etoneSeptember 10, 20101min1265
ကင်ဆာရောဂါအမှန်တကယ် ပျောက်ကင်းချင်တယ်ဆိုရင် အာလုံးစိမ်းဖျော်ရည် နေ့စဉ်မှန်မှန်သောက်ပေးဖို့လိုတယ်လို့အခုတလော ခေတ်စားနေပါတယ်။ အာလူးစိမ်းဖျော်ရည်လုပ်နည်းဟာ အလွန်ရိုးစင်းလွယ်ကူတဲ့အတွက် အခုချက်ခြင်း ထလုပ်လို့ရတဲ့ ကိစ္စလည်းဖြစ်ပါတယ်။ လုပ်နည်းက အရွယ်တူအာလူး (၃)လုံးကို ဖြူစင်အောင်ဘေးအစို့ပေါက်များကို အသေအချာဖယ်ရှားရပါမယ်။ အခွံနွှာဖို့တော့မလိုဘူးလို့ သိရပါတယ်။ (တစ်ခုရှိတာက ကိုယ်ရွေးတဲ့အာလူးဟာ သန့်ရှင်း လတ်ဆတ်ဖို့တော့ လိုပါတယ်။ အာလူးပုတ်၊ အာလူးဆွေးမဖြစ်စေရပါ) ရေဆေးပြီး ချစ်ရပါမယ်။ ပြီးရင် အဲဒီ အာလူးမျှင်ကလေးတွေကို ပိတ်စိမ်းပါးသန့်သန့်နဲ့ ထုပ်ပြီး အုန်းနို့ညစ်သလို ညစ်ရပါမယ်။ ရလာတဲ့ အာလူးစိမ်းရည်ကို အရသာကောင်းအောင် ပျားရယ်စစ်စစ်နည်းနည်းရောစပ်သောက်နိုင်ပါတယ်။ အာလူးစိမ်းဖျော်ရ်ကို နံနက်တိုင်း တစ် ခွက်နှုန်းသောက်သုံးပေးရင် ကင်ဆာရောဂါ သက်သာပျောက်ကင်းစေနိုင်တဲ့အကြောင်း ဂျပန်နိုင်ငံမှာ သက်သေထူပေး မယ့်အထင်ကရပုဂ္ဂိုလ် ဒုနဲ့ ဒေး ရှိနေပြီလို့သိရပါတယ်။အာလူးစိမ်း ဖျော်ရည်ကို သောက်သုံးပေးရင် ကင်ဆာရောဂါပျောက်ရုံတင်မဟုတ်ဘူးတဲ့ တစ်ပတ်နှစ်ပတ်အ တွင်း ပေါ့ပါးရွှင်လန်းလာတာတော့သေချာပါတယ်။ […]


etoneSeptember 9, 20101min631
သင့် ဂျီမေးအခိုးခံလိုက်ရပြီဆိုပါတော့။ password ရော security question ရော secondary email ပါ အပြောင်းခံလိုက်ရပြီဆိုပါတော့။ သင်ဘာဆက်လုပ်မလဲ။ ဒီအတွက် မပူပါနဲ့။ ဂျီမေးက သင့်အတွက် service တခုပေးထားပါသေးတယ်။ လုပ်ပုံလုပ်နည်း ဂူဂဲက ပေးထားတဲ့ ဖောင်ကိုဖြည့်ရပါမယ်။ account နဲ့ပက်သက်တဲ့ အချက်အလက် အသေးစိတ်တွေဖြည့်ရမှာပါ။ account ဖွင့်ထားတဲ့လူသာ သိလောက်မဲ့ အချက်အလက်မျိုးပေါ့။ ဘာအချက်အလက်တွေပါမလဲဆိုတော့ ဥပမာ နောက်ဆုံး လော့အင်ဝင်ခဲ့တ ဲ့ရက်စွဲ၊ အကောင့် စဖွင့်ခဲ့တ ဲ့ ရက်စွဲ၊ အဲဒီအကောင့်နဲ့ သင်အသုံးပြုနေတဲ့ Google ရဲ့အခြား products တွေအကြောင်း၊ Google Blogger အသုံးပြုရင် အဲဒီ Blogger Account ရဲ့အချက်အလက်အသေးစိတ်။ အရေးအကြီးဆုံးကတော့ မေးခွန်းတွေကိုဖြေရာမှာ အသေးစိတ်နဲ့ […]


etoneSeptember 9, 20109min112
၁။လေးထောင့်ကွက်တွေကြားက အဝိုင်းလေးတွေမှာဘယ်ဟာမဲနေလဲရှာကြည့်ပါလား ၂။ဘယ်မျဉ်းကကောက်နေတာလဲ ဟင်း ၃။ ဆင်ခြေထောက်ကဘယ်နှချောင်းလဲ ၄။မိန်းကလေးကိုရှာပေးပါ ၅။ဘိုးဘိုးမျက်နှာဘယ်လောက်များလဲ ၆။မြေခွေးဘယ်နှကောင်လဲ ရ။စာလေးကိုရှာပေးပါ ၈။အလယ်ကစက်ဝိုင်းတွေမှာ ဘယ်ဟာကပိုကြီးလဲ ၉။ပတ်သွားကြည့်ပါ ဘယ်နားမှာပိုနှိမ့်လဲ ၁၀။ဘယ်လိုမေးရမှာလဲ ဖြေချင်တာဖြေတော့ကွာ ၁၁။လေးထောင့်လား ခြောက်တောင့်လား ၁၂။မျဉ်းဖြောင့်လား မျဉ်းကွေးလား ၁၃။ငှက်ကလူကိုစားတာလား လူကငါးဖမ်းတာလား ၁၄။တိုင်ဘယ်နှတိုင်လဲ ၁၅။လူမျက်နာ ဘယ်နှခုပါလဲရှာကြည့်ပါလား ၁၆။ဘယ်သူကပိုရှည်လဲတိုင်းကြည့်ပေးပါ ၁၇။ဘာကောင်းလေးနှစ်ကောင်လဲပြောပြလေ ၁၈။ဝင်ပေါက်လားအကာလား ၁၉။နေရာလွတ်လေးကဘယ်နာကပါလိမ့် ၂၀။မြင်းဘယ်နှစ်ကောင်လဲသေချာရှာပေးပါလား ၂၁။ဘိုးဘိုး နဲ ဘွားဘွားကဘယ်မှာလဲ ၂၂။စာလုံးတွေကစောင်းနေတာလားသေချာကြည့်ပေးပါအုံး ၂၃။ဘယ်ဟာကပြေးနေတာလဲနော် ၂၃။စပါးခင်းကလေတိုက်နေတာလား ၂၄။ဘယ်ဘက်ကိုလည်နေတာလဲ ၂၅။အလယ်ကအမှတ်နဲ့ဘယ်အမှတ်ကပိုဝေးလဲ ၂၆။ဘယ်အဝိုင်းကလှည့်နေတာလဲ ၂၇။ရှေ့တိုးကြည့်ပါ လှည့်နေသလားလို့ သေချာကြည့်နော်


etoneSeptember 9, 20101min1093
ကံဆိုတာဘာကိုခေါ်လည်းလို ့မပြောခင်မှာ ကံကို ၂ မျိုးခွဲခြားလို့ရပါတယ်။ ပထမတစ်မျိုးကတော့ ရှေးအတိတ်ဘဝက ကံ ၊ နောက်တစ်ခုကတော့ အခု လက်ရှိဖြစ်ပျက်နေသော ကံ ဆိုပြီး နှစ်မျိုးခွဲခြားလို့ရပါတယ်။ ကံဆိုတာဟာ တစ်ကယ်တော့ အလုပ်ပါ။ ကိုယ်လုပ်သမျှသော အလုပ်အားလုံးဟာ ကံတွေပါပဲ။ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးကိုခံစားရမယ် ဆိုတဲ့ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း ဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ရင်းနှီးပြီးသားဘုရားဟောတရားဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေမှမဟုတ်ပါဘူး ဘယ်ဘာသာကိုမဆို မကောင်း တာကိုမလုပ်ဖို ့ကောင်းတာကိုလုပ်ဖို့လမ်းညွှန်ထားကြတာပါပဲ။ ဒီဘက်ခေတ်ထဲမှာ မကောင်းမှုလုပ်နေပြီးတော့ ဘာလို့ကြီးပွားချမ်းသာ နေလည်း လို ့မေးစရာရှိပါတယ်။ ဒီလိုပုံစံမျိုးမေးခွန်းအတွက်ကတော့ ဘုရားဟောသာဓကတစ်ခုနဲ ့ရှင်းလင်းပြောပြပါ့မယ်။ ဘုရားရှင်လက်ထက်မှာတုန်းက သူငယ်ချင်းကုန်သည်နှစ်ဦး တစ်ခြားမြို ့ရွာကို ကုန်ပစ္စည်းအရောင်းအဝယ်သွားကြတယ်။ တစ်ဦးက စိတ်ရင်းစေတ နာကောင်းနဲ့ လူတွေကိုကူညီတယ်၊ […]


etoneSeptember 9, 20101min490
” ဒုက္ခပေးတဲ့အကောင် ” ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။ အိမ်သာသန့်ရှင်းရေးလုပ်သားနေရာ သာ လစ်လပ်နေသည်ဖြစ်သဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။ လူငယ်က သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင် ကက်ဆက်တစ်ခုထည့်ထားလိုက်သည်။ လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။ ဝန်ကြီးရုံးသို့ ဝန်ကြီးတစ်ဦးရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ လူငယ်က ဝန်ကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။ အိမ်သာခန်းထဲသို့ ဝန်ကြီးဝင်သွားသောအခါ ကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။ မြန်မာပြည်သိန်းတန်၏ “ရိုင်းတဲ့စင်ယော်´´သီချင်းသံ ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။ မကြာမီ အိမ်သာခန်းထဲမှ စောစောကဝန်ကြီးထွက်လာသည်။ “မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပလား´´ “ဒီနေ့ ပထမနေ့ပါခင်ဗျ´´ “အေး မင်းကိုရာထူးတိုးပေးရမယ်´´ မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်၊ အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ် တွံတေးသိန်းတံ၏ “အသီးတစ်ရာ အညှာတစ်ခု´´ သီချင်းကိုဖွင့်ပေးလိုက်သည်။ […]


etoneSeptember 9, 20101min550
အလွမ်း…. လူသားတိုင်း အချစ်ဆိုတဲ့အရသာကို မြည်းစမ်းဖူးသလို လွမ်းရတဲ့ဝေဒနာကိုလည်း ခံစားဖူးကြမှာပါ ။ ဘယ်သူမှ လွမ်းရတဲ့ ဝေဒနာကို မခံစားချင်ကြပါဘူး ။ ဒါပေမယ့်လည်း..တစ်ခါတစ်လေမှာ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ရတဲ့အခါ ၊ မိမိ ချစ်တဲ့သူနဲ့ လမ်းခွဲရတဲ့အခါ ၊ တစ်ယောက်နဲ့ တစ်ယောက် ခွဲခွာရတဲ့အခါ လွမ်းကြရပါတယ် ။ သူငယ်ချင်းတွေ ကျောင်းပြီးလို့ ခွဲခွာရတဲ့အခါ လွမ်းရတဲ့အလွမ်း နှင့် မိမိ ချစ်သောသူနဲ့ ခွဲခွာရတဲ့ အလွမ်း ခံစားရတာချင်းမတူညီပါဘူး…။ သူငယ်ချင်းများကို လွမ်းတဲ့အလွမ်းဆိုတာ သူငယ်ချင်းတွေနဲ့ အတူလျှောက်သွားခဲ့ဖူးတယ် ဆိုတဲ့အသိက ပျော်ရွှင်မှုတွေနဲ့ပဲ စပြီးတော့..နောင် ပြန်ဆုံတွေ့ရင်လည်း ဒီလိုမျိုး တစ်ခါပြန်သွားဖို့ စိတ်ကူးမိကြတဲ့အတွက် ကြည်နူးခြင်း နဲ့ အဆုံးသတ်ပါတယ် ။ ချစ်သူတွေ ခွဲခွာရတဲ့အကြောင်းအရင်းတွေထဲမှာ အများအားဖြင့် လုံးဝပြန်မတွေ့နိုင်လို့ ၊ […]


etoneSeptember 9, 20101min2420
ဒီခေါင်းစဉ်လေးကို တင်ပြဖို့ စဉ်းစားထားတာ ကြာပါပြီ၊ ဘာဖြစ်လို့ တင်ပြချင်တာလဲ ဆိုတော့ ကမ္ဘာပေါ်မှာရှိသော လူသားအားလုံးရဲ့လိုအပ်ချက်ဟာ ဘာလဲဆိုတော့ လူတော် လူကောင်းဖြစ်ဖို့က အဓိက Main ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် လူတော်လူကောင်းဆိုတာ ဘယ်လိုအရာတွေနဲ့ပြည့်စုံတဲ့လူတွေကို ခေါ်တာလဲဆိုတာလည်း မသိတဲ့လူတွေကလည်း သိချင်ကြမှာဖြစ်သလို သိတဲ့လူတွေလည်း ထပ်ပြီးပြည့်စုံသလောက်ရှိအောင် မိမိသိသလောက် လေးကို အထောက်အထားလေးတွေနဲ့ တင်ပြပေးလိုက်ပါတယ်။ ဒီစာတွေကို ရေးတာဟာ မိမိကိုယ်တိုင် သိလို့ရေးတာမဟုတ်သလို ဆရာကြီးလုပ်ချင်လို့ ရေးတာလည်း မဟုတ်ဘူးဆိုတာတော့ စာဖတ်သူတို့ ယုံကြည်စေချင်ပါတယ်။ ဒီလူတော်လူကောင်း ခေါင်းစဉ်ကို ရေးသားရာ၌ မှားယွင်းမပြည့်စုံများ တွေ့ရှိခဲ့လျှင် “ကျရောက်မြူသွင်၊ အပြစ်မြင်က၊ တင်၍နှုတ်သာ၊ ကဲ့ရဲ့ပါနှင့်၊ လျင်စွာထောက်ကူ၊ ပြင်တော်မူရှင့်”ဟု အရှင်ပညာတိက္ခ ရေးသား ထားသည့်အတိုင်း အပြစ်မမြင်အမှန်ပြင်၍ သူတော်ကောင်းစိတ်ဖြင့် ဖတ်ရှုစေလိုပါသည်။ ကမ္ဘာပေါ်ရှိ […]


etoneSeptember 9, 20101min661
စင်္ကာပူနိုင်ငံရှိ James Cook University (JCU) တွင် မဟာဘွဲ့တက်ရောက်မည့်သူများအတွက် JCU မှ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် စကောလားရှစ် ပေးအပ်သွားမည်ဖြစ်ပါသည်။ ယခုနှစ်အောက်တိုဘာလတွင် JCU သို့ MBA (Master of Business Administration), MIT (Master of Information Technology) နှင့် Joint Master Degree ဖြစ်သည့် MBA+MIT (16 months) အပါအဝင်မဟာတန်းများအတွက် ကျောင်းဝင်ခွင့်လျှောက်ထားမည့်သူများထဲမှ ရွေးချယ် ပေးအပ်မည့် စကောလားရှစ်ဖြစ်သည်။ JCU တွင်အထက်ဖော်ပြပါ Master တန်းများကိုတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံမှဘွဲ့တစ်ခုသာ ရရှိရန် လိုအပ်ပြီး လုပ်ငန်းအတွေ့အကြုံနှင့် အခြားသော စာမေးပွဲဖြေဆိုထားရန် မလိုအပ်ပါ။ သို့သော် အင်္ဂလိပ်စာအရည်အချင်းစစ် IELTS/ […]


etoneSeptember 8, 20101min854
ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။ မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ် ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။ နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် […]


etoneSeptember 8, 20101min460
မင်္ဂလာပါ … ကျွန်မကတော့ … စာဖတ်သူတို့ အသည်းစွဲ မဒန့်ဒလန့်တန့်တိန်တိန်ဂွမ်ပါ … ကျွန်မက ff ( forver friends ) က celebrity star များနဲ့ တွေ့ဆုံမေးမြန်းမလို့ပါ … ဒီနေ့ တနေ့တာ အတွက် ff က star တယောက်ကို စီစစ်ရွေးချယ်လိုက်တော့ … ( လာပေးထားတဲ့ ထမီနဲ့ပိတ်စတွေရဲ့ မျက်နှာ အရ ) Mr.Keen ကိုပဲ မေးမြန်းဖို့ ရွေးချယ်လိုက်ပါတယ် ရှင် … ဟဲဟဲ … ( သူကအလိုက်သိတာကိုး ) Mr.Keen နှင့် မေးမြန်းစပ်စုခန်း … ဒန့်ဒလန့်တန့် – မင်္ဂလာပါ … Mr.Keen […]