တက်နိုလိုဂျီသုံး၍ အင်္ဂလိပ်စာ သင်ယူကြပါစို့။ယခုခေတ်က Technology ခေတ်လို့ ဆိုရင် မှားမည်မထင်ပါ။ စာရေးသူတို့ မျက်စေ့ရှေ့မှောက်၌ပင် ယခင်က လုံးဝမဖြစ်နိုင်ဟု ထင်ခဲ့သည့်ကိစ္စများ အမှန်တကယ် ဖြစ်လာသည်ကို တွေ့ရှိနေကြရပါသည်။ Driverless cars ဆိုတာမျိုးကို တချိန်က ယုံတမ်းစကားလို ပြောခဲ့ကြတာပေါ့။ ယခုတော့ လက်တွေ့မြင်နေကြရတော့ တကယ်ပါလို့ လက်ခံရပြီပေါ့။ ဒီလို ထူးထူးဆန်းဆန်းတွေ ဖြစ်နေချိန်မှာ အင်္ဂလိပ်စာ သင်ယူကြသည့်အခါ၌လည်း Technology ကို လေးလေးနက်နက် လေ့လာပြီး မိမိတို့အကျိုးအတွက် အသုံးချတတ်ဖို့ လိုလာပြီပေါ့နော်။ ဦးစွာပထမ Zoom သင်တန်းလေးများအကြောင်း ဖေါ်ပြလိုပါသည်။ Covid ကာလမှစ၍ in-person သို့မဟုတ် face-to-face အင်္ဂလိပ်စာ သင်တန်းလေးများအစား Zoom သင်တန်းများ ပေါပေါက်ခဲ့ပါသည်။ ယခု Covid ကာလ ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း […]