သီချင်းလေးတစ်ပုဒ်…ဓါတ်ပုံလေးတစ်ပုံ… ကိုငှက် နှင့် ယူမိုး…။
ဖေ့စ်ဘုတ်မှာ ကိုယူမိုး က ဓါတ်ပုံလေးတစ်ပုံ
တင်လာပါသည်။
ကိုငှက် နဲ ့ကိုယူမိုး ပုံလေး။
စိတ်ထဲ တစ်မျိုးကြီး ခံစားရသည်။
ဒီပုံလေး ရဲ ့ရာဇဝင်ကို မေးဖို ့
ဒေါ်အေးကြင်ဆိုင်မှာ ကိုယူမိုးနှင့်
လဖက်ရည်သောက်ဖြစ်ကြသည်။
လဖက်ရည်သောက်ရင်း မေးမြန်းမိတော့
ကိုယူမိုးက အခုလို ပြန်ပြောပြသည်။
“ကိုငှက် က အဲ့ဒီတုန်းက နာမည်ကြီး အဆိုတော်ကြီး
ဖြစ်နေပါပြီ။
ကျွန်တော်တို ့က ကိုငှက်ကို
ချစ်ခင်လေးစားစိတ်နဲ ့ကျောက်မြောင်းအိမ်ကို သွားပြီး
မိတ်ဆက်တာပေါ့။
နောက်ပိုင်း ရင်းနှီးသွားပြီး
မကြာမကြာပဲ သူ့ဆီရောက်ဖြစ်သွားတက်တယ်။
ပြီးတော့
သီချင်းအကြောင်းလေးတွေ ပြောဖြစ်ကြပါတယ်။
ကျွန်တော် ကစားပွဲများအခွေ မစ်ဆင်မဆွဲသေးခင်
မှာ တစ်ရက် အခွေကြမ်းလေးကိုယူပြီး
ကိုငှက်ရဲ့အကြံဉာဏ်တွေလိုချင်တာနဲ့
သူ့ဆီရောက်သွားဖြစ်ပါတယ်
ကိုငှက် က အဲဒီတုန်းက ကျွန်တော်ရေးတဲ့
ဗက်ထရန်စမေလိုဗစ် သီချင်းကို
အတော် သဘောကျခဲ့ဘူးတယ်။
အဲ့သီချင်းက အဲဒီအချိန်တုန်းက လူပုဂ္ဂိုလ်
တစ်ယောက်ရဲ့အကြောင်းကို ဝေါ့ဇ်ပုံစံလေးနဲ့
ထူးထူးခြားခြားလေးရေးဖြစ်ခဲ့တဲ့ အကြောင်းလေးပေါ့လေ။
အဲဒါလေးကိုသူစိတ်ဝင်စားသွားတယ်
ထင်တာပါပဲဗျာ။
ပြီးတော့ကျနော့်အခွေကိုတောင်
ပရိုဂျူဆာ တစ်ယောက်ယောက်လက်ကို အပ်ပြီး
အစအဆုံးပြန်လုပ်ဖို ့ စီစဉ်ပေးမယ်လို ့
ပြောသေးတယ်ဗျ။
သူကိုယ်တိုင် အက်ဒစ်လုပ်ပြီး အခွေကို
ပိုကောင်းအောင် စီစဉ်ပေးမလို့ထင်ပါရဲ့ဗျာ။
ဒါပေမယ့် အဲ့ဒီ အချိန်မှာ
ကိုသူရ (ရာစု) နဲ့စာချုပ်က ရှိနေပြီးပြီ ။
ကိုသူရလည်းကျွန်တော်ရဲ့အနုညာတ အခွေလေးကို
ဂီတချစ်စိ်တ်နဲ့ အရှုံးခံပြီး လုပ်ပေးရှာပါတယ် ။
ကိုငှက်ကို စာချုပ်ကိစ္စပြောပြတော့
သူဘာမှဆက်ပြီး ကျွန်တော့်ကိုမပြောတော့ပါဘူး
ကိုယူမိုး က ကိုငှက် ကို သတိရနေဟန်တူပါသည်။
ရေနွေးကြမ်းတစ်ခွက်ကို ငှဲ ့ထည့်ရင်း
စကားကိုဆက်သည်။
“ကျွန်တော် အခွေလုပ်တုန်းက လင်းစတူဒီယို ကို
သူရောက်လာဖူးတယ်။ မာရဇ္ဇ လည်းပါတယ်ဗျ။
ကိစ္စ တစ်ခု ရှိလို ့ထင်ပါတယ်ဗျာ။
စတူဒီယို ထဲ ဝင်လာပြီးတော့
ခဏတဖြုတ်ကြုံလို့်ဝင်နားထောင်ပြီး
ကျွန်တော့်ရဲ့ပိုးဟပ်မလေးသီချင်းကို
ဒရမ်ဘိတင်အစိပ်အကြဲလေးနဲ့ပတ်သက်ပြီး
အကြံဝင်ပေးသွားသေးတယ်ဗျ။
ပြီးမှ နှုတ်ဆက်ပြီးပြန်ထွက်သွားတာ မှတ်မိတယ်ဗျာ။
ကျနော် က
“ကိုယူမိုး ရေးတဲ့ သီချင်းကို
ကိုငှက် ဆိုခဲ့ဖူးတယ်နော်
ဝံရိုးစွန်းမီး ခွေထဲမှာ ထင်တယ်
ဘယ်လိုဆိုဖြစ်သွားတာလဲဗျ”
လို ့မေးလိုက်ပါတယ်။
“အဲ့ဒါက သူ ့အမုန်း ဆိုတဲ့ သီချင်းလေးဗျ။
ကျွန်တော်ရေးပြီးခါစ မှာပဲ
အိမ်မှာ ပြန် အချောသပ်နေတုန်း
ကိုဇော်မိုးသွင် ရောက်လာတယ်ဗျ။
ကိုငှက် အတွက် ရယ် ဘာရယ် မဟုတ်ပါဘူး
ပုံမှန်ရေးဖြစ်လိုက်တဲ့ သီချင်းတစ်ပုဒ်ပေါ့။
အဲ့ဒီအချိန်မှာ ဇော်မိုးသွင်ကလည်း ကိုငှက်အတွက်
သီချင်းပြဖို ့စီစဉ်နေချိန်ပေါ့။
ကျွန်တော့် သီချင်းလေး သူကြားတော့
ကိုငှက် နဲ ့လိုက်မယ်ဆိုပြီး
ယူသွားတာဗျ။
အဲ့ဒါ ကိုငှက် က သဘောကျပြီး ဆိုဖြစ်သွားတာပါ။
ဝံရိုးစွန်းမီး ခွေက ကိုငှက် ရဲ ့ထွက်ခဲ့ဖူးသမျှ ခွေတွေထဲမှာ
လူသိ အနည်းဆုံး ခွေပါ။
ဒါပေမယ့် ကျွန်တော်တို ့ရဲ ့အနုပညာကတော့
မနည်းခဲ့လောက်ပါဘူးဗျာ”
ကျွန်တော် က
“ဒါ ခင်ဗျား ရဲ ့သီချင်းရေးသူ ဘဝမှာ
အင်မတန်ဂုဏ်ယူစရာ ကိစ္စကြီး တစ်ခုလို ့
ကျွန်တော် ထင်ပါတယ်။
ကိုယူမိုး ရင်ထဲက ခံစားမှုကိုလည်း
သိချင်တယ်ဗျာ”
ဆိုတော့…
“အဲ့ဒီတုန်းကတော့ အရမ်းကြီး ထူးထူးခြားခြား
ဂုဏ်ယူတာမျိုးတော့ မရှိခဲ့ဘူးဗျ။
တခြားသူတွေကို သီချင်းပေးသလိုပါပဲ။
ကျွန်တော့် သီချင်းတစ်ပုဒ်ကို ကိုငှက် ကို
ပေးဖြစ်တယ်။ ဆိုဖြစ်သွားတယ်။ ပုံမှန်ပါပဲ။
ဒါနဲ ့ ဘယ်မှာ သတိထားမိသွားလဲ ဆိုတော့
သူကွယ်လွန်သွားတဲ့ အချိန်နောက်ပိုင်း ကိုငှက်ကို
သတိရတိုင်းမှာ အဲ့ဒီသီချင်းလေးကို
သူဆိုသွားတဲ့အတွက်
အရမ်းပဲ ကျေနပ်မိတယ်။
မရှိတော့တဲ့လူတစ်ယောက်
ကိုယ်တန်ဘိုးထားခဲ့ဖူးတဲ့ လူတစ်ယောက် နဲ ့
ပတ်သက်ခဲ့ဖူးတဲ့ အမှတ်တရ တစ်ခုအနေနဲ ့ပေါ့။
အများကြီးလည်းမရှိပါဘူးဗျာ။
ဘဝမှာ ကိုငှက်နဲ ့ပတ်သက်ပြီး ချပြစရာဆိုလို ့
ဒီသီချင်းလေးတစ်ပုဒ်ပဲ ပြောစရာ ရှိတာပါ။”
စကားနည်းတဲ့ ကိုယူမိုး ရဲ ့
ရှည်လျားတဲ့ ဒိုင်ယာလော့ခ် ပါပဲ။
ကျွန်တော်က ဆက်မေးမိပြန်ပါတယ်။
“ဟိုနေ ့က တင်လိုက်တဲ့ ကိုငှက် နဲ ့ ကိုယူမိုး ပုံလေး
အကြောင်းပြောပါဦးဗျ”
ကိုယူမိုးက
“အဲ့ဒါက ဒီလိုဗျ။
လှည်းတန်းက ချာတိတ်တစ်ယောက်က ကိုငှက် ကို
အရမ်း ခရေဇီ ဖြစ်ပြီး ကိုငှက်ကို
မြင်ဖူးချင်နေတယ်။
ကျွန်တော်ကလည်း ကိုငှက်အိမ်ကို
အဝင်အထွက်ရှိတယ်ဆိုတော့
လိုက်ပါရစေ ပူဆာလို ့ခေါ်သွားလိုက်တာပါ။
သူက ကင်မရာလေးတစ်လုံးလည်း
ယူခဲ့လို ့ကိုငှက်ကို ခွင့်တောင်းပြီး
ဓါတ်ပုံလေးရိုက်ယူခဲ့တာဗျ။
ကျွန်တော့်နဲ ့ကိုငှက်ပုံကို ချာတိတ်က
ကျွန်တော့်ကိုပေးလို ့သိမ်းထားမိတယ်ဗျ။
အဲ့ဒီမန်မိုရီလေးက အဲ့ဒီအချိန်တုန်းက
ဘာမှန်းညာမှန်းမသိခဲ့ပေမယ့်
အခုမှ တန်ဘိုးသိလာတယ်ဗျ”
စကားကို ခဏရပ်ပြီး ပြန်ဆက်သည်။
“ကိုငှက်အိမ်သွားရင်…၊ အိမ်ရှေ ့ဝရံတာကနေ
ဓါတ်ကြိုးတန်းတွေတွေ ့ရမယ်…။
ဓါတ်ကြိုးပေါ်နားနေတဲ့ ကျီးကန်းတွေကို
တွေ ့ရမယ်။
တစ်ခါလေကျ ကိုငှက်က အဲ့ဒီအိမ်ရှေ ့ကို
ထွက်လာမယ်…။
ကျီးကန်းတွေကိုထိုင်ငေးနေမယ်…။
ငေးရင်း သီချင်းတစ်ပုဒ်အကြောင်းကို
သူပြောချင်ပြောနေမယ်…။
တစ်ခါတလေကျရင် ဘာမှ မပြောပဲ
သူ တိတ်ဆိတ်ငြိမ်သက် နေမယ်”
သူ မှတ်မိသမျှ ကိုငှက်အိမ်မှ မြင်ကွင်းတွေကို
တလွမ်းတဆွေး ပြန်ပြောပြနေသည်။
ကိုငှက် က အခုချိန်ထိ
ကျွန်တော်တို ့ရင်ထဲမှာ ရှင်သန်နေဆဲ။
8 comments
ဦးကျောက်ခဲ
June 17, 2017 at 11:15 am
နှံ့စပ်ပါပေ့ ကိုဘလက် …
သမိုင်းဝင်ဓာတ်သေလေးတွေနဲ့ ပို့စ်မို့ …
တချိန်မှာ အဘိုးမဖြတ်နိုင်အောင် သမိုင်းတန်ကြေးရှိမှာ …
black chaw
June 17, 2017 at 2:39 pm
@ ဦးကျောက်ခဲ !!!
ကိုကျောက်ရေ…/
ဓါတ်ပုံလေးတစ်ပုံကနေ ဖြစ်လာတဲ့ ပို ့စ်လေးပါဗျာ။
စိတ်ဝင်စားသူတွေအတွက်ပဲတန်ဘိုးရှိမှာဗျ။
(BC)
surmi
June 17, 2017 at 1:13 pm
တူးးး
တူးးး
ဆက်တူးပါဗျို့
မသိမမှီ မကြားဖူးတာလေးများ အရသာရှိပါ့ဗျာ
black chaw
June 17, 2017 at 2:47 pm
@surmi !!!
လူတစ်ယောက်ရဲ ့တန်ဘိုးရှိတဲ့ ဖြတ်သန်းမှုတစ်ခုကို
ဖေါ်ထုတ်တင်ပြတတ်တာ ကျနော့် အကျင့်ပါဗျာ။
ဝါသနာတူသူတွေအတွက် အရသာရှိမယ် ထင်ပါရဲ ့။
(BC)
ဦး လေး မန်း
June 17, 2017 at 6:02 pm
ကျွန်တော်လဲကိုငှက်သီချင်းတွေကြိုက်သဗျ ဒါပေမဲ့ ဝံရိုးစွန်းမီး ဆိုတာတော့ ကိုဘလက်ရေးမှဘဲကြားဘူးတော့တယ်။ တချိန်တော့ရှာပြီးနားထောင်လိုက်အုံးမယ် လိုင်းပေါ်မှာများရှိမလားမသိဘူး။
black chaw
June 18, 2017 at 8:22 am
@ ဦးလေးမန်း !!!
ကျေးဇူးပါခင်ဗျာ။
အရင်ကကျော်စွာဦးကြီးမိုက်
June 21, 2017 at 1:26 pm
ရဲဘော်ဘလက်တူးဆွပြတော့လည်းသိရတာပေါ့ဗျာ…ကျနော်ကတော့ဂီတနဲ့ဝေးသဗျ..
ဒါပေမဲ့အားပေးနေပါတယ်လေ..ဆက်သာတူးပါလေ
အရင်ကကျော်စွာဦးကြီးမိုက်
June 21, 2017 at 1:32 pm
ဇဂါးအတင်းစပ်…ဒေါ်အေးကြင်ဆိုင်ဆိုတာ အောင်မြေသာစည်နောက်ထဲကလားဗျ