Khaing KhaingMarch 30, 20121min39132
မောင် ….. မောင်လို့ခေါ်ပြန်ရင် ရွာထဲကလူတွေက နောက်ကျဦးမယ် …. ဒါပေသည့် မတတ်နိုင်ဘူး … ကျွန်မက မောင့်ကို ချစ်စနိုးနဲ့မောင်လို့ခေါ်တာပဲလေ …….. မောင့်ရှေ့မှာတော့ မောင်လို့ဘယ်တော့မှ ခေါ်ဖြစ်မှာမဟုတ်ပါဘူး ……… မောင်ရယ် ….. အရှုံးပေးထားပါတယ်ဆိုမှ အနိုင်ထပ်လိုချင်တာလား …. မောင့်ကိုမချစ်ဖို့ ကျွန်မနှလုံး သားကိုသော့ခတ်ထားခဲ့ပါတယ် …….. သော့ခတ်ထားတဲ့ နှလုံးသားရဲ့အတွင်းထဲမှာ မောင်ရှိနေတယ် ဆိုတာကိုတော့မောင်မမေ့တန်ကောင်းပါဘူးနော် …. အခုတော့ မောင့်ချစ်သူကို ကျွန်မရှေ့ကိုခေါ် လာတယ် ဒါဟာကျွန်မရဲ့ အသဲနှလုံးကို မောင်တဖဲ့ဖဲ့ချွေနေတာလားဟင် ……. မောင့်ချစ်သူ ဘယ်သူ ဘယ်ဝါဆိုတာ ကျွန်မသိစရာမလိုဘူးလို့ကျွန်မထင်တယ် …. မောင်ချစ်တဲ့ချစ်သူကမောင့်ရင်ထဲမှာပဲ ရှိသင့်တယ် ကျွန်မ မျက်စိရှေ့ကိုရောက်အောင် မောင်ခေါ်ဆောင်မလာသင့်ဘူး မောင်ရယ် ကျွန်မဘဝ က မောင်အသုံးပြုနေတဲ့ လက်တော့လေးလိုပါပဲလား …. […]


Khaing KhaingMarch 30, 20121min21820
ပြောချင်တာလေးတစ်ခုရှိတယ် … ပြောပြန်ရင်လည်း မယုံကြည်သူတွေအော်တာခံရဦးမယ် …. ဒါပေသည့် ပြောတော့ပြောရမှာပဲ …. ကျွန်မမှာ မကောင်းတဲ့အကျင့်တစ်ခုရှိတယ် အဲဒီအကျင့်ကဘာလဲဆိုတော့ ကိစ္စတစ်ခုဆို အိမ်မက်ထဲမှာ အရင်ကြိုမြင်ဖူးလေ့ရှိတာပဲ အဲဒါကကျွန်မအတွက်တော်တော်ဆိုးတဲ့ ကိစ္စတစ်ခုပါပဲ …ဒါတွေကို အရင်ကတော့ သတိမထားမိဘူး အခုလုပ်နေတဲ့အလုပ်ထဲ ဝင်တော့မှ သိသိသာသာကြီးသိလားတယ် … ကျွန်မယခုလက်ရှိအလုပ်ကိုဝင်တော့  ဘုရားတရားကို အာရုံစိုက်လုပ်ဖြစ်တယ်လေ … ဘုရားတရားမြဲတော့ သီလလေးကလည်းစင်ကြယ်လာတယ် အဲဒါနဲ့မကောင်းတာတွေရော ကောင်းတာတွေရော အိပ်မက်ထဲမှာ တွေ့တော့တာပဲ … ပထမဆုံးတိုက်ဆိုင်မှုကတော့ ကျွန်မတို့ကုမ္ပဏီမှာ သင်္ဘောသား ၂ ယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလိုဆုံးသွားတယ် အဲဒီသင်္ဘောသား ကိစ္စတွေကို ကျွန်မလိုက်လုပ်ရတယ် တစ်နေ့ ဒုတိယတစ်ယောက်ဆုံးသွားတဲ့အချိန် ကျွန်မကိုယ်တိုင်လေယာဉ်ကွင်းမှာ Dead Bodyသွားထုတ်ရတယ် ဈာပနကိစ္စတွေကအစလိုက်လုပ်ရတယ် အဲအချိန်မှာ ကျွန်မစိတ်ထဲခံစားမှု တစ်ခုဝင်လာတယ် ဒီလိုကိစ္စတွေ ငါလုပ်ဖူးတယ် မြင်ဖူးသလိုပဲဆိုပြီး […]


Khaing KhaingMarch 28, 20121min1194
ပြောချင်တာလေးတစ်ခုရှိတယ် … ပြောပြန်ရင်လည်း မယုံကြည်သူတွေအော်တာခံရဦးမယ် …. ဒါပေသည့် ပြောတော့ပြောရမှာပဲ …. ကျွန်မမှာ မကောင်းတဲ့အကျင့်တစ်ခုရှိတယ် အဲဒီအကျင့်ကဘာလဲဆိုတော့ ကိစ္စတစ်ခုဆို အိမ်မက်ထဲမှာ အရင်ကြိုမြင်ဖူးလေ့ရှိတာပဲ အဲဒါကကျွန်မအတွက်တော်တော်ဆိုးတဲ့ ကိစ္စတစ်ခုပါပဲ …ဒါတွေကို အရင်ကတော့ သတိမထားမိဘူး အခုလုပ်နေတဲ့အလုပ်ထဲ ဝင်တော့မှ သိသိသာသာကြီးသိလားတယ် … ကျွန်မယခုလက်ရှိအလုပ်ကိုဝင်တော့  ဘုရားတရားကို အာရုံစိုက်လုပ်ဖြစ်တယ်လေ … ဘုရားတရားမြဲတော့ သီလလေးကလည်းစင်ကြယ်လာတယ် အဲဒါနဲ့မကောင်းတာတွေရော ကောင်းတာတွေရော အိပ်မက်ထဲမှာ တွေ့တော့တာပဲ … ပထမဆုံးတိုက်ဆိုင်မှုကတော့ ကျွန်မတို့ကုမ္ပဏီမှာ သင်္ဘောသား ၂ ယောက် ရှေ့ဆင့်နောက်ဆင့်ဆိုသလိုဆုံးသွားတယ် အဲဒီသင်္ဘောသား ကိစ္စတွေကို ကျွန်မလိုက်လုပ်ရတယ် တစ်နေ့ ဒုတိယတစ်ယောက်ဆုံးသွားတဲ့အချိန် ကျွန်မကိုယ်တိုင်လေယာဉ်ကွင်းမှာ Dead Bodyသွားထုတ်ရတယ် ဈာပနကိစ္စတွေကအစလိုက်လုပ်ရတယ် အဲအချိန်မှာ ကျွန်မစိတ်ထဲခံစားမှု တစ်ခုဝင်လာတယ် ဒီလိုကိစ္စတွေ ငါလုပ်ဖူးတယ် မြင်ဖူးသလိုပဲဆိုပြီး […]


Khaing KhaingMarch 20, 20121min37926
ကျွန်မအခုပြောချင်တာလေးကတော့ ပြီးခဲ့တဲ့ စနေနေ့က ကွန်ဖူး ၅ ဖော် နှင့် ရွာသူ/သား အချို့တွေ့ဆုံ ခဲ့ပုံလေးပါ ကွန်ဖူး ၅ ဖော်ကတော့ ကျွန်မရယ် မမအုံရယ် ကိုဖက်cat မိတိုက်မ နှင့် မိတူရတု့ိပါပဲ တွေ့မယ့်နေရာကတော့ Market Place မှာပါ …. ၁နာရီမှာ ဆုံရန်ချိန်းထားကြ၏ သို့ပေသည့် ကျွန်မ တို့ရုံးက ၁၂ နာရီကဆင်းတော့ ဗိုက်ကလည်းဆာနေတာနှင့် ရုံးကဖယ်ရီလေးနဲ့ ဂုံးဆင်းလိုက်ပြီး Market Placeကိုသွားခဲ့တယ် ရုံးပြေးမမအုံကတော့ကြိုရောက်နှင့်လေရဲ့  ဒါပေသည့် ကားပေါ်ကနေ ရှိုးစမိုးအပြည့်နဲ့ ဆင်းနေသောကျွန်မကတော့မမြင်ပါ တူရကတော့ အားကြိုးမာန်တက် မမအုံဟိုမှာ သူ့မျက်နှာမှာပုစဉ်းကပ်နေလေရဲ့လို့ ကလေးငယ်တစ်ယောက်ပမာအော်နေလေတော့ ကျွန်မလည်း အပြေးအလွှားလေးမျက်စိကိုကစားကာရှာမိလေသည် ဟုတ်ပ မမအုံက မျက်မှန်ကြီးနဲ့ စတိုင်အပြည့် ဒါကိုမတူရကမသိရှာတော့ ပုစဉ်းကပ်တယ်အထင်နှင့် အော်နေလေရဲ့ […]


Khaing KhaingMarch 16, 20121min47455
ဒီနေ့မနက် ရုံးလာခါနီ သနပ်ခါးကို ကံ့ကော်ဝတ်ဆံမှုံလေးတွေနဲ့ရောကာ အားရပါးရသွေးပြီး လိမ်းခါနီး အတွေးတစ်ခုဝင်လာတယ် …. ဒီနေ့ သနပ်ခါး အကြောင်းလေးတစ်ခုကို ရွာသူရွာသားတွေကို ပြောပြချင်လာတယ် ….. သနပ်ခါးအကြောင်း ဆိုတာထက် ကျွန်မကြိုက်နှစ်သက်တဲ့အကြောင်းကို ပြောချင်တာပါ ……… အိမ်မှာ မေမေက ကံ့ကော်ပွင့်ချိန်ဆို နှစ်တိုင်းလိုလို ကံ့ကော်ပန်းတွေကို ဘုရားတင်လေ့ရှိတယ်…  ဘုရားမှ စွန့် ပြီးရင် အခြောက်ခံပြီး ကျွန်မတို့သနပ်ခါးလိမ်းချိန်ဆို ဝတ်ဆံမှုန်လေးကို အရင်သနပ်ခါးတုန်းနဲ့ မှုန့်ညက်အောင်ကြိတ်ပြီးမှ ရေထည့်ပြီးသွေးလိမ်းလိုက်တယ် … ကံ့ကော်ဝတ်ဆံမှုန်လေးတွေနဲ့သွေးထားတဲ့သနပ်ခါးကို မျက်နှာပေါ်ကို စလိမ်းချိန်မှာ ရရှိလိုက်တဲ့ မွှေးရနံ့ကြောင့် ကျွန်မစိတ်ထဲ အရမ်းကိုစိတ်ကြည်နူးလန်းဆန်းမိတယ် ……. အခုစာရေးနေချိန်မှာတောင် ကျွန်မမျက်နှာက သနပ်ခါးနံလေးတွေရနေတာကြောင့် စာရေးတာကို ပိုမိုအားဖြည့်ကူညီသလိုဖြစ်မိတာအမှန်ပါ …. ကျွန်မ ရ တန်းကျောင်းသူဘဝတုန်းက  ကျွန်မကျောင်းသွားဖို့အချိန်ကို ၂နာရီလောက်ယူရတယ် …. […]


Khaing KhaingMarch 8, 20121min38827
အခု ပြောမယ့် အိမ်ကြီးကတော့ ရန်ကုန်မြို့ လယ်ခေါင်မှာ ရှိတယ်ဆိုရင် အံ့ဩစရာတေ့ာဖြစ်မယ်မထင်ပါ… ဒီအိမ်ကြီးအကြောင်းပြောချင်တာကြာပြီ ဒါပေမယ့် အခုတစ်လော ရွာထဲမှာ သရဲအကြောင်းပို့စ်တွေ အတင်များတယ်ပြောမှာစိုးလို့ ခဏလေး စောင့်နေတာပါ…ပြောရမယ်ဆို ဘဘကြီး ဦးမျိုးအောင်ကနေစခဲ့တာပါ…. ဘဘကြီးက နယ်တကာလှည့် တရားဟောတဲ့ ဓမ္မကထိကကြီးပါ တရားဟောရင်းနဲ့ ဘုရားတွေအဆူဆူအလှူခံရရှိခဲ့သလို ငွေသပြာတွေလည်း ရရှိခဲ့ပါတယ်…. ဘဘကြီးရရှိခဲ့တဲ့ ဘုရားတစ်ဆူအကြောင်းပြောပြချင်နေမိတယ်… အဲဘုရားကို ကျွန်မ တို့ကအခုချိန်ထိ ဆေးဘုရားလို့ပဲခေါ်ပါတယ်….ဆေးဘုရားမှာ ဘီလူးရုပ်ထု (4) ရုပ်ရယ် အလယ်မှာ မြတ်စွာဘုရားက ပလ္လင်ထက်မှာ စံပယ်နေပါတယ်….ဘီလူးရုပ်ထု (4) ရုပ်မှ 2ရုပ်က ပင့်ဆောင်လာစဉ်ကတည်းက ဦးခေါင်းတွေမပါလာခဲ့ဘူး….ဆေးဘုရားကို တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်သန်းပင့်ဆောင်လာခဲ့စဉ် တစ်နေ့သောညနေမှာ မိုးချုပ်သွားသည့်အတွက် ရွာတွေမရောက်ခင် တောထဲမှာပဲ စခန်းချတည်းခိုဖြစ်ခဲ့ကြတယ်…. ရှေးခေတ်အခါက အခုခေတ်လို ကားလမ်းတွေမပေါက်ရောက်ဘူးလေ ကုန်းတတန်ရေတတန် […]


Khaing KhaingFebruary 27, 20121min37433
အေးချမ်းငြိမ်သက်နေတဲ့ ကန်ရေပြင်ကို ခဲလုံးတစ်လုံးပစ်လိုက်သလို လှုပ်ရှားသွားခဲ့ရတဲ့အဖြစ်တစ်ခုပါ…. သူနဲ့ကျွန်မ စတွေ့ပုံက သိပ်တော့မထူးဆန်းပါဘူး ကျွန်မအလှူပွဲတစ်ခုကိုသွားတယ် ကျွန်မဘဝလေးက အဲအချိန်ထိလုံးဝအေးချမ်းပျော်ရွင်နေခဲ့တဲ့ဘဝလေးပါ သူငယ်ချင်းတွေနဲ့ပျော်ပျော် ပါးပါးပြောဆိုရယ်မောနေတဲ့အချိန်မှာ အမှတ်မထင်သူရောက်လာတယ် ကျွန်မတို့သူငယ်ချင်းတွေပြောနေတဲ့ စကားဝိုင်းထဲကိုပေ့ါ အဲတုန်းကကျွန်မစိတ်ထဲဘယ်လိုမှမနေခဲ့ပါဘူး သူကကျွန်မနဲ့ သက်တူ ရွယ်တူလေ ကျွန်မနဲ့လည်းအဲဒါကြောင့်စခင်ခဲ့တာပါ နောက်မှကျွန်မသိတာ သူကစာရေးဆရာတစ်ယောက်ပါ သူ့စာလေးတွေကို သူနဲ့ကျွန်မမရင်းနှီးခင်ကတည်းက ကျွန်မအမြဲအားပေးဖတ်ခဲ့တာပါ ကျွန်မသိပ်ကြိုက်တဲ့ စာရေးဆရာတစ်ယောက်ဖြစ်နေတော့ ပိုပြီးရင်းနှီးမှုတွေပိုလာခဲ့ပါတယ် သူရေးတဲ့စာတွေအကြောင်း ကျွန်မနဲ့ဆွေးနွေးတယ် ကျွန်မလည်း တောက်တိုမယ်ရ စာအပိုင်းအစလေးတွေရေးဖြစ်ပါတယ် သူကကျွန်မစာရေးတိုင်း တစ်ဦးတည်း အမာခံ စာဖတ်ပရိတ်သတ်ပေ့ါ ကျွန်မကစာလေးကဗျာလေးတွေကို ခံစားချက်ရှိရင် ရေးဖြစ်တယ် ဒီလိုနဲ့ခင်မင်မှုတွေကြာလာတော့ ကျွန်စိတ်ထဲ တစ်မျိုးဖြစ်လာတယ် သူကစကားပြောရင်ရိုးသားတယ်လို့ ကျွန်မစိတ်ထဲထင်ခဲ့မိတယ် သူဘယ်လိုကြောင့် ကျွန်မရင်ထဲဝင်လာတယ်ဆိုတာ ကျွန်မလုံးဝမသိလိုက်ဘူး အဲဒါသူ့ပြစ်လား ကျွန်မအပြစ်လား ကျွန်မကပဲသူ့ကိုချစ်နေတာလား ကျွန်မကိုယ်ကျွန်လုံးဝမသိဘူး ကျွန်မသိတာတစ်ခုက ကျွန်မသူ့ကိုမချစ်သင့်ဘူး ချစ်လို့လည်းမရဘူးလေ […]


Khaing KhaingFebruary 22, 20121min68455
ရွာသူ ရွာသားအပေါင်းတို့ ဒီနှစ်သင်္ကြန်မှာ “မန္တလေးဂီဇက် မဟာသင်္ကြန်မဏ္ဍပ်” ကို ဆောက်လုပ်မှာဖြစ်ပါတယ်…. မဏ္ဍပ်ဆောက်လုပ်ရmမှာ မဏ္ဍပ်အတွက် စရိတ်စကတွေအများကြီးကုန်ကျဖို့ရှိပါတယ် …ဒါကိုလည်း ရွာသူရွာသားများက အားလုံးတာဝန်ယူပေးစေချင်ပါတယ်….. ပထမ မဏ္ဍပ်နေရာကျယ်ကျယ်ဝန်းဝန်းရဖို့အတွက် စည်ပင်ခွင့်ပြုချက် ဘယ်မြို့မှာ မဏ္ဍပ်ဆောက်ရင်ကောင်းမလဲ  မဏ္ဍပ်ဆောက်လုပ်ရာတွင်ကုန်ကျစရိတ် မဏ္ဍပ်အပြင်အဆင်အတွက်(sponer) ပြီးတော့ စတိတ်ရှိုး မြန်မာယိမ်းအကများ အကျွေးအမွေး စည်းကမ်းထိန်းသိမ်းရန်…အစရှိတာတွေအများကြီးရှိပါတယ် ဘယ်သူတွေဘယ်တာဝန်တွေယူနိုင်ပါမလဲ ပြီးတော့ မဏ္ဍပ်မှာ ဘယ်လိုအစီအစဉ်တွေထပ်ဖြည့်ရင် စည်းကားပြီး စည်းကမ်းရှိသွားမလဲ ဒါလေးတွေကိုအကြံဉာဏ်လိုချင်ပါတယ်….. မဏ္ဍပ်က ရွာထဲမှာပဲဆောက်လုပ်သွားမှာပါ…….အနှီ မဏ္ဍပ်မှာ ရွာသူ/ရွာသားတွေပဲ ရေကစားကြသူတွေ ၊  ရေပက်ခံကြသူတွေ၊ ယိမ်းသမ၊ စသဖြင့်ပေါ့နော်……….ဒီရွာလေးထဲမှာပဲ ပြုလုပ်သွားမှာပါ……….. အပြင်မှာတကယ်လုပ်မယ်ဆိုရင်တော့ သူကြီးက တာဝန်ယူ ပါမယ်တဲ့…….:D               ဆက်သွယ်ရန်- ခိုင်ခိုင်( […]


Khaing KhaingFebruary 20, 20121min1278
အခုတစ်လော အလုပ်မလုပ်ချင်တော့တဲ့ စိတ်တွေက အရမ်းကိုဖြစ်နေတယ် ဖြစ်ရအောင်လည်း အကြောင်းအရင်းတွေကများတယ်လေ ကိုယ်တွေကုမ်ပဏီကသူများတွေလို မြန်မာပြည်မှာ သူဌေးက ထိုင်တာမဟုတ်ဘူး ဒီမှာက Local reapတွေပဲခန့်ထားတာ သူများအလုပ်တွေက new year တရုတ်နှစ်ကူး မြန်မာသင်္ကြန် သီတင်းကျွတ်ဆိုမုန့်ဖိုးတွေရ bonusတွေရ ခရီးတွေသွားရနဲ့ စိတ်အပန်းပြေတာပေ့ါ ကိုယ့်အလုပ်ကျတော့ ဘာမှမရတဲ့အပြင် အလုပ်မှာခိုင်းစရာရှိရင်တော့ ကိုယ့်လက်အောက်ကလူဆိုပြီး အားမနာရှာမကျိုးခိုင်းတယ် ပေးစရာရှိတဲ့အချိန်များကျတော့ ငါကသူဌေးမဟုတ်ဘူး သူဌေးကမပေးတော့ ငါနဲ့မဆိုင်ဘူး ကိုယ်တိုင်လည်း အရှေ့ကနေ မားမားမတ်မတ် တောင်းပေးဖို့ဆိုတာဝေးလို့ လူကြီးတစ်ယောက်အနေနဲ့ သူဌေးကသူ့လက်အောက်မှာ လုပ်ပေးဖို့ခန့်ထားပေးတာကို ခိုင်းစရာရှိရင် ခိုင်းသလို ပေးတဲ့အချိန်ရောက်ရင်လည်း မိမိကို အမြဲအနီးကပ် တာဝန်ကျေအောင်လုပ်ပေးတဲ့ဝန်ထမ်းကို သူဌေးကမပေးသည့်တိုင် သူတို့က ကိုယ့်အောက်လက်ငယ်သားတွေစိတ်ချမ်းသာအောင်တော့ တစ်ခုခု စီစဉ်ပေးသင့်ပါတယ် အလုပ်တစ်ခုမှာ လူကြီးနဲ့ လက်အောက်ငယ်သားတွေဆိုတာ ကျွန်းကိုင်းမီ ကိုင်းကျွန်းမီပါ  အထက်လူကြီးတွေကလည်း […]


Khaing KhaingFebruary 15, 20121min1204
မနေ့ညက ကျိုက္ကဆံဘုရားမှာ ပွဲဈေးနောက်ဆုံးရက်ဆိုလို့ အပြေးအလွှားလေးသွားဖြစ်လိုက်တယ်..အဲမှာ NLD ကရန်ပုံငွေအတွက် မုန့်ဟင်းခါးနဲ့ဘူးသီး ကြော်ရောင်းပါတယ်.. ရုံးကအပြန်ဘာမှစားမထားရတော့ မုန့်ဟင်းခါးကို 1ပွဲ 500နဲ့ဝင်စားမိပါတယ်..အားပါး အရမ်းကောင်းတယ် အများကြီးလည်းရတယ်..ဗိုက်ကိုပြည့် သွားတာပဲ..စားပွဲထိုးပေးတဲ့ ဦးကြီးကောင်လေးတွေကလည်း အရမ်းသဘောကောင်းတယ်… စားလို့ကောင်းလား မကောင်းရင်ပြောနော်… ပိုက်ဆံအိတ်တွေသတိထားမေ့ခဲ့မယ်..ဖော်ရွေလိုက်တာ…စေတနာတွေကြောင့် ရင်ထဲမှာစားရတာစိတ်ချမ်းသာသွားတယ်… သူတို့တွေ တချိန်လုံးဧည့်ခံနေတာတောင် စိတ်ရှည်လက်ရှည်နဲ့ ဖော်ဖော်ရွေရွေဆက်ဆံကြတယ် အရမ်းကို ကြည်နူးစရာကောင်းပါတယ်.. စားပြီး ပွဲဈေးဆက်လျှောက်တော့ တွေ့ခဲတာလေးတွေကို ရွာသူရွာသားတွေလည်း ပွဲဈေးလေးလိုက်လျှောက်နိုင်အောင် တင်ပြပေးပါတယ်…


Khaing KhaingFebruary 14, 20121min17311
ကျွန်မ ကသင်္ဘောသားတွေကို သင်္ဘောတင်ပေးတဲ့ ကုမ်ပဏီတစ်ခုမှာ အလုပ်လုပ်ပါတယ်.. အဲမှာအလုပ်လုပ်တယ်ဆိုလို့ ထောနေတဲ့တော့မထင်နဲ့ ကျွန်မတို့လိုင်းကသူများလိုင်းတွေလိုပိုက်ဆံမယူဘူး…(သင်္ဘောသားတွေလာလျှောက်လို့ရတယ်နော်) ကြော်ငြာဝင်တာနဲ့ စကားစလေးပြတ်သွားတယ်..ပြောချင်တာလေးဆက်ပြောလိုက်ဦးမယ်  လုပ်တာကြာတာနဲ့အမျှသင်္ဘောသားတွေရဲ့ ဘဝကိုနားလည်လာတယ်..သူတို့ဘဝလေးတွေကသနားဖို့ကောင်းတယ် ..ရေထဲသက်စွန့်ဆံဖျားပိုက်ဆံရှာရ..မိသားစုကအဲအချိန်မှာသူရှာတာလေးတွေနဲ့ အိမ်စရိတ်တွေ သားသမီးတွေအတွက်သုံးတာတွေနဲ့ကုန်ရော..သင်္ဘောသား ကုန်းပေါ်ရောက်ရင် မိသားစုသုံးစရာ ဝင်ငွေမရှိတော့ ပြန်ရောက်တာနဲ့ သင်္ဘောအမြန်တက်ရပြန်ရော.. တစ်ချို့မိသားစုတွေရှိတယ်..ကိုယ့်လင်သားဘယ်လောက်ဒုက္ခခံရတယ်ဆိုတာနားမလည်ဘူး ..ချဲထိုး..အိမ်တွေရောင်း..ယောက်ျားကပြန်လာတော့ နားမယ်ကြံခါရှိသေး နေစရာအိမ်တောင်မရှိတော့ ပင်လယ်ထဲပြန်ဆင်းရပြန်ရော..အဲဒီမိန်းမတွေမေးကြည့်ပါလား..ယောက်ျားငွေကိုအလကားထားမယ့်အတူတူ ပွားအောင်လုပ်တာလို့ပြောလိမ့်မယ်..တစ်ချို့တွေဆို ငယ်တုန်းလုပ်နိုင်တော့မစုမဆောင်းနဲ့ ကြီးလာတော့မှ သင်္ဘောပြန်လိုက်ချင်ပါတယ်ဆိုပြီး..မျက်နှာငယ်လေးနဲ့ ကုမ်ပဏီကိုလာပြောတယ်.. တစ်ချို့သားသမီးတွေလည်းအတူတူပဲ မိဘကဟိုမှာဘယ်လို့ရှာဖွေနေရတယ်နားမလည်ဘူး ဒီမှာက ပျော်ပါးသုံးဖြုန်းတယ်…ပြသနာမျိုးစုံရှာတယ် အဲဒါအဖေခမျာ နှစ်မပြည့်ပဲသားသမီး အရေးနဲ့သင်္ဘောကဆင်းရပြန်ရော..မြန်မာပြည်ရောက်တော့ သားသမီးကိုဆုံးမဖို့ အိမ်မှာနေရတော့ ပိုက်ဆံမရှာနိုင်ဘူးလေ အဲအချိန်မှာ အကြွေးတွေတင် အကြွေးတင်တော့သင်္ဘောလိုက် ရသမျှပိုက်ဆံကို အကြွေးပြန်ဆပ် ဒီလိုနဲ့အသက်တွေကကြီးသွားတော့တယ်…ကျွန်မတို့ကုမ်ပဏီမှာ  အထူးသဖြင့် သနားစရာကောင်းတာ အရာရှိမဟုတ်တဲ့ ရိုးရိုးသင်္ဘောသားလေးတွေပါ..သူတို့ခမျာအကြောင်းကြောင်းကြောင့် အရာရှိဘဝကို မရခဲ့ကြဘူး…အဲလိုလူတွေက သင်္ဘောတက်ရဖို့ ကုမ်ပဏီကို အောက်ကျို့ရတယ်..ပေးရကမ်းရတယ်..ကျွန်မတို့ကအဲဒါတွေကို […]


Khaing KhaingFebruary 14, 20121min1537
ဒီနေ့ဟာ ဖေဖေါ်ဝါရီ 14 ရက် နေ့ပါ… အမျိုးကောင်းသမီးလေးတွေဘဝ ပျက်ဆီးသွားမှာကိုစိုးရိမ်မိပါတယ်…မြန်မာပြည်သူပြည်သားတွေအတွက် ဘာမှမသက်ဆိုင်တဲ့နေ့မှာ သက်ဆိုင်သလိုပွဲတော်တွေလုပ် ချစ်သူတွေလွတ်လပ်မှုတွေယူ ဘဝတွေပုံအပ်ကျတော့မယ့်နေ့ တစ်နေ့ဖြစ်အောင် ပြုလုပ်နေကြပါတယ်… ရိုးရိုးလက်ဆောင်ပေးရုံ ချောကလက်ကျွေးယုံပဲဖြစ်သင့် ပါတယ်… မိန်းမပျိုလေးများအားလုံး မိမိရဲ့   အပျိုဂုဏ်ကိုထိန်းသိမ်းနိုင်ကြပါစေ… မင်္ဂလာဆောင်ချိန် မှာ မိမိအပျိုမဟုတ်တာကို သူတစ်ပါးသိချင်သိ မသိချင်နေပါ ..ကိုယ့်လိပ်ပြာကိုယ်ရှက်သင့်ပါတယ်.. သားကောင်းသမီးတွေကိုလည်း အမျိုးသားများက အချစ်ကိုဗန်းပြပြီး မိမိလက်မထပ်နိုင်ခင်မှာ ဘာမှ မတောင်းဆိုမိပါစေနဲ့လို့ ဆုတောင်းလျှက် …. ဗယ်လင်တိုင်းနေ့မှာ ရိုးသားစွာပျော်ရွင်နိုင်ပါစေ….