် မှတ်တိုင်နားက ခြံတစ်ခြံရဲ ့တံခါးဝမှာ ကားတစ်စီးထိုးရပ်လိုက်ပါတယ်။ ကျနော် သိလိုက်ပြီ။ ကားမောင်းလာတာ အဆိုတော် မျိုးမျိုး ပါ။ ကျနော် အကြံရတယ်။ ရေးထားတဲ့သီချင်းလေးတွေကို မျိုးမျိုး ကိုပြကြည့်မယ်ပေါ့။ အဲဒါနဲ ့ ခြံတံခါးလာဖွင့်မှာကို စောင့်နေတဲ့ မျိုးမျိုး အနားသွားပြီး သီချင်းတချို ့ရေးထားတာရှိတဲ့ အကြောင်း ပြောပြတော့ […]


black chawMarch 7, 20171min46111
ပြည်သူ ့နီတိမှာ ဘာသာရေးထည့်မယ့် အစား Money Education ထည့်သင့်တယ်။ တရုတ်တွေ ကုလားတွေဟာ သူတို ့သားတွေသမီးတွေကို ငယ်ငယ်ကတည်းက ပိုက်ဆံအကြောင်း သင်ပေးလေ့ရှိသတဲ့ဗျာ။ ဘယ်ဟာက အသုံး ဘယ်ဟာက အဖြုန်း ဘယ်ဟာက အလှူ ဘယ်လိုရှာဖွေစုဆောင်းရတယ် စသည်ဖြင့်ပေါ့။ ကလေးတွေ ငွေနဲ ့ထိပ်တိုက်တိုးတဲ့ အခါ ကိုးရိုးကားယားမဖြစ်အောင် ကြိုပြင်ဆင်ပေးထားတဲ့သဘော။ ကျုပ်တို ့တိုင်းရင်းသား မိသားစုတွေမှာ သင်ပေးလေ့မရှိသလောက်ပါပဲ။ ဟော ငွေနဲ ့လည်းထိပ်တိုက်တိုးရော ကိုးရိုးကားယားတွေဖြစ်ကုန်ရော။ ဟေ့လူတွေ။ အတည်ပြောနေတာဗျ။ ကိုယ်တွေ ့ကိုယ်တွေ ့။ အဲဒီတော့ ပြည်သူ ့နီတိထဲ ဘာသာရေးတွေ သွားထည့်မယ့် အစား ငွေ အကြောင်းသာ ထည့်သင်ပေးလိုက်ကြစမ်းပါဗျာ။ (BC)


black chawAugust 18, 20161min27947
မြန်မာပြည် သိန်းတန်ကြီးနဲ့ တီဗီ ချယ်နယ်တစ်ခု အင်တာဗျူးတာကို ဒီနေ့ ထိုင်ကြည့်နေမိတယ်…။ သူက Elvis Presley ရဲ့ ရုပ်ရှင်ကားတစ်ကားကို ကြည့်ပြီး (ကြည့်တာကလည်း တာမွေ…မရိုးဆန်းရုံတဲ့ ခင်ဗျ) ဂစ်တာတီးခြင်းအလုပ်ကို ရူးသွပ်ခဲ့တာတဲ့ ခင်ဗျ…။ အဲဒီတုန်းက သူ့အသက်က ၁၃ နှစ် တဲ့…။ သူ့ အဖေက သူ့ဂစ်တာသံကို နားထောင်ပြီး “ဟေ့ကောင်…မင်းဂစ်တာတီးတာက နွားမသေးပန်းသလို တဗြန်းဗြန်းနဲ့ နားညီးတယ်ကွာ…။ မင်းဂစ်တာတီးမယ်ဆို ငါ့အိမ်က ဆင်းသွား” လို့ စိန်ခေါ်ပါသတဲ့…။ အဲဒီမှာပဲ ကိုကို က ဂစ်တာကို ပုခုံးထက်ထမ်းပြီး အိမ်က ဆင်းခဲ့ပါသတဲ့…။ ကိုသိန်းတန်ကြီးက လူငယ်တွေ အတုခိုးမှားမှာစိုးလို့ သတိပေးပါတယ်…။ မိဘစကား နားမထောင်ပဲ အိမ်ကဆင်းလာတာ မဖြစ်သင့်ဘူး လို့ ဆိုပါတယ်…။ စသည် […]