ကကြိုးပျောက်တဲ့ ရွှေသုန်နရီ

kaungsumyatsanAugust 27, 20121min1427

မနက်အာရုဏ်တက်အချိန်

ဆွမ်းကပ်လှူရန်ဆွမ်းချက် သောက်တော်ရေကပ်၊ ပန်းလှူ စသည်ဖြင့်သာယာသောနံနက်ခင်းလေးကို

မင်္ဂလာရှိစွာဖြတ်သန်းနေသောသီလရှင်လေးများ၏လှုပ်ရှားမှု့များကိုသီလရှင်ကျောင်းဆောင်လေး၏

အခန်းပြူတင်းပေါက်မှငေးကြည့်နေမိသော ခင်မမရဲ့ရင်ထဲမှာ အားငယ်မိတာလား၊ အားတက်မိတာလား၊

မဝေခွဲတတ်တော့ပါ။ အတွေးထဲမှာ ငါကတော့ သောကတွေရင်မှာပိုက်ထားပြီး ကုသိုလ်ရေးလည်းမလုပ်

ဖြစ် ၊အကုသိုလ်ဖြစ်အောင်လည်းမလုပ်မိပေမဲ့ ၊တွေဝေငေးမောပြီး ရင်ထဲက ခံစားချက်တွေကိုအစွမ်းကုန်

ရှေ့တန်းတင်ထားမိတာဟာလည်းမိုက်မဲ ခြင်းတစ်မျိုးဘဲမဟုတ်လားလေ။

ကြွယ်ဝ ချမ်းသာသော၊ပညာတတ်မိသားစုအသိုင်းအဝိုင်းမှာ သမီးရတနာ တစ်ဦးအနေနဲ့

မွေးဖွားလာခဲ့ပြီး ဘဝမှာအခက်အခဲ၊ အနှောင့်အယှက်များကင်းစွာနဲ့ ဖြတ်သန်းခွင့်ရလာခဲ့တဲ့ ခင်မမ

တစ်ယောက် မိဘ ဆရာသမား များရဲ့သွန်သင်ဆုံးမမှု၊သူမ ကိုယ်တိုင်ရဲ့ ရိုးသားကြိုးစားမှု့ ၊ဗဟုသုတ

ကြွယ်ဝမှု့တွေနဲ့အတူစိတ်ကောင်း စေတနာကောင်း များကို နေရာတကျအသုံးပြုတတ်ခဲ့တဲ့အတွက်

ခင်မမဘာလုပ်လုပ် အောင်မြင်ခဲ့တယ်၊ ကြွယ်ဝ ချမ်းသာမှု့တွေကထပ်ဆင့် လို့ဘယ်သွားသွားဘာ

လုပ်လုပ်တင့်တယ်လို့နေလေရဲ့…..ဒီလိုနဲ့ခင်မမ မိဘအသိုင်းအဝိုင်းကြားမှာပေါ့ပါးမြူးတူးနေခဲ့တာ

အရွယ်တစ်စိတ်ဟိုင်းလို့ အသက်သုံးဆယ်ကျော် အရွယ်ကိုရောက်လာခဲ့ပြီ၊  ခင်မ ပတ်ဝန်းကျင်မှာ

ရှိတဲ့ပုရိသ တွေကလည်းခင်မ နဲ့ပတ်သတ်ပြီးအရောင်ဆိုးခွင့်မရခဲ့ကြဘူး၊   ဆက်ဆံရေး ပြေပြစ်စွာ

နဲ့ ရှောင်ရှားတတ်လေသော ခင်မမ ကို အဝေးကနေ ငေးကြည့်နေကြရုံသာ၊   ခင်မမအနေနဲ့ကလည်း

အချစ်ဆိုတာ လိုအပ်တဲ့အရာမဟုတ် ဘူးလို့ထင်ထားခဲ့တာ…… ပြည့်စုံကုံလုံလှတဲ့ဘဝမှာ လိုချင်

တောင့်တမရှိရပါ ဘဲလေ။

သူငယ်ချင်းတစ်ယောက်ရဲ့မွေးနေ့ပွဲလေးကိုပေါ့ပါး လွတ်လပ်တဲ့ ညနေခင်း ဝတ်စုံလေးနဲ့

တက်ရောက်လာတဲ့ ခင်မမ ရဲ့လူငယ်ဆန်ဆန်လှပ ခြင်းတွေနဲ့အတူ ကြည်လင်ရွှင်ပျရှိလှ တဲ့ ခင်မမရဲ့

မျက်နှာလေးဟာ မြင်ရသူအားလုံးရဲ့ နှစ်သက်ခြင်းကိုရရှိစေခဲ့ပါတယ်။ မွေးနေ့ပွဲကအပြန် သူမရဲ့ ကား

လေးက်ိုအေးအေး ဆေးဆေး မောင်းလာတုန်း ကားက မီးပိုွင့်မှာစက်ရပ် သွားပါ လေ ရော……မီးပိုွင့်

က တာဝန်ကျ ယာဉ်ထိန်းရဲ ရဲ့ အကူအညီနဲ့လမ်းဘေးကို တွန်းပြီး ရွှေ့ လိုက် ရပါ တယ်။ ကားကိုရွှေ့

အပြီးဘေးဘိကို ကြည့်လ်ိုက်တော့ သူမ ကို လှမ်းကြည့်နေတဲ့ သူတစ်ဦးကို တွေ့လိုက်ရပါ တယ်၊

သူ့ရဲ့အကြည့်က ကားဘာဖြစ်တာလည်း ဘာလုပ်ပေးနိုုင်မလည်း ဆိုတဲ့ အကြည့် ဖြစ်ကြောင်း

ခင်မမ ကောင်းကောင်းသုံးသပ်နှိုှုင်ခဲ့ပါတယ်။ ဒါကြောင့် ခင်မက အကူအညီတောင်းလိုတဲ့ မျက်လုံးလေး

နဲ့လှမ်းကြည့်မိ တဲ့အခါ သူက ခင်မမ ရဲ့ ကားအနားကို ကပ်လာပြီး”ဘာကူညီပေးရမလဲခင်ဗျာ” ဟု

ယဉ်ကျေးသိမ်မွေ့စွာပြောလာတဲ့အခါမှာတော့  ခင်မသူ့ကို အားကိုးတဲ့စိတ်နဲ့   “ခင်မရဲ့ကားစက်ရပ်

သွားလို့ပါ၊   ရှင်များကြည့်ပေးနိုင်မလားဟင်၊  ကားဝပ်ရှော့ဖုံးနံပါတ်ကလည်း မပါ လာတော့ ခင်မ

အခက်တွေ့နေလို့ပါ “လို့အေးအေးလေးပြန်ပြော လိုက်ပါတယ်။

” ကျွန်တော်ကြည့် ကြည့်မယ်လေ၊  ကားအကြောင်း နဲနဲ ပါးပါးတော့ နားလည်ပါတယ်” လို့ပြောပြီး

ခင်မမရဲ့ ကားအင်ဂျင်စက်တွေပေါ်မှာကျွမ်းကျင်စွာ စည်းချက် ညီညီလှုပ်ရှားနေတဲ့သူ့ ရဲ့လက်လေး

တွေကိုကြည့်ရင်း ခင်မမစိတ် ထဲမှာတစ်မျိုးခံစားနေမိတယ်၊ ကံဇာတ် ဆရာရဲ့ချယ်လှယ်ခြင်း ကိုကြုံ

တွေ့ရတော့မယ်ဆိုတာသာ သိခဲ့မယ်ဆိုရင်…………..ခင်မ အတွေးလွန်နေစဉ်မှာဘဲ……..

“ကားစက်နှိုးကြည့်ပါ အုံး မမ”လို့ ပြောလိုက်တဲ့သူ့အသံကြောင့် ခင်မ ကားစက်ကိုနှိုးလိုက်တော့

ကားကအကောင်းတိုင်း စက်သံမှန်နေလေရဲ့….ခင်မ ကားကအသစ်စက်စက်ပါ၊  လူမှန်သိတတ်တဲ့

အရွယ်ထဲက ကားနဲ့ ရင်းနှီးခဲ့တဲ့ ခင်မအနေနဲ့ကလည်း ကားနဲ့ပတ်သတ်ပြီး သိသင့်သလောက်

သိပါ တယ် ၊ဒါပေမဲ့ သူ့ရဲ့အကူအညီကိုတော့လက်ခံခဲ့ရပြီ၊…….ဒီတော့ “ကျေးဇူးပါ ဘဲရှင်….

ဒီမှာ ခင်မရဲ့လိပ်စာကဒ် လမ်းကြုံရင်လာလည်နှိုင်ပါတယ်၊ အကူအညီလိုရင်လည်း ဖုံးဆက်ပါ”

လို့ခင်မ ကပြောတော့ “ဟုတ်ကဲ့ခင်ဗျ”  လို့ပြောပြီးထွက်ခွာ သွားတဲ့သူ့ရဲ့နောက်ကျော ကို

ကြည့်ပြိီး  ခင်မ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိ သလိုပါဘဲ……………………………….။

ဒီလိုနဲ့ တစ်နေ့ ခင်မရဲ့လုပ်ငန်းခွဲတွေထဲကတစ်ခု ဖြစ်တဲ့ Internet Game  ဆိုင်ဖက်

ကိုရောက်တော့ မန်နေဂျာက ထွက်ကြိုပြီး သူ့ဘေးမှာ ပါလာတဲ့လူနဲ့မိတ်ဆက်ပေးတဲ့အခါမှာ

“ကျော်စွာထွန်း  လို့ခေါ်ပါတယ်  ဒီဆိုင်မှာအသစ်ခန့်ထားတဲ့ဝန်ထမ်းပါ ”  ပြောလာတဲ့အတွက်

ကြည့်လိုက်မိတဲ့အခါ “ဪ  ကျွန်မကားကို ပြင်ပေးခဲ့တဲ့သူပါလား ” မန်နေဂျာဖက်ကိုလှည့်ပြီး

ခင်မက ” ကိုအောင် ရေ  သူက ခင်မကို ကူညီခဲ့ဘူးတယ်၊ သူ့ကို ခင်မ ကိုယ်စားဂရုစိုက်ပြီး

ဆက်ဆံပေးပါ ” လို့ပြုံးပြုံးလေး ပြောနေတဲ့ ခင်မရဲ့ မျက်နှာကို အားတက်သရောလေး ကြည့်

နေတဲ့ ကျော်စွာထွန်း ရဲ့ မျက်နှာပေါ်မှာ ကျေနပ်မှု့တွေအပြည့် ရှိ နေခဲ့ပါတယ်။ အခါ အခွင့်

ကြုံလို့ပြန်လည် တုန့်ပြန်ခွင့်ရတာ ကျေနပ်စရာ လို့ ခင်မ အတွေးတွေခိုင်မာနေခဲ့ပါတယ်။

ခင်မ ရဲ့လုပ်ငန်းမှာဝင်ရောက်လုပ်ကိုင်နေရင်း သူ နဲ့ခင်မ ရင်းနှီးမှုတွေပို လာခဲ့ပါတယ်။

ခင်မရဲ့အရေးပေးမှု၊ အပေးအကမ်းရက်ရောမှု၊ စိတ်ထင်တိုင်း စိတ်ကို ဦးစားပေးပြီးလွတ်လွတ်

လပ်လပ် ပြော ဆို နေထိုင်မှုတွေကြောင့် ကျော်စွာထွန်းလဲ ခင်မ ကို တွယ်တာနေလေ ပြီ  ။

ကျော်စွာထွန်း ရဲ့ ရိုးသားကြိုးစားမှု၊ စိတ်ဓါတ်အင်အားခိုင်မာမှုတွေကြောင့် ခင်မ ရဲ့ လုပ်ငန်း

အတော်များများမှာအတူတူတတွဲတွဲ နဲ့ လုပ်ငန်းအောင်မြင်မှုတွေရရှိခဲ့ပါတယ်။  ခင်မကလည်း

ကျော်စွာထွန်း သာမရှိရင် ဘာမှမလုပ်တတ်တော့တဲ့ ပုံစံမျိုးနဲ့ အားအကိုးကြီးကိုးပြီး ပင်ကိုယ်

ကိုယ်စွမ်း ဉာဏ်စွမ်းတွေကို တိုးလာအောင်ဆွဲမတင်တော့ဘဲ ကျော်စွာထွန်း ရဲ့ ဦးဆောင်မှု

အောက်ကိုကျေနပ်စွာနဲ့ ခေါင်းငုံ့ဝင်ခဲ့တယ်………ကျော်စွာထွန်း ရဲ့အတွေးအခေါ် ဆုံးဖြတ်

ချက်တွေကိုလက်ခံခဲ့တယ်။ ……အချစ်ဆိုတာကို စိတ်မဝင်စားခဲ့တဲ့ခင်မမ…..အခုတော့

သူမကို တစ်ခါ မှချစ်ပါတယ် မပြောဘူးသောယောင်္ကျားတစ်ယောက် ကို……………………။

တစ်ခါတစ်လေ ကျတော့လည်းသွားရင်း လာရင်း လူရှုပ်ထွေးတဲ့နေရာတွေ၊ လှေခါးအတက်

အဆင်းတွေနဲ့၊ မိုးရွာတဲ့အချိန်၊ လမ်းဖြတ်ကူးတဲ့အချိန်လို နေရာမျိုးတွေပှာ ခင်မ ရဲ့လက်တွေ

ကို တင်းတင်းဆုပ်ကိုင်ထားတဲ့ သူ့ရဲ့လက်တွေကို ခင်မ ငုံ့ကြည့်ရင်း ရင်တွေခုန်နေမိတာ ၊

ခင်မ သူ့ကိုသိပ်ချစ်နေမိတယ်ဆိုတာ…………နွေးထွေးလှသူ့ရဲ့အကြည့်တွေ၊ တည်ငြိမ်လှ

တဲ့သူ့ရဲ့အပြုံးတွေက ခင်မအတွက်ကတော့ တစ်သိမ့်သိမ့်ပါဘဲ။  သူပြောတဲ့ ခင်မနဲ့အတူ

လျှောက်လှမ်းမဲ့အနာဂတ်စီမံကိန်းတွေဟာလည်း ခင်မအတွက် အားအင်အသစ်တွေဖြစ်ခဲ့

ရပါတယ်။ ဒီတော့ …သူ့ကို ခင်မ ချစ်သူလို့ခင်မထင်ထားမိခဲ့ပါတယ်၊ ခင်မက သူ့ကို

ချစ်လား  လို့မေးရင် သူက ချစ်တယ် လို့ဖြေတယ်၊…ချစ်လားလို့ မျက်နှာ ခပ်တည်တည်

နဲ့ မေးနှိုင်တဲ့ ကိုယ့်ရဲ့စိတ်ကိုလည်း အံဩမိပါရဲ့………….ခင်မဘဝမှာ ငွေရှိတိုင်း အရာရာ

ကို ဖြစ်အောင်ဖန်တီးနှိုင်ခဲ့သလို အချစ်ကိုလည်း ကိုယ်ကချစ်ရင် ရကို ရ ရမယ်လို့ ယုံကြည်

မှုတွေလွန်ကဲ ခဲ့တယ်။    ဒါဟာ ခင်မအမှားကြီးတစ်ခုကို စတင်မိခဲ့ပြီဆိုတာ မသိလို့သာ

ပေါ့လေ…………..

စိတ်တူ ကိုယ်တူနဲ့ လုပ်ငန်းအောင်မြင်မှုတွေကြားမှာ လျှောက်လှမ်းနေရင်း က ကျော်စွာထွန်း

ရဲ့ ဇာတိမြေ ကိုပြန်ပြီး ချစ်ဦးသူနဲ့ လက်ထပ် ခွင့်ပြုပေးဘို့ ခင်မကိုခွင့်တောင်းခံလာ တဲ့အခါ

မှာတော့ ခင်မ ဘာပြောရမှန်းမသိရတော့လောက်အောင် အံဩ တုန်လှုပ်ငြိမ်သက်သွားခဲ့ရပါ

တယ်။ ကျော်စွာထွန်း ပြောသွားတဲ့စကားတွေထဲမှာ …..

သူ့ချစ်သူကိုလက်ထပ်ခွင့်ပြုပါ၊

သူ့ချစ်သူက နှလုံးရောဂါသည်ပါ၊ သူခွဲထားခဲ့ရင် သူ့ချစ်သူသေသွားပါလိမ့်မယ်၊

မမ ဘဝကပြည့်စုံပါတယ်၊

မမက မမဘဝမှာ နေသားကျနေပါပြီ……..တဲ့……လား ။

ကျော်စွာထွန်းရဲ့ စကားတွေကိုကြားပြီးတော့ ခင်မ နားထဲမှာ တစ်ခြား ဘာသံမှမကြားနှိုင်လောက်

အောင် ပဲ့တင်ထပ်နေတာက  “ကိုယ်ခံစားလို့မရတဲ့ မိန်းမတစ်ယောက် ကို ဘေးမှာ ထားပြီး

ကျွန်တော် ပန်းခင်းလမ်းမှာ လျှောက်နေရရင်လည်း ကျွန်တော်မပျော် နှိုင်ပါဘူး “တဲ့ လား။

ဒီစကားတွေ ကို ပြောလို့ ကျေနပ်ပြီ ဆိုရင် …..မင်းလိုရာကို သွားနှိုင်ပါပြီ…………ငါ့ကို ထားခဲ့

ပါတော့………..ခင်မဘဝရဲ့ စည်းချက်ညီညီလှုပ်ရှားကပြ ခဲ့တဲ့ အောင်မြင်မှု အချိန်အခါ တွေဆီ

ကို ပြန်သွားနှိုင်ဘို့ဆိုတာ……..

ရွှေသုန်နရီမင်းသမီးလေးကကြိုးပျောက်သွားရင် အစက ပြန်ကဘို့လွယ်ပေမဲ့…….

ဘဝဇာတ်ခုံမှာကကြိုးပျောက်ခဲ့ရတဲ့ခင်မ အတွက်ကတော့ နှလုံးသားကဒဏ်ရာ ဒဏ်ချက်တွေနဲ့

စည်းချက်ညီနှိုင်တော့မှာ မဟုတ်သလို ကကြိုးဟန်ညီ ၊စိတ်ထားပီနဲ့နေနှိုင် တော့မှာ မဟုတ်တာ

ကို ခင်မ ရင်ထဲမှာ တစ်ယောက်ထဲဆွေးဆွေးမြေ့မြေ့ပြောနေမိပါတယ်။

ခင်မတစ်ယောက် အတွေးလွန်နေစဉ်မှာ ဘဲ သီလရှင်လေးများ ရဲ့ အမျှပေးဝေ တဲ့ အသံ

အဆုံးမှာ  ……..တိကနိပါတ်ဖြစ်တဲ့

လောကီလူသားများက လူတစ်ယောက်အဖြစ်သတ်မှတ်ထားသောအင်္ဂါများမှာ

အမျိုးမြတ်ခြင်း၊ ရာထူးကြီးခြင်း။ ချမ်းသာ စည်းစိမ် ပေါများခြင်း တို့ဖြစ်ပြီး

ဘုရားရှင်ကလူတစ်ယောက်အဖြစ် သတ်မှတ်သော အင်္ဂါများကတော့

ကုသိုလ်တရားများကို ရဲဝံ့စွာလုပ်ရဲခြင်း၊ ကုသိုလ်တရားများအပေါ်သတိရခြင်း၊

မြတ်သောအကျင့်ကို ကျင့်သုံးနှိုင်ခြင်း   တို့ဖြစ်သည်။

လောကီလူသားများသတ်မှတ်ထားသောအင်္ဂါများလုံးဝမပါ။………ဆိုတဲ့

စာသားလေးကိုသွားသတိရမိတော့ ကျွန်မ(ခင်မမ)လူတစ်ယောက် ဖြစ် ဘို့

ကြိုးစားရပါအုံးမည်။    ကကြိုးပျောက်တဲ့ရွှေသုန်နရီမှသည် ကကြိုးပြောင်းတဲ့

ရွှေသုန်နရီဖြစ်ရမည် သို့သာ………..

(အားမတန်လို့မာန်လျှော့ရလေခြင်းလား)

7 comments

  • YE YINT HLAING

    August 27, 2012 at 3:54 am

    နူးညံ့စွာ လိမ်ညာ လှည့်ဖြားသွားတာပဲဗျ ! သူ့မှာ နဂိုကတည်း ကတိုင် ချစ်သူ ရှိပြီးရဲ့ သားနဲ့ လူတစ်ယောက်ကို အမြင့်ကြီး ခေါ်သွားပြီးမှ တွန်းချလိုက်တာပဲ ။ အဲ — ဇတ်လမ်း ပါနော် !

  • ကို ခင်ခ

    August 27, 2012 at 9:50 am

    အချစ်ဆိုတာ ပျော်ရွှင်စရာများနဲ့ အတူတူ၊
    ပူဆွေးမှု့များလည်း သူခေါ်တတ်တယ်။
    ( ကိုခိုင်ထူးသီချင်းတစ်ခုရဲ့ စာသားအပိုင်းလေးပါ။)

  • kaungsumyatsan

    August 27, 2012 at 11:26 am

    အချစ်ကြောင့်ခံစားရခြင်းထက်
    အချစ်ကြောင့် တန်ဖိုးရှိတဲ့အချိန်တွေ
    အချည်းနှီးဖြစ်ရတာ၊
    သတိထားမိစေချင်ပါတယ်။

  • ကို ခင်ခ

    August 27, 2012 at 2:19 pm

    အော် အဲလိုဆိုလိုချင်တာလား။
    ကျွန်တော်ကတော့ အချစ်ကြောင့်တန်ဖိုးရှိတဲ့ အချိန်တွေရခဲ့လို့ပါ။

  • Mobile

    December 16, 2012 at 6:22 pm

    အားပေးသွားပါတယ်ခင်ဗျားးးးးး

Leave a Reply