kaungsumyatsanOctober 14, 20121min731
မိဘနှင့်သားသမီးဆိုသည်မှာတစ်ဦးနှင့်တစ်ဦးရွေးချယ်ပိုင်ခွင့် မရှိပါသော်လည်း မိဘကအကောင်းဆုံးမိဘဖြစ်ချင်ပြီး အကောင်းဆုံး သားသမီးကိုလိုလားတောင့်တကြပါတယ်၊ သားသမီးကလည်း အကောင်းဆုံးသားသမီးဖြစ်ချင်ပြီး မိဘကိုအကောင်းဆုံးဖြစ်စေချင်ကြတာ ဓမ္မတာပါဘဲ။ လူတစ်ဦးနဲ့တစ်ဦးတွေ့ဆုံချစ်ကြိုက်နှစ်သက်ကြပြီးအိမ်ထောင်တစ်ခုကို ထူထောင်ရာမှာပညာ၊ငွေကြေးပြည့်စုံကုံလုံမှုပေါ်မှာမူတည်ပြီးတစ်ဦးနဲ့တစ်ဦး နားလည်ခွင့်လွှတ်မှုအတိုင်းအတာတွေ၊ ပတ်ဝန်းကျင်အခြေအနေတွေ၊ လွှမ်းခြုံမှုပေါ်မှာ သာယာပြည့်စုံမှုရှိတဲ့အိမ်ထောင်တစ်ခု၊ အောင်မြင်တဲ့အိမ်ထောင်စု၊ မချမ်းသာသော်လည်းစိတ်ချမ်းသာပြီးနေပျော်တဲ့အိမ်ထောင်စု……စသည်ဖြင့်ရပ်တည် နှိုင်ခဲ့ကြရပါတယ်၊ တစ်ချို့လည်းအိမ်ထောင်ပြုမိတာဒုက္ခတွေကြည့်ပါဘဲလားဆိုတာကလည်း ဒုနဲ့ဒေးပါဘဲ။ အိမ်ထောင်တစ်ခုမှာသားသမီးဆိုတာကလည်းဘုရားပေးတဲ့ဆုလာဘ်လေးတွေပါဘဲ၊ ရှေးလူကြီးသူမတွေပြောခဲ့ကြတာ သားဆိုရင် အားဖြစ်ရမယ်၊ ကျားမဖြစ်ရဘူး၊ သမီးဆိုရင်ထီးဖြစ်ရမယ်၊ မီးမဖြစ်ရဘူးတဲ့။သားသမီးက ကျားသော်လည်းကောင်း၊ မီးသော်လည်းကောင်းဖြစ်နေမယ်ဆိုရင်တော့ အဲ့ဒိမိသားစုဒုက္ခဟာ သံယောဇဉ်ပူလောင်မှုတွေ၊ စိတ်ဒုက္ခတွေနဲ့ဘဝရဲ့နိဂုံးကိုပူလောင်ပင်ပန်းစွာနဲ့ဖြတ်သန်းကြရမှာပါဘဲ။ ခေတ်ကာလအခြေအနေတွေအရ ဘာသာစကားနဲ့နည်းပညာဖွံဖြိုးတိုးတက်မှုတွေကိုအမှီလိုက် နိုင်ဘို့မိမိမွေးထားတဲ့ကလေးတွေကိုကျောင်းစာသင်ချိန်ပြင်ပမှာထပ်မံသင်ကြားကြရပြန်ပါတယ်၊ ကလေးတွေဟာမိဘနဲ့တောင်မျက်နှာချင်းဆုံပြီးစကားကြာကြာပြောခွင့်မရကြတော့ပါဘူး၊ ဒီတော့ကလေးတွေဟာတော်တယ်၊တတ်တယ်၊ဆိုပေမဲ့ လိမ္မာမှု၊သံယောဇဉ်နဲ့သိတတ်နားလည်မှု၊ တွေမှာတော့အားနဲလာခဲ့ကြပါတယ်၊ ဒါဆိုရင် သားသမီးကလိုအပ်နေတာလား၊မိဘက လိုအပ်နေတာ လား၊ နှစ်ဖက်လုံးကမမှားပါဘူးနော်၊ ကလေးတွေကိုနွေရာသီကျောင်းပိတ်ရက်မှာဘုန်တော်ကြီးကျောင်း ပို့ပြီးယဉ်ကျေးလိမ္မာသင်ပေးရင်တော့ ကလေးစိတ်ဝင်စားမှုအပေါ်မှာမူတည်ပြီးအကျိုးရှိနှိုင်ပါတယ်၊ တစ်ချို့ကလေးကတော့နည်းပညာတိုးတက်မှုရဲ့အရသာကိုခံစားတတ်နေပြီးဘုန်းတော်ကြီးကျောင်းမှာ စိတ်မနှစ်နှိုင်ပါဘူး၊Game ဆော့မယ်၊ Internet ဝင်မယ်၊မလုပ်ရဘူးလို့ပြောရင်ရောပြောတဲ့မိဘတရားပါ့ မလား၊ သူ့အချိန်နဲ့သူတော့လုပ်ခွင့်ပေးရမှာမဟုတ်လား။ ကျွန်မနှစ်သက်ရတဲ့မိသားစုလေးမှာတော့ […]


kaungsumyatsanOctober 14, 20121min1104
ကြားဘူးနားဝ ကဗျာတစ်စ မေတ္တာဆိုတာအလျားအနံမရှိပေမဲ့ အသွားအပြန်တော့ရှိပါတယ်တဲ့၊ ဟားတိုက်လို့ရယ်မော… တသောသောဖြစ်ရတော့မယ် တကယ်တော့ ခုခေတ်မှာ မေတ္တာဆိုတာ အသွားအပြန်ထပ်တူမရှိနှိုင်ပေမဲ့ အလျားအနံရှိပါတယ်၊ ငွေများငွေနိုင် ၊မီးများမီးနိုင် ဆိုရင် ငါနိုင်ပါရစေ၊ ရှာဖွေသမျှပေးဆပ် ၊ငွေပုံနှင့်ချိန်ဆက်လို့ ပေးလိုက်စမ်းပါ မေတ္တာတွေ ငါလိုချင်လွန်းလို့……


kaungsumyatsanSeptember 11, 20121min1264
ငယ်ရွယ်နုနယ်၊ အတွေးတွေကြွယ် ကဗျာ တွေဖတ် စာ တွေဖတ် တော့ ရင်မှာစွဲသိ မှတ်မိရသည်၊ လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါလျှင် မြေသားဘယ်မှာရှိခြိမ့်နည်း။ လေတိုက် တိုင်းသာကြွေလွင့်ပါလျှင် သစ်ရွက် ဘယ်မှာ ရှိခြိမ့်နည်း။….တဲ့….. ဒါဆိုရင်… လောက ဇာတ်ခုံ လူတို့ဘုံမှာ ကောင်းဆိုး နှစ်တန် လောကဓံနှင့် ရင်ဆိုင်ရ တိုင်းသာ ခန္ဓာပြိုင်းလျှင် လူသားဘယ်မှာရှိခြိမ့်နည်း။ ရင်ဆိုင်လှိုက်မော ၊ဘဝအသောတွေ ယှဉ်ပြိုင်ရသော ၊တရားကင်းမဲ့တဲ့ပြိုင်ပွဲတွေ ဘာတွေဘဲ ရှိနေ ရှိနေ တက်ကျိုးရင် လက်ထိုး လှော်မယ် ဟဲ့… လဲကျရင် လူးလဲ ကုန်းရုန်းပြီးထမယ် ဟဲ့…လို့ မျက်စိစုံမှိတ် အားတင်းပြီး ကြွေးကြော် ခေါင်းထောင်လို့ရှေ့ကိုမျှော်ကြည့်လိုက်တော့ အောင်လံတွေ တလှူလှူလွှင့် ချီတက်သွားလိုက်ကြတာ အားပါးပါး…..မနဲပါလား…ခရိုနီတွေ သူတို့တွေကို ကျော်ဖို့ နေနေသာသာ မီအောင်တောင် […]


kaungsumyatsanAugust 27, 20121min1387
မနက်အာရုဏ်တက်အချိန် ဆွမ်းကပ်လှူရန်ဆွမ်းချက် သောက်တော်ရေကပ်၊ ပန်းလှူ စသည်ဖြင့်သာယာသောနံနက်ခင်းလေးကို မင်္ဂလာရှိစွာဖြတ်သန်းနေသောသီလရှင်လေးများ၏လှုပ်ရှားမှု့များကိုသီလရှင်ကျောင်းဆောင်လေး၏ အခန်းပြူတင်းပေါက်မှငေးကြည့်နေမိသော ခင်မမရဲ့ရင်ထဲမှာ အားငယ်မိတာလား၊ အားတက်မိတာလား၊ မဝေခွဲတတ်တော့ပါ။ အတွေးထဲမှာ ငါကတော့ သောကတွေရင်မှာပိုက်ထားပြီး ကုသိုလ်ရေးလည်းမလုပ် ဖြစ် ၊အကုသိုလ်ဖြစ်အောင်လည်းမလုပ်မိပေမဲ့ ၊တွေဝေငေးမောပြီး ရင်ထဲက ခံစားချက်တွေကိုအစွမ်းကုန် ရှေ့တန်းတင်ထားမိတာဟာလည်းမိုက်မဲ ခြင်းတစ်မျိုးဘဲမဟုတ်လားလေ။ ကြွယ်ဝ ချမ်းသာသော၊ပညာတတ်မိသားစုအသိုင်းအဝိုင်းမှာ သမီးရတနာ တစ်ဦးအနေနဲ့ မွေးဖွားလာခဲ့ပြီး ဘဝမှာအခက်အခဲ၊ အနှောင့်အယှက်များကင်းစွာနဲ့ ဖြတ်သန်းခွင့်ရလာခဲ့တဲ့ ခင်မမ တစ်ယောက် မိဘ ဆရာသမား များရဲ့သွန်သင်ဆုံးမမှု၊သူမ ကိုယ်တိုင်ရဲ့ ရိုးသားကြိုးစားမှု့ ၊ဗဟုသုတ ကြွယ်ဝမှု့တွေနဲ့အတူစိတ်ကောင်း စေတနာကောင်း များကို နေရာတကျအသုံးပြုတတ်ခဲ့တဲ့အတွက် ခင်မမဘာလုပ်လုပ် အောင်မြင်ခဲ့တယ်၊ ကြွယ်ဝ ချမ်းသာမှု့တွေကထပ်ဆင့် လို့ဘယ်သွားသွားဘာ လုပ်လုပ်တင့်တယ်လို့နေလေရဲ့…..ဒီလိုနဲ့ခင်မမ မိဘအသိုင်းအဝိုင်းကြားမှာပေါ့ပါးမြူးတူးနေခဲ့တာ အရွယ်တစ်စိတ်ဟိုင်းလို့ အသက်သုံးဆယ်ကျော် အရွယ်ကိုရောက်လာခဲ့ပြီ၊  ခင်မ ပတ်ဝန်းကျင်မှာ ရှိတဲ့ပုရိသ […]