black chawNovember 27, 20111min42425
သူကြီးက ဘလက် FRIDAY တဲ့။ ကျွန်တော်က ဘလက် SUNDAY ပေါ့ဗျာ။ ဒီနေ့ တနင်္ဂနွေနေ့ မနက်စောစောစီးစီး အရေမရ အဖတ်မရ ကိုပေ ရဲ့ ကွမ်းပို့စ်ကို အတုခိုးတယ်လို့ သဘောထားကြပါ အရပ်ကတို့။ အဖွဲ့အစည်း တစ်ခုမှာ အရည်အချင်း မရှိပါပဲ စီမံခန့်ခွဲသူနေရာကို ရောက်နေကြသူတွေ ရှိနေတတ်ပါတယ်။ မိဘက ကုမ္ပဏီထောင်လို့ သားက ဒါရိုက်တာ ဖြစ်နေတာမျိုးတို့၊ အဖေက လူကြီးနဲ့သိလို့ သားကို အစိုးရဌာနတစ်ခုခုမှာ ရာထူးတစ်ခုခု ရအောင် ပြောဆိုပေးထားတာမျိုး တွေကိုဆိုလိုတာပါ။ အဲဒီလို တကယ် အရည်အချင်း မရှိပဲ ရလာတဲ့ရာထူးရဲ့ POWER မျိုးကို POSITIONAL POWER လို့ ခေါ်ပါတယ်။ အဲဒီလိုမဟုတ်ပဲ တကယ်တော်တဲ့တတ်တဲ့ အရည်အချင်းရှိတဲ့ လူတွေမှာ ရှိတဲ့ […]


black chawNovember 26, 20111min26023
ကဲ မြို့မေတ္တာခံယူဘို့ ဘလက်တစ်ယောက် ဂဇက်အပေါက်ဝကို ရောက်လာပြန်ပြီဗျို့။ ဟိုနေ့က ကျွန်တော့်ပို့စ်တစ်ခုမှာ ကိုသစ်မင်းက ကွန်းမန့်ရေးပါသည်။ လူဖြစ်ရခြင်းသည် လည်း ကောင်း၏။။ လူအများ စာရေးတတ်ခြင်း၊ ဖတ်တတ်ခြင်း လည်း သာ၍ ကောင်း၏။.။ မန်းဂေဇက် တွင် ကိုဘလက်ချော တံခါးစောင့်ဖြစ်ရခြင်းသည်ကား အကောင်းဆုံးဖြစ်တော့၏။။။ (ဤကား အကျွန်နုပ် မောင်သစ်မင်း ၏ အလိုတည်း) တကယ်ပြောတာလား၊ ပျော်အောင်ပြောတာလားတော့မသိပါ။ ကိုသစ်မင်းလိုလူရဲ့ အလို ဆိုတော့လည်း ဆက်ရေးဖြစ်သည်ပေါ့ခင်ဗျား။ ဟားဟား။ ကျွန်တော်သည်လည်း အားလုံးကိုပျော်စေချင်သူကြီး ဖြစ်သောကြောင့် အားလုံးကို ကျေနပ်အောင်ကြိုးစားနေပါ သည်ခင်ဗျာ။ ဒီပို့စ်ထဲ မပါလို့တော့ စိတ်မဆိုးကြစေချင်ပါဘူး။ သေချာတာတစ်ခုကတော့ ဒီပို့စ်ထဲမှာ ဘလက်ချော ဆိုတဲ့ကောင် ရေးထားတဲ့ ပို့စ်တစ်ခုမှ မပါတာလေးနဲ့ ပဲ ကြေပေးကြပါဗျာ။ ဒီထက်ပိုပြီး ပြည့်စုံအောင် […]


black chawNovember 25, 20111min37727
သံတွဲ ဟေ့ ဆိုလိုက်တာနဲ့ ပြသနာ အလွန်ပေါသောမြို့ဟု ရွာသူားတွေက သတ်မှတ်ထားကြပါတယ်ဗျာ။ အဲဒီသံတွဲက ပို့စ်ရေးတဲ့ လူ ကွန်းမန့်ပေးနေတဲ့ လူတွေကလည်း အများသားကိုး။ အခုတလော သံတွဲသားတွေရေးတဲ့ ပို့စ်လေးတွေအကြောင်း ပြောကြည့်ရအောင်ပါနော။ အော်နေကြတဲ့ အသံများကြားမှာ Gipsy ရေးတဲ့ ပို့စ်လေးများက နည်းနည်း ထူးခြားပါသည်။ သူ့ပို့စ်လေးတွေကို ပြန်ဖတ်ကြည့်မိတော့။ Gipsy ၏ မသေသောမြို့တော် ပို့စ်လေး အကြောင်းပြောချင်ပါသည်။ သုတေသီများအဆိုအရ မသေသောမြို့များ ကမ္ဘာပေါ်တွင် ၃ မြို့ ရှိပါသတဲ့ဗျာ။ ဘယ်လိုသုတေသီတွေက ပြောတာလဲတော့ မပါပါဘူး။ အဲဒီမြို့တွေက (၁) ဆီးရီးယား နိုင်ငံက ဒမတ်စကတ်မြို့၊ (၂) အိန္ဒိယနိုင်ငံမှ ဗာရာဏသီမြို့၊ (၃) မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ဒွာရာဝတီမြို့(သံတွဲမြို့) တို့ ဖြစ်ကြပါသတဲ့။ သံတွဲမြို့ […]


black chawNovember 24, 20111min22915
ထုံးစံအတိုင်း ဘလက်တစ်ယောက် စာဖတ်ဖြစ်ပြန်သည်ပေါ့ခင်ဗျာ။ ထုံးစံအတိုင်း သိလာတာလေးတွေ ပြန်ရှယ်တယ်ပေါ့ဗျာ။ pooch တင်ခဲ့တဲ့ မနုသလူသားဆိုတဲ့ ပို့စ်လေးကို ပြန်ဖတ်ရင်း ရခဲလှတဲ့လူ့ဘဝ ဆိုတာကြီးကို နည်းနည်း (နည်းနည်းလို့ပြောတယ်နော်) စိတ်ဝင်စားမိသွားပါ တယ်။ အဲဒါနဲ့ ဖတ်လက်စ မေတ္တာရှင် ရွှေပြည်သာ ရေးတဲ့ သင်လူတစ်ယောက်ဖြစ်ပြီလား ဆိုတဲ့ စာအုပ်ကို ပြန်ကိုင်ဖြစ်ပြန်ပါတယ်ဗျာ။ ဟိုတစ်ခါ ကုလားအစ်နဲ့ မြန်မာအစ် ဆိုတာလေး ပါတဲ့ စာအုပ်ပါပဲ။ ဘာသာရေးဘက် တစ်ချက်လှည့်တယ်ပေါ့ဗျာ။ ဘာသာရေးဆိုလို့ မဖတ်ပဲပြန်ထွက်မသွားပါနဲ့ ဗျို့။ ပေါ့ပေါ့ပါးပါးလေး ပါ။ ပေါ့ပေါ့ပါးပါး သာဖတ်ပြီး ပေါ့ပေါ့ပါးပါးသာ သဘောထားလို့ရတဲ့ ဘာသာရေး ပါခင်ဗျာ။ အဲဒီမှာ လည်း pooch ပြောသလိုပါပဲ။ ပခုံးနှစ်ဘက်ကြားက ခေါင်းပေါက်တိုင်းကို လူ လို့ မသတ်မှတ်နိုင်သေးပါတဲ့။ အခုရေးပြမှာ […]


black chawNovember 23, 20115min28040
ဒီရက်ပိုင်း သတင်းထူးတွေများလှပါသည်။ အမေရိကန် သမတ အိုဘားမား နှင့် ဦးသိန်းစိန်ကြီးတွေ့ကြသည် ဆိုသောသတင်း၊ အောင်ဆန်းစုကြည်ထံ အိုဘားမားက လေယဉ်ပေါ်က တိုက်ရိုက် ဖုန်းဆက်သည်ဆိုသော သတင်း၊ ဟီလာရီကလင်တန် အောင်ဆန်းစုကြည်ထံလာမည် ဆိုသော သတင်း၊ NLD မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲ ဝင်မည်ဆိုသည့် သတင်း၊ စင်္ကာပူ နိုင်ငံတွင် အလုပ်သွားလုပ်နေသော မရင်ငြိမ်းပွင့်လေး မိမိ ကိုယ်ကို မိမိ သတ်သေသွားခြင်း၊ မန္တလေးမှာ ငါးပါးမှောက်ကြသော သပိတ်သတင်း၊ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဌ ဖြစ်သွားသော သတင်း၊ ဦးခင်ရွှေ ၏ မီဒီယာများကို ပြစ်တင်ပြောဆိုလိုက်သောသတင်း၊ သိန်းသောင်းဂဏန်းဖြင့် အရောင်းအဝယ်ဖြစ်သွားသည် ဆိုသော တောက်တဲ့ သတင်း၊ လူတစ်ဦးတည်းအား လူနှစ်ဆယ်ခန့်က ဓါးရှည်တွေဖြင့် ခုတ်သတ်ကြသည်ဆိုသော သတင်း၊ မင်းပြားမြို့မဈေးကြီး မီးလောင်သွားသော […]


black chawNovember 22, 20111min30533
ပြီးခဲ့သည့် တစ်လခန့်က မြန်မာဟာသ ရုပ်ရှင်တစ်ကားကို  ပါရမီစိန်ဂေဟာရှိ ရုပ်ရှင်ရုံတွင် မိသားစု နှင့် အတူ ကြည့်ဖြစ်ပါသည်။ ဇာတ်လမ်း စစခြင်း အဖေလုပ်သူ သေအံ့ဆဲဆဲ  ဘေးမှာ သား နှင့် အမေ တို့က ဝမ်းနည်းနေ ကြသည်ပေါ့ခင်ဗျာ။ ဖအေက သေမှာကို မသေနိုင်သေးပဲ မှာပုံတော် ဖွင့်နေတာကို ဟာသဖြစ်အောင်ရိုက်ပြနေပါသည်။ ယောင်္ကျားသေလို့ မိန်းမငိုတာက “ အသေနောက်ကျလို့ နှမြောလှချည်ရဲ့ “ တဲ့။ ဘာကိုများ နှမြောသည်မသိပါ။ အဖေလုပ်သူ သေလည်းသေရော အမေလုပ်သူ ဖလန်းဖလန်း ဖြစ်ပါတော့သည်။ ရိုင်းရိုင်းပြောရလျှင် အမေဆိုသည့် ဂုဏ်သိက္ခာပင်မထောက်တော့ပဲ လွှတ်နန့်ပါတော့သည်။ သားဖြစ်သူ က လိုက် ထိန်းနေရတာကို ဟာသလုပ်ရိုက်ထားခြင်း ဖြစ်ပါသည်။ ရယ်ရလျှင်ပြီးရော ဘုရားနှင့်တစ်ဂိုဏ်းထဲထားပါသော အမေ ကိုပင် […]


black chawNovember 21, 20111min27611
သူကြီးရေ။ ဒီနေ့ မနက် ၁၁ နာရီ ကျော်ကျော် လောက် ကဗ္ဘောဇ ဘဏ်ဘက်ရောက်တော့ ယုဒသန် ဘုရားကျောင်းမှာ လူတွေ အများကြီးကို တွေ့ရပါတယ်။ ဒါနဲ့ ကျွန်တော်လည်း တွေ့တဲ့ လူတစ်ယောက်ကို မေးကြည့်တော့ NLD ပညာရေးကွန်ယက် ၁ နှစ်ပြည့် ရံပုံငွေ ဈေးရောင်းပွဲတော် ကျင်းပနေတာတဲ့။ ဒေါ်အောင်ဆန်းစုကြည်လည်း လာသွားပြီတဲ့။ ပြောပြတယ်။ နာလိုက်တာဗျာ။ နည်းနည်းစောရင် အမေစု နဲ့ ကြုံရမယ့် အခွင့်အရေးကြီးဗျ။ ဒါနဲ့ ဘာပဲဖြစ်ဖြစ် ငါလည်း ဝင်နွှဲမယ်ဆိုပြီး ဝင်ခဲ့လိုက်တယ်ဗျာ။ ဟောထဲမှာ ဆောင်းဦးလှိုင်ဦးဆောင်သော အဖွဲ့က ဖျော်ဖြေနေပါတယ်။ ကျွန်တော် ဝင်သွားတော့ ထူးအယ်လင်းနဲ့ မီးမီးခဲ စုံတွဲဆိုနေကြတယ်။ ဟော်လိုဂစ်တာလေးတွေတီးလို့ ဆိုတော့ ပလပ်မပါတဲ့ ဂီတ ဖြစ်ဘို့ များပါတယ်။ […]


black chawNovember 20, 20111min1206
ကိုပေါက်ရေ။ ဒီနေ့ ၁၂-၁၁-၂၀၁၁  မနက် ရ နာရီခန့်တွင် မန္တလေးမှ မိတ်ဆွေတစ်ယောက်က ရွှေပြည်မိုးမှ ဝယ်လာသော နံနက်စာများ ဝယ်ယူပြီး ရောက်ချလာပါသည်။ ကျွန်တော်လည်း နန်းကြီးသုတ်တစ်ပွဲ နှင့် ကော်ဖီတစ်ခွက်သောက်ပြီး မိတ်ဆွေကို မေးရပါသည်။ မန်းတက္ကသိုလ် ဘယ်နားလောက်မှာ ရှိလဲဟု။  နောက်ဆုံး သူလိုက်ပို့ပြီး ကျွန်တော့် အစီအစဉ်နှင့် ကျွန်တော်ပြန် ရန် သဘောတူလိုက်ကြပါသည်။ မနက် ၈ နာရီလောက်တွင် ကျွန်တော် မန်းတက္ကသိုလ် အဝင်ဝရောက်နေပါပြီ။ ဆိုင်ကယ် တက်စီတစ်စီးကို ဓါတ်ပုံရိုက်မည်၊ ဟော်တယ်ပြန်အရောက် ငါးထောင်ကျပ်နှင့်ဈေးတည့်သွားကြပါသည်။ သို့နှင့် ဆိုင်ကယ်တက်စီ ဆရာ၏ လမ်းညွှန်မှုဖြင့် မန်းတက္ကသိုလ်အမှတ်တရပုံများ ရိုက်ဖြစ်ပါသည်။ ဆိုင်ကယ်ဆရာက မန်းကျောင်းအကြောင်းတော်တော် သိနေပါသည်။ စာတိုက်ကိုပင် အတင်းဓါတ်ပုံရိုက်ခိုင်း နေပါသည်။ ဒီစာတိုက်မှာ ကျောင်းသားတွေ အိမ်ကငွေလာတာကို […]


black chawNovember 20, 20111min35424
ထုံးစံအတိုင်း ဘလက် တစ်ယောက် ကတုံးခေါင်းသန်းရှာတယ်ပဲမှတ်ပါဗျာ။ ထုံးစံအတိုင်းပါပဲ စာအုပ်တစ်အုပ်ဖတ်ပြီး ရလာတဲ့ အတွေးဆိုတာ ဝန်ခံပါတယ်။ အခုတလော ဓါတ်ကျနေပါတဲ့ ကျင့်ဝတ် အကြောင်းပဲဖြစ်ပါတယ်။ သိတ်ခေါင်းစားလောက်တာမျိုးတော့ မဟုတ်ပါဘူးဗျာ။ ဝိုင်းဆွေးနွေးချင်တာ လေးပါ။ ထူးချွန်ထက်မြက်သူူ  ဖြစ်အောင် သင်ကြားပေးလို့ ရပါတယ်။ ဟုတ်တယ်နော် ။ ကျွန်တော် လက်ခံပါတယ်။ ခင်ဗျားတို့လည်း လက်ခံမယ်ထင်မိတယ်။ ကျင့်ဝတ်စောင့်ထိန်းသူ ဖြစ်အောင် လေ့ကျင့်သင်ကြားပေးလို့ ရပါသလား။ ကျင့်ဝတ်စောင့်ထိန်းသော ထူးချွန်ထက်မြက်သူ ဖြစ်ဘို့ လေ့ကျင့်သင်ကြားပေးလို့ ရနိုင်ပါသလား။ စာအုပ်ထဲမှာ ပါတာကတော့ ထူးချွန်ထက်မြက်သူ ဖြစ်ဘို့ ဦးနှောက်ထဲ တတ်သင့်တတ်ထိုက်တာတွေ ရိုက်သွင်းပေးလို့ လွယ်ပါတယ်တဲ့။ ကျင့်ဝတ်စောင့်ထိန်းဘို့ကျတော့ နှလုံးသားထဲရိုက်သွင်းရတာမျိုး ဖြစ်လို့ မလွယ်ပါဘူးတဲ့။ ခင်ဗျားတို့ရော ဘယ်လိုမြင်ကြလဲ။ ဘလက်က သိချင်နေမိပါတယ်ဗျာ။


black chawNovember 19, 20116min25730
ကိုပေါက်ရေ။ ကျွန်တော် ဒီတစ်ခေါက် ခရီးသွားတုန်း ရိုက်ခဲ့တဲ့ ဓါတ်ပုံလေးတွေ တင်ပေးဖြစ်ပါတယ်။ သည်းခံပြီးကြည့်ပေးပါဗျာ။ ဘုရားပုံတွေလည်းပါတယ်။ ငါးပုံတွေလည်းပါတယ်။ ရှုခင်းပုံတွေလည်းပါတယ်။ ပန်းပုံတွေလည်းပါတယ်။ ခေါင်းစဉ်တောင်ဘယ်လိုပေးရမယ် စဉ်းစားလို့ မရတော့တာနဲ့ အမည်ပေးမထားလို့တတ်လိုက်တာပါ။


black chawNovember 19, 20111min27814
မနေ့က ကျွန်တော် ဖတ်ဖြစ်အောင်ဖတ်ပြီး ဖြေကြည့်ပေးကြဘို့ ဆိုတဲ့ ပို့စ်လေးတင်ဖြစ်ပါတယ်။ အဲဒီပို့စ်က စာအုပ်လေးတစ်အုပ်ထဲက ဇာတ်လမ်းလေးကို ပြန်ပြောပြပြီး မေးခွန်းမေးခဲ့တာပါ။ စာအုပ်လေးရဲ့နာမည်က “ မန်နေဂျာ နှင့် လုပ်ငန်းခွင် ကိုယ်ကျင့် သိက္ခာ ” ပါ။ တူဒေးအယ်ဒီတာ အဖွဲ့က ဘာသာပြန်ပြီး ထုတ်ဝေခဲ့တာပါ။ စာအုပ်ထဲမှာပါတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ကို အမြည်းအဖြစ် ဆက်ရေးပြချင်ပါသေးတယ်။  “ လူတိုင်းလည်းလုပ်နေကြတာပဲ၊ အရေးမကြီးပါဘူး သားရယ် ” ဆိုတဲ့ ဆောင်းပါးလေး ကိုပြောပြချင်ပါတယ်။ သုူငယ်ချင်းနှစ်ယောက် စကားပြောနေကြတာပါ။ တစ်ယောက်က တစ်ယောက်ကိုပြောပြနေတယ်လို့ မှတ်ပေးပါ။ ဂျော်နီဆိုတဲ့ ကလေးတစ်ယောက်ပေါ့။ ခြောက်နှစ်သားအရွယ်မှာ သူ့အဖေမောင်းတဲ့ကားပေါ်လိုက်သွားရင်း မိုင်နှုန်းပိုမောင်းမှုကြောင့် သူအဖေကို ရဲကအရေးယူတဲ့ အဖြစ်ပျက်တစ်ခု ကြုံခဲ့ဖူးတယ်။ သူ့အဖေက ရဲအရာရှိကို လိုင်စင်နဲ့ အတူဒေါ်လာနှစ်ဆယ်တန်တစ်ရွက်ပေး လိုက်တယ်။ […]


black chawNovember 18, 20111min34022
ကျွန်တော် ဒီနေ့ တံခါးစောင့်ကြီးပို့စ် ရေးနေတင်နေရင်း ကမ္ဘာ့ အကြီးဆုံးကျားရိုင်းဥယာဉ်ကြီး ဆိုတာလေးတွေ့လို့ ဖွင့်ကြည့်မိပါတယ်။ အောင်မလေး လှလိုက်တဲ့ ကျားပုံလေးတွေ။ လန်းတယ်ဗျာ။ ပို့စ်တင်သူနာမည် ကြည့်တော့ weiwei တဲ့။ ဒါနဲ့ မနေ့ကလည်း ဧဝရက်တောင်သွားတောလားဆိုလား တွေ့လိုက်ရပါတယ်ပေါ့။ အခုကျွန်တော် ပြန်လည်တူးဆွကြည့်လိုက်တော့ တိမ်မြုတ်မနေသင့်သော အန်တီဝေ ရဲ့ ဓါတ်ပုံပို့စ်လေးတွေရဲ့လင့်လေးတွေကို စုတင်ပေးဖြစ်ပါတယ်။ တစ်နေ့က ကျွန်တော်တင်တဲ့ ဆာဖာရီရိုက်ချက်များဆိုတဲ့ ပို့စ်က ကျားမကြီးကိုတောင် အားနာသွားပါတယ် အန်တီဝေခင်ဗျား။ Weiwei ရဲ့ ပို့စ်တွေကို ပြန်ကြည့်မိတော့ ဂဇက် ရဲ့ အမာခံတစ်ယောက်ဆိုတာ ထင်ရှားပါတယ်။ သူတို့ လုပ်သလောက် ကျွန်တော်တို့ မီဘို့ အများကြီး ကြိုးစားရပါဦးမည်။ ဂဇက် စီနီယာ တစ်ယောက်ရဲ့ ဓါတ်ပုံပို့စ်လေးများကို တတ်နိုင်သလောက် စုစည်းတင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ […]


black chawNovember 18, 20115min30631
ဒီရက်ပိုင်း ဆရာကြီးမောင်သာရ၏ ပို့စ်လေးတွေ ဂဇက်မှာ ဖတ်ရသဖြင့် ဘလက်တစ်ယောက် မြောက်ကြွမြောက်ကြွ ဖြစ်နေမိပါသည်။ မန်းဂဇက်မှာ စာရေးနေတာကွ၊ ဆရာကြီးမောင်သာရတောင် ဝင်ရေးပေးနေတဲ့ ဂဇက်ကွ၊ အဲဒီလိုကြီးကို ဂုဏ်ယူမိနေတာ ဖြစ်ပါသည်။ ဆရာကြီးက ပို့စ် သုံးပုဒ် ချီးမြှင့်ခဲ့ပါသည်။ ၁။ ဘယ်သူ့ဘက်က ခြေသာသလဲ (12, Nov) ၂။ အောင်ဆန်းစုကြည် ဘာလဲ ဘယ်လဲ (16, Nov) ၃။ တင်မလား ဝင်မလား (17, Nov) ဆရာကြီးအနေဖြင့် ပို့စ်လေးတွေ ချီးမြှင့်ပေးသဖြင့် ရွာသူားများကိုယ်စား ကျွန်တော် ဘလက်က ကျေးဇူးအထူးတင်ရှိပါကြောင်း ဂုဏ်ယူဝံ့ကြွား စွာပြောဆိုပါရစေ ဆရာကြီးခင်ဗျာ။ နောက်လည်း ပို့စ်လေးများ ချီးမြှင့်ပေးဘို့ လေးလေးစားစား တောင်းဆိုပါတယ် ခင်ဗျာ။ ဆရာကြီးမောင်သာရ ရဲ့ ပို့စ်များကို […]