Maung YuGhan SDYSeptember 3, 20121min1112
ဆရာတက္ကသိုလ်စိန်တင်ကို စောစံဖိုးသင်စာအုပ်ဖတ်ကတည်းကစိတ်ဝင်စားမှုရှိခဲ့ပါတယ် မြန်မာ့သမိုင်းနောက်ခံတဲ့အထုပ္ပတ္တိတွေရေးလို့ပါ၊ဆရာနဲ့တွေ့ဘို့အကြောင်းဖြစ်လာတာကတော့ကျွန်တော့် ဦးကြီးဝတ်လုံတော်ရဦးထွန်းစိန်အကြောင်းဖတ်လို့ရနိုင်မယ့် စာအုပ်တွေသိချင်လို့ပါ ပြီးခဲ့တဲ့နှစ်နိုဗင်ဘာမှာ စာအုပ်တိုက်ကဆရာဖုန်းနံပါတ်တောင်းပြီးပြီးဆရာ့ဆီဖုန်းဆက်ဖြစ်ပါတယ် ‘ဘဘကြီးက တက္ကသိုလ်စိန်တင်ပါလားခင်ဗျာ’ မေးတော့’ ဟုတ်ပါတယ် မင်းကဘယ်သူများလဲလို့’ပြန်မေးတော့ ကျွန်တော်က ကျွန်တော် ဝတ်လုံတော်ရဦးထွန်းစိန်ရဲ့တူပါ ကျွန်တော့်ဦးကြီးကွယ်လွန်ချိန်မှာ ကျွန်တော်တို့ငယ်တော့ ကျွန်တော့ဦးကြီးသမိုင်းကို ပြည့်ပြည့်စုံစုံ သိခွင့်မရခဲ့ပါဘူးသခင်တင်မြရေးတဲ့ ဘုံဘဝမှာဖြင့် စာအုပ်မှာ အနည်းအကျဉ်း နောက် အပေါင်းအသင်းရောင်းရင်းများ၏ကျော်ရင်မှာ တစိတ်တပိုင်းဒို့ဗမာအစည်းအရုံးသမိုင်းကြောင်းမှာ တကြောင်းတလေ နောက် အိုးဝေမဂ္ဂဇင်းအဟောင်းတွေမှာနဲနဲပေါ့လေ ကျွန်တော်တွေ့ရပါတယ် ကျွန်တော်ကတော့ တော်လှန်ရေးကောင်စီအစိုးရဟာ ဦးကျော်ငြိမ်း တို့နဲ့ခင်တဲ့ကျွန်တော့်ဦးကြီးကိုမုန်းတီးခဲ့တယ်လိုသိရတယ် နောက် ဦးထွန်းစိန်က ကျောင်းသားသမဂ္ဂဥက္ကဌ ဖြစ်ခဲ့တာဆိုတော့လေ ကျောင်းသားကိုသမိုင်းရောလူပါသတ်တဲ့တော်လှန်ရေးကောင်စီကြောင့် သူ့သမိုင်းတွေပျောက်ခဲ့ရတယ်လို့ထင်ပါတယ် ဘဘကြီးအနေနဲ့ဘယ်စါအုပ်တွေမှာများ ပါတယ်ဆိုတာလမ်းညွှန်ပေးပါခင်ဗျာ’ လို့ပြောတော့ အေး ငါရေးတဲ့ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲနှင့်သခင်ဗစိန် မှာပါတယ်အားမာန်သစ်စာပေမှာရှကြည့်လို့ဆိုပါတယ်။ ကျွန်တော် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာရန်ကုန်ရောက်ပေမယ့် သခင်တင်မြကိုကော တက္ကသိုလ်စိန်တင်ကိုမတွေ့ခဲ့ရပါဘူး ကျွန်တော်တို့က ဝမ်းရေးခက်တဲ့သူတွေဆိုတော့ အလုပ်ကိုဘဲဦးစားပေးရတာပေါ့ […]


Maung YuGhan SDYAugust 7, 20121min742
  ကျွန်တော် ဖိုးကြက်တောင် ဒီနေရာလေးကိုရောက် ဖူးဘို့အတွက် လေးနှစ်တာစောင့်ခဲ့ရပါတယ်၊ ဒီနေရာဟာ ငယ်စဉ်မူလတန်းကျောင်းသားအရွယ်ထဲက ရောက်ဖူးချင်တဲ့ ကျွန်တော့်နှလုံးသားထဲက နေရာလေးပါ။ ဒီနေရာလေးကို သိအောင်ပြောပြခဲ့သူကတော့ ကျွန်တော့်ငယ်ဆရာ ဦးတင်ဖေ(အငြိမ်းစားကျောင်းဆရာ-သံတွဲမြို့သမိုင်းဝင်စေတီတော် ရွှေနံတော်စေတီဂေါပက) က အာဇာနည်နေ့ရောက်တိုင်း မြန်မာ့သမိုင်းကို သင်တိုင်း ပြောပြခဲ့တာပါ၊ကျွန်တော်ဂုဏ်ယူမိတာတချက်က ဒီပထမကျောင်းသားသပိတ်ကျောက်စာတိုင်မှာ ဦးဘရှင်(သံတွဲ)လို့ရေထိုးထားတာကိုပါ ကျွန်တော်သံတွဲသားတယောက်အနေနဲ့ များစွာဂုဏ်ယူမိပါတယ်၊ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့သံတွဲဟာ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ အချောင်သမားတွေမဟုတ်ခဲ့ပါဘူး၊အသက်သွေးချွေးတွေ ဘဝတွေရင်းခဲ့ရပါတယ်။ဦးဘရှင်ပြီးတော့ ရကတကျောင်းသားသမဂ္ဂ ပထမဦးဆုံးဥက္ကဌသခင်ထွန်းစိန်ဟာ ကျွန်တော့်ဦးကြီးအရင်းပါ အမိမြန်မာမြေမှာ ယူနီယံဂျက်အလံကိုဖြူတ် ဒေါင်းအလံကိုလွင့်ဘို့အတွက်  ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်ဦးမှာအဆိုတင်သွင်းခဲ့သူဖြစ်ပါတယ် အင်္ဂလိပ်ပြည့်ရှင်ကိုချီးကျူးတဲ့ဘုန်းတော်ဘွဲ့သီချင်း(God safe the king) ရန်ကုန်တက္ကသိုလ်မှာ ကန်ကွက်ခဲ့သူပါ-ဒို့ဗမာအစည်းအရုံးကို သခင်ဗသောင်းနဲ့အတူ စတင်ဖွဲ့ခဲ့ပါသေးတယ် နောက်ပိုင်းသံတွဲ မှာ သံတွဲမြို့ရဲ့မော်ကွန်းတန်ဆောင် ပါမေက္ခဦးကျော်ရင်နဲ့အတူ ဖက်စစ်တော်လှန်ရေးလုပ်ခဲ့ပါတယ် ဆရာကြီးဦးကျော်ရင်တို့ ဆလိုင်းတင်မောင်ဦးတို့ရဲ့သမိုင်းတွေဟာ သံတွဲမြို့ရဲ့နှလုံးသားပါ။  ဒါကတော့သမို်င်းစာမျက်နှာလေးတရွက်ပါ၊ ကျွန်တော်ဒီနေရာကို […]


Maung YuGhan SDYJuly 13, 20121min842
      လေးစားအပ်ပါသော နိုင်ငံတော်သမ္မတကြီးခင်ဗျား သမ္မတကြီးနှင့်တကွ နိုင်ငံခေါင်းဆောင်များအားလုံး ကိုယ်စိတ်နှစ်ဖြာကျမ္မာရွှင်လန်းပါစေရန် ကျွန်တော်နိုင်ငံသားတစ်ဦးအနေနှင့် ဆုတောင်းမေတ္တာပို့အပ်ပါတယ်ခင်ဗျား၊ နိုင်ငံတော်သမ္မတကြီးအား နိုင်ငံသားတစ်ဦး၏ ရင်တွင်းဆန္ဒအမှန်တခုကိုတင်ပြလိုပါသည်ခင်ဗျား၊ယခု july19 ရက်ဟာဆိုရင်ဖြင့် မြန်မာတမျိုးသားလုံး၏ လွပတ်လပ်ရေးသမိုင်းကိုရေးထိုးပေးခဲ့သော အာဇာနည်ခေါင်းဆောင်ကြီးများကျဆုံးခဲ့သည့်65 နှစ်ပြည့်ဖြစ်ပါသည်၊ထိုနေ့သည်မြန်မာ့လွတ်လပ်ရေးသမိုင်း မြန်မာ့တပ်မတော်၏သမိုင်း မြန်မာပြည်သူတရပ်လုံး မြန်မာ့သမိုင်းကိုချစ်မြတ်နိုးတတ်လာစေရန် အသက်သွေးချွေးစတေး၍ ကာကွယ်တတ်စေရန်နှင့် လွတ်လပ်ရေး၏တန်ဘိုးကို မြင့်တင်ပေးစေသော သမိုင်းဝင်နေ့ မြန်မာပြည်သူတွေဝမ်းနည်းကြေကွဲရတဲ့နေ့ ခေါင်းဆောင်တေါကိုဆုံးရှုံးခဲ့ရတဲ့နေ့တနေ့ဖြစ်ပြီး မြန်မာတည်သရွေ့ မမေ့ပျောက်စေသောနေ့တနေ့ဖြစ်ပါတယ်ခင်ဗျား၊ တပ်မတော်အစိုးရမှ နိုင်ငံတော်အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီးသည့်နောက်ပိုင်း အာဇာနည်နေ့သည်နိုင်ငံတော်အခန်းအနား အဖြစ်တာ်ရှိနေသေးသော်လည်း အစိုးရမှ တိုင်းပြည်၏ကျေးဇူးရှင်ခေါင်းဆောင်များအား တက်ရောက်ဂါရဝပြုရတွင် ရန်ကုန်မြို့တော်ဝန်အဆင့်ဖြင့်သာတက်ရောက်ဂါရဝပြုစေခြင်းသည် မြန်မာ့သမိုင်းနှင့် မြန်မာ့မျိုးချစ် အာဇာနည်ခေါင်းဆောင်ကြီးများ၏ သမိုင်းသိက္ခာ နှင့်သမိုင်းတန်ဘိုးကို ကမ္ဘာ့အလယ်တွင် သိမ်ငယ်အောင်ပြုလုပ်နေသကဲ့သို့ဖြစ်နေသည်ဟုထင်မြင်မိပါသည်ခင်ဗျား၊ ယခင်နှစ်များတွင်းက တိုင်းပြည်၏တည်ငြိမ်မှုကိုတည်ဆောက်ဆဲကာလဖြစ်သောကြောင့် အကျဉ်းချုံးမျှကျင်းပခဲ့ရမှာ မှားယွင်းသည်ဟုမဆိုသော်လည်း ယခုအခါသမယသည် နိုင်ငံတော်သမ္မတကြီးဦးဆောင်သော အစိုးရအဖွဲ့သည် မြန်မာပြည်သူများသာမက […]


Maung YuGhan SDYJuly 7, 20121min1677
ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်လို့ အမည်တတ်ခေါ်ရခြင်းကို ဦးစွာရှင်းပါမယ် ဒါကဂုဏ်ယူလေးစားစွာခေါ်တာပါ ဘာကိုဂုဏ်ပြုတာလဲဆိုတော့အောင်ဆန်း ဒီလိုပုဂ္ဂိုလ် ကျွန်တော်တို့တိုင်းပြည်မှာ တခေတ်တယောက်မပြောနဲ့နောင်ခေတ်အဆက်ဆက်မှာလဲ ကျွန်တော်တို့ရှာပါ သံကိုထမင်းလုပ်ပြီးရှာရင်တောင် သံထမင်းသိုးပါမယ် ရှာလို့မတွေ့နိုင်ပါဘူးဒါကြောင့် ပြည်ချစ်ခေါင်းဆောင်ဦးအောင်ဆန်း၏ အမည်မို့လို့ဂုဏ်ယူလေးစားစွာခေါ်ပါတယ်။ စု ဒါလဲရှင်းပါတယ် အာဇာနည်သားကောင်းကိူမွေးဖွားခဲ့တဲ့မိခင်ကြီးဒေါ်စုကိုဂုဏ်ပြုပြီးတော့ခေါ်ပါတယ် ကြည်ဆိုတာကလဲ အာဇာနည်ယောကျင်္ားရဲ့ပါရမီဖြည့်ဖက်ဇနီးကောင်းတဦးဖြစ်တဲ့ဒေါ်ခင်ကြည်ကိုဂုဏ်ပြုပြီးခေါ်ပါတယ် အခု ဒေါ်အောင်ဆန်းစုကြည်ကို 7julyအမှတ်တရ ကဗျာတပုဒ်လက်ဆောင်ပါးချင်ပါတယ် ဒီကဗျာက ကျွန်တော်ရေးတာမဟုတ်ပါဘူး ကျွန်တော်အလွန်နှစ်ခြိုက်လို့သိမ်းတားတဲ့ ကဗျာပါ ဒီကဗျာရဲ့ ကဗျာရှင်ကတော့ မောင်လူလှ(ဥပဒေ)ပါ ဒီကဗျာရဲ့စိတ်ဓါတ်မျိုးဟာ 1930ခုနှစ်ကစလို့ ဒီကနေ့ချိန်ထိ ဘယ်အာဏာရဲ့ မတရားမှုကိုမဆို တွန်းလှန်တဲ့နေရာမှာ ခိုင်ခံ့တည်မြဲတဲ့စိတ်ဓါတ်နဲ့မူကို ဆုပ်ကိုင်ထားပြီးတိုင်းပြည်နဲ့လူမျိုးအတွက်စွန့်လွှတ်စွန့်စားတဲ့စိတ်မျိုးဟာ အာဇာနည်ဦးအောင်ဆန်း နဲ့ကျောင်းသားအာဇာနည်အပေါင်းအပါအဝင် ဒေါ်အောင်ဆန်းစုကြည်မှာလဲတွေ့ရတဲ့အတွက် ဤကဗျာလေးကို လက်ဆောင်အဖြစ်ဝေမျှခြင်းဖြစ်ပါတယ် ကဗျာလေးက “မူနှင့်လူ” ကျွမ်းကျင် ကြိုးစား ရိုးသား ဖြောင့်မတ် မပြတ် လုံ့လ ဝီရိယ ဇွဲ စဉ်ခိုင်မြဲသူ […]


Maung YuGhan SDYJune 27, 20121min1877
ကျွန်တော်ဒီပို့စ်ကို မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများပညာရေးဟု ခေါင်းစီးတပ်ချင်ပါသည် သို့သော် ထိုင်းနိုင်ငံသားတို့၏ ချစ်စရာကောင်းသောလူသားစိတ်ကို ကျွန်တော်အထူးပြောလိုသောကြောင့် ထိုင်းနိုင်ငံမှချစ်စရာ့အတွေးဟုခေါင်းစီးတတ်ခြင်းဖြစ်ပါသည်။ ကျွန်တော်အခုလိုပြောလိုက်တော့ နေရာဒေသတိုင်းမှာ လူတိုင်းကကောင်းနေတာလားဆိုတော့ မဟုတ်ပါ ကျွန်တော်တို့နေထိုင်ရာ ဤကမ္ဘာမြေသည် ဆန့်ကျင်ဘက်နှစ်ခုဖြင့်ရပ်တည်နေခြင်းဖြစ်သည်ကို လူတိုင်းအသိပင်ဖြစ်ပါသည်။ ကျွန်တော်ထိုင်းနိုင်ငံမဲဆောက်အပိုင်မှ taa ad ကျောင်းလေးသို့သွားရောက် လည်ပတ်ခဲ့ပါသည် ကျောင်းတွင် အာဆီယံ ဆယ်နိုင်ငံအလံကိုလွှင့်တင်ထားပြိး spirit of asean ဟုရေးသားထားပါသည်။ ကျောင်းဝန်းအတွင်းသို့ဝင်ရောက်လေ့လာသောအခါ ကျောင်းသားဦးရေ 1200 ကျော်ရှိပြီးမြန်မာကျောင်းသားကျောင်းသူ1100ကျော်ရှိသည်ကိုအံ့ဩစွာတွေ့ရပါသည်။ ကျောင်းမှာအစိုးကျောင်းဖြစ်နေသောကြောင့်ယခုကဲ့သို့မြန်မာကလေးငယ်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းမှာ ဘယ်လိုမူ အပါ်အခြေခံသည်ကိုသိလိုသောကြောင့် ကျောင်းကော်မတီဥက္ကဌ ဦးကြာပွင့်(ထိုင်းလူမျိုး)အား လေးစားမေးမြန်းခဲ့ပါသည်။ “ဆရာတို့ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ နိုင်ငံရေးမတည်ငြိမ်ဘူး ပြည်တွင်းစစ်ဒဏ်ကိုခံနေရတယ်မလား ဒါကြောင့်စီးပွားရေးအလုပ်အကိုင်မကောင်းဘူး ထိုင်းနိုင်ငံကိုဝင်လာကြတယ် ဒီမှာအလုပ်ဝင်လုပ်တာပေါ့ သူတို့မှာကလေးတွေပါလာတယ် ဒီရောက်မှမွေးတာတွေလဲရှိတယ် ဒီကလေးတွေကပညာမတတ်ဘာမတတ်ရင် လိမ္မာမှုမရှိတော့ဘူး ဥပဒေကိုမလေးစားတော့ဘူး အနီးဆုံးပတ်ဝန်းကျင်ကို ဒုက္ခပေးလာမယ် […]


Maung YuGhan SDYJune 26, 20121min19611
ပထမဦးဆုံး ရေကျော်ရွာရဲ့အကြောင်းကို ပြောပြပါ့မယ် ရေကျော်ရွာဆိုတာ ရခိုင်ပြည်နယ် ဂွမြို့နယ်အပိုင်ရွာကြီးပါ တချိန်တုန်းက အလံနီကွန်မြူနစ်ဗိုလ်ကျော်ဇော(ကျော်ဇောလေး ရင်ဖုံးတောင်စေတီ(သံတွဲမြို့)အနီး အစိုးရတပ်နှင့်တိုက်ပွဲတွင်ကျဆုံး) ကျက်စားခဲ့တဲ့နေရာပါ စာတတ်ပေတတ်အလွန်ပေါများပြီး ကွန်မြူနစ်လက်စွဲ ကျမ်းကြီးကျမ်းငယ်ကို အရေကျိုသောက်ထားတယ်လို့ပြောရလောက်အောင် စကားကြွယ်ပြီး စာပေနှံစပ်ကြပါတယ် ရွာသားတွေကစည်းလုံးညီညွတ်ကြပြိး နိုင်ငံနဲ့အဝှန်းဖြစ်နေတြဲ့ဿနာမျိုးတွေမှာဆိုရင် အကြောင်းအကျိုးဆက်စပ်မှု သဘောတရားကိုလက်ကိုင်ထားပြီး ပညာညဏ်ဖြင့်ဖြေရှင်းတတ်ကြပါတယ် အလွန်အတုယုဖွယ်ရာ ရွာတစ်ရွာလို့ဆိုရပါမယ်၊ ဒုတိယ ကိုဘညွန့် ကိုမိတ်ဆက်ချင်ပါတယ် သူကရေကျော်သားပါ ကဗျာရေးစာရေးအလွန်ကောင်းပြီး စာပေဝေဖန်တဲ့နေရာမှာအလွန်တော်ပါတယ် စာလုံးတလုံးသုံးထားတာကအစ သူထောက်ပြဝေဖန်တတ်ပါတယ် သူတပ်မတော်လေမှာ တပ်ကြပ်ကြီးစာရေးနဲ့အမှုထမ်းစဉ်အခါက မြန်မာစာရေးဆရာအကျော်အမော် ဆွေလှိုင်ဦးနဲ့သူငယ်ချင်းပါအတူတူအမှုထမ်းခဲ့ဘူးပါတယ် ဆွေလှိုင်ဦးရဲ့ရင်သိမ့်တုန်ဆိုပြီး လျှို့ဝှက်သဲဖိုတွေရေးခဲ့သူပါ သူတောင်ကိုဘညွန့်ဆီမှာ ပယ်ပယ်နယ်နယ် အဝေဖန်ခံခဲ့ရပါတယ် စကားလည်းအလွန်ကြွယ်တဲ့ကိုဘညွန့်ပါ။ တတိယ လူနှစ်မျိုးအကြောင်းကိုပြောပြပါမယ် တနေ့ကိုဘညွန့်နဲ့ကျွန်တော်စကားထိုင်ပြောနေစဉ် သူနဲ့ရင်းနှီးတဲ့လူငယ်တယောက်က နောက်နောက်ပြောင်ပြောင်နဲ့ ရိုင်းရိုင်းပြပြပြောပါတယ် မိမိထက်အသက်အရွယ်ကြီးရင့်သူကို ဒီလိုမျိုးရိုင်းရသလားဆိုပြီးဒေါသဖြစ်တော့ သူကစိတ်ထိမ်းပါလို့ပြောပါတယ် ဒါနဲ့သူကလူနှစ်မျိုးကိုပြောပြါတယ် မင်းကလဲကွာ မင်းကိုလာပြီး စကားပြောတဲ့လူတိုင်းကိုလူလို့မသတ်မှတ်နဲ့ကွ […]


Maung YuGhan SDYJune 10, 20121min1244
ပြောစရာစကားတွေရှိလာပြီပေါ့ညီလေး စောညီညီ အကိုတို့မတွေ့ကြတာနှစ်ပေါင်းနှစ်ဆယ်ကာလတခုကိုကျော် လွန်သွားခဲ့ပေမယ့် တချိန်တုန်းက စစ်တွေအကျဉ်းထောင်ထဲမှာ ရခိုင်ပြည်အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးခဲ့ကြတာမမေ့သေးပါဘူး။ကဲအခုအကို့postsရဲ့ခေါင်းစဉ်ကိုရှင်းပြပါဦးမယ်။ အကိုတို့လေးယောက်စလုံးဟာ ၁၉၉ဝအလွန်မှာစစ်တွေအကျဉ်ထောင်ထဲမှာ ၁၉၈၈ လူထုအရေးတော်ပုံမှာပါဝင်ခဲ့မှုတွေကြောင့်အကျဉ်းကြခဲ့စဉ်အတူတကွတွေ့ဆုံကြတာပေါ့ ဒီနိုင်ငံရေးအကျဉ်းကြနေကြတဲ့ရခိုင်ပြည်က ကမ္ဘာကျော်နိုင်ငံရေးသမားတွေအကိုသတိထားမိတာက ဦးဦးလှစော(ရခိုင်တိုင်းသားများတိုးတက်ရေးပါတီ အတွင်းရေးမှုုး)ဦးကျောက်တောင်(ကြံ့ခိုင်ရေးပါတီ နာယက)ညီလေးစောညီညီတို့ပေါ့ ညီလေးနဲ့အကို အတော်ရင်းနှီးလာလို့ တယောက်ကိုတယောက်ပွင့်ပွင့်လင်းလင်းဆွေးနွေးဖြစ်တဲ့အခါ ရခိုင်ပြည်နယ်ရဲ့ကံကြမ္မာတချိန်ညီလေးတို့လက်ထဲမှာ လုံခြုံမှုေိအးချမ်းမှုတွေနဲ့အတူဖွံ့ဖြိုးတိုးတက်လိမ့်ရခိုင်တိုင်းသားတွေကို တစုံတရာကိုယ်စားပြုနေသူပေါ့ သူ့ကိုစစ်တွေထောင်နိုင်ငံရေးဆောင်မှာတွေ့တုန်းက အမြဲတမ်းမျက်မှောင်ကျုတ်ပြီးစာဖတ်နေတတ်တယ်၊မျက်မှောင်ကျုတ်ပြီးလမ်းလျှောက်ရင်းစဉ်းစားနေတတ်တယ် သူက ၈၈ အရေးတော်ပုံမှာ ဒီမိုကရေစီရေးကိုတောင်းဆိုသူဖြစ်လို့ အမျိုးသားရေးတင်းမာသူဖြစ်ပေမယ့် လူသားတို့ရဲ့မွေးရာပါအခွင့်ရေးတွေကို သဘောထားကြိးစွာနားလည်လက်ခံထားသူဖြစ်လိမ့်မယ်လို့အကိုယုံကြည်ပါတယ်။ နောက်တယောက်က ကိုကျောက်တောင် သူဟာအံ့ဩဖို့ကောင်းတဲ့ စီးပွားအမြင်ရှိသူပါ သူရဲ့စီးပွားရေးအသီးအပွင့်တွေကို တောင်ကုတ်မြို့သူမြိုသားတွေမျှဝေခံစားရပါတယ် သူကြံ့ခိုင်ရေးပါတီဝင်တုန်းက တောင်ကုတ်ကလူငယ်တွေဝမ်းနည်းပက်လက်ဖြစ်ကြတယ် သူကိုတောင်ကုတ်မြိုသူမြို့သားတွေက ဒီမိုကရေစီရေးမှာခေါင်းဆောင်အဖြစ်မြင်လိုကြပါတယ် ဒါပေမယ့်ညီလေးရာလူဆိုတာသူ့သမိုင်းကိုသူ့စိတ်ကြိုက်ပုံဖေါ်ဘို့ကြိုးစားတတ်ကြတာပဲ မြို့ကိုတိုးတက်အောင်လုပ်ပါတယ် လျှပ်စစ်မီးကိုလဲ ၂၄ နာရီရအောင် ဖွဲမီးစက်တွေနဲ့မီးပေးတယ် ရခိုင်ရိုးမကားလမ်းကိုလဲ နေလသစ္စာကုမ္ပဏီအနေနဲ့လုပ်နေတယ် အများကြီးပေါ့ညီလေးရာ ရခိုင်ပြည်နယ်တောင်ပိုင်းတက္ကသိုလ်ကိုလဲကုန်ကြစရိတ်ရဲ့တဝက်သူခံမယ်တဲ့ရခိုင်ဒေသဟာဖွံ့ဖြိုးမှုအလွန်နဲပါတယ် ဒီတက္ကသိုလ်သာပြီးသွားလို့ ပညာရေးအသီးအပွင့်တွေသီးပွင့်ရင် ရိုးသားတဲ့ရခိုင်တိုင်းသားတွေ […]


Maung YuGhan SDYApril 21, 20121min792
ဒီကဗျာလေးဟာ 1980 ဝန်းကျင်လောက်က မြဝတီမဂ္ဂဇင်းအဟောင်းလေးက ကျွန်တော်ဖြတ်သိမ်းထားတဲ့ကဗျာလေးပါ။ ကုလသမဂ္ဂပြန်ကြားရေးဌာနရန်ကုန်ရဲ့ 1977 ခုနှစ်အတွက်ဆုတောင်းမေတ္တာပို့သချက်ကို ဆရာနေဒွန်းကဆီလျှော်အောင်ပြန်ဆိုထားခြင်းဖြစ်ပါတယ်၊ what is life! ဘဝဆိုတာ life is a challenge meet it. ဘဝဆိုတာ စိန်ခေါ်ခြင်းပဲ ပြေးတွေ့လိုက်ပါ life is a struggle accept it. ဘဝဆိုတာ တိုက်ပွဲပါပဲ ကြံ့ကြံ့ခံတိုက်ခိုက်ပါ life is a sorrow overcome it. ဘဝဆိုတာဝမ်းနည်းစရာတခု ကျော်လွှားလိုက်ပါ life is a mystery unfold it. ဘဝဆိုတာ ရှုပ်ထွေးနက်နဲတဲ့ ပုစ္ဆာတခု အဖြေရှာပါ life is a joy spread it. […]


Maung YuGhan SDYFebruary 13, 20121min1385
ငယ်စဉ်က ကျွန်တော်ကြီးပြင်းခဲ့ရာနေရာနှစ်ခုရဲ့စက်စပ်မှုတွေက ကြောက်စရာကောင်းလောက်တဲ့အဖြစ်အပြက်ကြီးတွေကို ဖြစ်စေခဲ့ပါတယ်၊ဒီနေရာနှစ်ခုတော့ ပြီးခဲ့တဲ့စနေနေ့က မီးလောင်သွားတဲ့သံတွဲဈေးကြီးနဲ့ မီးလောင်ကျွမ်းမှုကိုမကာကွယ်မပေးနိုင်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝန်းပါ၊ဟုတ်ပါတယ် ကျွန်တော်ဟာဒီနေရာနှစ်ခုမှာကြီးပြင်းခဲ့ရပါတယ်၊ သံတွဲဈေးအကြောင်းကိုအရင်ပြောပါမယ် ကျွန်တော်မိခင်ဘက်မှအဖိုးအဖွားတွေဟာ သံတွဲဈေးမှာ ကျွန်တော်မိခင်၏အကိုဦးထွန်းမောင်နဲ့အတူ ကုန်စုံဆိုင်ရောင်းပါတယ် ကျွန်တော်သူငယ်တန်းအောင်လို့မြို့မအလကလို့ခေါ်တဲ့ ဈေးအနီးကအလယ်တန်းကျောင်းကိုပြောင်းတဲ့အခါ ကျောင်းမုန့်ဘိုးကို ဒိဆိုင်မှာဘဲဝင်ယူရပါတယ်၊သူငယ်တန်းဘဝကစလို့ကျောင်းပိတ်ရက်တိုင်းဟာ ကျွန်တော်ဈေးထဲမှာဘဲတနေကုန်ပါတယ် မုန့်မျိုးစုံစားရသလို ကစားစရာအရုပ်လေးတွေလဲ ကျွန်တော်လိုသမျှဝယ်ပေးတာကိုး ဈေးသူဈေးသားတွေက ကျွန်တော့်အဖိုးအဖွားတွေကို လေးစားသလိုကျွန်တော်ကိုလဲအရမ်းချစ်ကြပါတယ်ကျွန်တော်ဈေးမှာနေရတာ်အလွန်ပျော်ပါတယ်၊၁၉၈ရခုနှစ်မှာ ကျွန်တော်အဖွားဆုံးသွားတော့ ဒီဆိုင်နှစ်ဆိုင် နှစ်ခုလုံးကိုကျွန်တော်ဦးကြိးကရောင်းလိုက်ပါတယ်ဈေးနဲ့ဝေးသွားတာပေါ့၊ဒါပေမယ့် ဒိဈေးတည်ဆောက်ပုံကိုကျွန်တော်အခုထိမြင်ယောင်နေသေးတာက မီးဘေးအန္တရယ်ကိုကြိုတင်ကာကွယ်ထားတဲ့စနစ်ပါ ဈေးအတွင်းထဲမှာနွေရာသီတောင်ရေမခမ်းတဲ့ရေတွင်းတွေရှိကြပါတယ် အခုလောင်ကျွမ်းသွားတဲ့ဈေးကတော့ အရင်ဈေးကိုစိတ်ကြိုက်ပြင်ဆင်ထားတဲ့ဈေးသစ်ပါ ဒီဈေးတည်ဆောက်မှုမှာ ကိုယ်ကျိုးတွက်တာတွေများတော့ အဆောက်အဦးတစ်ခုမှာ ရှိသင့်ရှိအပ်တဲ့မီးဘေးကြိုတင်ကာကွယ်မှုတွေကို မေ့သွားတယ်ထင်တယ်ဗျာ မီးလောင်တဲ့အခါအသုံးပြုမယ့်ရေသိုလောင်ထားတယ်ဆိုတာမရှိဘူး၊၊ သံတွဲမြို့ဟာ ရေအလွန်ရှားခဲ့ပါတယ် ဒါပေမယ့် မဆလခေတ်မှာ ကျွန်တော်တို့ကိုယ်တိုင်လုပ်အားပေးခဲ့ရတဲ့ မဟာဗောဓိဆည်ရှိပါတယ် ဒီဆည်ရေဟာမြို့သူမြို့သားတွေကိုယ်တိုင် လုပ်အားပေးတည်ဆောက်ခဲ့ပေမယ့်ဒီရေကိုမြို့သူမြို့သားတွေ ပြည့်ပြည့်ဝဝမသုံးရပါဘူး ဒေသအာဏာပိုင်တွေအဓိကသုံးရမယ်လို့ပြောပါတယ် နောက်သူတို့နဲ့အလျှင်းသင့်တဲ့ သူကြွယ်တွေဦးစားပေးပေါ့ ပြီးတော့ရေထိန်းတဲ့စနစ်တွေလဲကြည့်ပါဦးအမှန်ရေလိုအပ်တဲ့ရပ်ကွက်တွေတော့ရေမရဘူး မလိုတဲ့နေရာတွေမှာရေပိုက်တွေကရေတွေထွက်နေလိုက်တာ နွေမှာတောင် မိုးရာသီလိုချောင်းတွေမြောင်းတွေရေလျှံလို့ […]


Maung YuGhan SDYDecember 31, 20111min902
မကြာမီအချိန်လေးမှာဘဲနှစ်သစ်ကူးပါတော့မယ် လူတိုင်းမှာနှစ်သစ်ကူးဆန္ဒလေးတွေရှိကြမှာပါ ဆုတွေလဲ အမျိုးမျိုးတောင်းကြပေါ့၊ကျွန်တော့်မှာလဲရင်ထဲကတောင်းနေမိတဲ့ဆုတောင်းလေးတွေ ဆန္ဒလေးတွေရှိပါတယ်ပထမဦးစွာ မန္တလေးဂေဇက် မိသားစုဝင်တွေအားလုံး ဘေးရန်ကင်းကွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျမ္မာရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းပါတယ်ဗျာ၊ ဪ ကျွန်တော့်ဆန္ဒလေးပြောရဦးမယ်  ကျွန်တော်တို့မြန်မာပြည် အေးချမ်းပါစေလို့ဆုတောင်းတယ်  ဒါမှကျွန်တော်တို့တိုင်းပြည်တိုးတက်မယ်  ဒီလိုအေးချမ်းပြီးတိုးတက်လာတဲ့အခါ ကျွန်တော်တစ်ဦးချင်းဆိမှရှိတဲ့ ပရဟိတစိတ်တွေဆီကနေ တကယ်လက်တွေ့ကြကြ လွတ်လွတ်လပ်လပ် အလုပ်တွေလုပ်လို့ရကြမှာ   အရင်နှစ်တွေကဆို ကိုယ့်ဟာကို ကင်းကင်းရှင်းရှင်း လုပ်တာတောင် စုန်းပြူးတွေက နိုင်ငံရေးပါတီ မြေအောက်လိုလို မိုးပျံလိုလိုတောင်တယ်ဆိုပြီး တိုင်ခံရလို့ အားကစားလုပ်တာတောင် အပိတ်ခံရတယ်၊ အခုကျွန်တော်တို့တိုင်းပြည်မှာ နိုင်ငံရေးကိုဦးဆောင်ကြတဲ့ ခေါင်းဆောင်တွေကလဲ ချစ်ချစ်ခင်ခင်နဲ့ စေတနာအပြည့်နဲ့လုပ်နေကြပြီ၊ ကျွန်တော်တို့လိုသေးမွှားတဲ့ပရဟိတလုပ်ငန်းကနေ ကြီးကျယ်တဲ့လုပ်ငန်းတွေကိုလုပ်ဆောင်နေသူတွေပါ လွတ်လပ်စွာလုပ်လို့ရတော့မယ်လို့ကျွန်တော်ယူဆမိပါတယ်ဒါကြောင့်မို့လို့ အေးချမ်းပါစေဆုတောင်းတာပါ၊ ဒီနှစ်အတွက် ကျွန်တော်အားကစားကိစ္စကို  ပြောရမယ်ဆိုရင်တော့  2011 တိုင်းဒေသကြီးနှင့်ပြည်နယ်ကြက်တောင်ရိုက်ပြိုင်ပွဲမှာ ဦးရခိုင်ပြည်နယ်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အမျိုးသားအားကစားသမား7 ဦး အမျိုးသမီးကစားသမား7ဦးလုံးဟာ ကျွန်တော်ကိုယ်တိုင်သင်ထားတဲ့ ရခိုင်ပြည်နယ်တွင်းနေထိုင်သူတွေပါ၊ တခြားအသင်းတွေကတော့ ရန်ကုန်က ကစားသမားတွေငှားကစားကြပါတယ်၊ ကျွန်တော်တို့ရခိုင်အသင်းဟာ […]


Maung YuGhan SDYNovember 6, 20111min773
မနေ့တုန်းက ရန်ကုန်ကို ဖုန်းဆက်တော့ အခုနှစ်ဒီဇင်ဘာမှာ ကျောင်းသားအားကစားပွဲတော်ရှိတယ်လို့သိရတော့ ကျွန်တော် ပျော်ရွှင်မိပါတယ် အနှစ်နှစ်ကျွန်တော်ပျိုးထောင်ထားတဲ့ တပည့်ငယ်တွေယှဉ်ပြိုင်ခွင့်ရတော့မှာကြောင့်ပါ၊ကျွန်တော်တို့ကစားသမားဆိုတာ ဇာတ်သမားလိုပါ ဇာတ်သမားက ဆိုင်းသံကြားရင်မနေနိုင်သလို ကစားသမားကလဲပြိုင်ပွဲသံကြားရင်မနေနိုင်ပါဘူး၊ကျောင်းသားအားကစားပွဲတွေကလဲ အဖျက်အမှောင့်တွေကြောင့်ရပ်ထားတာကြာပါပြီ၊အခုပြန်လုပ်မယ်ဆိုတော့ပျော်ပါတယ် မြန်မာ့အားကစားကြဆင်းသွားရခြင်းဟာ ကျောင်းတွင်းအားကစားဆုတ်ယုတ်လို့ဆိုပြီး ကျွန်တော့်ဆရာတွေက မကြာမကြာပြောပြပါတယ်၊ဒါမှန်တယ်လို့ကျွန်တော်ထင်ပါတယ် ခုကျောင်းသားလေးတွေမှာ ကစားချိန်မရှိကြပါဘူး အချိန်တိုင်း ကျူရှင်ရှိနေပါတယ် ကြာရင်ကလေးတွေ ညဏ်ရည်ထိုင်းမှိုင်းမှာစိုးရတယ်လို့ ပြောမိတော့ကျူရှင်ဆရာတွေ ဒေါသူပုန်ထပါတယ်၊ အစက စကားကိုပြန်ဆက်ရရင် ကျွန်တော် မြို့နယ်ပညာရေးမှုုးဆီပြေးပြီး ကြက်တောင်အားကစားပြိုင်မယ့်အစီစဉ်ရှိလားမေးတော့ ငွေကြေးအကြပ်တည်းကြောင့်မပြိုင်ဘူးပြောပါတယ် ကျွန်တော်မေးတာက ကျွန်တော့်တပည့်လေးတွေကို ကြိုတင်လေ့ကျင့်နိုင်အောင်ပါ၊ မပြိုင်ဆိုတော့စိတ်ဓါတ်မကြသေး ပြည်နယ်ပညာရေးမှုုးရုံးကိုလှမ်းမေးပါတယ် တာဝန်ခံကာယဆရာနဲ့စကားပြောဖြစ်ပါတယ်၊ပြိုင်ပွဲအားကစား25 မျိုးထဲက 23မျိုးပြိုင်မှာဖြစ်ပြီးကြက်တောင်နဲ့တိုက်ကွမ်ဒို မပြိုင်ဘူးလို့ပြောပါတယ်၊ငွေကြေးအခက်ခဲကြောင့်ပါတဲ့သိန်း400လိုတာ ခု 100ဘဲရှိလို့အခက်တွေ့နေတယ်လို့ပြောပါတယ်၊ကျွန်တော်တို့ရခိုင်ပြည်နယ်ဗျာအလှုုအတန်းရက်ရောကြပါတယ် ဝန်ထမ်းတွေကကောက်ရင်ဟိုတိုင်ဒီတောနဲ့ ဖြစ်ကုန်မှာ သားသမီးချင်းကိုယ်ချင်းစာစိတ်ထားပြီး ပြိုင်ပွဲဝင်ကလေးတွေ ပါဝင်နိုင်ဘို့ အလှုုရှင်ပေါ်ပါစေလို့ဆုတောင်းပါတယ်၊ အရေးကြီးတာလေးပြောစရာကျန်သေးတယ် ဒါကကျွန်တော့်စိုးရိမ်စိတ်ပါ အားကစားဝန်ကြီးက21.9.2011တုန်းပေါင်းစပ်ညှိနှိုင်းအစည်းဝေးမှာအားကစားအဖွု့ခှုပ်အသီးသီးကိုမိန့်မှာသွားတဲ့စကားပါ 26နဲ့27ကြိမ်အရှေ့တောင်အာရှအားကစားပြိုင်ပွဲများမှာ မြန်မာအားကစားအောင်မြင်ဘို့အတွက်အဖွဲ့ချုပ်လေ့ကျင့်ရေးစခန်း၊ccc starsနဲ့အားကစားနဲ့ကာယပညာပေါင်းစပ်လေ့ကျင့်ရေးကျောင်းတို့မှနည်းလမ်းသုံးသွယ်ဖြင့်သုံးပွင့်ဆိုင်ပြိုင်ပွဲများကျင်းပပြီးသုံးချောင်းထောက်ပုံစံဖြင့် […]


Maung YuGhan SDYOctober 8, 20111min192
ဒီနေ့ ပေးစာမှာတော့  ကျွန်တော် ပရဟိတ အလုပ်တွေ စိတ်ဝင်စါးပြီး လုပ်ဖြစ်သလဲဆိုတာကို ပြောရဦးမယ်၊ ဒါကို ကျွန်တော်ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တာပါ၊ မူလတန်းကျောင်းသားအရွယ် ဒုတိယတန်းမှာ ပညာသင်တုန်းက ကျွန်တော့်အတန်းပိုင်ဆရာက ဦးဘကြည်ပါ ခု ရွေဘုံသာ လမ်း သံတွဲမှာနေပါတယ်၊ ဆရာက ကောင်းမှုတခုနေ့စဉ်ပြုခေါင်းစဉ်နဲ့  နေ့စဉ် တပည့်တွေကိုစစ်တယ်၊ တပည့်တွေတယောက်ခြင်းက  ပြန်ဖြေရတယ် တချို့က လမ်းမှာတွေ့တဲ့  ပလင်းကွဲကို ဖယ်တယ်  နောက် ငှက်ပြောခွံ တွေလမ်းပေါ်တွေ့လို့ ဖက်လိုက်တယ်စသည်ဖြင့်ပေါ့လေ  ဖြေကြတယ် ၊ ဆရာက ဒီ အဖြေ တွေကိုနားထောင်ပြီး ဆုံးမစကားတွေဆိုတယ်၊အများပြည်သူ ကို ဒုက္ခဖြစ်စေတဲ့ အရာတွေကိုဖယ်ခြားပေးတဲ့အတွက် ကုသိုလ်ရတဲ့အကြောင်းပြောပါတယ်၊ နောက်စာရိတ္တ အချိန်ဆိုရင်  နီတိသုံးပါးကိုသင်ပါတယ် ၊ပစ္ခေဗုဒ္ဒတို့ ဆိုဆုံးမသော ဓမ္မနီတိ မင်းရာဇတို့ ဆိုဆုံးမသော ရာဇနီတိ လောကပညာရှိတို့ […]