NLD ပညာရေးကွန်ယက် တစ်နှစ်ပြည့် ရံပုံငွေ ဈေးရောင်းပွဲ ကျင်းပ

black chawNovember 21, 20111min27711

သူကြီးရေ။

ဒီနေ့ မနက် ၁၁ နာရီ ကျော်ကျော် လောက် ကဗ္ဘောဇ ဘဏ်ဘက်ရောက်တော့ ယုဒသန် ဘုရားကျောင်းမှာ လူတွေ အများကြီးကို တွေ့ရပါတယ်။

ဒါနဲ့ ကျွန်တော်လည်း တွေ့တဲ့ လူတစ်ယောက်ကို မေးကြည့်တော့ NLD ပညာရေးကွန်ယက် ၁ နှစ်ပြည့် ရံပုံငွေ ဈေးရောင်းပွဲတော် ကျင်းပနေတာတဲ့။

ဒေါ်အောင်ဆန်းစုကြည်လည်း လာသွားပြီတဲ့။ ပြောပြတယ်။ နာလိုက်တာဗျာ။ နည်းနည်းစောရင် အမေစု နဲ့ ကြုံရမယ့် အခွင့်အရေးကြီးဗျ။ ဒါနဲ့ ဘာပဲဖြစ်ဖြစ်

ငါလည်း ဝင်နွှဲမယ်ဆိုပြီး ဝင်ခဲ့လိုက်တယ်ဗျာ။ ဟောထဲမှာ ဆောင်းဦးလှိုင်ဦးဆောင်သော အဖွဲ့က ဖျော်ဖြေနေပါတယ်။ ကျွန်တော် ဝင်သွားတော့ ထူးအယ်လင်းနဲ့

မီးမီးခဲ စုံတွဲဆိုနေကြတယ်။ ဟော်လိုဂစ်တာလေးတွေတီးလို့ ဆိုတော့ ပလပ်မပါတဲ့ ဂီတ ဖြစ်ဘို့ များပါတယ်။ ဓါတ်ပုံလေး ရသလောက် ရိုက်ယူခဲ့ပါတယ်။

ပြီးတော့ အလှူငွေလက်ခံတဲ့ နေရာမှာ လှူနေကြတဲ့ လူတွေကလည်း အများကြီးပါ။ ဒါနဲ့ ကျွန်တော် အိတ်ထဲကြည့်တော့ တစ်သောင်း သုံးထောင်လောက် ရှိပါတယ်။

သုံးဖို့ သုံးထောင်ချန်ထားပြီး တစ်သောင်းလှူဖြစ်ပါတယ်။ နာမည်မေးတော့ မန္တလေး ဂဇက် မိသားစုလို့ ပြောလိုက်တော့ ငွေလက်ခံသူက ထပြီး လက်ဆွဲနှုတ်ဆက်ပါတယ်။

အမေစု ပုံနဲ့ ပြက္ခဒိန် တစ်ခု ငါးရာနဲ့ ဝယ်ခဲ့ပါတယ်။ အချိန်မီသေးရင် ရွာထဲက စိတ်ဝင်စားသူများသွားကြဘို့ သတင်းပေးတာပါဗျာ။ မန်းဂဇက်နာမည်နဲ့ ကျပ်တစ်သောင်းလှူခဲ့တာလေးကို

သာဓုခေါ်ကြဘို့ပါ။ဓါတ်ပုံတွေက နည်းနည်း ဝါးရင် ခွင့်လွှတ်ကြဗျာ။

 

အလှူငွေ ဖြတ်ပိုင်းပါ ခင်ဗျာ။
ပွဲအဝင်။
ပွဲတွင်း မြင်ကွင်းတစ်ခုပါ။
ထူးအယ်လင်းနဲ့ မီးမီးခဲ သီဆိုနေပုံ။

11 comments

  • Moe Z

    November 21, 2011 at 1:19 pm

    ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါသည် ဘဘ ဘလက်ရေ…
    သုံးဖို့တစ်သောင်းချန်ပြီး သုံးထောင်ပဲမလှူတာကိုလည်း ထပ်ဆင့်သာဓုခေါ်ပါ၏။ 🙂

    • inz@ghi

      November 21, 2011 at 1:24 pm

      တားတားလဲ ဇိပြောသလိုပါဘဲ ဘဘ…

  • Ko Ko Aung

    November 21, 2011 at 1:39 pm

    လှိုက်လှိုက်လှဲလှဲ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ် ကိုဘလက်ရေ။
    မန္တလေးဂေဇက်မိသားစု လို့ အလှူရှင် အမည်တပ်ခဲ့တာကိုလဲ မန်းဂေဇက်နဲ့ တသားတည်းဖြစ်ကြောင်း ဖေါ်ပြရာရောက်တာမို့ အထူးပဲ ကျေးဇူးတင်ကြည်နူးဝမ်းမြောက်ရပါကြောင်း။

  • kai

    November 21, 2011 at 2:28 pm

    ယူအက်စ်မှာတော့.. မီဒီယာ တီဗီချာနယ်တွေက.. သတင်းဝေဖန်ရေးလုပ်တဲ့..သူတွေ.. ဆိုင်ရာပါတီကို ထောက်ခံပြောကြ..ဆွေးနွေးကြတာရှိတယ်..။ အပြန်အလှန်ဆဲကြ..အမှားထောက်ကြ လုပ်တာပဲ..။
    ဥပမာ..MSNBC, FOX ပေါ့..။
    ဒါပေမဲ့.. အဲဒီထဲက.. MSNBC သတင်းဝေဖန်ဆွေးနွေးသူခေါင်းဆောင် Olbermannက… ဆိုင်ရာပါတီ Democrat Partyကို ငွေတိုက်ရိုက်လှူတော့ မိခင်မီဒီယာက သိတဲ့တနေ့.. အလုပ်က suspendလုပ်ခံရတယ်..။
    http://www.msnbc.msn.com/id/40028929/ns/politics-decision_2010/t/keith-olbermann-suspended-over-political-donations/
    မီဒီယာ ပေါ်လစီတချို့ချပြောပြတာပါနော..

    ဆိုတော့..
    ယူအက်စ်အခြေဆိုက် မီဒီယာတခုအနေနဲ့တော့.. အဲဒီထုံးစံတခုကို လိုက်နာပါတယ်..။
    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က..ပါတီတရားဝင်ထောင်.. ရွေးကောက်ပွဲဝင်တဲ့လမ်းကြောင်း ရွေးလို်က်ပြီမို့.. မီဒီယာအနေနဲ့.. အာဏာရပါတီ(ပြည်ခိုင်ဖြိုး)ရဲ့ အတိုက်အခံပါတီ(NLD)အဖြစ် အမြင်ပြောင်းလိုက်ပါတယ်…။

    ဒါကို ရေးထားပေးတာဖြစ်ပါတယ်..။
    ဒီရွာထဲ.. ပြည်ခိုင်ဖြိုးပါတီက တော်တော်များများလည်း ရှိနေကြတယ်သေချာလို့ပါ..။
    တချိန်ချိန်မှာ.. မြန်မာပြည်က… ပါတီကြီး၂ခုက.. အပြန်အလှန်အတိုက်အခံပြုရင်း..ထိန်းကျောင်းရင်း.. တိုင်းပြည်ကောင်းဖို့အတွက် ဆက်သွားကြမယ်လို့.. မျှော်လင့်ထားပါတယ်..။
    ဆိုတော့.. အဲဒီအချိန်အတွက်.. မီဒီယာရပ်တည်ချက်.. သမိုင်းမှတ်တမ်းကျန်နေအောင်ပေါ့နော..။
    =
    ဆိုထားပြီး သကာလ…

    ကျုပ်.. ပါစင်နယ်အနေနဲ့..
    … ပညာရေးရံပုံငွေပွဲမို့.. အကြိမ်ကြိမ်.. သာဓုခေါ်.. အားပေးပါကြောင်း.. ပြောပါရစေခင်ဗျား…။
    လှူလိုက်တဲ့ငွေ.. ဘာဖြစ်သွားမလည်း.. သေသေချာချာ သိပြီး.. ကိုယ်ရဖို့အတွက် လုံးဝထည့်မတွက်တဲ့အလှူမို့.. အလွန်မွန်မြတ်တဲ့အလှူလို့.. သတ်မှတ်ပေးချင်ပါတယ်..။
    သာဓု..သာဓု..သာဓုပါခင်ဗျား…။

  • ပေါက်ဖော်

    November 21, 2011 at 3:23 pm

    သဂျီးပြောသလိုပါပဲ
    လှူရကျိုးနပ်တယ်…ဗျာ
    ဒါကြောင့် အနော်တို ့ဝမ်းသာပါတယ်.
    အားပါးတရ ကျေးဇူးတင်..သာဓုခေါ်ပါတယ်..ခင်ဗျ

  • blackchaw

    November 21, 2011 at 6:11 pm

    သူကြီးရေ။
    ငွေတစ်သောင်းဆိုတာ ဒီခေတ်ငွေတန်ဘိုးနဲ့ တွက်ရင် ဘာမှမရှိပါဘူး။
    ဒါပေမယ့် မန်းဂဇက်အနေနဲ့ participate လုပ်လိုက်တဲ့ သဘောပါ။ လုပ်သင့်တယ်ထင်လို့ပါ။
    ကျွန်တော် ကိုယ်တိုင် အစိုးရဝန်ထမ်းမိသားစုက မွေးဖွားလာတာပါ။
    နိုင်ငံရေးသမား မဟုတ်သလို ဘယ်နိုင်ငံရေးပါတီဝင်မှ မဟုတ်ပါ။
    ပညာရေး ရံပုံငွေ ပွဲ ခေါင်းစဉ်အောက်မှာ
    ဒီအချိန်မှာ ပေါက်ကရလုပ်လိမ့်မယ် မထင်တာကြောင့် ပျော်လည်းပျော်မိတာကြောင့်
    လှူခဲ့တာပါ။
    မန်းဂဇက် နာမည်တတ်ခဲ့တာ မှားသွားလားမသိပါ။ မှားသွားတယ် ဆိုရင် ဆောရီးပါနော သူကြီး။

  • ထာဝရ

    November 21, 2011 at 8:46 pm

    စိတ်ထဲက ပေါ်လာတဲ. စေတနာ အတိုင်း
    လုပ်ကောင်းပါတယ် သာမန်လူတွေ က ကိုယ်.အတွက်ဘဲ လှူတတ်ကြတာ
    ကိုဘလက် က ရွာအတွက်ရည်စူး လှူတာ သာဓုပါဗျာ….

  • thit min

    November 21, 2011 at 9:38 pm

    မီဒီယာရဲ့ ဘက်လိုက်မှုကင်းရခြင်းကို သူကြီးကပြောတာပါ။
    ပြောရရင်ဗျာ။
    ဆရာဝန်ဆိုတာ ရန်သူမိတ်ဆွေ မခွဲဘဲကုရမယ်။
    ကျောင်းဆရာဆိုလဲ ရန်သူ့သား၊မိတ်ဆွေသားမရှိဘူးဗျာ။
    သူ့ပါစင်နယ်အရ “ဘာ” ဆိုတာ အားလုံးသိပြီးသားပါ။
    ဖြစ်နိုင်တာက နောက်ကျနော်တို့ သဘောမကျတဲ့ ဘက်ကမှားနေရင်တောင် (Bias)တိမ်းညွတ်တယ်
    လို့အထင်ခံရနိုင်တယ်ပေါ့ဗျာ။
    အဲဒီလိုလေး။
    ဒါပေမဲ့ ကိုဘလက်ရဲ့ မန်းဂေဇက်ပေါ်ချစ်ခင်မှု၊အားလုံးကိုချစ်ခင်လေးစားမှု၊သူကြီးကိုလေးစားမှုတွေကို
    အားလုံးကသိကြပါတယ်။
    ကိုယ်ကျိုးစွန့်အလှူတခုအတွက်လည်း ဝမ်းမြောက်ဝမ်းသာ နုမောဒနာ ပြုပါတယ်ခင်ဗျား။
    သာဓု၊သာဓု၊သာဓု ပါဗျာ။

  • koyinmaung

    November 21, 2011 at 10:24 pm

    အို…….ဝမ်းသာစရာသတင်းပါလား
    လှူလိုက်တဲ့အမည်က မန္တလေးဂဇက်မိသားစု တဲ့လား
    ကိုယ်နေတဲ့ရွာအမည်လေးနဲ့ ကြည်နူးစရာပါ
    ကိုချေားရေ..သာဓု..သာဓု…သာဓု…လို့
    ခေါ်လိုက်ပါတယ်ဗျာ…….

  • ကြောင်ကြီး

    November 22, 2011 at 9:30 am

    နောက်ဆိုရင် မန်းဂေဇက်မှ ဘလက်ချောနှင့်မိတ်ဆွေများလို့ ဝိနည်းလွတ် ခေါင်းစဉ်တပ်လှူပေါ့ဗျာ။ သဂျီးက မြန်မာပြည်မှာ သစ်ကုမ္မဏီထောင်ဖို့ အကြံထုတ်နေတာ။ မမျှော်နဲ့ သဂျီးရေ၊ ဦးတေဇခုတ်လို့ ရှိသမျှသစ်ပင် ကုန်ပြီ။ လိုချင်ရင် မြက်ပင်တော့ ကျန်သေးတယ်။ 😆

Leave a Reply