ကျွန်တော်နှစ်ချိုက်မိသောကဗျာတစ်ပုဒ် ……. ဘဝဆိုတာ….တဲ့

Maung YuGhan SDYApril 21, 20121min802

ဒီကဗျာလေးဟာ 1980 ဝန်းကျင်လောက်က မြဝတီမဂ္ဂဇင်းအဟောင်းလေးက ကျွန်တော်ဖြတ်သိမ်းထားတဲ့ကဗျာလေးပါ။ ကုလသမဂ္ဂပြန်ကြားရေးဌာနရန်ကုန်ရဲ့ 1977 ခုနှစ်အတွက်ဆုတောင်းမေတ္တာပို့သချက်ကို ဆရာနေဒွန်းကဆီလျှော်အောင်ပြန်ဆိုထားခြင်းဖြစ်ပါတယ်၊

what is life! ဘဝဆိုတာ

life is a challenge meet it. ဘဝဆိုတာ စိန်ခေါ်ခြင်းပဲ ပြေးတွေ့လိုက်ပါ
life is a struggle accept it. ဘဝဆိုတာ တိုက်ပွဲပါပဲ ကြံ့ကြံ့ခံတိုက်ခိုက်ပါ
life is a sorrow overcome it. ဘဝဆိုတာဝမ်းနည်းစရာတခု ကျော်လွှားလိုက်ပါ
life is a mystery unfold it. ဘဝဆိုတာ ရှုပ်ထွေးနက်နဲတဲ့ ပုစ္ဆာတခု အဖြေရှာပါ
life is a joy spread it. ဘဝဆိုတာ ပျော်ရွှင်မှုတခု ကိုယ်ပါမက သူများကိုပါ ခံစားနိုင်အောင်မျှဝေပေးပါ

life is a duty perform it. ဘဝဆိုတာ တာဝန်တရပ်ပါပဲ ကျေပွန်အောင်ဆောင်ရွက်ပါ
life is a romance enjoy it. ဘဝဆိုတာ အချစ်ဇာတ်လမ်းတပုဒ်ပါပဲ ပါဝင်ခံစားပါ
life is a gamble watch it. ဘဝဆိုတာ အလောင်းအစားတခုပဲ စောင့်ကြည့်ပါ
life is a tragedy face it. ဘဝဆိုတာ ကြေကွဲဖွယ် ဇာတ်လမ်းတပုဒ်ပဲ ရင်ဆိုင်ပါ
life is a song sing it. ဘဝဆိုတာ သီချင်းတပုဒ်ပဲ သီဆိုပါ
life is a bliss embrace it. ဘဝဆိုတာ ရွှင်မြူးစရာတခုပဲ ပွေ့ပိုက်လိုက်ပါ
life is a dream realize it. ဘဝဆိုတာ အိပ်မက်တခုဘဲ အကောင်အထည်ဖေါ်ပါ
life is a journey complete it. ဘဝဆိုတာ ခရီးရှည်တခုပဲ အဆုံးသတ်လိုက်ပါ
life is a promise fulfill it. ဘဝဆိုတာ ဂတိသစ္စာတခုပဲ တည်တည်ကြည်ကြည် စောင့်ထိန်း ဖြည့်စွမ်းလိုက်ပါ

life is a puzzle solve it. ဘဝဆိုတာ ပဟေဠိတခုပဲ ဖြေရှင်းလိုက်ပါ
life is an adventure dare it. ဘဝဆိုတာ စွန့်စားခြင်းတရပ်ပဲ ဝံ့ဝံ့စားစား ပါဝင်ဆင်နွဲပါ
life is an opportunity grasp it. ဘဝဆိုတာ အခွင့်အရေးတခုပဲ မိမိရရ ဆုပ်ကိုင်ရယူပါ
life is a game play it. ဘဝဆိုတာ ကစားခုန်စားမှုတခုပဲ ပါဝင်ကစားပါ ရယူနိုင်ကြပါစေ; ထွန်းထွန်းဦး(ကြက်တောင်)

2 comments

Leave a Reply