ကြောင်ဝတုတ်November 20, 20122min67757
ချစ်ခင်လေးစားရပါသော မန်းဂဇက်မှစာဖတ်သူများခင်ဗျား… Professional & Personal ဆိုတဲ့ပိုစ့်က ကျွန်တော်ကြောင်ဝတုတ်ကို အတော်လေးလူသိများလာစေတဲ့ ပိုစ့်လို့ ပြောရရင်မမှားဘူးလို့ဆိုရမယ်ထင်ပါတယ်… အခုရက်ပိုင်း ဒီ Professional နဲ့ Personal နဲ့ပတ်သက်ပြီးပြောနေကြတာ… ဆွေးနွေးနေကြတာတွေ့တော့… ကျွန်တော်ထပ်ပြီးခံစားရတာလေးတစ်ခုအကြောင်းကို ပြောချင်ပါသေးတယ်… အဲဒီအကြောင်းကတော့ Privacy & Transparency ဆိုတာပါပဲ… ရွာထဲမှာစာတွေရေးကြတဲ့လူတွေအများကြီးရှိပါတယ်… ဒါပေမယ့် အဲဒီအထဲမှာ ဘယ်သူကတော့ဖြင့် ဘာအလုပ်လုပ်ပါတယ်… ဘယ်မှာနေပါတယ်… ဘယ်လိုပုံစံပါဆိုပြီး ရွာထဲမှအတိအလင်းနေကြတဲ့မန်ဘာ တွေရှိသလို… ရွာသူားတွေနဲ့ မတွေ့ဆုံကြဘဲ၊ မျက်နှာမပြဘဲ စာရေးတယ်… စာဖတ်တယ်… ကော်မန့်လေးတွေပေးတယ်… အဲဒီလိုမန်ဘာတွေလဲရှိပါတယ်… ကောင်းပြီး… သူတို့ဘာလို့မျက်နှာမပြတာလဲ… အင်တာနက်ပေါ်မှာရေးတဲ့လူတွေအနေနဲ့ မိမိရဲ့ဘဝမှန်ကို ဖုန်းကွယ်ပိုင်ခွင့်ရှိပါတယ်… ပြောရမယ်ဆိုရင် Privacy ပေါ့… မိမိလျှို့ဝှက်ချက်ကို လူတိုင်းထိန်ချန်ပိုင်ခွင့်ရှိတာ သည်လူတိုင်းမှာရှိတဲ့ အခွင့်အရေး… တနည်းအားဖြင့် လူ့အခွင့်အရေးပါ… အဲဒီလိုပဲအဖွဲ့အစည်းတိုင်း၊ […]


ကြောင်ဝတုတ်November 19, 20121min71934
မနက်မိုးလင်းတော့ နံနက်စာအဆာပြေလေးစားမယ်ဆိုပြီး လမ်းထပ်ကအသုပ်ဆိုင်လေးသွားတော့… အသုပ်ဆိုင်မှာ ကြားရတာက “အိုဘားမား”တဲ့… ရုံးသွားဖို့ ကားငှားတော့လဲ… တက္ကစီပေါ်မှာ “အိုဘားမား”တဲ့… ရုံးရောက်လို့ တနင်္လာနေ့အစည်းအဝေးလုပ်တော့လဲ… လမ်းပိတ်တဲ့အကြောင်းကနေ “အိုဘားမား”တဲ့… အဲလိုနဲ့… ဂျီတော့မှာ သူငယ်ချင်းတွေနဲ့တွေ့တော့လဲ… အိုဘားမားတဲ့… ဂျီတော့စတေ့တပ် မတ်စိတွေမှာလဲ… အိုဘားမားတဲ့ ရုံးက ကားဒရိုင်ဘာတွေကလဲ… အိုဘားမားတဲ့… ရုံးဝန်ထမ်းတွေကလဲ… အိုဘားမားတဲ့… ဓမ္မစေတီလမ်းမှာနေတဲ့သူငယ်ချင်းတွေကလဲ… အိုဘားမားတဲ့… ပြည်လမ်းပေါ်က မိတ်ဆွေတွေကလဲ… အိုဘားမားတဲ့… အခုနေ့လည် ထမင်းစားတော့လဲ ထမင်းဝိုင်းမှာ အိုဘားမားတဲ့… ဒီနေ့ကိုတောင် အိုဘားမားနေ့လို့ပြောရမလိုဖြစ်နေပြီ… ဂရုချက်ထဲသူ သူငယ်ချင်တစ်ယောက်ကတော့ နင့်လိုအရက်သမားကြီးက အိုဘားမားကို ဘယ်စိတ်ဝင်စားမတဲ့တုန်းဆိုပဲ… ဒီနေ့နေ့တစ်ဝက်လုံး… အိုဘားမားတဲ့… နေရာတကာ… အိုဘားမားတဲ့… ဖေ့ဘွတ်ပေါ်မှာလဲ အိုဘားမားကြိုတဲ့ ကျောင်းစိမ်းဝတ်ကလေးတွေ… ဂျာနယ်တွေမှာလဲ အိုဘားမားပဲတဲ့… အင်တာနက်မှာလဲ အိုဘားမားတဲ့… လူတွေပါးစပ်ဖျားမှာလဲ အိုဘားမားတဲ့… […]


ကြောင်ဝတုတ်November 15, 20121min29729
ကျုပ်နာမည် ပိစိ… မိသားစုထဲမှာ အညှက်ဆုံးမို့ ပိစိလို့နာမည်ပေးထားပေမယ့် အသက်လေးလဲရလာရော… ထင်သလောက်မသေးခဲ့ပါဘူး… အသက်လေးလဲ နဲနဲရလာတော့ လူတွေကကျုပ်ကို ဦးပိစိလို့ခေါ်ကြတယ်… ကျုပ်ဘဝမှာ အရက်သောက်ပြီး တစ်ခါတစ်ရံမူးတတ်တာကလွဲရင် သူများကိုဒုက္ခမပေးဖူးလို့ အပေါင်းအသင်းတွေကချစ်ကြတယ်… မူးရင် ဘယ်တော့မှမရစ်ဘူး… စကားပြုံးပြုံးကြီးပြောပြီး ခင်စရာတောင်ပိုကောင်းလာတယ်လို့သူများတွေက ပြောကြတယ်… တစ်ခါတစ်ရံ ယောင်္ကျားပီသအောင် ကွမ်းစားကြည့်ဖူးတယ်… သိပ်မကြိုက်ဘူး… လောင်းကစားလေး တစ်ခါတစ်ရံလမ်းကြုံရင် ကစားတယ်… ကံဇာတာကအရမ်းကောင်းတော့ စွဲသွားလောက်အောင်တစ်ခါမှမနိုင်ဘူး… နောက်ဆုံးတော့ ဘယ်အချိန်သောက်သောက်မူးတတ်တဲ့ သစ္စာရှိတဲ့အရက်ကိုပဲသောက်ရတယ်… တကယ်ကို မူးတဲ့အရသာကိုနှစ်သက်မိသွားတော့… ဦးပိစိမူးအောင်မျိုးစုံလုပ်ဖူးတယ်… ဘဝမှာ အရက်သောက်ပြီးမူးတာထက် ပိုပြီးမူးတဲ့နည်းလမ်းအသွယ်သွယ်ကို သုံးခဲ့ဖူးတယ်… နည်းမျိုးစုံနဲ့ ဦးပိစိမူးဖူးတယ်… (၁) ဦးပိစိ ကားတာယာကို မီးရှို့ပြီးမူးဖူးတယ်…. (၂) ဦးပိစိ PVC ကပ်တဲ့ကော်ရှုပြီး မူးဖူးတယ်…. (၃) ကိုယ့်ဂျိုင်းမွှေးကိုယ်နှုတ်… မီးရှို့ရှုရင်း မူးဖူးတယ်…. (၄) ဘုရားပွဲမှာ […]


လေးစားအပ်ပါသော ရွာသူားအပေါင်းတို့ခင်ဗျား… ရွာ့နာယကကြီးများဖြစ်ကြသော ဦးဦးပါလေရာ၊ ဦးလေးကထူးဆန်း၊ အန်တီပဒုမ္မာ၊ အန်တီမမတို့နဲ့ ရွာကာလသားအဖွဲ့ ရပ်ရေးရွာရေးဆွေးနွေးတိုင်ပင်လိုက်တဲ့အခါမှာတော့ အလှူခံပုဂ္ဂိုဟ်ကလေးများလဲ အကြာကြီးမစောင့်ရအောင်… ရွာသူားများလဲ တစ်နေ့တစ်နေ့ ရွာထဲရောက်တာနဲ့ အလှူခံမဏ္ဍာပ်ရဲ့အသံဗြဲကြီးနဲ့ အလှူခံနေတာတွေကို ရက်ရှည်လများကြားပြီး စိတ်မဆင်းရဲရလေအောင်… ခရစ်စမတ်နဲ့ နှစ်သစ်ကူးရက်များမှာ သုံးမယ့်ကဲမယ့် ငွေယားလေးတွေကို ဂဇက်အလှူအတွက် အစောကြီးထဲကဖမ်းသိမ်းလိုက်နိုင်လေးအောင်… ကောင်းမွန်သောရည်ရွယ်ချက်တစ်ပုံတစ်ပင်နဲ့ ရွာ့နာယကကြီးများနဲ့ တက်ကြွသူရွာ့ကာလသားသမီးများ တိုင်ပင်ပြီးသကာလ၌ စတုတ္တအကြိမ်မြောက် ရွာအလှူတော်ကို ရက်ရွေ့ပြောင်းရန် ဆုံးဖြတ်လိုက်ပါသည်… အဲဒီတော့ အချိန်၊ နေရာနဲ့ ဆက်သွယ်ရန်များကို ပြန်လည်ပြီးကြေငြာခြင်းဖြစ်ပါတယ်…   လှူဒါန်းမည့်နေရာ – ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ဘုရားကြီးကျေးရွာ၊ မင်္ဂလာလူငယ်ဖွံ့ဖြိုးရေပရဟိတဂေဟာ လှူဒါန်းမည့်နေရက် – ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်၊ တနင်္ဂနွေနေ့ အလှူငွေနောက်ဆုံးလက်ခံမည့်ရက် – ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ (၉)ရက်၊ […]


မနေ့က Apple ကနေပြီးတော့ သူ့ရဲ့ iPad Mini (ပိစိကွေးကိုစတင်ကြေငြာပြီး)… နိုဝင်ဘာလ(၂)ရက်နေ့တွင် စတင်ဈေးကွက်တင်ရောင်းချမယ်လို့ ဆိုပါတယ်… ကွယ်လွန်သွားရှာပြီဖြစ်တဲ့ Apple ရဲ့ CEO ဟောင်း Steve Jobs ကတော့ iPad Mini ကိစ္စကို ကန့်ကွက်ခဲ့ဖူးတယ်လို့သိခဲ့ရဖူးပါတယ်… အရွယ်အစားသေးငယ်တဲ့ ဖန်သားပြင်ပေါ်မှာ အံ့ဩစရာကောင်းလောက်တဲ့ ဆော့ဝဲတွေထုတ်လုပ်ဖို့ပြသနာရှိတယ်လို့ Steve Jobs ကဆိုခဲ့ဖူးပါတယ်… အခုအခါ Steve Jobs ကွယ်လွန်ပြီးနောက်… ဆက်ခံသူများက ဘယ်လိုမျိုးအစီအစဉ်တွေ ဒီဇိုင်းတွေနဲ့ Steve Jobs မရှိပေမယ့် Apple ကို ကမ္ဘာ့တန်ကြေးအကြီးဆုံး ကုမ္ပဏီအနေနဲ့ဆက်လက်ရပ်တည်မလဲဆိုတာကို iPhone5 ကနေပြီးတော့ စတင်အကဲဖြတ်နေရတဲ့အချိန်ပါ… အခုအခါမှာလဲ iPad Mini ကို Apple က ထုတ်လုပ်လိုက်ခြင်းအားဖြင့် Tablet ဈေးကွက်မှာ […]


ဒေါ့ကွန်းသနှင်းပိုင်စိုးတော်မူသော ဆာဗာပြည့်ရှင်အက်ဒမင် သူကြီးမင်း ဦးခိုင်ခင်ဗျား… ဦးတင်အပ်ပါသည်… ကျွန်ုပ် ဇမ္ဗူလောကပါလသီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ်သည် မန်းဂဇက်ရွာတွင်း၌ အိဒ္နြေသံပတ္တလားအပြည့်နှင့် ဂုဏ်သရေရှိရှိ နေထိုင်သော လူကြီးလူကောင်း၊ အကောင့်ကြီးအကောင့်ကောင်းတစ်ခုဖြစ်သူဆိုသည်ကို ဂဇက်ရွာသူားများအားလုံး အကြွင်းမဲ့ယုံကြည်ထားပြီးဖြစ်ပါသည်… သို့ရာတွင် ယခုတရားခံဖြစ်သူ အဂ္ဂမဟာသရေစည်သူဝဏ္ဍကျော်ထင်အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z မှ ကျွန်ုပ်၏ ဂုဏ်သိမ်ညှိုုးနွမ်းစေရန်အလို့ငှာ သီရိမဟာဥမ္မာဒန္နီပပဝတီဦးဗြဲရမ်းဒေါ်ဗလဗွသမီးညောင်ရမ်းဂွကို ဒေါ်ဝေါင်း၏ အားပေးအားမြှောက် ထောက်ခံမှုဖြင့် လျှို့ဝှက်ရည်းစားစာဟူသော https://myanmargazette.net/152693/society-lifestyle/aha-jokes ပိုစ့်တစ်ပုဒ်ဖြင့် ဂုဏ်သရေရှိလူကြီးမင်းတစ်ဦးဖြစ်သော ကျွန်ုပ် ဇမ္ဗူလောကပါလ သီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ်အား နောက်ထပ်မံရရှိရန် ကျန်ရှိနေသေးသော မဟာအဂ္ဂဘွဲ့နှင့် ဩီဝတ္တဏပါဠီဘွဲ့ထူးဘွဲ့မြတ်ကြီးများအားမရရှိစေရန် အလို့ငှာ အသရေဖျက်ရန်ကြိုးစားသောအားဖြင့် တရားစွဲဆိုလိုပါသည်.. ဤတရားစွဲဆိုမှုတွင်အဂ္ဂမဟာသရေစည်သူဝဏ္ဍကျော်ထင်အောင်ဆန်းသူရိယ မဏိဇောတဓရ အကယ်ဒမီများရှင် လယ်ထွန်Z မှတရားလိုဖြစ်သူ ဇမ္ဗူလောကပါလ သီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ် အား ပွိုင့်တစ်သိန်းလျော်ကြေးပေးလျော်စေရန်နှင့် သက်သေများအဖြစ် ကျွန်ုပ် ဇမ္ဗူလောကပါလ သီရိသုဓမ္မသိဂီ င်္ကြောင်ဝတုတ် ဘက်မှ အသည်းအသက်အကြင်နာနှလုံးမူပိုင်ရှင်ရင်နှစ်သည်းခြာမကြည်ပြာ မှလည်းကောင်း အဂ္ဂမဟာဘီးဇီးပျားတုပ်အပြီးလှုပ်အလကားကျော်စွာ Etone မှလည်းကောင်း လူသက်သေအဖြစ်ထွက်ဆိုပေးမည်ဖြစ်ပြီး… […]


ဒီလိုဗျ… ပြောရမယ်ဆိုရင် ခင်ဗျားတို့လဲ သိတဲ့အတိုင်းဗျာ… ဒါဇင်ပလပ်ဆိုတဲ့အဖွဲ့ပိစိညှောင့်တောက်လေး… လစဉ် လုပ်အားခထဲကနေပြီးတော့ တတ်စွမ်းသမျှလေးတွေဖဲ့လှူတဲ့အဖွဲ့… လှူပြန်တော့လဲ စာသင်သားရှိပြီးရော… ဘကကျောင်းဖြစ်ရင်ပြီးရောဆို မလှူချင်တော့အရပ်လှည့်ပြီး အလှူခံပုဂ္ဂိုဟ်လေးတွေ လှူသင့်တဲ့နေရာလေးတွေကို အချိန်ပေးရှာရသပေါ့… အားလပ်ရက်လေးတွေမှာ အဆင်ပြေသူများစုပေါင်းပြီး ဒါဇင်ပလပ်ရဲ့အလုပ်လဲ လုပ်ကြရသပေါ့ဗျာ… ဘယ်ကျောင်းလေးကဖြင့် ဘာတွေလိုနေတယ်… ဘယ်ကျောင်းလေးကဖြင့် စည်းကမ်းကောင်းလိုက်တာ… ဘယ်ကျောင်းလေးကဖြင့် အတော်လေး ချို့တည့်ရှာတယ်ပေါ့… ဘယ်ကျောင်းလေးကတော့ ဘယ်လိုပေါ့… အချက်အလက်လေးတွေစု… နောက်လကို ဘယ်ကျောင်းကိုသွားမယ်… သွားဖို့ ဘယ်လို စီစဉ်ကြမယ်ဆိုတာ တိုင်ပင်ကြနဲ့… အဲဒီမှာ… အခြေအနေကလဲပေး… အားတဲ့ရက်နဲ့လဲတိုက်ဆိုင်တော့ တွံတေးမြို့နယ်၊ ကွမ်းခြံကုန်းနဲ့ ကော့မှူးကားလမ်းမပေါ်မှာရှိတဲ့ မင်္ဂလာတိုက်ကျောင်းမှာရှိတဲ့ မင်္ဂလာပရဟိတကျောင်းကို မေးစမ်းရင်းနဲ့ အခြေအနေကြည့်ဖို့ရောက်သွားတယ်ဆိုပါတော့ဗျာ… အထဲရောက်တော့ ကျောင်းအဆောက်အဦးလေးတွေကောင်းတော့ မိဘမဲ့ကလေးတွေ အနေအစားသင့်တင့်သားရယ်လို့တွေးမိလိုက်သေး…   ကျောင်းထဲရောက်တော့ တာဝန်ရှိသူတစ်ယောက်မေးလိုက်ချိန်မှာ ကျောင်းသားပေါင်း (၁၂၁၇)ယောက်တဲ့… တစ်နေ့ စားစရိတ် (၇)သိန်းလောက်သုံးမှ ချဉ်ရေဟင်း၊ ငါးပိရည်၊ သခွားသီးနဲ့ […]


ဒီအကြောင်းအရာလေးတွေ ကျွန်တော့်ခေါင်းထဲစိမ့်ဝင်နေတာကြာပြီလို့ဆိုရင်လဲ မှန်သလို… ဒီစာကိုရေးဖို့အတွက် အချက်အလက်တွေနဲ့အချိန်အခါတွေလိုနေသေးသမို့ အချက်အလက်စုရင်း အချိန်အခါစောင့်ရင်း… ပျင်းနေရင်းနဲ့ အချိန်တွေဆွဲဆန့်ထားတာလဲ တော်တော်ကြာနေပြီပေါ့… ပြီးခဲ့တဲ့လကုန်နဲ့ ဒီလဆန်းတစ်ရက်နေ့မှာ တက်ခဲ့တဲ့ပိုစ့်နှစ်ခုက ကျွန်တော့်အတွေးတွေကို ပိုပြီးတွေးမိစေ တယ်လို့ဝန်ခံရမှာပဲ… တစ်ခုကတော့ အစ်ကိုကျော်သိန်းရဲ့ ဘယ်ကျောင်းထားမှာလဲနှင့် ကျောင်းဒုက္ခ… https://myanmargazette.net/150390/creative-writing/drama-essays-humor-memoirs-novel-excerpts-short-stories သူကြီးကိုယ်တိုင် Sticky ပေးထားတဲ့ပိုစ့်ပါဗျာ… နောက်တစ်ခုကတော့ ကိုပေါက်ပေါက်ရေးထားတဲ့ မည်ကာမတ်တ Ph.D ဘွဲ့တွေနဲ့ ဦးဆောင်နေမယ်ဆိုရင်ဖြင့် https://myanmargazette.net/150680/education ကဲ… ကျွန်တော်စပြီး နှမ်းဖြူးပါတော့မယ်… ကျွန်တော်အမြဲပြောတတ်သလို Change ပေါ့ဗျာ… Change လို့ပြောတိုင်း သူငယ်ချင်းမယ်ပုချ်ရဲ့ အကြွေစေ့ပုံပြင်လေးကို သတိရမိလို့ အကြွေစေ့နဲ့အပေါက်ခံရမှာ စိုးသေး… Change လို့ပြောတဲ့နေရာရဲ့နောက်ကွယ်မှာ Update & Upgrade ဆိုတာက ကပ်ပြီးလိုက်ပါလာပါတယ်… အခု ကျွန်တော်တို့နိုင်ငံရဲ့ အုပ်ချုပ်ရေးစနစ်နဲ့ ၎င်းအောက်မှာရှိတဲ့ပညာရေးစနစ်ကို […]


ကြောင်ဝတုတ်September 20, 20121min48529
ကလင်…. ကလင်…. ကလင်…. စားပွဲပေါ်မှဖုန်းလေးမြည်လာသည်… ထုံးစံအတိုင်းဖြစ်နေကြ ကွန်ပျူတာပြသနာများအတွက် မေးမြန်းမှုပင်ဟု တွက်ထင်ပြီး ဖုန်းအားကောက်ကိုင်လိုက်သည်… “ အခွန်ဆောင်ထားတဲ့စာရွက်တွေ HR အခန်းမှာလာပြီးယူလို့ရပြီနော်… ” “ အော်… အင်း လာခဲ့မယ်… ခဏလေးပါ… ” လုပ်လက်စလေးကို လက်စသပ်… အောက်ထပ်ကိုပြေးဆင်းသွားပြီး… ဝင်ငွေခွန်ပြေစာယူရန် HR အခန်းထဲသို့ တံခါးလေးခေါက်ပြီးဝင်သွားလိုက်သည်… HR Officer အနားတွင် ရုံးမှအရာရှိတစ်ယောက် ပြေစာထုတ်ယူရင်းစကားစမြည်ပြောနေသည်… သူ့ကိစ္စပြီးပါစေလို့ ခဏစောင့်ရင်း… ကိုယ့်အလှည့်ရောက်လို့ လက်မှတ်လေးထိုးနေတုန်း… သူက စကားစ၏… “ ဘယ်လိုတုန်းဗျ… ကိုအိုင်တီရ… ကျွန်တော်အခုပဲပြောနေတာဗျ…” “ ဟုတ်… ဘာကိုလဲအစ်ကို…” “ ဒီလိုဗျာ… အစိုးရက တစ်နှစ်ကို တစ်ဆယ့်လေးသိန်းနဲ့အထက်ဝင်တဲ့လူတွေကို အခွန်ဆောင်ခိုင်းတယ်…” “ အင်း…” ခေါင်းတစ်ချက်ညိတ်ပြီး ထောက်ခံလိုက်သည်… […]


ကြောင်ဝတုတ်September 13, 20123min36534
၂၀၁၂ခုနှစ်၊ စက်တင်ဘာလ (၁၂) ရက်နေ့မှာ ကာလီဖိုးနီးယားအခြေစိုက် Apple ကုမ္ပဏီမှ မျိုးဆက် (၅)ခုမြောက် iPhone ကို စတင်မိတ်ဆက်ခဲ့ပါတယ်…. အိုင်ဖုန်းဖိုက်ရဲ့ မျက်နှာပြင်ကို ကန့်လန့်ဖြတ်တိုင်းရင် ၄လက်မအရွယ်အစားရှိလာပြီး၊ Resolution အားဖြင့် 1136 x 640 ရှိလာကာ၊ ppi အနေနဲ့တော့ iPhone 4 ရော iPhone4S ရောနဲ့အတူတူ 326 ppi အဖြစ်ရှိပါတယ်… အပြောင်းအလဲသိပ်မရှိပါဘူး… Resolution နဲ့ မျက်နှာပြင်အရွယ်အစားအရ iPhone 4/4S တို့ထက် 0.32 လက်မပိုပြီး ရှည်လာတာကိုတွေ့ရပါတယ်… အရပ်နဲနဲပိုရှည်လာသော iPhone ပေါ့… Display ကိုတော့ဖြင့် Apple ရဲ့နာမည်ကျော် မျက်ကြည်လွှာဖန်သားပြင် (Retina Display) ကိုပဲအသုံးပြုထားတာကိုတွေ့ရပါလိမ့်မယ်… Two in One Pixel လို […]


ကြောင်ဝတုတ်September 4, 20121min353
အရင်ဆုံးပြောချင်တာတစ်ခုက ဒီစာရေးတဲ့နေတဲ့အချိန် ဆိုဒ်ပေါ်တင်သင့်မတင်သင့် တော်တော်ကြီးစဉ်းစားတယ်… ရေးပြီးတော့လဲ ပြောသင့်မပြောသင့်သေသေချာချာဆုံးဖြတ်ပြီးမှ ပြောသင့်တယ်ထင်လို့ပြောပါတယ်… အမှားတစ်စုံတစ်ရာပါခဲ့မယ်ဆိုရင်… တွေးခေါ်ရေးသားသော ကျွန်ုပ်၏ တာဝန်သာဖြစ်ကြောင်း ပြတ်ပြတ်သားသားတာဝန်ယူပါသည်… အရင်ဆုံးပြောချင်တာက… ဂဇက်ဆိုတဲ့ရွာကြီးအကြောင်းပါ… ဂဇက်ဆိုတဲ့အွန်လိုင်းရွာကြီးကို ကျွန်တော်တို့အားလုံး မြတ်နိုးစွာ ဒီမိုရွာကြီးဟု နှစ်နှစ်သက်သက်လက်ခံထားသည်…  ဟုတ်ပါပြီ… ဒါဆိုရင် ရွာသူရွာသားတွေရော ဘယ်လောက်တောင်ဒီမိုဆန်နေကြပြီတုန်း… ဒီမိုဆိုတာကို ဘယ်လောက်အထိ လက်ခံထားနိုင်ကြပြီတုန်း… သေသေချာချာပြန်စဉ်းစားကြည့်ရအောင်… အရင်ဆုံး ကျွန်တော်စိတ်မကောင်းစွာတွေ့ရတာက ရခိုင်အရေးဆွေးနွေးတိုင်း ဂဇက်မန်ဘာဝင်တွေ တော်တော်များများ အားရဝမ်းသာဝိုင်းဆဲကြတဲ့အဖြစ်… ဒီမိုရွာမှာ သူ့အမြင်ကိုရေးရင် ကိုယ့်ဘက်ကလဲ ခိုင်မာတဲ့အထောက်အထားနဲ့ တိတိပပချေပနိုင်ရင်ချေပ… မချေပနိုင်တဲ့အနေအထားဆိုရင် ပါးစပ်ပိတ်ပြီး ဒေါင့်မှာသွားထိုင်နေရုံပဲ… ပုဂ္ဂိုဟ်ရေးမနှစ်သက်မှုတစ်ခုနဲ့ ဗုဒ္ဓသာသာဝင်မဟုတ်သော အခြားသူတစ်ဦးဦးကို ဆဲရေးတိုင်းထွာတာ… ခါးအောက်ပိုင်းမိုးမွှန်အောင်ဆဲတာမျိုးက လူကြီးလူကောင်းဆန်သော အပြုအမူ မဟုတ်ဘူးဆိုတာတော့ ကောင်းကောင်းသတိပြုစေချင်တယ်… အခုအချိန်မှာ ကြီးကြီးကျယ်ကျယ်ပြောရရင် ကျွန်တော်တို့နိုင်ငံ ဒီမိုနိုင်ငံအဖြစ်ဦးတည်နေတယ်… အဲဒီတော့ […]


ကျွန်ုပ်သည် ပေတံတစ်ချောင်းဖြစ်သည်… ကျွန်ုပ်၏အတိုင်းအတာဖြင့် အခြားအခြားကိုတိုင်းတာသောအခါ… ကျွန်ုပ်ထက် ရှည်သည်လဲရှိ၏… တိုသည်လဲရှိ၏…   ကျွန်ုပ်သည် ထီးတစ်ချောင်းဖြစ်သည်… ကျွန်ုပ်၏အကာအကွယ်ဖြင့် အခြားအခြားကိုကာကွယ်သောအခါ… ကျွန်ုပ်လက်လှမ်းမီသည်လဲရှိ၏… မမီသည်လဲရှိ၏…   ကျွန်ုပ်သည် ထောင်တန်တစ်ရွက်ဖြစ်သည်… ကျွန်ုပ်၏တန်ဖိုးဖြင့် အခြားအခြားကိုဝယ်ယူသောအခါ… ကျွန်ုပ်ပေးချေနိုင်သည်လဲရှိ၏… မပေးချေနိုင်သည်လဲရှိ၏…   ကျွန်ုပ်သည် နာရီတစ်လုံးဖြစ်သည်… ကျွန်ုပ်၏မိနစ်စက္ကန့်ဖြင့် အခြားအခြားကိုစောင့်ဆိုင်းသောအခါ ကျွန်ုပ်စောင့်ဆိုင်းနိုင်သည်လဲရှိ၏… မစောင့်ဆိုင်းနိုင်သည်လဲရှိ၏…   ကျွန်ုပ်သည် လူသားစင်စစ်တစ်ဦးဖြစ်သည်… ကျွန်ုပ်၏အတ္တဖြင့် အခြားအခြားကိုနှိုင်းယှဉ်သောအခါ… ကျွန်ုပ်သည်းခံနိုင်သည်လဲရှိ၏… သည်းမခံနိုင်သည်လဲရှိ၏…   ကြောင်ဝတုတ် ဩဂုတ်လ၊ ၂၀၁၂


ကြောင်ဝတုတ်တစ်ကောင် အသိုက်ပြောင်းမှာမို့ အလုပ်တွေမဟာဒယားရှုပ်တာမို့ ရွာထဲကို မနက်စောစောအိပ်ယာနိုးချိန်လေး ဖုန်းနဲ့ခဏတဖြုတ်ဝင်ကြည့်ရုံကလွဲရင် ကော်မန့်လေးတောင်မပေးနိုင်တဲ့ ဘဝမို့ မမနောဖြူပြောသလို ကြောင်ဝတုတ်တစ်ကောင်ပျောက်ခြင်းမလှပျောက်နေတာပါ… သို့ပေသည့် အိတုန်းလေးရဲ့ “ရထားတဲ့ဘွဲ့က ဓာတ်ပုံချိတ်နိုင်ဖို့ပဲလား” ဆိုတဲ့ပိုစ့်ကို ဖတ်ပြီးတော့ ပရောဂအမှန်ဖြစ်သမို့တုန်ဆင်းလာ ရကြောင်းဝန်ခံပါရစေ… အိတုန်းရဲ့ပိုစ့်လေးက ကျွန်တော့်ကိုလွန်ခဲ့တဲ့ ဆယ်စုနှစ်တော်တော်ကျော်ကျော်ကို ပြန်ခေါ်သွားတယ်… ကျွန်တော် (၁၀)တန်းအောင်တော့ (အခုတက္ကသိုလ်ဝင်တန်းပေါ့) အမှတ်ပေါင်းက အင်ဂျင်နီယာလိုင်းကို (၃)မှတ်လိုနေတယ်… ဆရာဝန်ဖြစ်ဖို့နဂိုကတည်းက ဝါသနာမပါသူမို့ အင်ဂျင်နီယာမဖြစ်တာကို ဝမ်းနည်းမိပေမယ့် ဘဝအတွက်တစ်ခုခုကိုရွေးချယ်ဖို့ အချိန်လို့ပြောရမည်မို့ ကိုယ်ဘာလုပ်မလဲကို အရင်ဆုံးစဉ်းစားရပါတယ်… ဘူမိဗေဒကိုစိတ်ဝင်စားခဲ့ပေမယ့် အဖေဖြစ်သူကိုယ်တိုင် ဂျော်လောဂျစ်မို့သူ့သားကို ဂျော်လောဂျစ်ဖြစ်ဖို့ အားမပေးပါဘူး… အဓိကအကြောင်းအရင်းက ပျက်စီးမှာစိုးလို့၊ ပင်ပန်းမှာစိုးလို့ပါ… မိဘရဲ့မေတ္တာပေါ့… တကယ်တော့ ဘယ်မှာနေနေ ပျက်စီးချင်သူက ပျက်စီးမှာပါပဲ… ဘယ်အလုပ်လုပ်လုပ် အတိုင်းအတာတစ်ခုအထိတော့ ပင်ပန်းပါတယ်… ဒါကတစ်ပိုင်းပါ… အဲဒီအချိန်မှာ ကျွန်တော်ရွေးချယ်မှုတစ်ခုလုပ်ရပါတယ်… အသင်ဘာလုပ်မလဲ… […]