comegyiOctober 28, 20111min13411
မြို့ကလေးမှာ …. ညနေခင်းတွေဆို  သနပ်ခါးနံ့ သင်းသင်းတွေ သယ်ယူလာတဲ့ လေညှင်းဟာ . .. မြစ်ပြင်ကို ဖြတ်သန်းပြီး …ကုန်းတွင်းပိုင်းကို….. သတင်း အစုံအလင်နဲ့ ဝင်ရောက်လာကြပြီ . ..။   နီယွန်မီးရောင်ဟာ . . . လိုအပ်တာထက်ပိုပြီး မှုန်ဝါးလာ …. အမှောင်ကလည်း သဘာဝကို ချိန်သားကိုက်ဖို့ လမ်းရှင်းပေးထားပြီး . .. ညဟာ….အနာဂတ်ကို ကြိုတွေးလေ့မရှိတဲ့ . . . အဖြစ်အပျက်တို့မှာ ပါဝင်ပတ်သက်လို့  . . .။   လမ်းတွေဟာ တစ်စုံတစ်ရာ ကိုမျှော်လင့်နေသလို  . . ပြတင်းတံခါးတွေကလည်း တစ်စုံတရာကို ရေငုံနှုတ်ပိတ်လို့ ….. မီးခဲ ပြာဖုံးနေတဲ့ မြို့ကလေး နိုးထလာပြီ……။ […]


comegyiOctober 23, 20111min1419
“ဖောက်” အသံ၏အဆုံးတွင် အမြှုပ်ကလေးများ တစီစီတက်လာသည်။ ညနေခင်း၏ လေပြေသည် ကမ်းကြီး၏ ဆံပင်ကို တရမ်းရမ်းဖြစ်အောင် တိုက်ခတ်သွား သည်။ အနောက်မိုးကုပ်စက်ဝိုင်းတွင် ပုဇွန်ဆီရောင်မိုးသားတိမ်လိပ်များကွေးညွတ်နေကြသည်။ ကိုပေသည် ဘီယာဗူးဖင်ကို မိုးကောင်းကင်ပေါ်သို့ တစ်ချက်ပင့်တင်လိုက်ပြီးနောက် နှုတ်ခမ်းကိုသပ်လိုက်သည်။ “အေ့” ကနဲ လေတစ်ချက်တက်လိုက်သည်။ ငါးကင်ကို ပယ်ပယ်နယ်နယ်ဖဲ့စားလိုက်သည်။ မိုင်းဆဲဗင်းလိုက် တစ်လိပ်ထုတ်ကာ မီးညှိရု်ဖွာရှိုက်လိုက်ပြန်သည်။ ပြီးနောက် ကမ်းကြီးဘက်သို့ ရှောင်ကွန်နရီ မျက်စောင်းထိုးပုံမျိုးနှင့် ခပ်စွေစွေကြည့်ကာ ဘယ့်နှယ် ရှိစဟူသော အဓိပါယ်မျိုးဖြင့်မေးဆတ်ပြလိုက်သည်။ “ဘီယာတစ်ဗူးနဲ့ ဗမာဆေး များများကွမ်းတစ်ရာ ရောရင် ဘီအီးတစ်ပိုင်းနဲ့ ညီမျှတယ်ဆိုတာ အိုင်စတိုင်းတောင် သိမသွားရှာဘူးတဲ့ဗျ ကိုငြိမ်း(မန္တလေး) ကပြောတယ်” ဟုကမ်းကြီးက ပြောသည်။ “အင်းပ ဒါဆို သူလည်း ကိုလံဘတ် အမေရိကတိုက်ကို ရှာတွေ့သလို သီအိုရီတစ်ခုကိုရှာတွေ့ခဲ့တဲ့သူလို့ ဆိုရမှာပေါ့” “မှန်တာပေါ့ […]


comegyiOctober 19, 20111min392
အောက်ဆီဂျင် မလွှတ်တော့တဲ့ သစ်ပင်ကို အမြုံလို့ ခေါ်မလား ကျွန်တော်ဟာ အသက်မရှူဘဲ နေလို့ရတဲ့ ကျင့်စဉ်ကို အားထုတ်နေရသလိုမျိုး . . .။   ပရော်ဖက်ဆာကြီးများတွေ့ရင် ရှောင်ချင် ကွင်းချင်တာ မွေးရာပါ ဗီဇလို့ဆိုရမယ် ဒီကောင့်မှာ ယူရေနီယံရှိတယ် သူတို့ တစ်ချက်မှတ်ချက်ချလိုက်တာနဲ့ ပြိုင်ဘက်ကင်း သိုင်းကျမ်းရသွားတဲ့ သိုင်းရူးတစ်ယောက်လို သေပြေးရှင်ပြေး ပြေးရမှာ အသေအချာ . . ။   ကိုယ်ဘာကောင် ဆိုတာ သိဖို့ မောဟတစ်ပိုင်း ဒုက္ခတစ်ပိုင်း ဒီဂရီ တိမ်းစောင်းနေတဲ့ ဂြိုလ်တစ်လုံးဟာ လနှစ်စင်းနဲ့ သံယောဇဉ် သံလိုက်ဓာတ်လက်တံနဲ့ လည်နေတာပဲ . ..။   ကိုယ့်သဘာဝအရ ဒီရေ အတက်အကျရှိတာလည်း သံသယ ဖြစ်ခံရဆုံး သတိမပြတ်နဲ့ ကျွန်တော်ဟာ […]


comegyiOctober 18, 20111min1002
ပြည်သူတိုင်းသား ၊ ရင်ဝယ်သားသို့၊ သနားမကင်း ၊ အရှင်မင်း။ ကျွန်ရင်းမှန်စွာ၊ ဖျာ့ကျွန်မှာလျှင် ရှေ့ခါလက်တွင်း ၊ နွားတစ်ရှဉ်းနှင့် ၊ စိုက်ခင်း လယ်ယာ ၊ ထွန်ရပါ၏။ ခုခါ တစ်ဖက် ၊ သေသည့်တွက်ကြောင့် ၊ နှစ်ဖက် ပြည့်အောင် ၊ နွားတစ်ကောင်ကို ၊ စောင်မ သနား ပေးပါဖျာ့ဟု၊ လျှောက်ထားနည်းကောင်း ၊ သား အလောင်းက ၊ ကြောင်း ကားသွန်သင် ၊ နှုတ်တက်ကျင့်မှ နန်းရင်ပြင်မှောက်၊ မင်းရှေ့ရောက်သော် ၊ ရွှံ့ကြောက် ပညာ ၊ နည်းလေရှာ ရု် ၊ ကျွန့်မှာ ရှိရင်း ၊ နွားတစ်ရှဉ်းဖြင့် ၊ စိုက်ခင်းလယ်ယာ ၊ ထွန်ရပါ၏ […]


comegyiOctober 16, 20111min1143
အပျော်ကို တစ်ဝက်တိတိ ရပ်ဆိုင်းလိုက်ရ မင်းထွက်ခွာခြင်း မှတ်တိုင်မှာ . .။   စိတ်ကူးရဲ့ သားနားမှုမှာ နစ်မြုပ်နေတဲ့ ပန်းပွင့်လှေ အဝေးကြီး အထိ လွမ်းလို့ .. .။   ဆုံတွေ့မှုတစ်ခုဟာ မီးပြတိုက်လို သတိရခြင်းကျောက်ဆောင်ကို မိုးပြီး အရိပ်ထိုးထားတဲ့ ကြေကွဲဇာတ်ပဲ . . .။   အဲဒီခဏလေးမှာပဲ ငါဟာ  . . .အရှည်ကိုတွေးပြီး ချစ်မိလိုက်ရ . . .။   အဲဒီတော့ . .. လိပ်တင်ထားတဲ့ တကိုယ်ရေ တကာယ ကောင်းကင်ကြီး ဆွဲဖွင့်လိုက် ကောင်းဘွိုင်တို့ အရပ်ဒေသက ပြန်လာတော့ ရော့ခ် ဂီတကိုနားဆင်လော့ အတိတ်က ပိုဝေးသလား အနာဂတ်က ပိုဝေးသလား […]


comegyiOctober 16, 20111min1455
တစ်နေ့သ၌ . . .လား လား လား နင်းလျှောက်သွားမယ် . xxx လား လား  လား လမ်းမကြီးရယ် xxx လား လား လား သီချင်းတစ်ပုဒ် ငြီးဆိုရင်း xxx သို့ကလို ကျွန်ုပ်ဖုန်းမှ အသံမြည်လာ၏။ သို့ကြောင့် ကျွန်ုပ်ကိုင်လိုက်ရာ “ဟဲလို အိုင်ဆေး ကျောင်းဒကာ ကမ်းကြီးလား၊ မိတ်ဆွေကြီး ကျုပ်မောင်ပေပါ” “ ကိုရင်ပေ မဆက်စဖူး၊ အဆက်ထူးလှချည်လား ဆိုချေဗျာ၊ ဘယ့်နှာ ကိစ္စများ ရှိချေသတုံး” “အယ် ထူးဆို ခင်ဗျားကြီးအတွက် သတင်းကောင်းလို့ ဆိုရမှာပဲ။ ကျုပ်သိန်းတစ်သောင်းတန် ကျောက်တစ်လုံး အောင်ချေပြီလေ။ ကျောင်းဒကာရယ် ” “ ဟေ . . .ဂလု . […]


comegyiOctober 14, 20111min1839
ရေအိုင်စပ်တွင် ပါးယက်နားယက်လူးလွန့်သွေးဆာနေသော မျှော့မတစ်ကောင်ကို တီကောင်ကြီးက ရည်းစားစကားလိုက်ပြော သည်။ အမှန်တကယ် ချစ်မြတ်နိုးလို့ ဖြစ်နိုင်ပါသည်။ အကြောင်းမှာ သည်ကိစ္စတွင် အမှန်တကယ် မချစ်ဘဲ ချစ်နေကြပြီး အမှန်တကယ်မချစ်ဘဲ အချစ်ကိုလက်ခံနေကြသည်မှာ များပြားလွန်းလာသောကြောင့် ဖြစ်ပါသည်။ ´´မင်းကို ကိုယ်ချစ်တယ်။ ကိုယ့်ကို စဉ်းစားပေးပါ။ မင်းနဲ့ ကိုယ်က မျိုးနွယ်ချင်းလည်း နီးစပ်တာပဲနော်´´ ´´ ရှင့်လို ခေါင်းမရှိ၊ ခြေမရှိကောင်မျိုးကို မစဉ်းစားဘူး´´ မျှော့မက မချစ်ဘဲနှင့် ချစ်တယ်ဟုတော့ ပြန်မပြောပါ။ အကြောင်းမှာ သည်ပြသနာတွင် သိပွံနည်းကျအပေးအယူ တည်ဆောက်မှု များပြားလာပြီး ရင်ခုန်ခြင်းနှင့် ရောမန္တိက သဘောကို သစ္စာဖောက်ခဲ့လေပြီဟု ထင်ရသည်။ တီကောင်ကြီး အသည်းကွဲသွားပါတော့သည်။ ကျွမ်းပစ်လွန့်လူးပြီးတော့ပင် အသည်းကွဲ၏။ ဟုတ်တော့လည်း ဟုတ်တာပါပဲ။ တီကောင်က သွေးမှ မသောက်တတ်တာကိုး။ မျှော့မ […]


comegyiOctober 12, 20111min782
ပွဲတော်တွေကလည်း အမဲလိုက်မလွတ်တဲ့ တောအုပ်လို တစ်သက်လုံး ချာတိတ်ဟန်ဆောင်ကြမယ် ဆိုတဲ့ ကတိနဲ့ . ..။   သူမနဲ့တွေ့ဖို့ ငါတို့ အိမ်ပြန်နောက်ကျခဲ့ရ သူမဟာ မြောက်ပြန်လေယောင်ဆောင်လည်း တို့ ဂရုမစိုက်ဘူး လေတဟူးဟူး ဓါးသွားကို ငါတို့ ဂစ်တာနဲ့ သံယောဇဉ် အတူတူ ဆုပ်တင်းလို့ . . .။   လွယ်အိတ်ထဲမှာ စံပါယ်ပွင့်တွေနဲ့ ရင်ဘတ်ထဲမှာ မီးစုန်းရင်ခုန် မှော်ဓါတ်နဲ့ ဘုရားကျောင်းထဲက ထွက်လာတဲ့ နှင်းဖတ်ကလေးဟာ ပိုတင်ကင် သင်္ဘောပေါ်က အမြောက်သံကို နားစွင့်နေသလား. . .။   ဆောင်းရှောင်ငှက်ကလေးတွေ သင်တို့ ဘယ်မှာ သွားပုန်းနေကြသလဲ သင်တို့ ကြောက်တဲ့ ရာသီကိုမှ ငါက ရှိုက်မက်လို့ နာတာလူးညမှာ ညနဲ့ . […]


comegyiOctober 11, 20111min1126
တွေးမိတွေးရာ  ငေးမိငေးရာ… စာကလေးလှောင်အိမ်၊ အခန်းအမှတ် (၃၀၄)၊ (၃) လွှာ၊ ညာ ရဲ့ တတိယထပ် အသိုက်ထဲကနေ လမ်းကို လက်ဝါးကြီးအုပ်လိုက်တော့ ခွေးတစ်ကောင်နဲ့ လူဆယ်ယောက်ဖြတ်သွားအပြီး စံပါယ်ထမ်းသမားလေး လင်းလာပေါ့ ငွေနှစ်ရာနဲ့ မျှားလိုက်တဲ့စံပါယ်တွေ ညနေတစ်ခင်းလုံး ဖွေးလို့ ညနေတစ်ခင်းလုံး စွေးလို့ ညီလေးရေ့ ကြိုးချလိုက်မယ် . . .။       ။  


comegyiOctober 9, 20111min812
ရည်စူးပြီး ရူးရသော ဇာတ်လမ်းတွဲရုပ်ရှင်တစ်ကားလို ရာသီဥတုသာယာပြီး အရောင်အဆင်းအနံ့အရသာနှင့် ပြည့်စုံသော နေ့တစ်နေ့တွင်  ဒီဇင်ဘာကိုပြန်လည် တမ်းတမိပြန်၏။ ဒီဇင်ဘာသည် ညိုမှိုင်းရီဝေနေသော မနက်ခင်းတွင် အေးစက်စိုစွတ်စွာလှပနေပါ၏။ အကျိုးအကြောင်း ခိုင်လုံပြီး အတွေးသယံဇာတများနှင့် ပြည့်နှက်နေရသော ဒီဇင်ဘာအပေါ်ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ရန်အတွက် အသင့်တော်ဆုံးအချိန်ကာလ တစ်ခု ကုန်ဆုံးလွန်မြောက်သွားခဲ့ပါပြီ။ လတစ်လ၏ နာမည် ၊ အခြားလူတစ်ယောက်၏နာမည်နှင့် အခြားလူများ၏ နာမည်မဟုတ်သော ကျွန်တော်၏ ဒီဇင်ဘာသည် စကားလုံးတစ်လုံးစီတိုင်း ကျွန်တော့်ကိုအပြာရောင်သန်းစေပြီး ထိုဆောင်းမလေးတစ်ယောက်အကြောင်း၏ အတွေးတွင်  ကျွန်တော့်စိတ်တစ်ဘဝစာ ပစ်လဲကျနေသည်မှာ ကြာခဲ့ပါပြီ။ ရေသောက်မြစ်ထဲမှာပေပြီး နံရံမှာအပြာရောင် ကြက်ခြေခတ်ချိတ်ဆွဲထားကြသူတို့ဟာ တရိရိတိုက်စားခံရင်း၊ ရိုးရိုးအအအံချော်ရင်း၊ တိ်မ်မျှော်ရာ ငေးရင်း လေယူရာလည်း တိမ်းတတ်ခဲ့ကြပြီ။ ဆင်ခြင်တုံတရားနဲ့ စဉ်းစားလိုက်တိုင်းလည်း ကျွန်တော်ဟာ ဒီဇင်ဘာရဲ့ အပြင်ဘက်က ဝေါဟာရသာဖြစ်ပါ၏။ လူးလွန့်ချင်တဲ့အထုအထည်မဲ့ စိတ္တဇနာမ်များဟာ သန္ဒေပျက်သလို […]


comegyiOctober 9, 20111min14711
သင်ဟာ ဘယ်လို ရုပ်ဝတ္ထုပစ္စည်းကို ကိုင်ဆောင်လေ့ရှိကြောင်း၊ သင်ဟာ ဘယ်လောက်တောင်အဆင့်မြင့် ဈေးကြီးပေမဲ့ ဒီလိုရုပ်ဝတ္ထုပစ္စည်းမျိုးကိုတော့ သုံးစွဲလို့ လုံးဝ အဆင်မပြေတဲ့ အကြောင်း၊ နည်းနည်း ကိုယ်ရည်သွေးပါ။ ပြီးတော့ သင်ဟာ လက်ရှိ  ဘယ်နိုင်ငံမှာ ရောက်ရှိနေတဲ့အကြောင်း၊ သင်ဟာ ဘယ်လို ရာထူးမျိုးရထားပြီး ဘယ်လိုအတတ်ပညာအဋ္ဌာရသတွေ တတ်မြောက်ထားတဲ့အကြောင်း ကိုယ်ရည်သွေးပါ။ ပြီးတော့ သင်ဟာ ဒီကမ္ဘာမြေကြီး မှာဖြစ်ပေမဲ့ အခြားတစ်နိုင်ငံကိုရောက်နေတဲ့အတွက် ကိုယ့်နိုင်ငံကြီးကိုအလွန်ပင် သနား နှစ်သိမ့်သလို ( ယုန်သူငယ်လိုမျက်နှာထားဖြင့်) ပြန်ကြည့်ပြီး သကာလ ကိုယ့်ကိုယ်ကိုယ် တန်ခိုးရှင်တစ်ယောက်လို ထင်ယောင်ပါ။ မိမိ နိုင်ငံသားများကိုပြောဆို ဆက်ဆံသောအခါ အလွန်သနားသောလေသံ၊ အလွန် သဘောထားပြည့်ဝသော လေသံဖြင့် ဖေးဖေးမမ ပြောဆိုဆက်ဆံပါ။ ပြီးတော့ သင်ဟာ သင်ကိုယ်ရည်သွေးဖို့ရာ အကြောင်းကိစ္စများကို လိမ်မာပါးနပ်စွာ တွေးတော […]


comegyiOctober 4, 20111min991
မင်းနဲ့ငါ စကားမပြောဖြစ်ဘဲ စာချုပ်တစ်ခု ချုပ်ခဲ့ကြ မင်းဆီမှာတစ်ခြမ်း ငါ့ဆီမှာ တစ်ခြမ်း မိတ္ထူမထင် အလိုအလျှောက် ထွက်တတ်တဲ့ သာယာကြည်နူးသံကလွဲလို့ ဘယ်သူမှ မသိလိုက်ကြ . . .။         ။ မီးရထား Capatin ကြီးအတွက်ရည်ညွှန်းပါသည်။