ဇီဇီMarch 28, 20135min30112
                        အင်တာဗျူး (၁) က    https://myanmargazette.net/168825 အင်တာဗျူး (၂) က    https://myanmargazette.net/171251 အင်တာဗျူး (၄) က    https://myanmargazette.net/171299 ~~~~~~~~~~  အင်တာဗျူး သွားကြမယ် (၁)/(၂)  ပြီးတော့ ကျန်နေတဲ့ အပိုင်းလေးတွေ ဘာသာပြန်ဖို့ ပျင်းနေရာက ဖဘလေး ဝင်…ဟိုကြည့်ဒီကြည့်အကျိုးအကျေးဇူးနဲ့ “ရေးမိရေးရာ ကလေးများ” က ရှယ်ထားတဲ့ လင့်(ခ) လေးသွားတွေ့တယ်။။ မူရင်းတော့ ဘယ်သူရေးလည်းမသိ။ ကိုယ်ပြောလည်းပြောချင်ပြီး မရေးနိုင်လို့ အချိန်ဆွဲနေတဲ့ အချက်တွေ အတော်များများကြီးကို စေတနာထားရေးထားတာတွေ့လို့ နည်းနည်း မွန်းမံပြီး ပြန်တင်လိုက်တယ်။ သူရေးတာကို ဘာမှ မဖြုတ်ပဲတင်တာမို့ […]


ဇီဇီMarch 26, 20131min39221
ဒီ နေ့ တပေါင်းလပြည့်နေ့။ အဖေနေ့ဆိုပဲ။ အဖေကချစ်သော၊ အဖေ့ကိုချစ်သော သမီးတစ်ယောက်အနေနဲ့ သူ့ ကို သတိရရင်း သူ့ အမှတ်တရလေးတွေ ရေးချင်စိတ်ပေါက်လာပါတယ်။ အရင်ကကိုယ့်သဘောကိုဆောင်ခဲ့တဲ့ ကိုယ့်အတွက် ကံကြမ္မာက ခြင်္သေကျွန်းကို ပို့ပြီးဒါဏ်ခတ်ထားတယ်လေ ။ ကိုယ့်ကိုယ်ကို မပိုင်တဲ့ဘဝမို့ ကိုယ့်ကို လိုအပ်တဲ့ လူတွေနားမှာ မနေနိုင်ပြန်ဘူး။  သမီးကို သူ့ အနားမှာပဲ ထားချင်တဲ့ ဒီ အဖေနားမှာ မနေနိုင်ခဲ့တာ ဘယ်နှစ်နှစ်ရှိပြီတုန်းမသိ။  🙁 ကိုးတန်းကတည်းက ခွဲခဲ့ရတာ။ သူတာဝန်ကျတဲ့ နယ်တိုင်းကို သွားလိုက်ပြန်လိုက်နဲ့။ ပြန်တိုင်း တစ်လမပြည့်အောင်နေခဲ့ရတာ။ သူ့ ရဲ့ နည်းပါးလှတဲ့ စကားထဲက သူ့အတွင်းစိတ်ကို မြင်နိုင်တာလည်း ကိုယ်ပဲရှိတယ်။ ဒါပေမဲ့ ငိုတတ်တဲ့ ကလေးမှ မုန့်ပိုရတယ်ဆိုသလို အဖေကို ဘယ်လောက် ပိုချစ်ချစ် […]


ဇီဇီMarch 25, 20131min20115
ဟင်း!!! စိတ်မောတယ်။ ဒီရွာထဲက ညီမလေးတစ်ယောက် သူ့ကဗျာလေး လာပြတာရယ်။ တင်ချင်တယ်တဲ့။ ဖတ်မိတဲ့ တစ်ယောက် စိတ်ခံစားရမှာစိုးလို့ မတင်ရက်ဘူးတဲ့။ ဒါပေမဲ့ ကိုယ့်စိတ်ထဲထိသွားတဲ့ စာလေးမို့ သူ့ကိုယ်စားတင်လိုက်တယ်။ အစ/အဆုံးသိထားမိတာမို့လား။ ညီမလေးပြောဖူးတဲ့ “သူ့ကို မြင်ရတာ အရင်ကရော ခုရောသမီးအဖြစ်ကို ကြည့်နေရတဲ့ အတိုင်းပဲ အစ်မရယ်” ဆိုတဲ့ စကားလေးပဲ နားထဲစွဲနေလို့လားမသိ။ စိတ်ထဲ အတော်ထိခိုက်ပါတယ်။       သူနဲ့ငါ…တကယ်က တူတူပါပဲ…။ သူ ငါ့ကို မြင်မြင်ခြင်းချစ်တယ်.. ငါ နင့်ကို မြင်မြင်ခြင်းချစ်တယ်… သူ ငါ့ကို ရူးသွပ်တယ်… ငါ နင့်ကို ရူးသွပ်တယ်… သူ ငါ့ကို ပိုင်ဆိုင်ချင်တယ်… ငါ နင့်ကို ပိုင်ဆိုင်ချင်တယ်… သူ ငါ့ကို မြတ်နိုးတယ်.. […]


ဇီဇီMarch 25, 20132min29917
                            အင်တာဗျူးသွားကြမယ် (၁) က ဒီမှာပါ။  https://myanmargazette.net/168825 ကဲ။ ဘာသာပြန်ဖို့ အပျင်းတစ်နေရာက အင်တာဗျူးသွား ဝတ်စားဆင်ယင်မှု ကိစ္စလေး ပြီးသလောက်တင်လိုက်၏။ ဖတ်ရင်ကို နားလည်လောက်မှာမို့ ကိုယ့်အာဘော်တွေ ရှုပ်နေအောင် မရေးတော့ပါဘူး။ ဒါ သူ့အာဘော်သန့်သန့်လေးပါ။ လိုအပ်တယ်ထင်တာ ဝင်ဖြည့်သွားကြပါရန်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အင်တာဗျူးသွားရင် ဘယ်လိုဝတ်ကြမယ်။ အင်တာဗျူးမဲ့လူရဲ့ ပထမဆုံး ကိုယ့်အပေါ် မြင်မဲ့ အမြင်ဟာ ကိုယ့် ဘယ်လိုဝတ်စားသွားပါတယ်၊ ဘယ်လို ပုံစံဖြစ်နေပါတယ် ဆိုတာမှာ မူတည်နေပါတယ်။ ဒါကြောင့် ကိုယ်က ဘယ်လို အလုပ်အမျိုးအစားးလုပ်ရမှာပဲဖြစ်ဖြစ်၊ အလုပ်ရဖို့ အင်တာဗျူးသွားမယ်ဆိုရင် […]


ဇီဇီMarch 21, 20137min58272
18th June 2006   “မိုင်ခိ” “အင်း::”   ဖြိုးခေါ်သံကို အင်း လိုက်ပြီး ရေ လက်စ ပိုက်ဆံ ဆက် ရေ နေလိုက်တယ်။   “ဟဲ့၊ ငါ ခေါ်နေတာ မကြားဘူးလား။”   ဒီကလေးမလည်း ပြောမှာဖြင့် ပြောတာမဟုတ်။ စိတ်ရှုပ်ပြီး သူ့ကို ဘာသဘောလည်း မေးဆတ်ပြလိုက်တော့ မျက်စောင်းဒဏ် အရင်ခံလိုက်ရသေးတယ်။။   “ဒီမှာပြောမလို့ဟာကို နင့်ပိုက်ဆံတွေက နောက်မှ ရေ လေ။”   ဘယ်လောက်ရောက်နေပြီလို စိတ်ထဲမှတ်ပြီးမှ……   “ပြောလေကွယ်၊ ရေ နေရင်းနားထောင်လို့ရတာပဲ။”   “ဟိုကောင် မိန်းမယူတော့မယ်တဲ့။” ရုတ်တရက် ကိုယ့်နားတွေ အူသွားသလိုပဲ။ မျက်လုံး က ဘာမှ မမြင်ရတော့။ ပိုက်ဆံတွေ […]


ဇီဇီMarch 7, 20132min52342
                                              ကိုယ် မပိုင်ဆိုင်နိုင်တဲ့ သူ့ ကို မစွန့်လွှတ်နိုင်တာ ကိုယ့် အတ္တ!   ကိုယ် လက်မခံနိုင်တဲ့ သူ့အချစ် သူများကို မရစေချင်တာ ကိုယ့် အတ္တ!   ကိုယ်နဲ့ မတွေ့နိုင်တဲ့ သူ့ကို တခြားလူတွေနဲ့ မတွေ့စေချင်တာ ကိုယ့် အတ္တ!   ကိုယ်နဲ့ မပြောနိုင်တဲ့ စကားတွေ သူ တခြားမှာပြောနေတာကို မကြိုက်တာ ကိုယ့် အတ္တ! […]


ဇီဇီMarch 4, 20132min71661
          တစ် စုံ တစ် ယောက် ရဲ့ စိတ် ထား ကို နှစ် သက် မိ နေတယ်။   တစ် စုံ တစ် ယောက် ရဲ့ အ တွေး တွေ ကို မှန်း ဆ မိ နေ တယ်။   တစ် စုံ တစ် ယောက ်ရဲ့ စ ကား ကို နား ထောင် မိနေ တယ်။   တစ် စုံ တစ် ယောက် ရဲ့ ဝမ်း နည်း မှု တွေ […]


ဇီဇီMarch 4, 20136min47145
အမှန်တော့ ဒါက ပို့(စ) ဟုတ်ဘူးရယ်။ အရင်က စလုံးကို အလုပ်လာလုပ်မဲ့ သူငယ်ချင်းတွေ၊ ကိုယ့်မောင်လေးတွေ အတွက် အင်တာဗျူးရင် အစဉ်ပြေပြေဖြေတတ်အောင် ဟိုရှာဒီရှာနဲ့ သီတင်းစာထဲကတွေ့လို့ သူတို့ကို ဆရာလုပ်နိုင်အောင် ဘာသာပြန်ထားတာ။ ရေးရင်း၊ မေးရင်း အတော်တော့ များသွားပါတယ်။ ကိုယ်တွေ စလာတုန်းကတော့ ဘယ်သူမှ ဒီလိုအဆင်သင့်ရှာမပေးဘူး။ ခုတော့ ဒီသီတင်းစာထဲပါ အကြောင်းအရာကို  ကိုယ့်လက်တွေ့အကြောင်းအရာနဲ့ မွှေနှောက်ပြီးရေးသွားမယ်နော့။ ရွာသူ/သားတွေ မူးသွားမှာစိုးလို့ ဓာတ်ပုံတွေလည်း တင်တော့ပါဘူး။ ဆီလျော်အောင်ဘာသာပြန်ဆိုထားသော (ကိုယ့်ဟာကိုယ် အဲလိုထင်တာပဲ) စာလုံးတွေနဲ့ပဲ မူးသွားအောင်လုပ်ပါတော့မယ်။ စပါပြီ။ ခေါင်းစဉ်ကတော့ဖြင့် အင်တာဗျူးမေးသူတွေ မေးလေ့ရှိတဲ့ ခက်ခဲ မေးခွန်းများပါတဲ့။ သူကတော့ “Knowing the answers is half the battle won” ဆိုပဲ။ ကိုယ့်အာဘော်လေးကလည်း […]


ဇီဇီMarch 1, 20131min37245
တရုတ်နှစ်သစ်ကူး ပြီး ပေါ့။ ဒီရာသီက အလုပ်ပြောင်းအရွှေ့လုပ်ကြတဲ့ အချိန်ဖြစ်နေပြီ။ ဒီလို အလုပ်အပြောင်းအရွှေ့တွေက ကိုယ်နဲ့ မဆိုင်သလို နေခဲ့ရတာ အတော်ကြာပြီရယ်။ ကိုယ့် ဘိုးတော်ကြီးကို ချစ်တာရယ်၊ အလုပ်မှာ ပျော်တာရယ်၊ အင်တာဗျူးတွေ မဖြေချင်တာရယ်၊အလုပ်သစ်တစ်ခုပြောင်းရင် ရမဲ့ ဖိစီးမှုတွေကို မယူချင်တာရယ် နဲ့ ဒီတစ်လုပ်ထဲမှာ အပျင်းကြီးနေတာ။ ကိုယ့်သဘောဖြစ်နေတဲ့ နေရာလေးက မရွှေ့ချင်တာလည်း ပါတာပေါ့လေ။ မန်းလေးတုန်းကတော့ ဘာအလုပ်မှကို မလုပ်ဖူးတာ။ အလုပ်ဝင်မယ်လို့ စဉ်းစားပြီး အင်တာဗျူးဖြေရမဲ့နေ့မှာ အဲ့ လမ်းထိပ်က စမူဆာသုပ် ဆိုင်မှာ ထိုင်ရင်း အင်တာဗျူးဖြေရမှာ ကြောက်လို့ သေချာပေါက်ဆိုတဲ့ အလုပ်ကြီးကို စွန့်လွှတ်ပြီး ထပြန်လာတာ။ သတ္တိက အဲ့ဒီလို။   အလုပ်လက်မဲ့ဆိုတဲ့ နာမည်ကိုပဲ မျက်နှာပြောင်ပြောင်နဲ့ ယူပြီး နေဖူးတယ်။ အလုပ်ဆိုတာ ကိုယ်နဲ့ […]


ဇီဇီFebruary 28, 20132min32033
                                    မင်း ကိုချစ်တယ်။ ဒါ ကိုယ် အရမ်းပြောချင်နေတဲ့ စကားဖြစ်တယ်။   မင်း ကိုချစ်တယ်။ ဒါ ကိုယ် ပြောဖို့ အရမ်းနောက်ကျနေပြီဖြစ်တဲ့ စကားလည်းဖြစ်တယ်။   မင်း ကိုချစ်တယ်။ ဒါ ကိုယ် မပြောသင့်တော့တဲ့ စကားလည်းဖြစ်တယ်။   မင်း ကိုချစ်တယ်။ ဒါ ကိုယ် မင်းကို ပြောခွင့်မရှိတော့တဲ့ စကားလည်းဖြစ်တယ်။   မင်း ကိုချစ်တယ် ဒါ မင်း မကြားချင်တော့တဲ့ စကားလည်း ဖြစ်တယ်။ […]


ဇီဇီFebruary 20, 20132min47735
                                မင်း ကို ချစ် တယ်။ ကိုယ်နဲ့ နေ့နံတူတဲ့ ရက်ကလေးမှာ မွေးတဲ့သူ တစ်ယောက်အနေနဲ့။   မင်း ကို ချစ် တယ်။ ကိုယ်နှစ်သက်တဲ့  ရုပ်လက္ခဏာမျိုးရှိသူ  တစ်ယောက်အနေနဲ့။   မင်း ကို ချစ် တယ်။ ကိုယ်ချစ်ခင်တဲ့  အမူအရာလေးတွေ ရှိတဲ့သူ  တစ်ယောက်အနေနဲ့။   မင်း ကို ချစ် တယ်။ ကိုယ်ကြွေလောက်တဲ့  စကားတွေကို ပြောနိုင်တဲ့သူ  တစ်ယောက်အနေနဲ့။   မင်း ကို ချစ် […]


ဇီဇီFebruary 15, 20132min51877
ပွေ့ဖက်ခြင်းနဲ့ ပတ်သက်လို့ပြောမယ်ဆိုရင်တော့ အနည်းငယ် ငြင်းဆိုဖွယ် အကြောင်းအရာများ ရှိတတ်ပါရဲ့။ အရင်ကတော့ လူကြီးသူမများ ပြောလေ့ရှိတတ်တာ မောင်နှမချင်းကို ပူးပူးကပ်ကပ်မနေရ၊ ဆိတ်ကွယ်ရာ မနေရ စသည်ဖြင့်ပေါ့လေ။ အသက်ငယ်တုန်းကလည်း ဆိုလိုရင်း ကို နားမလည်၊ (ဟီးဟီး) ခု နားလည်တော့လည်း လက်မခံနိုင်။ ကိုယ့် အဖိုးအထိ ဒီလို အယူအဆပါလာမို့ မောင်နှမတွေက အဖိုးကို ပြန်မပြောရင်သာ နေမယ်။ အင်မတန် တပူးတွဲတွဲနေတာကလား။ အဖြစ်က ဒီလိုလေ။ အဖိုးတို့ဘက်က ဗုဒ္ဓဘာသာကိုးကွယ်သော မျိုးရိုးဖြစ်ပြီး အင်မတန်ရှေးရိုးဆန်သော၊ ဘောင်ထဲမှ အမှားမခံသော၊ လူများဖြစ်ပြီး အဖွားတို့ဘက်က ခရစ်ယာန် ဘာသာကိုးကွယ်သူ မျိုးရိုးပါ။ အင်မတန်ဆိုရှယ်ကျသော၊ လွတ်လပ်သော အတွေးအခေါ်ရှိတဲ့ သူတွေပါ။ သူတို့နှစ်ယောက် မျက်စိလည်လမ်းမှား ဖူးစာပါခဲ့တော့ ကိုယ်တို့ အမေတွေ အဒေါ်တွေက […]


ဇီဇီFebruary 14, 20131min69221
  ဟိုဘက် ရွာမှာ ရောင်းတာ ဘယ်သူမှ ဝယ်မဲ့သူမရှိလို့ပါ။ ဒီနေ့အမှီ အမြန်ရောင်းချင်ပါတယ်။ ဒီရွာထဲမှာ ကျုပ်မောင်လေး လာရောင်းချင်လိုု့ပါခင်ညာ။ ဘယ်လင်တိုုင်းမှာ ကောင်မလေးမရှိလိုု့ ညစ်နေရှာတာပါ။ အပျိုလေးများ အားပေးကြပါ။ ပွေတယ်။ ရှုုပ်တယ်။ စိတ်ပုုပ်တယ်။ စိတ်ဖောက်ပြန်တတ်ပါတယ်။ အပြောလည်း ဆိုုးပါတယ်။ အရက်သောက်တယ်။ ဆေးလိပ်သောက်တယ်။ ဖဲလည်း ရိုက်ပါတယ်။ အမြန်ဝယ်ကြပါ။  $1 ကနေ 10 cent ထိ discount ပေးထားပါတယ်။ ဝယ်ကြပါ။  ဟော ဒီ က မောင် လေး ရောင်း တယ်။။ အစောဆုံးဝယ်သူအတွက် Buy One Get One Free  အစီအစဉ်လည်းရှိပါတယ်။    ပုံက အင်တာနက်က ရှာထားတာပါ။ အနော့ မောင်ဂလေးက ဒီထက်ပို […]